

၁. ဂျိမ်းရိုဒရီဂွတ်ဇ် ။


၂.အစ္စကို ။


၃. မာဆယ်လို ။



Unicode .

စီရော်နယ်ဒိုရဲ့ဆန္ဒအရ ဂျူဗင်တပ် ခေါ်ယူပေးမယ့် ရီးရဲကစားသမား (၃) ယောက် ။

ပေါ်တူဂီ လက်ရွေးစင် ကြယ်ပွင့် စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီက ရီးရဲကနေ ဂျူဗင်တပ် အသင်းကို ပြောင်းရွှေ့ သွားခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ရီးရဲမှာ (၉) နှစ်ကြာ ကစားလာခဲ့ သူဖြစ်လို့ ရီးရဲကစားသမား တော်တော် များများနဲ့ အလွန်သံယောဇဉ် ဖြစ်နေသူပါ။ စီရော်နယ်ဒိုဟာ ရီးရဲ ကစားသမားတချို့ကို ဂျူဗင်တပ် အသင်းထံ ခေါ်ယူပေးဖို့ တောင်းဆို ထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါကြောင့် စီရော်နယ်ဒိုရဲ့ ဆန္ဒအရ ဂျူဗင်တပ်တို့ ခေါ်ယူပေးမယ့် ရီးရဲကစားသမား (၃) ယောက်ကို ဖော်ပြပေးလိုက်ရပါတယ်။
၁. ဂျိမ်းရိုဒရီဂွတ်ဇ် ။

ဂျိမ်းရိုဒရီဂွတ်ဇ်ဟာ လက်ရှိရီးရဲ နည်းပြဇီဒန်းနဲ့ အဆင်မပြေ ဖြစ်နေသူပါ။ ဘိုင်ယန်ကလည်း သူ့ကိုအပြီးသတ် ခေါ်ယူမှာ မဟုတ်ဘူးလို့ ထုတ်ပြန် ထားခဲ့လို့ ဂျိမ်းရိုဒရီဂွတ်ဇ်ဟာ ဒီနွေမှာ အသင်းသစ်တစ်သင်းကို သေချာပေါက် ပြောင်းရွှေ့ရမယ့် ကစားသမားပါ။
စီရော်နယ်ဒိုနဲ့ ဂျိမ်းရိုဒရီဂွတ်ဇ်တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး ရီးရဲမှာတုန်းက အတွဲညီညီ ကစားလာခဲ့သူတွေပါ။ အထူးသဖြင့် စီရော်နယ်ဒိုရဲ့ အထာကို ဂျိမ်းရိုဒရီဂွတ်ဇ်က ကောင်းကောင်း သိသူဖြစ်ပါတယ်။

၂.အစ္စကို ။

အစ္စကိုဟာလည်း ရီးရဲကနေ ထွက်ခွာ ချင်တယ်လို့ လေသံ ပစ်ထားသူပါ။ ရီးရဲက အပြောင်းအရွှေ့မှာ ကစား သမားသစ် အမြောက်အမြား ခေါ်ယူဖို့ရှိလို့ အစ္စကိုဟာ ပုံမှန် နေရာရဖို့ မသေချာ တော့ပါဘူး။ ဒါကြောင့် ဂျူဗင်တပ် အသင်းအနေနဲ့ ရီးရဲ လိုချင်တဲ့ ပြောင်းရွှေ့ကြေး သာပေးမယ်ဆိုရင် အစ္စကိုကို ရနိုင်ပါတယ်။

၃. မာဆယ်လို ။

မီဒီယာ တွေထက်မှာ စီရော်နယ်ဒို ကိုယ်တိုင် ခေါ်ယူပေးဖို့ လူသိရှင်ကြား တောင်းဆိုထားတဲ့ ကစားသမားပါ။ စီရော်နယ်ဒိုနဲ့ မာဆယ်လိုကြားက ဆက်ဆံ ရေးကတော့ ပြောစရာ မလိုအောင် အားလုံး သိပြီးသားဖြစ်မှာပါ။ မာဆယ်လိုက လက်ရှိရီးရဲရဲ့ အခြေအနေကို ငြီးငွေ့ စပြုနေပြီဖြစ်လို့လည်း သတင်းတွေ ထွက်ပေါ် နေပါတယ်။ ဒါကြောင့် မာဆယ်လို တစ်ယေက် စီရော်နယ်ဒိုရှိ ရာတူရင်ကို လိုက်လာမလား ဆိုတာကတော့ စိတ်ဝင်စား စရာပါပဲ။

ဒီကစားသမား (၃) ယောက်စလုံးက စိရော်နယ်ဒိုရဲ့ အထာကို ကောင်းကောင်းသိပြီး စီရော်ယ်ဒိုနဲ့ အတွဲညီတဲ့ ကစားသမား တွေပါ။ ဒါကြောင့် ဒီကစားသမား တွေကိုသာ ခေါ်နိုင်လိုက် မယ်ဆိုရင် ဂျူဗင်တပ် အသင်းနဲ့ မျှော်မှန်းထားတဲ့ အောင်မြင် မှုတွေကို ရယူနိုင်ဖို့ အလား အလာ ကောင်းနေပါတယ်။