ဖခင္ေသဆုံးခါနီး ၂နာရီအလိုမွာ ဘြဲ႕ယူတာကို ဖခင္ျမင္ေတြ႕ႏိုင္ေအာင္ဖန္တီးေပးခဲ့တဲ့သား

ဖခင္ေသဆုံးခါနီး ၂နာရီအလိုမွာ ဘြဲ႕ယူတာကို ဖခင္ျမင္ေတြ႕ႏိုင္ေအာင္ဖန္တီးေပးခဲ့တဲ့သား

အေမရိကန္ ျပည္ေထာင္စု၊ ေျမာက္ကယ္႐ို လိုင္းနား ျပည္နယ္မွာ ေနထိုင္တဲ့ Ronald Grimsleyဟာ အသက္ ၅၄ႏွစ္ အ႐ြယ္ ကင္ဆာေရာဂါ ေနာက္ဆုံးအဆင့္ကို ျဖတ္သန္း ေနရတဲ့လူနာတစ္ေယာက္ပါ။ သူ႔ကို ဆရာဝန္ေတြက အသက္ရွင္ဖို႔ ရက္အနည္းငယ္သာ က်န္ေတာ့မယ္လို႔ ခန႔္မွန္းထားတာပါ။

အဲ့တာကို သိလိုက္တဲ့ သားျဖစ္သူဟာ ဘြဲ႕ယူမယ့္ပြဲအထိ သူ႔အေဖ အသက္မရွင္ႏိုင္မွာကို ခန႔္မွန္းမိတဲ့အတြက္ ေက်ာင္းကဆရာေတြကို ခြင့္ေတာင္းၿပီး ေသဆုံးခါနီး အေဖျဖစ္သူရဲ႕ ေဆး႐ုံအခန္းေလးထဲမွာ ေက်ာင္းအုပ္ႀကီး အပါအဝင္ ဆရာ၊ ဆရာမေတြနဲ႔ အတူ ဘြဲ႕ႏွင္းသဘင္ ကိုက်င္းပခဲ့ၾကပါတယ္။

ေဆး႐ုံအုပ္ အပါအဝင္ တာဝန္ခံဆရာေတြပါ လာေရာက္အားေပးခဲ့တဲ့ သားျဖစ္သူရဲ႕ဘြဲ႕ယူတဲ့အခမ္းအနားကို ဖခင္ ျဖစ္သူဟာလည္းေဆး႐ုံကုတင္ေပၚကေန ၿပဳံးၿပဳံးေလးၾကည့္ၿပီး အားေပးေနခဲ့ပါတယ္။ ဘြဲ႕ဝတ္စုံဝတ္ထားတဲ့ သားျဖစ္သူရဲ႕ပုံကို ေတြ႕ျမင္သြားၿပီး ၂နာရီအၾကာမွာ ဖခင္ျဖစ္သူဟာကြယ္လြန္ သြားခဲ့ပါတယ္။

ေဆး႐ုံအုပ္ျဖစ္သူကေတာ့ ဒါဟာ သူ႔တစ္သက္ျမင္ဖူးသမွ်ထဲမွာ စိတ္ထိခိုက္ဖို႔ အေကာင္းဆုံးနဲ႔တစ္ခ်ိန္တည္းမွာပဲ ေပ်ာ္႐ႊင္စရာအေကာင္းဆုံး အျဖစ္အပ်က္ျဖစ္တယ္လို႔ ေျပာခဲ့ၿပီး သူ႔အေဖေသဆုံးၿပီးေနာက္မွ ာသားျဖစ္သူဟာ စိတ္ေရာလူေရ ာပင္ပန္းေနခဲ့ေပမယ့္ အေဖျဖစ္သူအတြက္ မွန္ကန္ၿပီး ေပ်ာ္႐ႊင္ေစမယ့္ အရာတစ္ခုကို လုပ္ေပးလိုက္ရတာကိုပဲ ဝမ္းသာမိ ေၾကာင္းေျပာခဲ့ပါတယ္။

Unicode …

ဖခင်သေဆုံးခါနီး ၂နာရီအလိုမှာ ဘွဲ့ယူတာကို ဖခင်မြင်တွေ့နိုင်အောင်ဖန်တီးပေးခဲ့တဲ့သား

အမေရိကန် ပြည်ထောင်စု၊ မြောက်ကယ်ရို လိုင်းနား ပြည်နယ်မှာ နေထိုင်တဲ့ Ronald Grimsleyဟာ အသက် ၅၄နှစ် အရွယ် ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ဖြတ်သန်း နေရတဲ့လူနာတစ်ယောက်ပါ။ သူ့ကို ဆရာဝန်တွေက အသက်ရှင်ဖို့ ရက်အနည်းငယ်သာ ကျန်တော့မယ်လို့ ခန့်မှန်းထားတာပါ။

အဲ့တာကို သိလိုက်တဲ့ သားဖြစ်သူဟာ ဘွဲ့ယူမယ့်ပွဲအထိ သူ့အဖေ အသက်မရှင်နိုင်မှာကို ခန့်မှန်းမိတဲ့အတွက် ကျောင်းကဆရာတွေကို ခွင့်တောင်းပြီး သေဆုံးခါနီး အဖေဖြစ်သူရဲ့ ဆေးရုံအခန်းလေးထဲမှာ ကျောင်းအုပ်ကြီး အပါအဝင် ဆရာ၊ ဆရာမတွေနဲ့ အတူ ဘွဲ့နှင်းသဘင် ကိုကျင်းပခဲ့ကြပါတယ်။

ဆေးရုံအုပ် အပါအဝင် တာဝန်ခံဆရာတွေပါ လာရောက်အားပေးခဲ့တဲ့ သားဖြစ်သူရဲ့ဘွဲ့ယူတဲ့အခမ်းအနားကို ဖခင် ဖြစ်သူဟာလည်းဆေးရုံကုတင်ပေါ်ကနေ ပြုံးပြုံးလေးကြည့်ပြီး အားပေးနေခဲ့ပါတယ်။ ဘွဲ့ဝတ်စုံဝတ်ထားတဲ့ သားဖြစ်သူရဲ့ပုံကို တွေ့မြင်သွားပြီး ၂နာရီအကြာမှာ ဖခင်ဖြစ်သူဟာကွယ်လွန် သွားခဲ့ပါတယ်။

ဆေးရုံအုပ်ဖြစ်သူကတော့ ဒါဟာ သူ့တစ်သက်မြင်ဖူးသမျှထဲမှာ စိတ်ထိခိုက်ဖို့ အကောင်းဆုံးနဲ့တစ်ချိန်တည်းမှာပဲ ပျော်ရွှင်စရာအကောင်းဆုံး အဖြစ်အပျက်ဖြစ်တယ်လို့ ပြောခဲ့ပြီး သူ့အဖေသေဆုံးပြီးနောက်မှ ာသားဖြစ်သူဟာ စိတ်ရောလူရေ ာပင်ပန်းနေခဲ့ပေမယ့် အဖေဖြစ်သူအတွက် မှန်ကန်ပြီး ပျော်ရွှင်စေမယ့် အရာတစ်ခုကို လုပ်ပေးလိုက်ရတာကိုပဲ ဝမ်းသာမိ ကြောင်းပြောခဲ့ပါတယ်။