ပယင္း ျဖစ္ ေပၚလာပုံႏွင့္ ဝတ္ဆင္ရျခင္း ၏ ေကာင္းက်ိဳးမ်ား

ပယင္း ျဖစ္ ေပၚလာပုံႏွင့္ ဝတ္ဆင္ရျခင္း ၏ ေကာင္းက်ိဳးမ်ား
ပယင္း ျဖစ္ ေပၚလာပုံႏွင့္ ဝတ္ဆင္ရျခင္း ၏ ေကာင္းက်ိဳးမ်ား

ပယင္း ျဖစ္ ေပၚလာပုံႏွင့္ ဝတ္ဆင္ရျခင္း ၏ ေကာင္းက်ိဳးမ်ား

ပယင္း Amber

အခုရက္ပိုင္း သတိထား မိတာ တခုက လူအေတာ္မ်ားမ်ား လက္မွာ ပယင္း လက္ေကာက္ေလး ေတြဝတ္ဆင္ေနတာ ပါဘဲ ၊ တေန႔က စာေပေဟာေျပာပြဲ လာေဟာေသာ စာေရးဆရာႀကီး လက္မွာလည္း ပယင္း လက္ေကာက္ ဝတ္ဆင္ထားတာ သတိထား မိတယ္ ၊ အလွ သက္သက္ေတာ့ မျဖစ္တန္ရာ က်န္းမာေရး အတြက္ဘဲ ျဖစ္မည္ ၊ ဘယ္လို ဆက္စပ္ ေနတာလည္း ၊ မုံ႐ြာက နာမည္ေက်ာ္ ေ႐ႊဆီခ်က္ ေခါက္ဆြဲ စားရင္း ေတြးမိတာပါ ၊

အဲဒီဆိုင္ထဲမွာ ဟုမၼလင္း နန္ေထာ စေသာ အရပ္ကထြက္သည့္ ပယင္းအစစ္ေတြကို အာမခံနဲ႔ ေရာင္းေနတာ ျမင္ရတယ္ ၊ ပယင္း အေၾကာင္းကို ရွာဖတ္ရင္း Wikipedia ထဲက အေၾကာင္းအရာတခ်ိဳ႕တင္ျပပါရေစ ၊ ပယင္းဆိုတာ တြင္းထြက္ေက်ာက္ မဟုတ္ဖူး၊ ေက်ာက္ျဖစ္႐ုပ္ႂကြင္း ျဖစ္သြားေသာသစ္ေစး Resin ရီစင္သာ ျဖစ္တယ္ ၊ သူရဲ႕ အေရာင္နဲ႔ သဘာဝ အလွတရားကို တန္ဖိုးထားခဲ့တာ ကေတာ့ Neolithic အခ်ိန္ကတည္းက ျဖစ္တယ္၊ အပင္ ကေန ထြက္လာေသာ သစ္ေစးဆိုတာေအာ္ဂဲနစ္ပစၥည္း organic materials တခုပါဘဲ ၊ သက္ရွိ အရာကေန ထုတ္ေပးေသာ သက္ ရွိအစိတ္အပိုင္း တခုျဖစ္တယ္ ။

ပတၱျမား၊ နီလာ ၊ စိန္ ၊ ေက်ာက္စိမ္း တို႔လို တြင္းထြက္ သတၳဳ အစစ္ႀကီး မဟုတ္ဖူးေလ ၊ အဲဒီတန္ဖိုးရွိေသာ ေက်ာက္မ်က္ ေတြကို gemstone လို႔ေခၚၾကတယ္ ၊ အဲဒီ ေက်ာက္ အ႐ိုင္းတုံး ေတြကို ျဖတ္ေတာက္ ေသြးၿပီး အေရာင္တင္လိုက္ရင္ အရမ္းကို တန္ဖိုးရွိေသာ လက္ဝတ္ ရတနာ ေတြျဖစ္လာမွာ ၊ ဒါေပမည့္ ပယင္း Amber ကေတာ့ သတၳဳမ ဟုတ္ပါဘဲ gemstone ေက်ာက္မ်က္အ႐ိုင္းတုံး တခု အျဖစ္ သတ္မွတ္ ထားၾကတာ အံၾသဖြယ္ရာ ပါဘဲ ၊၊

