အရက္ေၾကာင္ေနသည့္ သားက ေလျဖတ္ေနေသာ မိခင္ကို ေဂၚျပားနဲ႔႐ိုက္သတ္လို႔ မိခင္ေသရရွာၿပီ

အရက္ေၾကာင္ေနသည့္ သားက ေလျဖတ္ေနေသာ မိခင္ကို ေဂၚျပားနဲ႔႐ိုက္သတ္လို႔ မိခင္ေသရရွာၿပီ
အရက္ေၾကာင္ေနသည့္ သားက ေလျဖတ္ေနေသာ မိခင္ကို ေဂၚျပားနဲ႔႐ိုက္သတ္လို႔ မိခင္ေသရရွာၿပီ

အရက္ေၾကာင္ေနသည့္ သားက ေလျဖတ္ေနေသာ မိခင္ကို ေဂၚျပားနဲ႔႐ိုက္သတ္လို႔ မိခင္ေသရရွာၿပီ

အသက္ ၆၀ အ႐ြယ္ ေလျဖတ္ေဝဒနာသည္ မိခင္ကို အရက္ေၾကာင္ေနသည့္ သားျဖစ္သူက ေဂၚျပားျဖင့္ ႐ိုက္သတ္သြားသည့္ ျဖစ္စဥ္တစ္ခု ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕တြင္ ျဖစ္ပြားေၾကာင္း သိရသည္။

ဘား အံ ၿမိဳ႕၊ အ မွတ္ (၁) ရပ္ ကြက္ တြင္ လူ သတ္ မႈ ျဖစ္ ပြား ေၾကာင္း သ တင္း ရ ရွိ သ ျဖင့္ မာ ဃ အ ခ မဲ့ လူ မႈကူ ညီ ေရး အ သင္း ႏွင့္ တာ ဝန္ ရွိ သူ မ်ား က သြား ေရာက္ စစ္ ေဆး ခဲ့ ၾက ရာအ သက္ ၆၀ အ ႐ြယ္ ေဒၚ သန္း ျမင့္ ဆို သူ မွာ လည္ ပင္း ျပတ္ ရွ ေပါက္ ၿပဲ ဒဏ္ ရာ ၂ ခ်က္၊ ဝဲ ေမး ႐ိုး ေအာက္ က်ိဳး ေၾက ဒဏ္ ရာ ႏွင့္ ယာ ပါး မွ ေမး ေစ့ အ ထိ ျပတ္ ရွ ဒဏ္ ရာ မ်ား ျဖင့္ ေန အိမ္ တြင္ ေသ ဆုံး ေန သည္ ကို ေတြ႕ရွိ သ ျဖင့္ ဘား အံ ေဆး ႐ုံ သို႔ တင္ ပို႔ ေပး ခဲ့ ေၾကာင္း သိ ရ သည္။

ျပစ္မႈက်ဴးလြန္သူမွာ ေသဆုံးသူ၏ သား ခင္ေမာင္လြင္(၄၂) ႏွစ္ ဆိုသူျဖစ္ၿပီး အရက္အလြန္အကြၽံေသာက္စားတတ္သူျဖစ္ကာ အရက္ေၾကာင္တတ္သူ တစ္ဦးျဖစ္ေၾကာင္း သိရသည္။

ေသဆုံးသူေဒၚသန္းျမင့္သည္ ေလျဖတ္ထားသည့္အတြက္ေၾကာင့္ ၿပီးခဲ့သည့္ ရက္ ၂၀ ခန႔္က ထိုင္းႏိုင္ငံမဲေဆာက္ၿမိဳ႕မွတစ္ဆင့္ သားျဖစ္သူ ငွားရမ္းေနထိုင္သည့္ အခင္းျဖစ္ပြားရာ ဘားအံၿမိဳ႕ ေနအိမ္သို႔ေျပာင္းေ႐ြ႕ေနထိုင္ခဲ့ျခင္းျဖစ္ၿပီး သားျဖစ္သူ မူးလာသည့္ အခါတိုင္း သတ္ပစ္မည္ဟု ႀကိမ္းေမာင္းမႈကိုလည္း ခံေနရသူျဖစ္ေၾကာင္း သိရသည္။

အခင္းမျဖစ္မီ ဇြန္လ ၂၁ ရက္ ညအခ်ိန္တြင္ ခင္ေမာင္လြင္သည္ အရက္မူးၿပီး ခါတိုင္းလိုပင္ မိခင္အား ႀကိမ္းေမာင္းေနသည့္ အသံကို ပတ္ဝန္းက်င္က ၾကားခဲ့ရၿပီး ယေန႔နံနက္ ၆ နာရီတြင္ ေဒၚသန္းျမင့္ ဒဏ္ရာမ်ားျဖင့္ သတ္ျဖတ္ခံထားသည္ကို ေတြ႕ရွိခဲ့ၾက သျဖင့္ တာဝန္ရွိသူမ်ားထံသို႔ တိုင္ၾကားျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ျပစ္မႈက်ဴးသူ ခင္ေမာင္လြင္(၄၂)ႏွစ္ကလည္း အရက္မူး၍ မိခင္ကို ေဂၚျပားျဖင့္ ႐ိုက္သတ္ခဲ့ေၾကာင္း ဝန္ခံထြက္ဆိုခဲ့သည့္အတြက္ လူသတ္မႈျဖင့္ ဘားအံၿမိဳ႕မရဲစခန္း၌ အမႈဖြင့္အေရးယူ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

