









 




Unicode ..

n.CH entertainment, Stone Music entertainment နဲ့ Mnet တို့ပူးပေါင်းပြီး ပွဲထုတ်မယ့် boy group တွင် မြန်မာလူမျိုး ပါလာနိုင်ဖွယ်ရှိ

June 26 ရက်နေ့မှာ Stone Music entertainment ရဲ့ CEO Jung Chan Wang ဟာ “TOO” conference မှာ ” ကျွန်တော်တို့ ကိုးရီးယားမှာ ကျောက်မျက်ရတနာတွေ မရှိတာကြောင့် နိုင်ငံရဲ့ အဖိုးတန် ကျောက်မျက်ရတနာ ဆိုတာ ကျွန်တော်တို့ ပြည်သူ ပြည်သားတွေပဲလို့ ယုံကြည်ပါတယ်။

ပြီးတော့ Kpop က ခုဆိုရင် တစ်ကမ္ဘာလုံးက အာရုံစိုက်နေပြီး စိတ်ဝင်စားနေပါတယ်။ ဒါကို ကျွန်တော်တို့ ဆက်ပြီး ထိန်းသိမ်းဖို့ လိုပါတယ်။

ဒါကြောင့် company ကြီးတွေ၊ company အလတ်တွေရော company အသေးတွေရော အားလုံးပေါင်းပြီး အရည်အချင်း ရှိတဲ့ အနုပညာရှင်တွေကို ဆက်လက် မွေးထုတ်ပေးဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ n.CH entertainment နဲ့ ပူးပေါင်းပြီး ဒီနှစ်ကုန်လောက်မှာ boy group ကို မိတ်ဆက် သွားပေးဖို့ ရှိပါတယ်။ အဖွဲ့ နာမည်ကိုတော့ “TOO” လို့ ပေးထားပါတယ်။

“TOO” ဆိုတာ Ten Oriented Orchestra ကို ရည်ညွှန်း တာပါ။ “TOO” မှာ အရှေ့တိုင်းနဲ့ အနောက်တိုင်း ဂီတတွေကို နားလည်တတ်ကျွမ်းတဲ့ ယောကျာ်းလေး 10 ယောက်နဲ့ ဖွဲ့စည်းသွားမှာပါ။

အဖွဲ့ဝင် တွေအားလုံးက Korean တွေ မဟုတ်ပါဘူး။ ခုလက်ရှိမှာ ကျွန်တော်တို့ ရွေးချယ်ထားတာ အယောက် 20 လောက် ရှိပါပြီ။ ပြီးမှပဲ နောက်ဆုံး မှာ 10 ယောက် ပြန်ရွေးချယ်ပြီး အနုပညာတွေ လှုပ်ရှားမှုတွေကို ပြုလုပ်သွားမှာပါ။ သူတို့ထဲမှာ တချို့က တရုတ်နိုင်ငံမှာ အနုပညာ လှုပ်ရှားနေတဲ့ သူတွေ ပါပါတယ်။ တချို့ကလည်း Filipino American လူမျိုးလဲ ပါပါတယ်။ နောက်ပြီး Australia နဲ့ Myanmar နိုင်ငံ မှာ နေခဲ့တဲ့ သူတွေလည်း ပါပါတယ် ” လို့ Jung Chang Wang က ပြောပြသွားပါတယ်။ သူတို့ရဲ့ boy group ကို Mnet မှာ “To Be World Klass” ဆိုတဲ့ ပြိုင်ပွဲနဲ့ မိတ်ဆက် ပေးသွားမှာပါ။ “To Be World Klass” ကို September လမှာ ထုတ်လွင့်သွားဖို့ ရှိပါတယ်တဲ့။

“TOO” အတွက် production ပိုင်းနဲ့ Marketing ပိုင်းကို Stone Music Entertainment က တာဝန်ယူမှာဖြစ်ပြီး n.CH entertainment ကတော့ managing ပိုင်းကို တာဝန်ယူပေးမှာ ဖြစ်ပါတယ်။ n.CH entertainment က 2018 တုန်းက Nature ဆိုတဲ့ girl group အသစ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။

Stone Music entertainment ကတော့ Korea ရဲ့ အကြီးဆုံး company တွေထဲက တစ်ခု ဖြစ်ပါတယ်။ Stone Music ရဲ့ artists တွေ ကတော့ IZ*ONE, Davichi, Wannaone တို့ ပါပါတယ်။ ဒါကြောင့် ပရိသတ်များအားလုံး မြန်မာလူမျိုး ပါလာနိုင်ဖွယ်ရှိလို့ ဒီ program လေးကို စောင့်မျှော်ပြီး အားပေးကြဦး။

K-pop & K-Drama, Idols & Cele တွေရဲ့ နောက်ဆုံးရ သတင်းများကို စုံစုံလင်လင် ဖတ်ဖို့အတွက် MM Pandora K ကို Like လုပ်ထားဖို့ မမေ့နဲ့နော်။