“ ေ႐ႊတြင္း ေငြတြင္း ပယင္း ဒုတၱ ာ” ဆိုေသာ ေရွးစကားအရ ရတနာ ၉ ပါးထဲမွာ ပယင္းကိုထည့္သြင္း ထားတယ္ ၊၊ ရတနာထဲမွာ အေပါ့ဆုံး ျဖစ္ၿပီး မာဆင့္ ၂.၅ သာရွိကာ သိပ္သည္းဆမွ ၁.၀၇ သာရွိတယ္ ၊ ပ်က္စီး လြယ္တယ္ ၊ မီးရႈိ႕ရင္ အလြယ္တကူ ေလာင္ကြၽမ္း ႏိုင္တယ္ ။

ပယင္း အ႐ိုင္းတုံးေတြကို လွပေအာင္ ေသြးယူၿပီး လက္ဝတ္ရတနာ အျဖစ္ အျမတ္တႏိုး ဆင္ျမန္းၾကတယ္ ။ ပယင္းမွာပါဝင္ ဖြဲ႕စည္း ထားေသာ ဓာတု ဖြဲ႕စည္းပုံ အေပၚ မူတည္ၿပီး အတန္းအစား ၅( five classes ) မ်ိဳးေလာက္ ရွိတယ္ ။ ပယင္း မျဖစ္ခင္က အပင္ႀကီးက ထြက္လာေသာ သစ္ေစးဆိုတာ ေစးကပ္ေသာသေဘာရွိတယ္ ။

( soft sticky tree resin) ၊ အဲဒီ သစ္ေစး၏ ရနံ႔ကို ႏွစ္သက္ေသာ ပိုးေကာင္ေလးေတြ ဝိုင္းအုံ ခိုနားရာမွ ကပ္ညိၿပီး မလြတ္ေျမာက္ႏိုင္ၾကေတာ့ ၊ အေစး အေပၚ နားမိေသာ ပု႐ြက္ဆိတ္ေလးေတြ၊ု ျခင္ေကာင္ေလးေတြ၊ ျခေလးေတြ ၊ ေသးငယ္ေသာ အင္းဆက္ေလးေတြ ၊ သစ္ပင္ေလးေတြရဲ႕အပိုင္းအစေလးေတြ ၊သတၱဝါငယ္ငယ္ေလးေတြဟာ သစ္ေစးရဲ႕ ဖုံးကာမႈ ခံရၿပီး သက္ရွိ ႐ုပ္ႂကြင္းဘဝကို ေရာက္သြား ရရွာတယ္ ။

အဲဒီ အရာေလးေတြကိုi nclusions လို႔ သတ္မွတ္ ၾကတယ္ ၊ ထို သစ္ေစးတို႔ ေျမသို႔ ျပဳတ္က် ကာေက်ာက္ခဲ သစ္႐ြက္မ်ားႏွင့္ ေရာေထြးကုန္တယ္ ၊ ကာလၾကာေသာ္ အပင္ႀကီးမ်ားလည္း ပ်က္စီးကုန္တယ္ ၊ သို႔ေသာ္ သစ္ေစးတို႔ကမူ မပ်က္စီးပါဘူး၊ ႏွစ္ေတြ ၾကာေတာ့ အပင္ႀကီးေတြ အေပၚကေန ေျမဆိုင္ခဲမ်ား အထပ္ထပ္ ပိလာရသည္ ၊ ဖိအား အပူခ်ိန္မ်ားေၾကာင့္ အခ်ိန္ၾကာျမင့္လာေသာ အခါ ေက်ာက္ဘဝကို တျဖည္းျဖည္း ေျပာင္းလဲ ခဲ့ၾကတယ္ ၊ ထိုသစ္ေစးမ်ားသည္ ေနာင္တြင္ ပယင္း ျဖစ္လာ ေတာ့တယ္ ။ အမ်ားအားျဖင့္ ပယင္းတို႔သည္ ထင္းရွဴးေစးမ်ားမွ ျဖစ္လာတတ္တယ္ ။

