တ႐ုတ္ေယာက်ာ္းကို မယူရင္ အတူအိပ္ေပးရမည္၊ ျငင္းဆန္လွ်င္ ဓားျဖင့္ ခုတ္သတ္ခံရမည္ဟူေသာ ၿခိမ္းေျခာက္မႈမ်ားျဖင့္ ေရာင္းစားခံလိုက္ရေသာ သားအမိ ၃ဦးကို ျပန္လည္ကယ္ဆယ္ႏိုင္ၿပီ

တ႐ုတ္ေယာက်ာ္းကို မယူရင္ အတူအိပ္ေပးရမည္၊ ျငင္းဆန္လွ်င္ ဓားျဖင့္ ခုတ္သတ္ခံရမည္ဟူေသာ ၿခိမ္းေျခာက္မႈမ်ားျဖင့္ ေရာင္းစားခံလိုက္ရေသာ သားအမိ ၃ဦးကို ျပန္လည္ကယ္ဆယ္ႏိုင္ၿပီ
တ႐ုတ္ေယာက်ာ္းကို မယူရင္ အတူအိပ္ေပးရမည္၊ ျငင္းဆန္လွ်င္ ဓားျဖင့္ ခုတ္သတ္ခံရမည္ဟူေသာ ၿခိမ္းေျခာက္မႈမ်ားျဖင့္ ေရာင္းစားခံလိုက္ရေသာ သားအမိ ၃ဦးကို ျပန္လည္ကယ္ဆယ္ႏိုင္ၿပီ

တ႐ုတ္ေယာက်ာ္းကို မယူရင္ အတူအိပ္ေပးရမည္၊ ျငင္းဆန္လွ်င္ ဓားျဖင့္ ခုတ္သတ္ခံရမည္ဟူေသာ ၿခိမ္းေျခာက္မႈမ်ားျဖင့္ ေရာင္းစားခံလိုက္ရေသာ သားအမိ ၃ဦးကို ျပန္လည္ကယ္ဆယ္ႏိုင္ၿပီ

မူဆယ္၊ ဇြန္ ၁၄ (သတင္းတမန္)

တ႐ုတ္ေယာက်ာ္းကို မယူပါက အတူတူအိပ္ေပးရမည္၊ ယင္းအေပၚ ျငင္းဆန္လွ်င္ ဓားျဖင့္ ခုတ္သတ္ခံရမည္ဟု ၿခိမ္းေျခာက္ခံရၿပီး…..

တ႐ုတ္ေယာက်ာ္းထံေရာင္းစားခံလိုက္ရသည့္ ျမန္မာႏိုင္ငံသား သားအမိ ၃ ဦးကို ျပန္လည္ကယ္တင္လိုက္ႏိုင္ၿပီျဖစ္ေၾကာင္း မူဆယ္ခ႐ိုင္ လူကုန္ကူးမႈတားဆီးနိမ့္နင္းေရးရဲတပ္ဖြဲ႕ထံမွသိရသည္….

အဆိုပါ လူကုန္ကူးေရာင္းစားခံရသူ သားအမိ ၃ ဦးမွာ ရွမ္းျပည္နယ္ ကြတ္ခိုင္ၿမိဳ႕ မုန္းယုအုပ္စု တာခိုင္ေဟာ့ေက်း႐ြာမွ အသက္ ၃၁ ႏွစ္အ႐ြယ္ မခ်ိန္ယြင္ရွမ္း(ခ)မခ်ိန္ရွမ္း ဆိုသူႏွင့္…..

၎၏ သား ၂ဦးျဖစ္သူ အသက္ ၄ ႏွစ္အ႐ြယ္ ေမာင္ခြမ္တာဝမ္ႏွင့္ အသက္ ၁ ႏွစ္အ႐ြယ္ ေမာင္ခြမ္တာရွင္း တို႔ျဖစ္ေၾကာင္းသိရသည္….

၎တို႔ သားအမိ ၃ ဦးတြင္ မခ်ိန္ယြင္ရွမ္းႏွင့္ သားအငယ္ ကို ဇြန္ ၆ ရက္ေန႔က တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ လုံလင္ၿမိဳ႕နယ္ က်ိန္းအမ္း႐ြာရွိ ေရွာက္မုန္လင္ ဆိုေသာ တ႐ုတ္အမ်ိဳးသားတစ္ဦးထံတြင္ ေရာင္းစားခံထားရခ်ိန္…..

ကယ္တင္ႏိုင္ခဲ့ၿပီး သားအႀကီး ျဖစ္သူကို ဇြန္ ၅ ရက္ေန႔က ထိန္ခ်ဳံးးၿမိဳ႕ရွိ တ႐ုတ္မိသားစုတစ္စုထံတြင္ ျပန္လည္ရွာေဖြကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွသိရသည္….

