YG Entertainment ကေန တရားဝင္အနားယူသြားၿပီျဖစ္တဲ့ တည္ေထာင္သူ Yang Hyun Suk

YG Entertainment ကေန တရားဝင္အနားယူသြားၿပီျဖစ္တဲ့ တည္ေထာင္သူ Yang Hyun Suk

ေတာင္ကိုရီးယားႏိုင္ငံရဲ႕ ၾသဇာအာဏာအႀကီးဆုံးေဖ်ာ္ေျဖေရးကုမၸဏီႀကီးေတြထဲမွာပါဝင္တဲ့ YG Entertainment ကို စတင္တည္ေထာင္ခဲ့သူ Yang Hyun Suk ဟာ သူ႔အေနနဲ႔ သူ တည္ေထာင္ခဲ့တဲ့ကုမၸဏီႀကီးကေန တရားဝင္ႏႈတ္ထြက္အနားယူလိုက္ၿပီျဖစ္တဲ့အေၾကာင္းကို ဒီေန႔ ဇြန္လ ၁၄ ရက္ေန႔မွာ ထုတ္ျပန္ေၾကညာလိုက္ၿပီ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ Yang Hyun Suk ပါ။ ကြၽန္ေတာ္တို႔ YG အႏုပညာရွင္ေတြကို ခ်စ္ခင္ႀကိဳက္ႏွစ္သက္ၾကတဲ့ ပရိသတ္ေတြအားလုံးကို ဦးစြာေတာင္းပန္စကားေျပာခ်င္ပါတယ္။ ေဝဖန္တိုက္ခိုက္မႈေတြမ်ားစြာအၾကားကေန အလုပ္ႀကိဳးစားၿပီးလုပ္ေပးခဲ့ၾကတဲ့ ဝန္ထမ္းေတြ၊ တာဝန္ရွိသူေတြအားလုံးကိုလည္း ေတာင္းပန္ပါတယ္”

“အမွန္တရားရွိေနတာေတာင္မွ ျပင္းထန္စြာေဝဖန္တိုက္ခိုက္တာေတြ၊ အဓိပၸါ့ယ္မရွိတဲ့စကား့ ျဖန႔္ေဝတာေတြကို သည္းခံၿပီးေနေပးခဲ့ေပမယ့္လည္း ကြၽန္ေတာ္ ဒီထက္ပိုၿပီး သည္းခံႏိုင္မယ္မထင္ေတာ့ပါဘူး။ ကြၽန္ေတာ့္ေၾကာင့္လည္း YG ရဲ႕ အႏုပညာရွင္ေတြ၊ ပရိသတ္ေတြအၾကားမွာ နာက်င္စရာအျဖစ္ေတြ မရွိေလာက္ေတာ့ဘူးလို႔ ထင္မိပါတယ္”

“ကြၽန္ေတာ့္ရဲ႕ ဘဝရဲ႕ ၂၃ ႏွစ္ေလာက္ကို ရင္းႏွီးျမဳပ္ႏွံၿပီး YG ကို တည္ေထာင္ခဲ့တာပါ။ အႏုပညာေျမာက္လွတဲ့ ဂီတေတြ၊ အရည္အခ်င္းရွိၿပီး ေတာ္တဲ့အႏုပညာရွင္ေတြကို ေမြးထုတ္အားေပးခဲ့ရတာက ကြၽန္ေတာ့္ဘဝရဲ႕ အႀကီးမားဆုံးေပ်ာ္႐ႊင္မႈေတြပါပဲ။ ဒီလိုေမြးထုတ္ေပးခြင့္ရတာကလည္း ပရိသတ္ေတြနဲ႔ လူမႈပတ္ဝန္းက်င္ကို ေထာက္ပံ့ေပးႏိုင္ခဲ့တဲ့ အရည္အခ်င္းတစ္ခုလို႔ ထင္မိပါတယ္။”

“ဒါေပမယ့္လည္း ဒီေန႔မွာေတာ့ YG မွာ ကြၽန္ေတာ္တာဝန္ယူထားတဲ့ ရာထူးေတြ၊ လုပ္ငန္းေဆာင္တာေတြအကုန္လုံးကေန ႏႈတ္ထြက္ပါၿပီ။ ဆက္လက္ၿပီး ကြၽန္ေတာ့္ေၾကာင့္ YG ရဲ႕ အႏုပညာရွင္ေတြနဲ႔ သူတို႔ေတြကို ခ်စ္ၾကတဲ့သူေတြအကုန္လုံး မထိခိုက္ဖို႔အတြက္ အ႐ိုးသားဆုံး ေမွ်ာ္လင့္မိပါတယ္”