ထူးျခားခ်က္…ပယင္း အစစ္သည္ လူ႔အေရျပားႏွင့္ ထိေတြ႕ပါက ပူေႏြးေနတယ္ ၊ ေအးစက္မေနဖူး၊ဒါကထူးျခားခ်က္ဘဲ ၊ ေက်ာက္၏အဝါေရာင္သန္းသည့္ ေ႐ႊဝါေရာင္ အေရာင္သည္ အရက္ႏွင့္ ေရေရာသည့္ အခါ ျဖစ္လာသည့္ အေရာင္နဲ႔ တူလွသည္မို႔ ပယင္းေရာင္လို႔ ေခၚတာျဖစ္မည္ ။ သို႔ေသာ္အညိဳ လိေမၼာ္ခရမ္းအစိမ္း အျဖဴ စသည္ျဖင့္အျခားအေရာင္ေတြလည္း ရွိတယ္ ၊ ပယင္းစစ္မစစ္စမ္းသပ္ေသာ နည္းမွ လြယ္ကူလွတယ္ ၊ဆားေရထဲ စိမ္ၾကည့္လွ်င္ ေပါ့ပါးေသာ ပယင္းသည္ေရေပၚေပၚေနတတ္တယ္ ။

အေပၚကေဖာ္ျပခဲ့သလို အင္းဆက္အေကာင္ေလးေတြ ပါေသာပယင္းသည္ တန္ဖိုးက အႀကီးဆုံး၊အေရာင္နဲ႔ ပါဝင္ေသာ inclusion ကို လိုက္ၿပီး၊ အခ်ိဳ႕ေသာ ပယင္းေက်ာက္ေတြက က်ပ္သိန္း ၃၀ မွ ၅၀ အထိ တန္ေၾကး ရွိၾကတယ္ ။ ပယင္း ပုတီး တခုဟာ အရညအေသြးေကာင္းရင္ အနည္းဆုံး က်ပ္ ၅ ေသာင္းကေန တသိန္းအထိ ရွိေနပါတယ္ ။

လူေတြရဲ႕စိတ္ကို လွည့္စားၿပီး အေကာင္အတုေတြထည့္ၿပီး ဖန္တီးထားေသာ အတုေတြလည္း ရွိတာမို႔ ဝယ္ယူတဲ့အခါ သတိထားဖို႔ လိုပါတယ္ ၊ ပယင္းရဲ႕ထူးျခားခ်က္ တခုရွိပါေသးတယ္ သက္ရွိတေကာင္ရဲ႕႐ုပ္ႂကြင္းကိုႏွစ္သန္းေပါင္း ၁၂၀ အထိမပုပ္မသိုးေအာင္ထိမ္းသိမ္းႏိုင္တဲ့ ဂုဏ္သတၱိျဖစ္ပါတယ္၊၊

ပယင္းထဲက အေကာင္ေလးရဲ႕ DNA ဟာ ပ်က္စီးမသြားဖူး၊ Botany major မွာ Plant geography ဘာသာရပ္သင္တိုင္း Jurassic period ဆိုတာကိုသင္တိုင္း Jurassic park ႐ုပ္ရွင္အေၾကာင္းကိုအားရပါးရရွင္းျပဖူးတယ္၊ ကမာၻဦးအစကရွိေနတဲ့ဒိုင္ႏိုေဆာေသြးကိုစုတ္သည့္ျခင္ကိုသစ္ေစးနဲ႔အဖုံးခံရၿပီး ပယင္းေက်ာက္ျဖစ္သြားရတယ္၊၊

အခုေခတ္ ေရာက္ေတာ့ အဲဒီျခင္ေသြးကိုထုတ္ယူၿပီး DNA ကို ကလုံးနည္းပညာနဲ႔ ပြားယူတယ္၊အခုေခတ္မွာ မရွိႏိုင္ေတာ့တဲ့ဒိုင္ႏိုေဆာ့ေတြကိုကြၽန္းေပၚမွာ ေမြးယူရင္းလူေတြျပစားဖို႔ႀကံစည္ရာကေနဒီဇတ္ကားျဖစ္လာရတယ္၊ video နဲ႔ျပသင္ေတာ့ ကေလးေတြအရမ္းသေဘာက်ၾကတယ္၊

