ၿပိဳင္ဘက္ဂိုးသမားကို အႀကိမ္ႀကိမ္ အ႐ူးလုပ္ျပသြားခဲ့တဲ့ ဆာလတ္ရဲ႕ အမိုက္စားစေကး

ၿပိဳင္ဘက္ဂိုးသမားကို အႀကိမ္ႀကိမ္ အ႐ူးလုပ္ျပသြားခဲ့တဲ့ ဆာလတ္ရဲ႕ အမိုက္စားစေကး

လီဗာပူးတိုက္စစ္ကစားသမား မိုဟာမတ္ဆာလတ္ကေတာ့ အံ့ခန္းစြမ္းေဆာင္ရည္ေတြကို အၿမဲတမ္းျပသထားႏိုင္ခဲ့တဲ့ ကစားသမားပဲျဖစ္ပါတယ္။ အၿမဲတမ္း လွပသြင္းဂိုးေတြ၊ ရင္သပ္ရွႈေမာဖြယ္ရာေကာင္းတဲ့ အခိုက္အတန႔္ေတြကို ဆာလတ္က အၿမဲတမ္း ဖန္တီးျပႏိုင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဆာလတ္ဟာ 2018 FIFA Puskas ဆုကို ဆြတ္ခူး ရရွိခဲ့တာလည္း ျဖစ္ပါတယ္။ အခုအခါမွာလည္း ဆာလတ္ဟာ ရင္သပ္ ရႈေမာဖြယ္ ေကာင္းတဲ့ စေကးတစ္ခုကို ထပ္မံ ျပသႏိုင္ခဲ့ျပန္ပါၿပီ။

အာဖရိဖလား ၿပိဳင္ပြဲ ဝင္ေရာက္ ယွဥ္ၿပိဳင္မယ့္ အီဂ်စ္လက္ေ႐ြးစင္အသင္းဟာ ၿပိဳင္ပြဲႀကီးမတိုင္ခင္ ေနာက္ဆုံး ေျခစမ္းပြဲစဥ္အျဖစ္ ဂီနီယာအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ပါတယ္။ အဲဒီေျခစမ္းပြဲမွာ အီဂ်စ္ဟာ အဓိက တိုက္စစ္မႉးဆာလတ္ကို ဒုတိယပိုင္း မိနစ္ (၆၀) မွာ လူစားလဲ ပါဝင္ကစားေစခဲ့တယ္။

ဆာလတ္ဟာ ကြင္းအတြင္းဝင္ေရာက္ၿပီးတာနဲ႔ ခ်က္ခ်င္းဆိုသလို ေျခစြမ္းျပႏိုင္ခဲ့ၿပီး အီဂ်စ္အသင္းအႏိုင္ဂိုးရရွိတဲ့ေနရာမွာ ဆာလတ္ရဲ႕ စြမ္းေဆာင္ရည္က အေရးပါခဲ့ပါတယ္။ ပြဲခ်ိန္ (၇၇) မိနစ္မွာ ဆာလတ္က ဂီနီယာ အသင္းဘက္ကို တိုက္စစ္ဆင္ ကစားခဲ့ပါတယ္။

ဆာလတ္ရဲ႕ တိုက္စစ္ဆင္မႈကို ဂီနီယာဂိုးသမားက တားဆီးႏိုင္ဖို႔ ႀကိဳးပမ္းခဲ့ရာမွာေတာ့ ဆာလတ္က သူ႔ကိုအႀကိမ္ႀကိမ္ လွည့္ထြက္ၿပီး အ႐ူးလုပ္ႏိုင္ခဲ့တာပါ။ ေနာက္ဆုံး ဆာလတ္ ကန္သြင္းလိုက္တဲ့ေဘာလုံးတိုင္ထိထြက္ လာတာကို အလီပိတ္သြင္းယူၿပီး အီဂ်စ္အတြက္ အႏိုင္ဂိုးသြင္း ေပးခဲ့တာပါ။

အီဂ်စ္ဟာ အာဖရိက ဖလားၿပိဳင္ပြဲကို လာမယ့္ဇြန္လ (၂၂) ရက္ေန႔မွာ စတင္ ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ဇင္ဘာေဘြ၊ ကြန္ဂိုDR၊ ယူဂန္ဒါအသင္းတို႔နဲ႔အတူ တစ္အုပ္စုတည္း က်ေရာက္လ်က္ရွိေနပါတယ္။

Unicode .

