Food Box နဲ႔ပတ္သက္ၿပီး ေပၚပင္လုပ္သူေတြကို ဝုန္းလိုက္တဲ့ ပိုပို

Food Box နဲ႔ပတ္သက္ၿပီး ေပၚပင္လုပ္သူေတြကို ဝုန္းလိုက္တဲ့ ပိုပို

အခုတေလာ အြန္လိုင္းစာမ်က္ႏွာေတြထက္မွာ လူေျပာမ်ားၿပီး စိတ္ဝင္စားမႈျမင့္တက္ေနတဲ့ ကိစၥႏွစ္ခုရွိပါတယ္ ။ တစ္ခုကေတာ့ တစ္ေက်ာ့္ႏွစ္ေက်ာ့ ေတးကိုသီ ကိစၥျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ Food Box ကိစၥပဲျဖစ္ပါတယ္။ အခု 8Days မီဒီယာနဲ႔အင္တာဗ်ဴးမွာေတာ့ အဆိုေတာ္ပိုပိုက Food Box ေတြကိစၥနဲ႔ပတ္သက္ၿပီးသူရဲ႕ အျမင္ကိုေျပာျပသြားပါတယ္။ သူေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြသိေအာင္ ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။

Food Box ေတြနဲ႔ပတ္သက္ၿပီးေတာ့ ပိုပို က “Food Box က ေကာင္းပါတယ္။ အလႉအတန္းက အဆင္မေျပတဲ့သူေတြလည္း စားရတယ္ဆိုေတာ့ ေကာင္းပါတယ္။ ပိုပိုကေတာ့အားေပးပါတယ္။ ေပၚပင္လုပ္တဲ့သူကေတာ့ ေပၚပင္လုပ္မွာပဲေလ တကယ္ကိုစိတ္ထဲမွာရွိလို႔ လႉတဲ့သူကလည္း သူ႔ဟာသူ လႉမွာေပါ့ ။ ဥပမာကြာ ေပၚပင္လုပ္ၿပီးေတာ့ လႉတာမ်ိဳးဆိုလည္း ဘယ္လိုပဲေပၚပင္လုပ္လုပ္ စိတ္ထဲက ေစတနာေလးလဲပါလို႔ သူက ေပၚပင္လုပ္မွာေပါ့ေနာ္။ ဒီဟာက သူ႔ဟာသူ ေပၚပင္လုပ္တယ္ ဆိုရင္ေတာင္ သူလႉတဲ့မုန႔္ေတြက သူမ်ားစားရတယ္ေလ ။ အဲ့ဒါကေတာ့ လူတိုင္းလူတိုင္း ကေတာ့ ကိုယ္ႀကိဳက္တဲ့ပုံစံနဲ႔လႉၾကတာေပါ့ေနာ္ ။တခ်ိဳ႕ၾကေတာ့လည္း လူေတြကိုမလႉဘဲနဲ႔ ေခြးေလးေတြကိုလႉတာေတြရွိတယ္ ။တခ်ိဳ႕လူေတြၾကေတာ့လည္း ေခြးေလးေတြကို မလႉဘဲနဲ႔ လူေတြကိုလႉဒါရွိတယ္ ။စတုဒိသာ ပဲ လႉလႉ Food Boxပဲလႉလႉဘယ္လိုပဲလႉလႉ အလႉေတြဟာ ေစတနာ သုံးတန္နဲ႔ ညီရင္ေတာ့ မြန္ျမတ္တဲ့အလႉေတြခ်ည္းပါပဲ ။”ဆိုၿပီးေျပာျပသြားပါတယ္။

ေနာက္ၿပီး ဓာတ္ပုံေတြ႐ိုက္တင္ၾကတဲ့အေပၚမွာလည္း “ ပိုပိုကေတာ့ ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ မလုပ္သင့္ဘူးထင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ လႉထားတာပဲေလ ။ ဆိုလိုတာက ဒီလူက ေကာင္းသည္ျဖစ္ေစ ဆိုးသည္ျဖစ္ေစ သူ႔ဟာသူ ဘယ္ေလာက္ပဲယူယူ Food Box မွာအားလုံးယူခြင့္ရွိတယ္ ဆိုတဲ့အတြက္ေၾကာင့္ သူ႔ဟာသူ ယူတာေလေနာ္ ။ဆိုေတာ့ အဲ့လိုမ်ိဳးေစာင့္ၿပီး႐ိုက္တာေတာ့ ပိုပိုအားမေပးပါဘူး ။ မေကာင္းပါဘူး ၿပီးေတာ့ အဓိကက အလႉရွင္ေတြရဲ႕ ေစတနာက လႉဖို႔ပဲေလ သူမ်ားစားဖို႔ပဲ ၿပီးေတာ့မုန႔္ဆိုတဲ့ ဟာကက်ေတာ့ ဘယ္သူမွေတာ့ ယူၿပီးေတာ့ အသားလြတ္ႀကီးလႊင့္ပစ္မယ္လို႔ေတာ့ မထင္ပါဘူး ။ အဆင္မေျပလို႔ ဥပမာေပါ့ေနာ္ ေန႔ဖို႔ညစာ ယူတာလည္းျဖစ္ႏိုင္သလို သူတို႔အိမ္က ကေလးေတြက မိသားစု မ်ားလို႔ယူတာလည္းျဖစ္ႏိုင္တယ္။”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