“လတ္တေလာ YG မွာ ကြၽန္ေတာ့္ထက္ပိုၿပီး အရည္အခ်င္းရွိတဲ့ အႏုပညာရွင္ေတြမ်ားစြာ ရွိပါတယ္။ ဒီလိုမ်ိဳး ကြၽန္ေတာ္ ႏႈတ္ထြက္လိုက္တာက သူတို႔ေတြအတြက္ အခြင့္အလမ္းေကာင္းေတြ ပိုၿပီးရရွိေစႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။ YG ကို ျမန္ႏိုင္သမွ် ျမန္ျမန္ အေျခအေနေတြ တည္ၿငိမ္ေစခ်င္တာကလည္း ကြၽန္ေတာ့္ရဲ႕ အ႐ိုးသားဆုံး ေမွ်ာ္လင့္ခ်က္ပါ”

“ေနာက္ဆုံးအေနနဲ႔ ေျပာခ်င္တာကေတာ့ လတ္တေလာမွာ ျဖစ္ေပၚေနတဲ့ သတင္းေတြ၊ ေကာလဟာလေတြအားလုံးဟာ ေရွ႕ဆက္လုပ္မယ့္ စုံစမ္းစစ္ေဆးမႈေတြကေနတဆင့္ အမွန္တရားေတြထြက္ေပၚလာမယ္လို႔ ယုံၾကည္ပါတယ္။ ေက်းဇူးတင္ပါတယ္” လို႔ ဆိုကာ Yang Hyun Suk ကိုယ္တိုင္ ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

Yang Hyun Suk က YG Entertainment ကို ၁၉၉၆ ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့တာျဖစ္ၿပီး Big Bang, 2NE1, Akdong Musician, Lee Hi, Winner, iKon, Blackpink တို႔အျပင္ တျခားေသာ နာမည္ႀကီးအႏုပညာရွင္ေတြမ်ားစြာကို ေမြးထုတ္ေပးခဲ့သူ တစ္ေယာက္ျဖစ္ပါတယ္။

အရည္အခ်င္းရွိတဲ့ အႏုပညာရွင္ေတြမ်ားစြာကို ေမြးထုတ္ေပးခဲ့သူတစ္ေယာက္ျဖစ္တာမို႔လို႔ K-pop ေလာကအတြက္ေတာ့ ထုတ္လုပ္သူေကာင္းတစ္ေယာက္ကို ဆုံးရႈံးလိုက္တဲ့အတြက္ ပရိသတ္ေတြကေတာ့ စိတ္မေကာင္းျဖစ္ေနၾကပါတယ္။

Unicode .

YG Entertainment ကနေ တရားဝင်အနားယူသွားပြီဖြစ်တဲ့ တည်ထောင်သူ Yang Hyun Suk

တောင်ကိုရီးယားနိုင်ငံရဲ့ သြဇာအာဏာအကြီးဆုံးဖျော်ဖြေရေးကုမ္ပဏီကြီးတွေထဲမှာပါဝင်တဲ့ YG Entertainment ကို စတင်တည်ထောင်ခဲ့သူ Yang Hyun Suk ဟာ သူ့အနေနဲ့ သူ တည်ထောင်ခဲ့တဲ့ကုမ္ပဏီကြီးကနေ တရားဝင်နှုတ်ထွက်အနားယူလိုက်ပြီဖြစ်တဲ့အကြောင်းကို ဒီနေ့ ဇွန်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

“ကျွန်တော် Yang Hyun Suk ပါ။ ကျွန်တော်တို့ YG အနုပညာရှင်တွေကို ချစ်ခင်ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေအားလုံးကို ဦးစွာတောင်းပန်စကားပြောချင်ပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေများစွာအကြားကနေ အလုပ်ကြိုးစားပြီးလုပ်ပေးခဲ့ကြတဲ့ ဝန်ထမ်းတွေ၊ တာဝန်ရှိသူတွေအားလုံးကိုလည်း တောင်းပန်ပါတယ်”