ပယင္းဝတ္ဆင္ထားရင္…ပယင္းဟာသက္ ရွိကျဖစ္ေသာေအာ္ဂဲနစ္ပစၥည္းျဖစ္တာမို႔လူမွာ ဝတ္ထားရင္ေကာင္းက်ိဳးေတြရေစပါတယ္၊နားထိုင္း၊နားကိုက္၊ေလးဖက္နာ ၊အစာမေၾက.၊ သားသမီးမရလို႔ ၿမဳံျခင္းတို႔ကိုမျဖစ္ေစ႐ုံသာမကခႏၶာကိုယ္အတြင္းျဖစ္တတ္သည့္ ေရာဂါေတြကိုလည္းသက္သာေစပါတယ္၊ဝတ္ထားရင္ အျမင္အာ႐ုံေကာင္းၿပီးမ်က္ေစ့ကိုလည္းအားတိုးေစသည္ဟုလည္းယုံၾကည္ၾကတယ္။

ပယင္းကိုေသြးလိမ္းရင္အေရျပားေရာဂါ အေတာ္မ်ားမ်ားကို ျမန္ျမန္ေပ်ာက္ကင္းေစတယ္၊ ခႏၶာကိုယ္ထဲကအပူဓာတ္ကိုစုတ္ယူတာေၾကာင့္ အသားအရည္ကို ၾကည္ လင္ေစတယ္။ ပယင္းကို၊ႏွလုံး ေသြးေၾကာက်ဥ္းေရာဂါခံစားေနရသူမ်ား ၊အေမာမခံႏိုင္ေသာသူမ်ား၊ေသြးတိုး ေသြးက် ေရာဂါသည္မ်ား၊အဆစ္အျမစ္ကိုက္ခဲေသာေရာဂါသည္မ်ား၊ကိုယ္ဝန္ေဆာင္မ်ား၊က်ီးေပါင္းေရာဂါသည္မ်ား ၊အာ႐ုံေၾကာ အားနည္းသူမ်ား၊ညညအိပ္မေပ်ာ္ေရာဂါခံစားေနရသူမ်ား ေရာဂါသက္သာေစဖို႔ပယင္းကိုဝတ္ဆင္သင့္တယ္လို႔ သိရပါတယ္၊၊

ေနာက္ဆုံးေျပာျခင္တာကလွလို႔ဘဲဝတ္ဝတ္ ၊ဂမၻီရအရအေဆာင္လိုဘဲယုံၾကည္မႈအရဝတ္ ဝတ္၊က်န္းမာေရးအရဝတ္ဝတ္ ၊ပယင္းဟာ တန္ဖိုးရွိလွေသာရတနာတပါးျဖစ္တာကိုေတာ့ ျငင္းလို႔မရပါဘူး၊မုံ႐ြာေျမကလည္းကခ်င္ျပည္နယ္လိုပယင္းအစစ္ေတြဝယ္ယူလို႔ ရေနေသာ ေဒသတခုပါ၊က်မ္းမာေရးအေထာက္ ကူျပဳတာမို႔အျခားရတနာေတြထက္ေတာင္သာေနပါေသးတယ္။ခ်စ္သူခင္သူလက္ေဆာင္ေပးရင္လည္းအလြန္ေကာင္းေသာ ရတနာတပါးမို႔လက္တို႔ပါရေစ။

သက္ႏိုင္ဦး မုံ႐ြာတကၠသိုလ္

Unicode

ပယင်း ဖြစ် ပေါ်လာပုံနှင့် ဝတ်ဆင်ရခြင်း ၏ ကောင်းကျိုးများ

ပယင်း Amber

အခုရက်ပိုင်း သတိထား မိတာ တခုက လူအတော်များများ လက်မှာ ပယင်း လက်ကောက်လေး တွေဝတ်ဆင်နေတာ ပါဘဲ ၊ တနေ့က စာပေဟောပြောပွဲ လာဟောသော စာရေးဆရာကြီး လက်မှာလည်း ပယင်း လက်ကောက် ဝတ်ဆင်ထားတာ သတိထား မိတယ် ၊ အလှ သက်သက်တော့ မဖြစ်တန်ရာ ကျန်းမာရေး အတွက်ဘဲ ဖြစ်မည် ၊ ဘယ်လို ဆက်စပ် နေတာလည်း ၊ မုံရွာက နာမည်ကျော် ရွှေဆီချက် ခေါက်ဆွဲ စားရင်း တွေးမိတာပါ ၊

