“ဓါးခုတ္မႈမ်ား မၾကာခဏျဖစ္ပြားေနတတ္သည့္ လားရႈိးၿမိဳ႕တြင္ (၃)ရက္အတြင္း (၈)ဦးဖမ္းမိ”

“ဓါးခုတ္မႈမ်ား မၾကာခဏျဖစ္ပြားေနတတ္သည့္ လားရႈိးၿမိဳ႕တြင္ (၃)ရက္အတြင္း (၈)ဦးဖမ္းမိ”

ေမလကုန္ ႏွင့္ ဇြန္လပထမပတ္ အတြင္း ဓါးခုတ္မႈမ်ား မၾကာခဏ ျဖစ္ပြားေနတတ္သည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရႈိးၿမိဳ႕တြင္ သက္ဆိုင္ရာ ဌာနမ်ား ပါဝင္သည့္ ခ႐ိုင္/ ၿမိဳ႕နယ္စီမံခန႔္ခြဲမႈေကာ္မတီက ဦးေဆာင္ကာ ညပိုင္း လွည့္ကင္းမ်ားျဖင့္ စစ္ေဆးျခင္း လုပ္ငန္းမ်ားကို ပိုမိုေဆာင္႐ြက္ခဲ့ရာ လက္နက္ကိုင္ေဆာင္ သြားလာေနသည့္ မသကၤာဖြယ္ လူငယ္(၈)ဦးကို (၃)ရက္အတြင္း ဖမ္းဆီးရမိ၍ အမႈဖြင့္ထားေၾကာင္း သိရသည္။

“ညပိုင္းလွည့္ကင္းလုပ္တာကေတာ့ လားရႈိးမွာ ဓါးခုတ္မႈေတြစၿပီး ျဖစ္ပြားတဲ့အခ်ိန္ကေန စလုပ္ခဲ့တာ၊ အဲ့လို ညကင္းေတြလုပ္ေနတဲ့ ၾကားထဲကေန ဓါးခုတ္တာေတြ လုယက္တာေတြ ဆက္တိုက္ျဖစ္ပြားေနတဲ့အတြက္ ဖိဖိစီးစီး လုပ္လိုက္တာေတာ့ (၄)ရက္ေလာက္ရွိၿပီ၊ အဲ့ဒီရက္ပိုင္းအတြင္းမွာ လူ (၈)ဦးကို ဖမ္းဆီး အေရးယူ ထားႏိုင္ခဲ့ပါတယ္” ဟု လားရႈိးၿမိဳ႕နယ္စီမံခန႔္ခြဲမႈ ေကာ္မတီ ဥကၠဌ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးအာကာလင္း က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

လွည့္ကင္းမ်ားအား တင္းၾကပ္စြာ စတင္ေဆာင္႐ြက္ခဲ့သည့္ ၂၀၁၉ခုႏွစ္ ဇြန္လ (၇)ရက္ေန႔ ညပိုင္းမွစတင္၍ ဇြန္လ (၁၂)ရက္ေန႔ အထိ လားရႈိးၿမိဳ႕ရွိ ရပ္ကြက္ႀကီး (၁၂)ခုႏွင့္ ေက်း႐ြာမ်ား အနက္ ရပ္ကြက္ (၁)၊ ရပ္ကြက္ (၄)၊ ရပ္ကြက္ (၅)ႏွင့္ ရပ္ကြက္ (၇)တို႔တြင္ ညအခ်ိန္မေတာ္ ကာလမ်ား၌ ဓါး၊ တုတ္ မ်ားကိုင္ေဆာင္ သြားလာေနသူမ်ားအား ေတြ႕ရွိစစ္ေဆး၍ အေရးယူ ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ညတုန္းကလဲ ရပ္ကြက္ (၅)ထဲမွာ မီးသတ္ေတြ၊ ရဲေတြပါတဲ့ အဖြဲ႕က အေရွ႕ကေန ကင္းလွည့္စစ္ေဆးသြားၿပီး မၾကာခင္ သူတို႔ျဖတ္သြားၿပီးတဲ့ ေနရာနားမွာပဲ အုပ္စုဖြဲ႕ၿပီး ဓါးေတြနဲ႔ ခုတ္ၾကတာ၊ ရဲေတြျပန္ေရာက္လာေတာ့ ခုတ္ေနတဲ့အဖြဲ႕ေတြက ထြက္ေျပးသြားေရာ၊ ေဒသခံတစ္ေယာက္အေနနဲ႔ ဆိုရင္ေတာ့ အဲ့လိုလွည့္ကင္းေတြ အျပင္ ကင္းပုန္းဝပ္တာမ်ိဳး၊ အသြင္ယူၿပီး ေရွာင္တခင္ စစ္ေဆးတာမ်ိဳးေတြေရာ လုပ္ေစခ်င္ပါတယ္” ဟု ရပ္ကြက္ ( ၅ )တြင္ ေနထိုင္သူ ကိုေမာင္ေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇြန္လ (၁၃)ရက္တြင္ ေျပာသည္။

တုတ္၊ ဓါး ကိုင္ေဆာင္ သြားလာသူမ်ားအား သက္ဆိုင္ရာ လက္နက္မႈမ်ားျဖင့္ နယ္ေျမအလိုက္ နယ္ေျမပိုင္ ရဲစခန္းမ်ားတြင္ အမႈဖြင့္ အေရးယူထားၿပီး ညပိုင္းလွည့္ကင္းမ်ားႏွင့္ ေရွာင္တခင္စစ္ေဆးျခင္းမ်ားကိုလည္း အဖြဲ႕စုံျဖင့္ ဆက္လက္လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

ညပိုင္းကင္း လွည့္လည္ရာတြင္ နယ္ေျမခံတပ္၊ ရဲတပ္ဖြဲ႕၊ ျပည္သူ႔စစ္အဖြဲ႕ႏွင့္ အရံမီးသတ္ တပ္ဖြ႕ဲဝင္မ်ား အျပင္ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးမွ တာဝန္ရွိသူမ်ား စသည့္ ပူးေပါင္းအဖြဲ႕ျဖင့္ လွည့္ၾကျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

Unicode .

