သက္လုံအားနည္းတယ္ဆိုတဲ့ အေပၚ ေျဖရွင္းလိုက္တဲ့ ျမန္မာ့ဂုဏ္ေဆာင္ဖိုးေသာ္

သက္လုံအားနည္းတယ္ဆိုတဲ့ အေပၚ ေျဖရွင္းလိုက္တဲ့ ျမန္မာ့ဂုဏ္ေဆာင္ဖိုးေသာ္

ၿပီးခဲ့ေသာ ရက္ပိုင္းက ရွန္ဟိုင္းမွာ က်င္းပခဲ့တဲ့ One Championship သိုင္းေပါင္းစုံၿပိဳင္ပြဲမွာ ျမန္မာကစားသမား ဖိုးေသာ္ကၿပိဳင္ဘက္ အင္ဒိုနီးရွားကစားသမားကို KO ျဖင့္ အႏိုင္ရရွိၿပီး ျမန္မာျပည္သို႔ အႏိုင္ရလဒ္နဲ႔အတူ ျပန္လည္ေရာက္ရွိခဲ့ပါတယ္။ သူ႔အေနနဲ႔ ဒီပြဲမွာ ဘယ္လိုျပင္ဆင္ခဲ့ရၿပီး အႏိုင္ရလဒ္ရယူခဲ့လဲဆိုတာကို ပရိသတ္ႀကီး သိေအာင္ေျပာျပေပးပါမယ္

ပထမဆုံး ျပည္ပထြက္ကစားခဲ့တဲ့ပြဲမွာ အႏိုင္ရရွိခဲ့တဲ့အတြက္ေပ်ာ္ပါတယ္။ အဓိကကေတာ့ ျမန္မာႏိုင္ငံက ပရိသတ္အတြက္ အႏိုင္ရလဒ္ယူလာေပးႏိုင္ခဲ့တဲ့အတြက္ ပိုၿပီး ပီတိျဖစ္မိပါတယ္။ ၿပိဳင္ဘက္ကလည္း ေပေကာင္းပါတယ္။ ဒါေပမယ့္ သူက အႏိုင္ရခ်င္စိတ္မ်ားေနတာေၾကာင့္ ေလာၿပီး လစ္ဟာခဲ့တဲ့အေပၚမွာ ေကာင္တာ ကစားရင္း ကြၽန္ေတာ္အႏိုင္ရရွိခဲ့တာပါ။ ဒီပြဲမွာ အရမ္းႀကီး ထိခိုက္တာေတာ့ မရွိပါဘူး။ သူက ေျခကန္ခ်က္ကို ႀကိဳတင္ျပင္ဆင္လာတဲ့သူဆိုေတာ့ ကြၽန္ေတာ္ႀကိဳတြက္ထားေပမယ့္လည္း အလစ္ငိုက္မွာ ကန္ခံထိလိုက္ပါတယ္။ နဲနဲေတာ့ျပင္းေပမယ့္ စိုးရိမ္ရေလာက္တဲ့အထိေတာ့ မျဖစ္ခဲ့ပါဘူး။ ပြဲခ်ိန္အတိုေလးအတြင္းမွာ အႏိုင္ရခဲ့အတြက္လည္း ဒဏ္ရာက ပိုမဆိုးသြားတာပါ။

ကြၽန္ေတာ္က ပြဲအေျခအေနကိုၾကည့္ၿပီး ကစားမယ္လို႔ စဥ္းစားထားတာေပါ့ေနာ္။ ႀကိဳၿပီးေတာ့ စဥ္းစားထားတာမ်ိဳး မရွိပါဘူး။ ဒီပြဲမွာ ကြၽန္ေတာ္ေျခေထာက္ကန္ခံလိုက္ရတဲ့အတြက္ သူကို နဲနဲ ထိန္းထိန္းသိမ္းသိမ္း ကစားရမယ္ဆိုတာ သိသြားပါတယ္။ ထပ္အကန္ခံရရင္ ကြၽန္ေတာ္ရႈံးသြားႏိုင္ပါတယ္။ သူကန္တာေတာ္ေတာ္ျပင္းတယ္။ ဒဏ္ရာ အေဟာင္းလည္းရွိထားေတာ့ေလ။ ကြၽန္ေတာ္က ေရွာင္ကစားေပမယ့္ သူက တိုက္စစ္ကို ဦးစားေပးေဆာ့တာ ပိုေနေတာ့ ကြၽန္ေတာ္လည္း ေကာင္တာ ျပန္ေဆာ့ရင္း ႏိုင္ခဲ့ပါတယ္။