အဲဒီဆိုင်ထဲမှာ ဟုမ္မလင်း နန်ထော စသော အရပ်ကထွက်သည့် ပယင်းအစစ်တွေကို အာမခံနဲ့ ရောင်းနေတာ မြင်ရတယ် ၊ ပယင်း အကြောင်းကို ရှာဖတ်ရင်း Wikipedia ထဲက အကြောင်းအရာတချို့တင်ပြပါရစေ ၊ ပယင်းဆိုတာ တွင်းထွက်ကျောက် မဟုတ်ဖူး၊ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်သွားသောသစ်စေး Resin ရီစင်သာ ဖြစ်တယ် ၊ သူရဲ့ အရောင်နဲ့ သဘာဝ အလှတရားကို တန်ဖိုးထားခဲ့တာ ကတော့ Neolithic အချိန်ကတည်းက ဖြစ်တယ်၊ အပင် ကနေ ထွက်လာသော သစ်စေးဆိုတာအော်ဂဲနစ်ပစ္စည်း organic materials တခုပါဘဲ ၊ သက်ရှိ အရာကနေ ထုတ်ပေးသော သက် ရှိအစိတ်အပိုင်း တခုဖြစ်တယ် ။

ပတ္တမြား၊ နီလာ ၊ စိန် ၊ ကျောက်စိမ်း တို့လို တွင်းထွက် သတ္ထု အစစ်ကြီး မဟုတ်ဖူးလေ ၊ အဲဒီတန်ဖိုးရှိသော ကျောက်မျက် တွေကို gemstone လို့ခေါ်ကြတယ် ၊ အဲဒီ ကျောက် အရိုင်းတုံး တွေကို ဖြတ်တောက် သွေးပြီး အရောင်တင်လိုက်ရင် အရမ်းကို တန်ဖိုးရှိသော လက်ဝတ် ရတနာ တွေဖြစ်လာမှာ ၊ ဒါပေမည့် ပယင်း Amber ကတော့ သတ္ထုမ ဟုတ်ပါဘဲ gemstone ကျောက်မျက်အရိုင်းတုံး တခု အဖြစ် သတ်မှတ် ထားကြတာ အံသြဖွယ်ရာ ပါဘဲ ၊၊

“ ရွှေတွင်း ငွေတွင်း ပယင်း ဒုတ္တ ာ” ဆိုသော ရှေးစကားအရ ရတနာ ၉ ပါးထဲမှာ ပယင်းကိုထည့်သွင်း ထားတယ် ၊၊ ရတနာထဲမှာ အပေါ့ဆုံး ဖြစ်ပြီး မာဆင့် ၂.၅ သာရှိကာ သိပ်သည်းဆမှ ၁.၀၇ သာရှိတယ် ၊ ပျက်စီး လွယ်တယ် ၊ မီးရှို့ရင် အလွယ်တကူ လောင်ကျွမ်း နိုင်တယ် ။

ပယင်း အရိုင်းတုံးတွေကို လှပအောင် သွေးယူပြီး လက်ဝတ်ရတနာ အဖြစ် အမြတ်တနိုး ဆင်မြန်းကြတယ် ။ ပယင်းမှာပါဝင် ဖွဲ့စည်း ထားသော ဓာတု ဖွဲ့စည်းပုံ အပေါ် မူတည်ပြီး အတန်းအစား ၅( five classes ) မျိုးလောက် ရှိတယ် ။ ပယင်း မဖြစ်ခင်က အပင်ကြီးက ထွက်လာသော သစ်စေးဆိုတာ စေးကပ်သောသဘောရှိတယ် ။

( soft sticky tree resin) ၊ အဲဒီ သစ်စေး၏ ရနံ့ကို နှစ်သက်သော ပိုးကောင်လေးတွေ ဝိုင်းအုံ ခိုနားရာမှ ကပ်ညိပြီး မလွတ်မြောက်နိုင်ကြတော့ ၊ အစေး အပေါ် နားမိသော ပုရွက်ဆိတ်လေးတွေ၊ု ခြင်ကောင်လေးတွေ၊ ခြလေးတွေ ၊ သေးငယ်သော အင်းဆက်လေးတွေ ၊ သစ်ပင်လေးတွေရဲ့အပိုင်းအစလေးတွေ ၊သတ္တဝါငယ်ငယ်လေးတွေဟာ သစ်စေးရဲ့ ဖုံးကာမှု ခံရပြီး သက်ရှိ ရုပ်ကြွင်းဘဝကို ရောက်သွား ရရှာတယ် ။