“ဓါးခုတ်မှုများ မကြာခဏဖြစ်ပွားနေတတ်သည့် လားရှိုးမြို့တွင် (၃)ရက်အတွင်း (၈)ဦးဖမ်းမိ”

မေလကုန် နှင့် ဇွန်လပထမပတ် အတွင်း ဓါးခုတ်မှုများ မကြာခဏ ဖြစ်ပွားနေတတ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် သက်ဆိုင်ရာ ဌာနများ ပါဝင်သည့် ခရိုင်/ မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ဦးဆောင်ကာ ညပိုင်း လှည့်ကင်းများဖြင့် စစ်ဆေးခြင်း လုပ်ငန်းများကို ပိုမိုဆောင်ရွက်ခဲ့ရာ လက်နက်ကိုင်ဆောင် သွားလာနေသည့် မသင်္ကာဖွယ် လူငယ်(၈)ဦးကို (၃)ရက်အတွင်း ဖမ်းဆီးရမိ၍ အမှုဖွင့်ထားကြောင်း သိရသည်။

“ညပိုင်းလှည့်ကင်းလုပ်တာကတော့ လားရှိုးမှာ ဓါးခုတ်မှုတွေစပြီး ဖြစ်ပွားတဲ့အချိန်ကနေ စလုပ်ခဲ့တာ၊ အဲ့လို ညကင်းတွေလုပ်နေတဲ့ ကြားထဲကနေ ဓါးခုတ်တာတွေ လုယက်တာတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အတွက် ဖိဖိစီးစီး လုပ်လိုက်တာတော့ (၄)ရက်လောက်ရှိပြီ၊ အဲ့ဒီရက်ပိုင်းအတွင်းမှာ လူ (၈)ဦးကို ဖမ်းဆီး အရေးယူ ထားနိုင်ခဲ့ပါတယ်” ဟု လားရှိုးမြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်း က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

လှည့်ကင်းများအား တင်းကြပ်စွာ စတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၉ခုနှစ် ဇွန်လ (၇)ရက်နေ့ ညပိုင်းမှစတင်၍ ဇွန်လ (၁၂)ရက်နေ့ အထိ လားရှိုးမြို့ရှိ ရပ်ကွက်ကြီး (၁၂)ခုနှင့် ကျေးရွာများ အနက် ရပ်ကွက် (၁)၊ ရပ်ကွက် (၄)၊ ရပ်ကွက် (၅)နှင့် ရပ်ကွက် (၇)တို့တွင် ညအချိန်မတော် ကာလများ၌ ဓါး၊ တုတ် များကိုင်ဆောင် သွားလာနေသူများအား တွေ့ရှိစစ်ဆေး၍ အရေးယူ နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ညတုန်းကလဲ ရပ်ကွက် (၅)ထဲမှာ မီးသတ်တွေ၊ ရဲတွေပါတဲ့ အဖွဲ့က အရှေ့ကနေ ကင်းလှည့်စစ်ဆေးသွားပြီး မကြာခင် သူတို့ဖြတ်သွားပြီးတဲ့ နေရာနားမှာပဲ အုပ်စုဖွဲ့ပြီး ဓါးတွေနဲ့ ခုတ်ကြတာ၊ ရဲတွေပြန်ရောက်လာတော့ ခုတ်နေတဲ့အဖွဲ့တွေက ထွက်ပြေးသွားရော၊ ဒေသခံတစ်ယောက်အနေနဲ့ ဆိုရင်တော့ အဲ့လိုလှည့်ကင်းတွေ အပြင် ကင်းပုန်းဝပ်တာမျိုး၊ အသွင်ယူပြီး ရှောင်တခင် စစ်ဆေးတာမျိုးတွေရော လုပ်စေချင်ပါတယ်” ဟု ရပ်ကွက် ( ၅ )တွင် နေထိုင်သူ ကိုမောင်မောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ (၁၃)ရက်တွင် ပြောသည်။

တုတ်၊ ဓါး ကိုင်ဆောင် သွားလာသူများအား သက်ဆိုင်ရာ လက်နက်မှုများဖြင့် နယ်မြေအလိုက် နယ်မြေပိုင် ရဲစခန်းများတွင် အမှုဖွင့် အရေးယူထားပြီး ညပိုင်းလှည့်ကင်းများနှင့် ရှောင်တခင်စစ်ဆေးခြင်းများကိုလည်း အဖွဲ့စုံဖြင့် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ညပိုင်းကင်း လှည့်လည်ရာတွင် နယ်မြေခံတပ်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့နှင့် အရံမီးသတ် တပ်ဖွ့ဲဝင်များ အပြင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ စသည့် ပူးပေါင်းအဖွဲ့ဖြင့် လှည့်ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။