၎ တို႔ ၃ ဦးကို ေရာင္းစားခဲ့သည့္ သူ ၃ ဦးမွာ မခ်ိန္ယြင္ရွမ္း ၏ ငယ္သူငယ္ခ်င္းမ်ားျဖစ္ေသာ မလီမိန္က်ိန္း ႏွင့္ ေမာင္လီရွင္းဖ (လီရွင္းဖ ၏ ဇနီး မရန္ျမင့္ရီ ) တို႔ ေမာင္ႏွမ တို႔ျဖစ္ေၾကာင္း မခ်ိန္ယြင္ရွမ္း၏ ထြက္ဆိုခ်က္အေပၚ သိရသည္….

အဆိုပါ ေရာင္းစားခံရေသာ သားအမိ ၃ ဦးကို ျမန္မာရဲတပ္ဖြဲ႕ႏွင့္ တ႐ုတ္ရဲတပ္ဖြဲ႕တို႔ပူးေပါင္းၿပီး ျပန္လည္ရွာေဖြခဲ့ကာ ဇြန္ ၁၃ ရက္ေန႔တြင္ မူဆယ္ၿမိဳ႕ ျမန္မာ-တ႐ုတ္ ဂိတ္ေပါက္ နန္းေတာ္စစ္ေဆးေရးဂိတ္မွ တဆင့္ ျမန္မာႏိုင္ငံဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း လူကုန္တားရဲတပ္ဖြဲ႕ထံမွသိရသည္….

လူကုန္ကူးၿပီး တ႐ုတ္ထံသို႔ ေရာင္းစားခဲ့သည့္ ေမာင္လီရွင္းမ ႏွင့္ သူ၏ဇနီး မရန္ျမင့္ရီတို႔ကို ဖမ္းဆီးရမိထားၿပီး မလီမိန္က်ိန္းကို ဖမ္းဆီးရမိႏိုင္ရန္ တ႐ုတ္ရဲတပ္ဖြဲ႕ႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ေနေၾကာင္း သိရသည္….

ျပန္လည္ကယ္တင္ႏိုင္ခဲ့ေသာ မခ်ိန္ယြင္ရွမ္း ကို ေမးျမန္းရာ ခင္ပြန္းျဖစ္သူမွာ မူးယစ္ေဆးစြဲေနၿပီး မၾကာခဏႏွိပ္စက္ေၾကာင္း၊ ယင္းအခ်ိန္တြင္ သူငယ္ခ်င္းမ်ားျဖစ္ၾကေသာ မလီမိန္က်ိန္း ႏွင့္ ေမာင္လီရွင္းဖ၊ မရန္ျမင့္ရီ တို႔ မၾကာခဏေရာက္ရွိလာၿပီး တ႐ုတ္ေယာက်ာ္းယူရန္ တိုက္တြန္းေျပာဆိုေၾကာင္း….

သို႔ေသာ္ ၎တို႔ ေျပာသကဲ့သို႔ မလုပ္ျဖစ္ခဲ့ေၾကာင္း၊ သို႔ေသာ္ မတ္ ၂ ရက္ ေန႔တြင္ ခင္ပြန္းျဖစ္သူက မူးယစ္ေဆးဖိုးေတာင္းရာ မေပးႏိုင္သျဖင့္ ရန္ျဖစ္ရေၾကာင္း….

ယင္းအခ်ိန္တြင္ မလီမိန္က်ိန္း ႏွင့္ ၎ ခင္ပြန္းျဖစ္သူ တ႐ုတ္ႏိုင္ငံသား ရန္ယုံတဲ့၊ ေမာင္လီရွင္းဖ ႏွင့္ ၎ ၏ဇနီးျဖစ္သူ မရန္ျမင့္ရီ တို႔ထပ္မံေရာက္ရွိလာၿပီး တ႐ုတ္ေယာက်ာ္းယူရန္ေျပာၿပီး လာေရာက္ေခၚေဆာင္ခဲ့သည္ဟု ထြက္ဆိုေၾကာင္းသိရသည္….

ယင္းေနာက္ တ႐ုတ္ႏိုင္ငံ က်ယ္ရွန္ၿမိဳ႕ရွိ မလီမိန္က်ိန္း၏ေနအိမ္သို႔ေရာက္ရွိၿပီး သမီးအႀကီးဆုံးူျဖစ္သူကို မလီမိန္က်ိန္းက ေခၚေဆာင္ထားကာ က်န္ သားအမိ ၃ ဦးကို တ႐ုတ္ႏိုင္ငံတြင္းရွိ ေနရာ ၂ ခုသို႔ ခြဲျခမ္းေရာင္းစားခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆိုခ်က္အရသိရသည္….