ဒီပြဲအတြက္ကြၽန္ေတာ္ အေမရီကန္ ေဘာ္စတြန္မွာ သြားေရာက္ၿပီး ေလ့က်င့္ခဲ့တယ္။ အဲ့မွာက်ေတာ့ နည္းစနစ္ပိုင္း ပိုေကာင္းတယ္။ Phiysical ထက္စာရင္ နည္းစနစ္ပိုင္းပိုေကာင္းတဲ့အတြက္ ျမန္မာျပည္က မ်ိဳးဆက္သစ္ေတြကိုလည္း ျပန္ၿပီး Sharing လုပ္ေပးလို႔ရတာေၾကာင့္ပိုၿပီး ေလ့က်င့္ျဖစ္ပါတယ္။ ေနာက္ပိုင္းဆိုရင္ One Championship က ကြၽန္ေတာ့္ကို ေနရာပိုေပးႏိုင္တာေၾကာင့္ ၿပိဳင္ပြဲေတြက ေရွ႕မွာ ပိုျပင္းထန္လာမယ္လို႔ထင္ပါတယ္။

ပရိသတ္ေတြ ေျပာသလို အဲ့ဒီသက္လုံကလည္း ကြၽန္ေတာ့ရဲ႕အားနည္းခ်က္ ျဖစ္ေနတာေပါ့။ ကြၽန္ေတာ္က ဒါကို အသက္ ၇ႏွစ္ထဲက စေဆာ့တာလည္း မဟုတ္ဘူးေလ။ အသက္၃၀ေလာက္မွ က်န္းမာေရးအတြက္ ေလ့က်င့္ခန္း လုပ္ရင္းနဲ႔မွ Professional ကစားသမား ျဖစ္လာတာဆိုေတာ့ အဲ့အခ်က္က ကြၽန္ေတာ့အတြက္ အားနည္းခ်က္ျဖစ္ေနတာေပါ့။ ကြၽန္ေတာ့္အတြက္ အရမ္းအခက္အခဲျဖစ္တယ္။ သူမ်ားေတြလို ၁၀ႏွစ္ ၁၅ႏွစ္ အရွိန္ရလာတဲ့သူမဟုတ္ဘူးေလ။ ကြၽန္ေတာ့ထက္ ဝါႏုတဲ့သူဆိုတာ One Championship မွာ တစ္ေယာက္မွမရွိဘူး။ ကြၽန္ေတာ္က ဝါအႏုဆုံး။ ျမန္မာႏိုင္ငံမွာလည္း ကြၽန္ေတာ္စလုပ္တုန္းက ေလ့လာစရာ ဆိုလို႔လည္း မယ္မယ္ရရမရွိဘူး။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ လုပ္ႏိုင္တာကိုေတာ့ အေကာင္းဆုံးလုပ္မယ္။ ေနာက္ဆုံးကြၽန္ေတာ္ သက္လုံမေကာင္းေတာ့လည္း အရႈံးေပး႐ုံပဲရွိတာေပါ့။ ဒီအတြက္ ဘာမွမတက္ႏိုင္ဘူး။ ဆရာဝန္လည္းျပတာပဲ။

