ပုလဲႏို႔ လက္ဖက္ရည္ အေသာက္မ်ားၿပီး အူထဲမွာ ဒုကၡေတြ႕ခဲ့ရတဲ့ ေကာင္မေလး ။

ပုလဲႏို႔ လက္ဖက္ရည္ အေသာက္မ်ားၿပီး အူထဲမွာ ဒုကၡေတြ႕ခဲ့ရတဲ့ ေကာင္မေလး ။

ပုလဲႏို႔ လက္ဖက္ရည္ အေသာက္မ်ားၿပီး အူထဲမွာ ဒုကၡေတြ႕ခဲ့ရတဲ့ ေကာင္မေလးအခုေနာက္ပိုင္းမွာ ပုလဲႏို႔ လက္ဖက္ရည္ေတြဟာ ပုံစံအမ်ိဳးမ်ိဳး၊ အရသာအမ်ိဳးမ်ိဳးနဲ႔ ေခတ္စားလာပါတယ္။ ႏို႔လက္ဖက္ ရည္ထဲမွာပါတဲ့ ပုလဲသီးေတြကို ပီေလာပီနံနဲ႔ ျပဳလုပ္တယ္လို႔ ဆိုၾကပါတယ္။ ဒါေပမယ့္လည္း ပီ ေလာပီနံခ်ည္းပဲလား၊ အျခားပါဝင္ပစၥည္း ဘာေတြပါသလဲ ဆိုတာကိုေတာ့ ေသခ်ာသိရွိတဲ့သူ နည္းပါလိမ့္မယ္။

တ႐ုတ္ႏိုင္ငံက (၁၄) ႏွစ္အ႐ြယ္ ေကာင္မေလး တစ္ေယာက္ကေတာ့ ႏို႔လက္ဖက္ရည္ထဲ ပါတဲ့ ပုလဲသီးေတြေၾကာင့္ အစာအိမ္ ေယာင္ခဲ့ရေၾကာင္း စကၤာပူ အေျခစိုက္သတင္းဌာန တစ္ခုျဖစ္တဲ့ mothership အရ သိရပါတယ္။

ေကာင္မေလးဟာ ရက္ေပါင္းမ်ားစြာ ဝမ္းခ်ဳပ္ေနၿပီး ဗိုက္ေအာင့္ ေနတာေၾကာင့္ ဆရာဝန္ဆီ သြားျပရာကေန ေရာဂါျဖစ္ေနတာကို သိခဲ့ရတာပါ။ သူမ ခႏၶာကိုယ္ကို အာထရာေဆာင္း ႐ိုက္ၾကည့္ၿပီးတဲ့ေနာက္မွာလည္း ရာေပါင္း မ်ားစြာရွိတဲ့ ခပ္ေသးေသး၊ ဝိုင္းဝိုင္း အလုံးကေလးေတြကို ေတြ႕ခဲ့ရပါတယ္။

အဆိုပါ အလုံးေတြဟာ ေကာင္မေလးရဲ႕ အစာအိမ္ကေန အူမႀကီး၊ စအိုဆီ သြားရာလမ္းေတြမွာ ျပည့္က်ပ္ေနတာ ျဖစ္ပါတယ္။

ဆရာဝန္က ေကာင္မေလးကို အခုလို အစာအိမ္ မထိခိုက္ခင္ ဘာအစားအေသာက္စားခဲ့သလဲ ေမးတဲ့အခါက်မွ လြန္ခဲ့တဲ့ (၅) ရက္ေလာက္တုန္းက ပုလဲသီးလက္ဖက္ရည္ ေသာက္ခဲ့တယ္ဆိုတဲ့ အေျဖထြက္လာတာပါ။

ေကာင္မေလးက ပုလဲႏို႔ လက္ဖက္ရည္ကို ေတာ္ေတာ္ေလးႀကိဳက္ပုံရပါတယ္။ ပုံမွန္ေသာက္လာေနရာမွ အခ်ိန္အေတာ္ၾကာ ေသာက္ပါမ်ားလာတဲ့အခါ ပုလဲသီးေတြက ဗိုက္ထဲ အစာမခ်က္ႏိုင္ပဲ ရွိခဲ့ပုံရပါတယ္။

ထို႔ေနာက္မွာေတာ့ ေကာင္မေလး ဗိုက္ထဲမွာ တစ္ဆို႔ေနတဲ့ ပုလဲသီးေတြကို ဖယ္ရွားဖို႔ ဆရာဝန္က ဝမ္းႏႈတ္ေဆး ေကြၽးခဲ့ပါတယ္။ ပုလဲသီးေတြဟာ ပီလာပီနံနဲ႔ ျပဳလုပ္ထားၿပီး ခပ္မာမာေတြျဖစ္တာေၾကာင့္ အစာေျခဖ်က္ဖို႔ရန္ ခက္ခဲပါတယ္။

ေနာက္ထပ္တစ္ခုက ေကာင္မေလးဟာ ပုလဲသီးေတြကို ဝါးမစားပဲနဲ႔ ဒီတိုင္းၿမိဳၿမိဳ ခ်ပုံလည္း ရပါတယ္။ ပုလဲသီး ထုတ္လုပ္သူေတြဟာ ပုလဲသီးေတြကို ပိုဝါး ရလြယ္ေအာင္ အရသာရွိေအာင္လို႔ ဓာတုေဆးအခ်ိဳ႕ သုံးစြဲေလ့ရွိပါတယ္။

ဒါေၾကာင့္လည္း ပမာဏအမ်ားႀကီး စားလိုက္မိတဲ့အခါ အစာအိမ္နဲ႔ အူလမ္းေၾကာင္းရဲ႕ အလုပ္ေတြကို ထိခိုက္ၿပီး လူကို အန ၱရာယ္ေပးႏိုင္တာ ျဖစ္ေၾကာင္းလည္း သိရပါတယ္။

Unicode .