အဲဒီ အရာလေးတွေကိုi nclusions လို့ သတ်မှတ် ကြတယ် ၊ ထို သစ်စေးတို့ မြေသို့ ပြုတ်ကျ ကာကျောက်ခဲ သစ်ရွက်များနှင့် ရောထွေးကုန်တယ် ၊ ကာလကြာသော် အပင်ကြီးများလည်း ပျက်စီးကုန်တယ် ၊ သို့သော် သစ်စေးတို့ကမူ မပျက်စီးပါဘူး၊ နှစ်တွေ ကြာတော့ အပင်ကြီးတွေ အပေါ်ကနေ မြေဆိုင်ခဲများ အထပ်ထပ် ပိလာရသည် ၊ ဖိအား အပူချိန်များကြောင့် အချိန်ကြာမြင့်လာသော အခါ ကျောက်ဘဝကို တဖြည်းဖြည်း ပြောင်းလဲ ခဲ့ကြတယ် ၊ ထိုသစ်စေးများသည် နောင်တွင် ပယင်း ဖြစ်လာ တော့တယ် ။ အများအားဖြင့် ပယင်းတို့သည် ထင်းရှူးစေးများမှ ဖြစ်လာတတ်တယ် ။

ထူးခြားချက်…ပယင်း အစစ်သည် လူ့အရေပြားနှင့် ထိတွေ့ပါက ပူနွေးနေတယ် ၊ အေးစက်မနေဖူး၊ဒါကထူးခြားချက်ဘဲ ၊ ကျောက်၏အဝါရောင်သန်းသည့် ရွှေဝါရောင် အရောင်သည် အရက်နှင့် ရေရောသည့် အခါ ဖြစ်လာသည့် အရောင်နဲ့ တူလှသည်မို့ ပယင်းရောင်လို့ ခေါ်တာဖြစ်မည် ။ သို့သော်အညို လိမ္မော်ခရမ်းအစိမ်း အဖြူ စသည်ဖြင့်အခြားအရောင်တွေလည်း ရှိတယ် ၊ ပယင်းစစ်မစစ်စမ်းသပ်သော နည်းမှ လွယ်ကူလှတယ် ၊ဆားရေထဲ စိမ်ကြည့်လျှင် ပေါ့ပါးသော ပယင်းသည်ရေပေါ်ပေါ်နေတတ်တယ် ။

အပေါ်ကဖော်ပြခဲ့သလို အင်းဆက်အကောင်လေးတွေ ပါသောပယင်းသည် တန်ဖိုးက အကြီးဆုံး၊အရောင်နဲ့ ပါဝင်သော inclusion ကို လိုက်ပြီး၊ အချို့သော ပယင်းကျောက်တွေက ကျပ်သိန်း ၃၀ မှ ၅၀ အထိ တန်ကြေး ရှိကြတယ် ။ ပယင်း ပုတီး တခုဟာ အရညအသွေးကောင်းရင် အနည်းဆုံး ကျပ် ၅ သောင်းကနေ တသိန်းအထိ ရှိနေပါတယ် ။

လူတွေရဲ့စိတ်ကို လှည့်စားပြီး အကောင်အတုတွေထည့်ပြီး ဖန်တီးထားသော အတုတွေလည်း ရှိတာမို့ ဝယ်ယူတဲ့အခါ သတိထားဖို့ လိုပါတယ် ၊ ပယင်းရဲ့ထူးခြားချက် တခုရှိပါသေးတယ် သက်ရှိတကောင်ရဲ့ရုပ်ကြွင်းကိုနှစ်သန်းပေါင်း ၁၂၀ အထိမပုပ်မသိုးအောင်ထိမ်းသိမ်းနိုင်တဲ့ ဂုဏ်သတ္တိဖြစ်ပါတယ်၊၊