ပြိုင်ဘက်ဂိုးသမားကို အကြိမ်ကြိမ် အရူးလုပ်ပြသွားခဲ့တဲ့ ဆာလတ်ရဲ့ အမိုက်စားစကေး

လီဗာပူးတိုက်စစ်ကစားသမား မိုဟာမတ်ဆာလတ်ကတော့ အံ့ခန်းစွမ်းဆောင်ရည်တွေကို အမြဲတမ်းပြသထားနိုင်ခဲ့တဲ့ ကစားသမားပဲဖြစ်ပါတယ်။ အမြဲတမ်း လှပသွင်းဂိုးတွေ၊ ရင်သပ်ရှှုမောဖွယ်ရာကောင်းတဲ့ အခိုက်အတန့်တွေကို ဆာလတ်က အမြဲတမ်း ဖန်တီးပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဆာလတ်ဟာ 2018 FIFA Puskas ဆုကို ဆွတ်ခူး ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ အခုအခါမှာလည်း ဆာလတ်ဟာ ရင်သပ် ရှုမောဖွယ် ကောင်းတဲ့ စကေးတစ်ခုကို ထပ်မံ ပြသနိုင်ခဲ့ပြန်ပါပြီ။

အာဖရိဖလား ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် အီဂျစ်လက်ရွေးစင်အသင်းဟာ ပြိုင်ပွဲကြီးမတိုင်ခင် နောက်ဆုံး ခြေစမ်းပွဲစဉ်အဖြစ် ဂီနီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ အဲဒီခြေစမ်းပွဲမှာ အီဂျစ်ဟာ အဓိက တိုက်စစ်မှူးဆာလတ်ကို ဒုတိယပိုင်း မိနစ် (၆၀) မှာ လူစားလဲ ပါဝင်ကစားစေခဲ့တယ်။

ဆာလတ်ဟာ ကွင်းအတွင်းဝင်ရောက်ပြီးတာနဲ့ ချက်ချင်းဆိုသလို ခြေစွမ်းပြနိုင်ခဲ့ပြီး အီဂျစ်အသင်းအနိုင်ဂိုးရရှိတဲ့နေရာမှာ ဆာလတ်ရဲ့ စွမ်းဆောင်ရည်က အရေးပါခဲ့ပါတယ်။ ပွဲချိန် (၇၇) မိနစ်မှာ ဆာလတ်က ဂီနီယာ အသင်းဘက်ကို တိုက်စစ်ဆင် ကစားခဲ့ပါတယ်။

ဆာလတ်ရဲ့ တိုက်စစ်ဆင်မှုကို ဂီနီယာဂိုးသမားက တားဆီးနိုင်ဖို့ ကြိုးပမ်းခဲ့ရာမှာတော့ ဆာလတ်က သူ့ကိုအကြိမ်ကြိမ် လှည့်ထွက်ပြီး အရူးလုပ်နိုင်ခဲ့တာပါ။ နောက်ဆုံး ဆာလတ် ကန်သွင်းလိုက်တဲ့ဘောလုံးတိုင်ထိထွက် လာတာကို အလီပိတ်သွင်းယူပြီး အီဂျစ်အတွက် အနိုင်ဂိုးသွင်း ပေးခဲ့တာပါ။

အီဂျစ်ဟာ အာဖရိက ဖလားပြိုင်ပွဲကို လာမယ့်ဇွန်လ (၂၂) ရက်နေ့မှာ စတင် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဇင်ဘာဘွေ၊ ကွန်ဂိုDR၊ ယူဂန်ဒါအသင်းတို့နဲ့အတူ တစ်အုပ်စုတည်း ကျရောက်လျက်ရှိနေပါတယ်။