ပုလဲနို့ လက်ဖက်ရည် အသောက်များပြီး အူထဲမှာ ဒုက္ခတွေ့ခဲ့ရတဲ့ ကောင်မလေး ။

ပုလဲနို့ လက်ဖက်ရည် အသောက်များပြီး အူထဲမှာ ဒုက္ခတွေ့ခဲ့ရတဲ့ ကောင်မလေးအခုနောက်ပိုင်းမှာ ပုလဲနို့ လက်ဖက်ရည် တွေဟာ ပုံစံအမျိုးမျိုး၊ အရသာ အမျိုးမျိုးနဲ့ ခေတ်စား လာပါတယ်။ နို့လက်ဖက် ရည်ထဲမှာပါတဲ့ ပုလဲသီး တွေကို ပီလောပီနံနဲ့ ပြုလုပ်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း ပီ လောပီနံချည်းပဲလား၊ အခြားပါဝင် ပစ္စည်း ဘာတွေပါသလဲ ဆိုတာကိုတော့ သေချာသိရှိတဲ့သူ နည်းပါလိမ့်မယ်။

တရုတ်နိုင်ငံက (၁၄) နှစ်အရွယ် ကောင်မလေး တစ်ယောက်ကတော့ နို့လက်ဖက်ရည်ထဲ ပါတဲ့ ပုလဲသီးတွေကြောင့် အစာအိမ် ယောင်ခဲ့ရကြောင်း စင်္ကာပူ အခြေစိုက် သတင်းဌာန တစ်ခုဖြစ်တဲ့ mothership အရ သိရပါတယ်။

ကောင်မလေးဟာ ရက်ပေါင်းများစွာ ဝမ်းချုပ်နေပြီး ဗိုက်အောင့် နေတာကြောင့် ဆရာဝန်ဆီ သွားပြရာကနေ ရောဂါဖြစ် နေတာကို သိခဲ့ရတာပါ။ သူမ ခန္ဓာကိုယ်ကို အာထရာဆောင်း ရိုက်ကြည့်ပြီးတဲ့နောက်မှာလည်း ရာပေါင်း များစွာရှိတဲ့ ခပ်သေးသေး၊ ဝိုင်းဝိုင်း အလုံးကလေးတွေကို တွေ့ခဲ့ရပါတယ်။

အဆိုပါ အလုံးတွေဟာ ကောင်မလေးရဲ့ အစာအိမ်ကနေ အူမကြီး၊ စအိုဆီ သွားရာလမ်းတွေမှာ ပြည့်ကျပ်နေတာ ဖြစ်ပါတယ်။

ဆရာဝန်က ကောင်မလေးကို အခုလို အစာအိမ် မထိခိုက်ခင် ဘာအစား အသောက်စားခဲ့သလဲ မေးတဲ့အခါကျမှ လွန်ခဲ့တဲ့ (၅) ရက်လောက် တုန်းက ပုလဲသီး လက်ဖက်ရည် သောက်ခဲ့တယ်ဆိုတဲ့ အဖြေ ထွက်လာတာပါ။

ကောင်မလေးက ပုလဲနို့ လက်ဖက်ရည်ကို တော်တော်လေး ကြိုက်ပုံရပါတယ်။ ပုံမှန်သောက်လာနေရာမှ အချိန်အတော်ကြာ သောက်ပါများလာတဲ့အခါ ပုလဲသီးတွေက ဗိုက်ထဲ အစာမချက်နိုင်ပဲ ရှိခဲ့ပုံရပါတယ်။

ထို့နောက်မှာတော့ ကောင်မလေး ဗိုက်ထဲမှာ တစ်ဆို့နေတဲ့ ပုလဲသီးတွေကို ဖယ်ရှားဖို့ ဆရာဝန်က ဝမ်းနှုတ်ဆေး ကျွေးခဲ့ပါတယ်။ ပုလဲသီးတွေဟာ ပီလာပီနံနဲ့ ပြုလုပ်ထားပြီး ခပ်မာမာ တွေဖြစ်တာကြောင့် အစာခြေဖျက်ဖို့ရန် ခက်ခဲပါတယ်။

နောက်ထပ်တစ်ခုက ကောင်မလေးဟာ ပုလဲသီးတွေကို ဝါးမစားပဲနဲ့ ဒီတိုင်းမြိုမြို ချပုံလည်း ရပါတယ်။ ပုလဲသီး ထုတ်လုပ်သူ တွေဟာ ပုလဲသီး တွေကို ပိုဝါး ရလွယ်အောင် အရသာရှိ အောင်လို့ ဓာတုဆေး အချို့ သုံးစွဲလေ့ရှိပါတယ်။

ဒါကြောင့်လည်း ပမာဏ အများကြီး စားလိုက်မိတဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ အလုပ်တွေကို ထိခိုက်ပြီး လူကို အန ္တရာယ် ပေးနိုင်တာ ဖြစ်ကြောင်းလည်း သိရပါတယ်။