





 




 





credit momolay

Unicode

လမ်းမပေါ်မှာ စမ်းတဝါးဝါးနဲ့ လမ်းဖြတ်လျှောက်နေတဲ့ အမေကြီးကို အကူအညီပေးခဲ့တဲ့ မေထွဋ်ခေါင်

တစ်ချိန်က အနုပညာလောကမှာ သရုပ်ဆောင်တစ်ဦးအနေနဲ့ ပရိသတ်တွေအချစ်ပိုခဲ့ရတဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ မေထွဋ်ခေါင်ကတော့ လက်ရှိမှာ ချစ်ရတဲ့ခင်ပွန်းရယ် ချစ်စရာသမီးလေးရယ်နဲ့အတူ ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

ကြင်နာတတ်တဲ့ စိတ်ထားလေးကို ပိုင်ဆိုင်ထားတဲ့ မေထွဋ်ခေါင်ကတော့ လတ်တလောမှာ မီးပွိုင့်စိမ်းနေတာကိုမသိပဲ စမ်းတဝါးဝါးနဲ့ လမ်းဖြတ်လျှောက်နေတဲ့ အမေအိုကြီးတစ်ယောက်ကို သနားလို့ အကူအညီပေးခဲ့တဲ့အကြောင်း

လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။ နွမ်းပါးလွန်းတဲ့ အမယ်အိုကြီးကို ကားပေါ်တင်ပြီး သွားချင်တဲ့ နေရာကို လိုက်ပို့ပေးတဲ့ မေထွဋ်ခေါင်ကတော့ တကယ့်ကို လေးစားစရာစိတ်ဓါတ်ပိုင်ရှင်လေးပါပဲနော်။

မေထွဋ်ခေါင်ကတော့ “မီးပွိုင့်ကစိမ်းနေတာကိုအမေအိုကြီးစမ်းတဝါးဝါးနဲ့ လမ်းဖြတ်လျှောက်လာတာ အော်တဲ့လူကလှမ်းအော် အဖွားကိုကြည့်ပြီးအရမ်းသနားလို့ ကျွန်မလဲမနေနိုင်တော့တာနဲ့ကားပေါ်ကပြေးဆင်း အဖွားကိုကားပေါ်တင်သွားချင်တဲ့နေရာလိုက်ပို့ ပိုက်ဆံလေးလဲလှူ အဖွားကဆုတွေလဲပြန်ပေး”ဆိုပြီး လူသားဆန်စွာ အကူအညီပေးခဲ့တဲ့ သူမရဲ့အကြောင်းကို ဝေမျှပေးထားတာပါ။

လက် ရှိ မှာ သ မီး လေး တစ် ယောက် နဲ့ သား လေး တစ် ယောက် ရဲ့ မိ ခင် ဖြစ် နေ ပြီ ဖြစ် တဲ့ မေ ထွဋ် ခေါင် က တော့ အ နု ပ ညာ လှုပ် ရှား မှု တွေ မ လုပ် ဖြစ် တော့ ပေ မယ့် လည်း ပ ရိ သတ် တွေ ရဲ့ ချစ် ခင် အား ပေး မှု ကို အ ပြည့် အ ဝ ရ ရှိ နေ ဆဲ ပါ ပဲ။

အ ရမ်း ချစ် တတ် တဲ့ ခင် ပွန်း ကို လည်း ပိုင် ဆိုင် ထား တဲ့ မေ ထွဋ် ခေါင် ရဲ့ အိမ် ထောင် ရေး က လည်း အ ရမ်း ကို စိတ် ချမ်း သာ စ ရာ ကောင်း လွန်း လှ ပါ တယ်။

ပရိသတ်တွေလည်း လမ်းမှာတွေ့တဲ့ အကူအညီမဲ့နေတဲ့ အမယ်အိုကြီးကို ပြည့်ဝတဲ့ စိတ်ထားနဲ့ ကူညီခဲ့တဲ့ မေထွဋ်ခေါင်ရဲ့စိတ်ထားလေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

credit momolay