မလီမိန္က်ိန္း၏ ေနအိမ္တြင္ ေနထိုင္ခဲ့သည့္ ၂ လအတြင္း တ႐ုတ္ေယာက်ာ္းယူရန္ စည္း႐ုံးတိုက္တြန္းမႈမ်ားစြာရွိခဲ့ၿပီး မလီမိန္က်ိန္း၏ ခင္ပြန္းျဖစ္သူ တ႐ုတ္ႏိုင္ငံသား ရန္ယုံတဲ့ မွာလည္း တ႐ုတ္ေယာက်ာ္းကို မယူပါက ၎၏ ဇနီးမယားအျဖစ္ေပါင္းသင္းေနထိုင္ေပးရမည္…..

အလိုမတူဘဲျငင္းဆန္ေနပါက ဓားျဖင့္ ခုတ္သတ္မည္ဟု ႀကိမ္းေမာင္းၿခိမ္းေျခာက္သျဖင့္ ေနာက္ဆုံးတြင္ ၎တို႔ သေဘာဆႏၵအေလ်ာက္ ေရာင္းစားခံရၿပီး တ႐ုတ္ေယာက်ာ္းယူခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္…..

လက္ရွိတြင္ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ က်ဴးလြန္သူမ်ားျဖစ္ေသာ ေမာင္လီရွင္းဖ ႏွင့္ မရန္ျမင့္ရီ တို႔ကို နမ့္ခမ္းၿမိဳ႕မရဲစခန္းတြင္ ဖမ္းဆီးထားေၾကာင္းသိရသည္….

#Y(သတင္းတမန္)

Unicode

တရုတ်ယောကျာ်းကို မယူရင် အတူအိပ်ပေးရမည်၊ ငြင်းဆန်လျှင် ဓားဖြင့် ခုတ်သတ်ခံရမည်ဟူသော ခြိမ်းခြောက်မှုများဖြင့် ရောင်းစားခံလိုက်ရသော သားအမိ ၃ဦးကို ပြန်လည်ကယ်ဆယ်နိုင်ပြီ

မူဆယ်၊ ဇွန် ၁၄ (သတင်းတမန်)

တရုတ်ယောကျာ်းကို မယူပါက အတူတူအိပ်ပေးရမည်၊ ယင်းအပေါ် ငြင်းဆန်လျှင် ဓားဖြင့် ခုတ်သတ်ခံရမည်ဟု ခြိမ်းခြောက်ခံရပြီး…..

တရုတ်ယောကျာ်းထံရောင်းစားခံလိုက်ရသည့် မြန်မာနိုင်ငံသား သားအမိ ၃ ဦးကို ပြန်လည်ကယ်တင်လိုက်နိုင်ပြီဖြစ်ကြောင်း မူဆယ်ခရိုင် လူကုန်ကူးမှုတားဆီးနိမ့်နင်းရေးရဲတပ်ဖွဲ့ထံမှသိရသည်….

အဆိုပါ လူကုန်ကူးရောင်းစားခံရသူ သားအမိ ၃ ဦးမှာ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ မုန်းယုအုပ်စု တာခိုင်ဟော့ကျေးရွာမှ အသက် ၃၁ နှစ်အရွယ် မချိန်ယွင်ရှမ်း(ခ)မချိန်ရှမ်း ဆိုသူနှင့်…..

၎င်း၏ သား ၂ဦးဖြစ်သူ အသက် ၄ နှစ်အရွယ် မောင်ခွမ်တာဝမ်နှင့် အသက် ၁ နှစ်အရွယ် မောင်ခွမ်တာရှင်း တို့ဖြစ်ကြောင်းသိရသည်….

၎င်းတို့ သားအမိ ၃ ဦးတွင် မချိန်ယွင်ရှမ်းနှင့် သားအငယ် ကို ဇွန် ၆ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် လုံလင်မြို့နယ် ကျိန်းအမ်းရွာရှိ ရှောက်မုန်လင် ဆိုသော တရုတ်အမျိုးသားတစ်ဦးထံတွင် ရောင်းစားခံထားရချိန်…..

ကယ်တင်နိုင်ခဲ့ပြီး သားအကြီး ဖြစ်သူကို ဇွန် ၅ ရက်နေ့က ထိန်ချုံးးမြို့ရှိ တရုတ်မိသားစုတစ်စုထံတွင် ပြန်လည်ရှာဖွေကယ်ဆယ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်….

၎င်း တို့ ၃ ဦးကို ရောင်းစားခဲ့သည့် သူ ၃ ဦးမှာ မချိန်ယွင်ရှမ်း ၏ ငယ်သူငယ်ချင်းများဖြစ်သော မလီမိန်ကျိန်း နှင့် မောင်လီရှင်းဖ (လီရှင်းဖ ၏ ဇနီး မရန်မြင့်ရီ ) တို့ မောင်နှမ တို့ဖြစ်ကြောင်း မချိန်ယွင်ရှမ်း၏ ထွက်ဆိုချက်အပေါ် သိရသည်….

