












credit duwun

Unicode

မလေးရှားနိုင်ငံသားပါဝင်တဲ့ အင်တာနက်ငါးဂိမ်းလောင်းကစားဒိုင်တစ်ခု မန္တလေးတွင်ဖမ်းမိ

မန္တလေး ချမ်းအေးသာစံမြို့နယ်အတွင်းက အင်တာနက်ငါးဂိမ်းလောင်းကစားဒိုင်တစ်ခုကို မန္တလေးရဲတပ်ဖွဲ့က ဇွန်လ(၁၃)ရက်နေ့ကပဲဝင်ရောက်ဖမ်းဆီး လိုက်ပါတယ်……

ချမ်းအေးသာစံမြို့နယ် ၃၂ လမ်းနဲ့ ၇၄ လမ်းထောင့်ကနေအိမ်တစ်ခုမှာ အင်တာနက်ငါးဂိမ်းလောင်းကစားဒိုင် ဖွင့်လှစ်ထားတယ်ဆိုတဲ့…..

“သတင်းအရ ညနေ ၅ နာရီ ၄၅မိနစ်ခန့်မှာပဲ ပူးပေါင်းအဖွဲ့က သက်သေတွေနဲ့အတူ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးလိုက်တာလို့သိရပြီ;….

အဲဒီမြို့နယ်အပိုင်ရဲစခန်းတာဝန်ရှိသူတွေဟာ တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးရဲအကူတပ်ဖွဲ့ခွဲ၊ တိုင်းဒေသကြီးမှုခင်းအကူဌာနစိတ်……

မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစိတ်တို့ပါဝင်တဲ့ပူးပေါင်းအဖွဲ့၊ သက်သေတွေနဲ့အတူ ဝင်ရောက်ရှာဖွေခဲ့တာ” လို့ရဲစခန်းတာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်…..

ဒီလိုရှာဖွေခဲ့တာမှာ နေအိမ်အတွင်းမလေးရှားနိုင်ငံသားတစ်ဦးအပါအဝင် လူ ၁၂ ဦးဖမ်းဆီးရမိခဲ့ပြီး မန်နေဂျာဖြစ်သူကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရဲမှတ်တမ်းကဖော်ပြထားပါတယ်…..

အသက် ၃၄ နှစ်အရွယ် မလေးရှားနိုင်ငံသား TAN YEAN ONN အပါအဝင်လူ ၁၂ ဦးကို ငါးဂိမ်းဆော့ဝဲလ်တွေထည့်သွင်းထားတဲ့ ကွန်ပျူတာ၂၂ လုံး၊ Main Server ကွန်ပျူတာတစ်လုံးနဲ့ဆက်စပ်ပစ္စည်းတွေအပြင်……

ကောင်တာအံဆွဲအတွင်းကနေ မြန်မာငွေ ၆ သိန်းကျပ်၊ ကျောပိုးလွယ်အိတ်နဲ့ထည့်ထားတဲ့ ကျပ် ၉၅ သိန်းကိုလည်း တွေ့ရှိခဲ့တယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်…..

ဖမ်း ဆီး ရ မိ တဲ့ သက် သေ ခံ ပ စ္စည်း တွေ ကို သက် သေ တွေ ရှေ့ မှာ ပဲ ရှာ ဖွေ ပုံ စံ နဲ့သိမ်း ဆည်း ခဲ့ ပြီး တ ရားမ ဝင် ကွန် ပျူ တာ ဂိမ်း လောင်း က စား သူ ၁၂ ဦး စ လုံး ရော ထွက် ပြေး လွတ် မြောက် သွား တဲ့ မန် နေ ဂျာ ဖြစ် သူကို ပါ……

ရဲ စ ခန်း က (ပ)၄၃၈/၂၀၁၉၊ လောင်း က စား ဥ ပ ဒေ ပုဒ် မ ၁၇(က)/၁၈(က) နဲ့ အ မှု ဖွင့် အ ရေး ယူ စစ် ဆေး ပြီး တ ရား စွဲ ဆို သွား မယ် လို့ လည်း အ ဆို ပါ တာ ဝန် ရှိ က ပဲ ပြော ပါ တယ်……

credit duwun