အဲ့ေတာ့ ကြၽန္ေတာ္ အားရွိတဲ့အခ်ိန္မွာ ႏိုင္ႏိုင္တဲ့အခ်ိန္မွာ ကြၽန္ေတာ္ကစားတယ္။ အဲ့ေတာ့ ပထမအခ်ီမွာတင္ ႏိုင္သြားတာမ်ားပါတယ္။ တကယ္လို႔ အဲ့အခ်ိန္အတြင္းမွာ မႏိုင္ဘူးဆိုရင္ကြၽန္ေတာ္ရႈံးသြားႏိုင္တယ္။ အဲ့ဒါကေတာ့ ကြၽန္ေတာ့္အားနည္းခ်က္ေၾကာင့္လို႔ေျပာရမွာပါ့။ ဒီအခ်က္ေတြကို အားသာခ်က္ျဖစ္လာေအာင္ ေနာက္ပိုင္းလည္း ကြၽန္ေတာ္ အေကာင္းဆုံးျပင္ဆင္ႀကိဳးစားသြားဦးမွာပါလို႔ ဖိုးေသာ္က ဆိုပါတယ္။

Unicode .

သက်လုံအားနည်းတယ်ဆိုတဲ့ အပေါ် ဖြေရှင်းလိုက်တဲ့ မြန်မာ့ဂုဏ်ဆောင်ဖိုးသော်

ပြီးခဲ့သော ရက်ပိုင်းက ရှန်ဟိုင်းမှာ ကျင်းပခဲ့တဲ့ One Championship သိုင်းပေါင်းစုံပြိုင်ပွဲမှာ မြန်မာကစားသမား ဖိုးသော်ကပြိုင်ဘက် အင်ဒိုနီးရှားကစားသမားကို KO ဖြင့် အနိုင်ရရှိပြီး မြန်မာပြည်သို့ အနိုင်ရလဒ်နဲ့အတူ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ သူ့အနေနဲ့ ဒီပွဲမှာ ဘယ်လိုပြင်ဆင်ခဲ့ရပြီး အနိုင်ရလဒ်ရယူခဲ့လဲဆိုတာကို ပရိသတ်ကြီး သိအောင်ပြောပြပေးပါမယ်

ပထမဆုံး ပြည်ပထွက်ကစားခဲ့တဲ့ပွဲမှာ အနိုင်ရရှိခဲ့တဲ့အတွက်ပျော်ပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံက ပရိသတ်အတွက် အနိုင်ရလဒ်ယူလာပေးနိုင်ခဲ့တဲ့အတွက် ပိုပြီး ပီတိဖြစ်မိပါတယ်။ ပြိုင်ဘက်ကလည်း ပေကောင်းပါတယ်။ ဒါပေမယ့် သူက အနိုင်ရချင်စိတ်များနေတာကြောင့် လောပြီး လစ်ဟာခဲ့တဲ့အပေါ်မှာ ကောင်တာ ကစားရင်း ကျွန်တော်အနိုင်ရရှိခဲ့တာပါ။ ဒီပွဲမှာ အရမ်းကြီး ထိခိုက်တာတော့ မရှိပါဘူး။ သူက ခြေကန်ချက်ကို ကြိုတင်ပြင်ဆင်လာတဲ့သူဆိုတော့ ကျွန်တော်ကြိုတွက်ထားပေမယ့်လည်း အလစ်ငိုက်မှာ ကန်ခံထိလိုက်ပါတယ်။ နဲနဲတော့ပြင်းပေမယ့် စိုးရိမ်ရလောက်တဲ့အထိတော့ မဖြစ်ခဲ့ပါဘူး။ ပွဲချိန်အတိုလေးအတွင်းမှာ အနိုင်ရခဲ့အတွက်လည်း ဒဏ်ရာက ပိုမဆိုးသွားတာပါ။

ကျွန်တော်က ပွဲအခြေအနေကိုကြည့်ပြီး ကစားမယ်လို့ စဉ်းစားထားတာပေါ့နော်။ ကြိုပြီးတော့ စဉ်းစားထားတာမျိုး မရှိပါဘူး။ ဒီပွဲမှာ ကျွန်တော်ခြေထောက်ကန်ခံလိုက်ရတဲ့အတွက် သူကို နဲနဲ ထိန်းထိန်းသိမ်းသိမ်း ကစားရမယ်ဆိုတာ သိသွားပါတယ်။ ထပ်အကန်ခံရရင် ကျွန်တော်ရှုံးသွားနိုင်ပါတယ်။ သူကန်တာတော်တော်ပြင်းတယ်။ ဒဏ်ရာ အဟောင်းလည်းရှိထားတော့လေ။ ကျွန်တော်က ရှောင်ကစားပေမယ့် သူက တိုက်စစ်ကို ဦးစားပေးဆော့တာ ပိုနေတော့ ကျွန်တော်လည်း ကောင်တာ ပြန်ဆော့ရင်း နိုင်ခဲ့ပါတယ်။