အဆိုပါ ရောင်းစားခံရသော သားအမိ ၃ ဦးကို မြန်မာရဲတပ်ဖွဲ့နှင့် တရုတ်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ပြန်လည်ရှာဖွေခဲ့ကာ ဇွန် ၁၃ ရက်နေ့တွင် မူဆယ်မြို့ မြန်မာ-တရုတ် ဂိတ်ပေါက် နန်းတော်စစ်ဆေးရေးဂိတ်မှ တဆင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း လူကုန်တားရဲတပ်ဖွဲ့ထံမှသိရသည်….

လူကုန်ကူးပြီး တရုတ်ထံသို့ ရောင်းစားခဲ့သည့် မောင်လီရှင်းမ နှင့် သူ၏ဇနီး မရန်မြင့်ရီတို့ကို ဖမ်းဆီးရမိထားပြီး မလီမိန်ကျိန်းကို ဖမ်းဆီးရမိနိုင်ရန် တရုတ်ရဲတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း သိရသည်….

ပြန်လည်ကယ်တင်နိုင်ခဲ့သော မချိန်ယွင်ရှမ်း ကို မေးမြန်းရာ ခင်ပွန်းဖြစ်သူမှာ မူးယစ်ဆေးစွဲနေပြီး မကြာခဏနှိပ်စက်ကြောင်း၊ ယင်းအချိန်တွင် သူငယ်ချင်းများဖြစ်ကြသော မလီမိန်ကျိန်း နှင့် မောင်လီရှင်းဖ၊ မရန်မြင့်ရီ တို့ မကြာခဏရောက်ရှိလာပြီး တရုတ်ယောကျာ်းယူရန် တိုက်တွန်းပြောဆိုကြောင်း….

သို့သော် ၎င်းတို့ ပြောသကဲ့သို့ မလုပ်ဖြစ်ခဲ့ကြောင်း၊ သို့သော် မတ် ၂ ရက် နေ့တွင် ခင်ပွန်းဖြစ်သူက မူးယစ်ဆေးဖိုးတောင်းရာ မပေးနိုင်သဖြင့် ရန်ဖြစ်ရကြောင်း….

ယင်းအချိန်တွင် မလီမိန်ကျိန်း နှင့် ၎င်း ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသား ရန်ယုံတဲ့၊ မောင်လီရှင်းဖ နှင့် ၎င်း ၏ဇနီးဖြစ်သူ မရန်မြင့်ရီ တို့ထပ်မံရောက်ရှိလာပြီး တရုတ်ယောကျာ်းယူရန်ပြောပြီး လာရောက်ခေါ်ဆောင်ခဲ့သည်ဟု ထွက်ဆိုကြောင်းသိရသည်….

ယင်းနောက် တရုတ်နိုင်ငံ ကျယ်ရှန်မြို့ရှိ မလီမိန်ကျိန်း၏နေအိမ်သို့ရောက်ရှိပြီး သမီးအကြီးဆုံးူဖြစ်သူကို မလီမိန်ကျိန်းက ခေါ်ဆောင်ထားကာ ကျန် သားအမိ ၃ ဦးကို တရုတ်နိုင်ငံတွင်းရှိ နေရာ ၂ ခုသို့ ခွဲခြမ်းရောင်းစားခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုချက်အရသိရသည်….

မလီမိန်ကျိန်း၏ နေအိမ်တွင် နေထိုင်ခဲ့သည့် ၂ လအတွင်း တရုတ်ယောကျာ်းယူရန် စည်းရုံးတိုက်တွန်းမှုများစွာရှိခဲ့ပြီး မလီမိန်ကျိန်း၏ ခင်ပွန်းဖြစ်သူ တရုတ်နိုင်ငံသား ရန်ယုံတဲ့ မှာလည်း တရုတ်ယောကျာ်းကို မယူပါက ၎င်း၏ ဇနီးမယားအဖြစ်ပေါင်းသင်းနေထိုင်ပေးရမည်…..

အလိုမတူဘဲငြင်းဆန်နေပါက ဓားဖြင့် ခုတ်သတ်မည်ဟု ကြိမ်းမောင်းခြိမ်းခြောက်သဖြင့် နောက်ဆုံးတွင် ၎င်းတို့ သဘောဆန္ဒအလျောက် ရောင်းစားခံရပြီး တရုတ်ယောကျာ်းယူခဲ့ရခြင်းဖြစ်ကြောင်း သိရသည်…..

လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများဖြစ်သော မောင်လီရှင်းဖ နှင့် မရန်မြင့်ရီ တို့ကို နမ့်ခမ်းမြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်းသိရသည်….

#Y(သတင်းတမန်)