Unicode …

Food Box နဲ့ပတ်သက်ပြီး ပေါ်ပင်လုပ်သူတွေကို ဝုန်းလိုက်တဲ့ ပိုပို

အခုတလော အွန်လိုင်းစာမျက်နှာတွေထက်မှာ လူပြောများပြီး စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ကိစ္စနှစ်ခုရှိပါတယ် ။ တစ်ခုကတော့ တစ်ကျော့်နှစ်ကျော့ တေးကိုသီ ကိစ္စဖြစ်ပြီး နောက်တစ်ခုကတော့ Food Box ကိစ္စပဲဖြစ်ပါတယ်။ အခု 8Days မီဒီယာနဲ့အင်တာဗျူးမှာတော့ အဆိုတော်ပိုပိုက Food Box တွေကိစ္စနဲ့ပတ်သက်ပြီးသူရဲ့ အမြင်ကိုပြောပြသွားပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေသိအောင် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Food Box တွေနဲ့ပတ်သက်ပြီးတော့ ပိုပို က “Food Box က ကောင်းပါတယ်။ အလှူအတန်းက အဆင်မပြေတဲ့သူတွေလည်း စားရတယ်ဆိုတော့ ကောင်းပါတယ်။ ပိုပိုကတော့အားပေးပါတယ်။ ပေါ်ပင်လုပ်တဲ့သူကတော့ ပေါ်ပင်လုပ်မှာပဲလေ တကယ်ကိုစိတ်ထဲမှာရှိလို့ လှူတဲ့သူကလည်း သူ့ဟာသူ လှူမှာပေါ့ ။ ဥပမာကွာ ပေါ်ပင်လုပ်ပြီးတော့ လှူတာမျိုးဆိုလည်း ဘယ်လိုပဲပေါ်ပင်လုပ်လုပ် စိတ်ထဲက စေတနာလေးလဲပါလို့ သူက ပေါ်ပင်လုပ်မှာပေါ့နော်။ ဒီဟာက သူ့ဟာသူ ပေါ်ပင်လုပ်တယ် ဆိုရင်တောင် သူလှူတဲ့မုန့်တွေက သူများစားရတယ်လေ ။ အဲ့ဒါကတော့ လူတိုင်းလူတိုင်း ကတော့ ကိုယ်ကြိုက်တဲ့ပုံစံနဲ့လှူကြတာပေါ့နော် ။တချို့ကြတော့လည်း လူတွေကိုမလှူဘဲနဲ့ ခွေးလေးတွေကိုလှူတာတွေရှိတယ် ။တချို့လူတွေကြတော့လည်း ခွေးလေးတွေကို မလှူဘဲနဲ့ လူတွေကိုလှူဒါရှိတယ် ။စတုဒိသာ ပဲ လှူလှူ Food Boxပဲလှူလှူဘယ်လိုပဲလှူလှူ အလှူတွေဟာ စေတနာ သုံးတန်နဲ့ ညီရင်တော့ မွန်မြတ်တဲ့အလှူတွေချည်းပါပဲ ။”ဆိုပြီးပြောပြသွားပါတယ်။

နောက်ပြီး ဓာတ်ပုံတွေရိုက်တင်ကြတဲ့အပေါ်မှာလည်း “ ပိုပိုကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ မလုပ်သင့်ဘူးထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လှူထားတာပဲလေ ။ ဆိုလိုတာက ဒီလူက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူ့ဟာသူ ဘယ်လောက်ပဲယူယူ Food Box မှာအားလုံးယူခွင့်ရှိတယ် ဆိုတဲ့အတွက်ကြောင့် သူ့ဟာသူ ယူတာလေနော် ။ဆိုတော့ အဲ့လိုမျိုးစောင့်ပြီးရိုက်တာတော့ ပိုပိုအားမပေးပါဘူး ။ မကောင်းပါဘူး ပြီးတော့ အဓိကက အလှူရှင်တွေရဲ့ စေတနာက လှူဖို့ပဲလေ သူများစားဖို့ပဲ ပြီးတော့မုန့်ဆိုတဲ့ ဟာကကျတော့ ဘယ်သူမှတော့ ယူပြီးတော့ အသားလွတ်ကြီးလွှင့်ပစ်မယ်လို့တော့ မထင်ပါဘူး ။ အဆင်မပြေလို့ ဥပမာပေါ့နော် နေ့ဖို့ညစာ ယူတာလည်းဖြစ်နိုင်သလို သူတို့အိမ်က ကလေးတွေက မိသားစု များလို့ယူတာလည်းဖြစ်နိုင်တယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။