ဒီပွဲအတွက်ကျွန်တော် အမေရီကန် ဘော်စတွန်မှာ သွားရောက်ပြီး လေ့ကျင့်ခဲ့တယ်။ အဲ့မှာကျတော့ နည်းစနစ်ပိုင်း ပိုကောင်းတယ်။ Phiysical ထက်စာရင် နည်းစနစ်ပိုင်းပိုကောင်းတဲ့အတွက် မြန်မာပြည်က မျိုးဆက်သစ်တွေကိုလည်း ပြန်ပြီး Sharing လုပ်ပေးလို့ရတာကြောင့်ပိုပြီး လေ့ကျင့်ဖြစ်ပါတယ်။ နောက်ပိုင်းဆိုရင် One Championship က ကျွန်တော့်ကို နေရာပိုပေးနိုင်တာကြောင့် ပြိုင်ပွဲတွေက ရှေ့မှာ ပိုပြင်းထန်လာမယ်လို့ထင်ပါတယ်။

ပရိသတ်တွေ ပြောသလို အဲ့ဒီသက်လုံကလည်း ကျွန်တော့ရဲ့အားနည်းချက် ဖြစ်နေတာပေါ့။ ကျွန်တော်က ဒါကို အသက် ၇နှစ်ထဲက စဆော့တာလည်း မဟုတ်ဘူးလေ။ အသက်၃၀လောက်မှ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း လုပ်ရင်းနဲ့မှ Professional ကစားသမား ဖြစ်လာတာဆိုတော့ အဲ့အချက်က ကျွန်တော့အတွက် အားနည်းချက်ဖြစ်နေတာပေါ့။ ကျွန်တော့်အတွက် အရမ်းအခက်အခဲဖြစ်တယ်။ သူများတွေလို ၁၀နှစ် ၁၅နှစ် အရှိန်ရလာတဲ့သူမဟုတ်ဘူးလေ။ ကျွန်တော့ထက် ဝါနုတဲ့သူဆိုတာ One Championship မှာ တစ်ယောက်မှမရှိဘူး။ ကျွန်တော်က ဝါအနုဆုံး။ မြန်မာနိုင်ငံမှာလည်း ကျွန်တော်စလုပ်တုန်းက လေ့လာစရာ ဆိုလို့လည်း မယ်မယ်ရရမရှိဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော် လုပ်နိုင်တာကိုတော့ အကောင်းဆုံးလုပ်မယ်။ နောက်ဆုံးကျွန်တော် သက်လုံမကောင်းတော့လည်း အရှုံးပေးရုံပဲရှိတာပေါ့။ ဒီအတွက် ဘာမှမတက်နိုင်ဘူး။ ဆရာဝန်လည်းပြတာပဲ။

အဲ့တော့ ကျွန်တော် အားရှိတဲ့အချိန်မှာ နိုင်နိုင်တဲ့အချိန်မှာ ကျွန်တော်ကစားတယ်။ အဲ့တော့ ပထမအချီမှာတင် နိုင်သွားတာများပါတယ်။ တကယ်လို့ အဲ့အချိန်အတွင်းမှာ မနိုင်ဘူးဆိုရင်ကျွန်တော်ရှုံးသွားနိုင်တယ်။ အဲ့ဒါကတော့ ကျွန်တော့်အားနည်းချက်ကြောင့်လို့ပြောရမှာပါ့။ ဒီအချက်တွေကို အားသာချက်ဖြစ်လာအောင် နောက်ပိုင်းလည်း ကျွန်တော် အကောင်းဆုံးပြင်ဆင်ကြိုးစားသွားဦးမှာပါလို့ ဖိုးသော်က ဆိုပါတယ်။