အျမန္လမ္းမွာ ေမာင္းႏွင္လာတဲ့ ကားေတြကို ခဲလုံးနဲ႔ ပစ္ခတ္သူမ်ားထဲမွ တစ္ဦး ဖမ္းဆီးရမိ

အျမန္လမ္းမွာ ေမာင္းႏွင္လာတဲ့ ကားေတြကို ခဲလုံးနဲ႔ ပစ္ခတ္သူမ်ားထဲမွ တစ္ဦး ဖမ္းဆီးရမိ

ၿပီးခဲ့တဲ့ ဇြန္လ (၂၃)ရက္ေန႔ ည(၁၀)နာရီဝန္းက်င္ခန႔္က အျမန္လမ္းမေပၚမွာ ယာဥ္ေမာင္း ဦး …………….. ေမာင္းႏွင္လာတဲ့ Express ယာဥ္ကို မိုင္တိုင္အမွတ္ (၆၉/၇)အနီးမွာ ယုတ္မာသူလူတခ်ိဳ႕က ခဲနဲ႔ ပစ္ေပါက္ခဲ့တာေၾကာင့္ ေဘးေလကာမွန္မ်ား ထိခိုက္ပ်က္စီးမႈ ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ယင္းေန႔ (၂၃)ရက္ ည(၁၁)နာရီဝန္းခန႔္မွာဘဲ အျမန္လမ္းမိုင္တိုင္ အမွတ္ (၆၅)ေလာက္မွာ Express ကားႏွစ္စီး ေရွ႕ဆင့္ေနာက္ဆင့္ ခဲမ်ားနဲ႔ ပစ္ေပါက္ခံခဲ့ရၿပီး ေဘးေလကာမွန္မ်ား ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ခဲ့တာေၾကာင့္ အျမန္လမ္းရဲကင္းကို လာေရာက္တိုင္ၾကားခဲ့တယ္လို႔လည္း သိရပါတယ္။


အဲ့ေနာက္ အျမန္လမ္း ရဲတပ္ဖြဲ႕မွ လွည့္ကင္း၊ ပတ္ကင္း၊ ကင္းပုန္းမ်ား ခ်ၿပီး ျဖစ္စဥ္ နယ္ေျမတဝိုက္ လုံၿခဳံေရးေဆာင္႐ြက္ခဲ့ရာ ယမန္ေန႔ ဇြန္လ (၂၅)ရက္ေန႔ ည(၁၀)နာရီခန႔္ မိုင္တိုင္ (၆၇/၃)အနီးမွာ ေစာေဆးလယ္ဝါးလို႔ အမည္သူထံမွ လူကို အႏၲရာယ္ျဖစ္ေစႏိုင္ေသာ လက္လုပ္ေလေသနတ္ (၂)လက္၊ ေသနတ္ပစ္ရာတြင္ အသုံးျပဳတဲ့ စက္ဘီးေဘာစိ (၁၄၆)လုံး၊ ေလးခြ (၁)လက္၊ ေလးသီးအျဖစ္ အသုံးျပဳတဲ့ ေက်ာက္စရစ္ခဲ (၄)ခဲ၊ ေခါင္းစြပ္ဓာတ္မီး စိမ္း(၁) နက္(၁)၊ ဓာတ္ခဲအေသး (၃)လုံးတို႔နဲ႔အတူ ဖမ္းဆီးရမိခဲ့တယ္လို႔ အျမန္လမ္းရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္လိုက္ပါတယ္။

လက္ရွိမွာေတာ့ အျမန္လမ္းရဲတပ္ဖြဲ႕မွ ေနာက္ဆက္တြဲ သံသယရွိသူေတြကို ဆက္လက္စုံစမ္းေနၿပီး တရားခံကို အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါ။

Unicode …

အမြန်လမ်းမှာ မောင်းနှင်လာတဲ့ ကားတွေကို ခဲလုံးနဲ့ ပစ်ခတ်သူများထဲမှ တစ်ဦး ဖမ်းဆီးရမိ

ပြီးခဲ့တဲ့ ဇွန်လ (၂၃)ရက်နေ့ ည(၁၀)နာရီဝန်းကျင်ခန့်က အမြန်လမ်းမပေါ်မှာ ယာဉ်မောင်း ဦး …………….. မောင်းနှင်လာတဲ့ Express ယာဉ်ကို မိုင် တိုင်အမှတ် (၆၉/၇)အနီးမှာ ယုတ်မာသူလူတချို့က ခဲနဲ့ ပစ်ပေါက် ခဲ့တာကြောင့် ဘေး လေကာ မှန်များ ထိခိုက် ပျက်စီးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယင်းနေ့ (၂၃)ရက် ည(၁၁)နာရီဝန်း ခန့်မှာဘဲ အမြန် လမ်းမိုင်တိုင် အမှတ် (၆၅)လောက်မှာ Express ကား နှစ်စီး ရှေ့ဆင့် နောက် ဆင့် ခဲများနဲ့ ပစ်ပေါက် ခံခဲ့ရပြီး ဘေးလေကာမှန်များ ထိခိုက် ပျက်စီးမှုများ ဖြစ်ခဲ့ တာကြောင့် အမြန် လမ်း ရဲကင်းကို လာရောက်တိုင်ကြားခဲ့ တယ် လို့လည်း သိရပါတယ်။

အဲ့နောက် အမြန်လမ်း ရဲတပ်ဖွဲ့မှ လှည့်ကင်း၊ ပတ်ကင်း၊ ကင်းပုန်းများ ချပြီး ဖြစ်စဉ် နယ်မြေတဝိုက် လုံခြုံရေးဆောင်ရွက်ခဲ့ရာ ယမန်နေ့ ဇွန်လ (၂၅)ရက်နေ့ ည(၁၀)နာရီခန့် မိုင်တိုင် (၆၇/၃)အနီးမှာ စောဆေးလယ်ဝါးလို့ အမည်သူထံမှ လူကို အန္တရာယ်ဖြစ်စေနိုင်သော လက်လုပ်လေသေနတ် (၂)လက်၊ သေနတ်ပစ်ရာတွင် အသုံးပြုတဲ့ စက်ဘီးဘောစိ (၁၄၆)လုံး၊ လေးခွ (၁)လက်၊ လေးသီးအဖြစ် အသုံးပြုတဲ့ ကျောက်စရစ်ခဲ (၄)ခဲ၊ ခေါင်းစွပ်ဓာတ်မီး စိမ်း(၁) နက်(၁)၊ ဓာတ်ခဲအသေး (၃)လုံးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာတော့ အမြန်လမ်းရဲတပ်ဖွဲ့မှ နောက်ဆက်တွဲ သံသယရှိသူတွေကို ဆက်လက်စုံစမ်းနေပြီး တရားခံကို အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။