“အမှန်တရားရှိနေတာတောင်မှ ပြင်းထန်စွာဝေဖန်တိုက်ခိုက်တာတွေ၊ အဓိပ္ပါ့ယ်မရှိတဲ့စကား့ ဖြန့်ဝေတာတွေကို သည်းခံပြီးနေပေးခဲ့ပေမယ့်လည်း ကျွန်တော် ဒီထက်ပိုပြီး သည်းခံနိုင်မယ်မထင်တော့ပါဘူး။ ကျွန်တော့်ကြောင့်လည်း YG ရဲ့ အနုပညာရှင်တွေ၊ ပရိသတ်တွေအကြားမှာ နာကျင်စရာအဖြစ်တွေ မရှိလောက်တော့ဘူးလို့ ထင်မိပါတယ်”

“ကျွန်တော့်ရဲ့ ဘဝရဲ့ ၂၃ နှစ်လောက်ကို ရင်းနှီးမြုပ်နှံပြီး YG ကို တည်ထောင်ခဲ့တာပါ။ အနုပညာမြောက်လှတဲ့ ဂီတတွေ၊ အရည်အချင်းရှိပြီး တော်တဲ့အနုပညာရှင်တွေကို မွေးထုတ်အားပေးခဲ့ရတာက ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံးပျော်ရွှင်မှုတွေပါပဲ။ ဒီလိုမွေးထုတ်ပေးခွင့်ရတာကလည်း ပရိသတ်တွေနဲ့ လူမှုပတ်ဝန်းကျင်ကို ထောက်ပံ့ပေးနိုင်ခဲ့တဲ့ အရည်အချင်းတစ်ခုလို့ ထင်မိပါတယ်။”

“ဒါပေမယ့်လည်း ဒီနေ့မှာတော့ YG မှာ ကျွန်တော်တာဝန်ယူထားတဲ့ ရာထူးတွေ၊ လုပ်ငန်းဆောင်တာတွေအကုန်လုံးကနေ နှုတ်ထွက်ပါပြီ။ ဆက်လက်ပြီး ကျွန်တော့်ကြောင့် YG ရဲ့ အနုပညာရှင်တွေနဲ့ သူတို့တွေကို ချစ်ကြတဲ့သူတွေအကုန်လုံး မထိခိုက်ဖို့အတွက် အရိုးသားဆုံး မျှော်လင့်မိပါတယ်”

“လတ်တလော YG မှာ ကျွန်တော့်ထက်ပိုပြီး အရည်အချင်းရှိတဲ့ အနုပညာရှင်တွေများစွာ ရှိပါတယ်။ ဒီလိုမျိုး ကျွန်တော် နှုတ်ထွက်လိုက်တာက သူတို့တွေအတွက် အခွင့်အလမ်းကောင်းတွေ ပိုပြီးရရှိစေနိုင်မယ်လို့ ယုံကြည်ပါတယ်။ YG ကို မြန်နိုင်သမျှ မြန်မြန် အခြေအနေတွေ တည်ငြိမ်စေချင်တာကလည်း ကျွန်တော့်ရဲ့ အရိုးသားဆုံး မျှော်လင့်ချက်ပါ”

“နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ သတင်းတွေ၊ ကောလဟာလတွေအားလုံးဟာ ရှေ့ဆက်လုပ်မယ့် စုံစမ်းစစ်ဆေးမှုတွေကနေတဆင့် အမှန်တရားတွေထွက်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်” လို့ ဆိုကာ Yang Hyun Suk ကိုယ်တိုင် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Yang Hyun Suk က YG Entertainment ကို ၁၉၉၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး Big Bang, 2NE1, Akdong Musician, Lee Hi, Winner, iKon, Blackpink တို့အပြင် တခြားသော နာမည်ကြီးအနုပညာရှင်တွေများစွာကို မွေးထုတ်ပေးခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

အရည်အချင်းရှိတဲ့ အနုပညာရှင်တွေများစွာကို မွေးထုတ်ပေးခဲ့သူတစ်ယောက်ဖြစ်တာမို့လို့ K-pop လောကအတွက်တော့ ထုတ်လုပ်သူကောင်းတစ်ယောက်ကို ဆုံးရှုံးလိုက်တဲ့အတွက် ပရိသတ်တွေကတော့ စိတ်မကောင်းဖြစ်နေကြပါတယ်။