


ကသာ၊ဇွန်-၁၄








ဓာတ်ပုံများ -Ahdoe

Unicode ဖြင့် ဖတ် ရန်

ထူးထူးခြားခြား အမျိုးသားများသာ တင်ရတဲ့ ကသာမြို့က နတ်တင် ပွဲ

ကသာ၊ဇွန်-၁၄

ကသာမြို့နယ် တုန်းပေါ ရွာနှင့် သိမ်အင်းရွာတွင် အမျိုးသားများသာ တင်ရတဲ့ နတ်တင်ပွဲကို ဒီနေ့ နံနက်ပိုင်းမှာ အစဉ်အလာ မပျက် ပြုလုပ်ခဲ့ကြပါတယ်…

နတ်တင်ပွဲကို မိုးထဲလေထဲမှာတောင် ရိုးရာမပျက်ပြုလုပ်ခဲ့ကြပြီး ဒီပွဲမှာ အမျိုးသမီးတွေ လာလို့ မရဘူးလို့ ဒေသခံတွေက ဆိုပါတယ်…

ကျေးရွာကို စောင့်ရှောက်နေတဲ့ ဘိုးဘိုးကြီး နတ်ကြီးစင်ဟာ ရွာနှစ်ခု ရဲ့အလယ်မှာ ရှိပြီး ဒီဓလေ့ကို ကိုလိုနီခေတ်ကတည်းက ဘိုးဘွားတွေ အမွေအဖြစ် ဆက်လတ် ပူဇော်ပသနေတာဖြစ်ပါတယ်…

ဘိုးဘိုးကြီးနတ်ဟာ ကိုလိုနီခေတ်က ဂျပန်တွေ ရွာဘက်လာရောက်စဉ် ရွာကို မတွေ့အောင် တန်ခိုးနဲ့ဖျောက်ထားပေးခဲ့လို့ ဂျပန်တွေ နှိပ်စက်မယ့်ဘေးမှ ဝေးခဲ့ရတယ်လို့ ဒေသခံတွေက ယုံကြည်ပြီး ကိုးကွယ်ခဲ့ကြတယ်လို့ ဆိုပါတယ်….

ဘိုးဘိုးကြီးနတ်စင် မှာ ထမင်း၊ငါးကြော်၊ကွမ်း၊ဆေးလိပ်၊ငှက်ပျောဖီး၊မုန့်ဆီကြော် အဖြူ ၊အနီ တွေကို အင်ဖက်ထဲမှာ ထည့်ပြီး ပူဇော်ကြတာပါ၊ မုန့်ဖြူ၊မုန့်နီကိုလည်း လယ်ကွင်းထဲမှာပဲ ပူပူနွေးနွေးကြော်ပြီး ကပ်ကြတာလို့ ဆိုပါတယ်….

ဆန် တွေ၊ စ ပါး တွေ တိုး ပွား ပြီး အိမ် သူ အိမ် သား တွေ ကျန်း မာ စေ ကြောင်း ရွာ ရှိ တစ် အိမ် တစ် ယောက် အ မျိုးသား တွေ အား လုံး ထွက် ပြီး…

နတ် တင် တဲ့ ဓ လေ့ ဟာ တစ် ကျောင်း တစ် ဂါ ထာ တစ် ရွာ တစ် ပုဒ် ဆန်း ဆို သ လို ထူး ထူး ခြား ခြား မြင် ကွင်း မို့ မုံ ရွာ ဂေ ဇက် ပ ရိ သတ် များ အ တွက် ဖော် ပြ ပေး လိုက် ရ ပါ တယ်…

ဓာတ်ပုံများ -Ahdoe