———- ဒါးဇ(အကုန္သိသတင္းဌာန) ———-

ဓာတ္ပုံ – မာဃ အခမဲ့လူမႈ ကူညီေရးအသင္း(ဘားအံ)

Unicode

အရက်ကြောင်နေသည့် သားက လေဖြတ်နေသော မိခင်ကို ဂေါ်ပြားနဲ့ရိုက်သတ်လို့ မိခင်သေရရှာပြီ

အသက် ၆၀ အရွယ် လေဖြတ်ဝေဒနာသည် မိခင်ကို အရက်ကြောင်နေသည့် သားဖြစ်သူက ဂေါ်ပြားဖြင့် ရိုက်သတ်သွားသည့် ဖြစ်စဉ်တစ်ခု ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဖြစ်ပွားကြောင်း သိရသည်။

ဘား အံ မြို့၊ အ မှတ် (၁) ရပ် ကွက် တွင် လူ သတ် မှု ဖြစ် ပွား ကြောင်း သ တင်း ရ ရှိ သ ဖြင့် မာ ဃ အ ခ မဲ့ လူ မှုကူ ညီ ရေး အ သင်း နှင့် တာ ဝန် ရှိ သူ များ က သွား ရောက် စစ် ဆေး ခဲ့ ကြ ရာ အ သက် ၆၀ အ ရွယ် ဒေါ် သန်း မြင့် ဆို သူ မှာ လည် ပင်း ပြတ် ရှ ပေါက် ပြဲ ဒဏ် ရာ ၂ ချက်၊ ဝဲ မေး ရိုး အောက် ကျိုး ကြေ ဒဏ် ရာ နှင့် ယာ ပါး မှ မေး စေ့ အ ထိ ပြတ် ရှ ဒဏ် ရာ များ ဖြင့် နေ အိမ် တွင် သေ ဆုံး နေ သည် ကို တွေ့ရှိ သ ဖြင့် ဘား အံ ဆေး ရုံ သို့ တင် ပို့ ပေး ခဲ့ ကြောင်း သိ ရ သည်။

ပြစ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ သား ခင်မောင်လွင်(၄၂) နှစ် ဆိုသူဖြစ်ပြီး အရက်အလွန်အကျွံသောက်စားတတ်သူဖြစ်ကာ အရက်ကြောင်တတ်သူ တစ်ဦးဖြစ်ကြောင်း သိရသည်။

သေဆုံးသူဒေါ်သန်းမြင့်သည် လေဖြတ်ထားသည့်အတွက်ကြောင့် ပြီးခဲ့သည့် ရက် ၂၀ ခန့်က ထိုင်းနိုင်ငံမဲဆောက်မြို့မှတစ်ဆင့် သားဖြစ်သူ ငှားရမ်းနေထိုင်သည့် အခင်းဖြစ်ပွားရာ ဘားအံမြို့ နေအိမ်သို့ပြောင်းရွေ့နေထိုင်ခဲ့ခြင်းဖြစ်ပြီး သားဖြစ်သူ မူးလာသည့် အခါတိုင်း သတ်ပစ်မည်ဟု ကြိမ်းမောင်းမှုကိုလည်း ခံနေရသူဖြစ်ကြောင်း သိရသည်။

အခင်းမဖြစ်မီ ဇွန်လ ၂၁ ရက် ညအချိန်တွင် ခင်မောင်လွင်သည် အရက်မူးပြီး ခါတိုင်းလိုပင် မိခင်အား ကြိမ်းမောင်းနေသည့် အသံကို ပတ်ဝန်းကျင်က ကြားခဲ့ရပြီး ယနေ့နံနက် ၆ နာရီတွင် ဒေါ်သန်းမြင့် ဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားသည်ကို တွေ့ရှိခဲ့ကြ သဖြင့် တာဝန်ရှိသူများထံသို့ တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးသူ ခင်မောင်လွင်(၄၂)နှစ်ကလည်း အရက်မူး၍ မိခင်ကို ဂေါ်ပြားဖြင့် ရိုက်သတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည့်အတွက် လူသတ်မှုဖြင့် ဘားအံမြို့မရဲစခန်း၌ အမှုဖွင့်အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

———- ဒါးဇ(အကုန်သိသတင်းဌာန) ———-

ဓာတ်ပုံ – မာဃ အခမဲ့လူမှု ကူညီရေးအသင်း(ဘားအံ)