ပယင်းထဲက အကောင်လေးရဲ့ DNA ဟာ ပျက်စီးမသွားဖူး၊ Botany major မှာ Plant geography ဘာသာရပ်သင်တိုင်း Jurassic period ဆိုတာကိုသင်တိုင်း Jurassic park ရုပ်ရှင်အကြောင်းကိုအားရပါးရရှင်းပြဖူးတယ်၊ ကမ္ဘာဦးအစကရှိနေတဲ့ဒိုင်နိုဆောသွေးကိုစုတ်သည့်ခြင်ကိုသစ်စေးနဲ့အဖုံးခံရပြီး ပယင်းကျောက်ဖြစ်သွားရတယ်၊၊

အခုခေတ် ရောက်တော့ အဲဒီခြင်သွေးကိုထုတ်ယူပြီး DNA ကို ကလုံးနည်းပညာနဲ့ ပွားယူတယ်၊အခုခေတ်မှာ မရှိနိုင်တော့တဲ့ဒိုင်နိုဆော့တွေကိုကျွန်းပေါ်မှာ မွေးယူရင်းလူတွေပြစားဖို့ကြံစည်ရာကနေဒီဇတ်ကားဖြစ်လာရတယ်၊ video နဲ့ပြသင်တော့ ကလေးတွေအရမ်းသဘောကျကြတယ်၊

ပယင်းဝတ်ဆင်ထားရင်…ပယင်းဟာသက် ရှိကဖြစ်သောအော်ဂဲနစ်ပစ္စည်းဖြစ်တာမို့လူမှာ ဝတ်ထားရင်ကောင်းကျိုးတွေရစေပါတယ်၊နားထိုင်း၊နားကိုက်၊လေးဖက်နာ ၊အစာမကြေ.၊ သားသမီးမရလို့ မြုံခြင်းတို့ကိုမဖြစ်စေရုံသာမကခန္ဓာကိုယ်အတွင်းဖြစ်တတ်သည့် ရောဂါတွေကိုလည်းသက်သာစေပါတယ်၊ဝတ်ထားရင် အမြင်အာရုံကောင်းပြီးမျက်စေ့ကိုလည်းအားတိုးစေသည်ဟုလည်းယုံကြည်ကြတယ်။

ပယင်းကိုသွေးလိမ်းရင်အရေပြားရောဂါ အတော်များများကို မြန်မြန်ပျောက်ကင်းစေတယ်၊ ခန္ဓာကိုယ်ထဲကအပူဓာတ်ကိုစုတ်ယူတာကြောင့် အသားအရည်ကို ကြည် လင်စေတယ်။ ပယင်းကို၊နှလုံး သွေးကြောကျဉ်းရောဂါခံစားနေရသူများ ၊အမောမခံနိုင်သောသူများ၊သွေးတိုး သွေးကျ ရောဂါသည်များ၊အဆစ်အမြစ်ကိုက်ခဲသောရောဂါသည်များ၊ကိုယ်ဝန်ဆောင်များ၊ကျီးပေါင်းရောဂါသည်များ ၊အာရုံကြော အားနည်းသူများ၊ညညအိပ်မပျော်ရောဂါခံစားနေရသူများ ရောဂါသက်သာစေဖို့ပယင်းကိုဝတ်ဆင်သင့်တယ်လို့ သိရပါတယ်၊၊

နောက်ဆုံးပြောခြင်တာကလှလို့ဘဲဝတ်ဝတ် ၊ဂမ္ဘီရအရအဆောင်လိုဘဲယုံကြည်မှုအရဝတ် ဝတ်၊ကျန်းမာရေးအရဝတ်ဝတ် ၊ပယင်းဟာ တန်ဖိုးရှိလှသောရတနာတပါးဖြစ်တာကိုတော့ ငြင်းလို့မရပါဘူး၊မုံရွာမြေကလည်းကချင်ပြည်နယ်လိုပယင်းအစစ်တွေဝယ်ယူလို့ ရနေသော ဒေသတခုပါ၊ကျမ်းမာရေးအထောက် ကူပြုတာမို့အခြားရတနာတွေထက်တောင်သာနေပါသေးတယ်။ချစ်သူခင်သူလက်ဆောင်ပေးရင်လည်းအလွန်ကောင်းသော ရတနာတပါးမို့လက်တို့ပါရစေ။

သက်နိုင်ဦး မုံရွာတက္ကသိုလ်