ယာဥ္တိုက္မႈ ေၾကာင့္ ထိခိုက္ဒဏ္ရာ ရသူမ်ားအား ယာဥ္ထိန္းရဲ အလာကို ေစာင့္ေနစရာမလိုဘဲ ေဆး႐ုံပို႔ႏိုင္

ယာဥ္တိုက္မႈ ေၾကာင့္ ထိခိုက္ဒဏ္ရာ ရသူမ်ားအား ယာဥ္ထိန္းရဲ အလာကို ေစာင့္ေနစရာမလိုဘဲ ေဆး႐ုံပို႔ႏိုင္

ကိုယ့္ေရွ႕မွာ ယာဥ္တိုက္မႈ ျဖစ္လို႔ ထိခိုက္ ဒဏ္ရာ ရသူေတြ အျပင္းအထန္ ဒဏ္ရာရ ေနတဲ့သူေတြ ေတြ႕ခဲ့ရင္ ရဲတို႔ ယာဥ္ထိန္းရဲ တို႔ကို ေစာင့္ေနစရာ မလိုဘဲ နီးစပ္ရာ ေဆးခန္း ၊ ေဆး႐ုံကိုပို႔ေဆာင္ ေပးရင္း အသက္ကယ္လို႔ ရပါၿပီ ။

ယာဥ္တိုက္မႈေၾကာင့္ ထိခိုက္ ဒဏ္ရာရတဲ့သူေတြကို ေဆး႐ုံ အခ်ိန္မွီ ပို႔ဖို႔ ေနရာကေန ေ႐ႊ႕တဲ့အခါ လူနာ ေနရာေ႐ႊ႕လို႔ ဆိုပီး အေရးယူလို႔ မရပါဘူး ။ ဒဏ္ရာ ျပင္းထန္လို႔ စိုးရိမ္ရတဲ့ အေရးေပၚ လူနာေတြကို ေဆး႐ုံ အခ်ိန္မွီ ေရာက္ေစဖို႔ ကူညီတဲ့ ေနရာမွာ ဘယ္သူမွ တားပိုင္ခြင့္ မရွိပါဘူး ။ ေႏွာင့္ေႏွးေအာင္ ႀကံၾကာေအာင္လဲ ဘယ္သူမွ လုပ္လို႔ မရပါဘူး ။

ကူညီ ေနတာကို ေႏွာင့္ယွက္တဲ့ သူ ေႏွာင့္ေႏွးႀကံၾကာေအာင္ လုပ္တဲ့သူကို တစ္ႏွစ္ထက္ မပိုတဲ့ေထာင္ဒဏ္ ဒဏ္ေငြ တစ္သိန္း ဒဏ္ႏွစ္ရပ္လုံး သတ္မွတ္ ထားတာမို႔ ေတြေဝ ေတြးေတာျခင္း မရွိပဲ လူ႔အသက္ တစ္ေခ်ာင္းကို ကူညီမႈနဲ႔ ကုသိုလ္ယူ အသက္ကယ္ လိုက္ပါ ။

ဟိုးအရင္တုန္း က အစိုးရ ေဆး႐ုံကိုသာ လူနာကို ပို႔ေဆာင္ရတာ ျဖစ္ေပမဲ့ အခုေတာ့ နီးစပ္ရာေဆး႐ုံ ေဆးခန္း ႀကိဳက္တဲ့ ေနရာ ပို႔ေဆာင္ ႏိုင္ပါတယ္ ။ လူနာ ပို႔ေဆာင္လိုက္တဲ့ ပုဂၢလိကေဆး႐ုံ ကိုယ္ပိုင္ ေဆးခန္း ေတြကလဲ သူတို႔ ကုေပးလို႔ ရတယ္ဆိုတာ သိၿပီးပါၿပီ ။ ကုေပးၿပီးမွသာ သက္ဆိုင္ရာ အစိုးရ ေဆး႐ုံကို စာ႐ြက္စာတမ္းေတြနဲ႔ မျဖစ္မေန လႊဲေျပာင္း ေပးရမွာပါ ။

ဒါေၾကာင့္ မိမိေရွ႕မွာ ယာဥ္တိုက္မႈ ေၾကာင့္ ထိခိုက္ ဒဏ္ရာ ရသူေတြ ေတြ႕ႀကဳံ ခဲ့ရင္ လူနာအသက္တာ အဓိက ေဆး႐ုံ ၊ ေဆးခန္းအခ်ိန္မွီ ေရာက္ေရးသာ အဓိကမို႔ မည္သူ႔ကိုမွ ေစာင့္ေနစရာ မလိုဘဲ ကူညီမႈနဲ႔ အသက္ကယ္လိုက္ပါ ။

Credit; Nay Myo Thu Ya

Unicode

ယာဉ်တိုက်မှု ကြောင့် ထိခိုက်ဒဏ်ရာ ရသူများအား ယာဉ်ထိန်းရဲ အလာကို စောင့်နေစရာမလိုဘဲ ဆေးရုံပို့နိုင်

ကိုယ့်ရှေ့မှာ ယာဉ်တိုက်မှု ဖြစ်လို့ ထိခိုက် ဒဏ်ရာ ရသူတွေ အပြင်းအထန် ဒဏ်ရာရ နေတဲ့သူတွေ တွေ့ခဲ့ရင် ရဲတို့ ယာဉ်ထိန်းရဲ တို့ကို စောင့်နေစရာ မလိုဘဲ နီးစပ်ရာ ဆေးခန်း ၊ ဆေးရုံကိုပို့ဆောင် ပေးရင်း အသက်ကယ်လို့ ရပါပြီ ။

ယာဉ်တိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရတဲ့သူတွေကို ဆေးရုံ အချိန်မှီ ပို့ဖို့ နေရာကနေ ရွှေ့တဲ့အခါ လူနာ နေရာရွှေ့လို့ ဆိုပီး အရေးယူလို့ မရပါဘူး ။ ဒဏ်ရာ ပြင်းထန်လို့ စိုးရိမ်ရတဲ့ အရေးပေါ် လူနာတွေကို ဆေးရုံ အချိန်မှီ ရောက်စေဖို့ ကူညီတဲ့ နေရာမှာ ဘယ်သူမှ တားပိုင်ခွင့် မရှိပါဘူး ။ နှောင့်နှေးအောင် ကြံကြာအောင်လဲ ဘယ်သူမှ လုပ်လို့ မရပါဘူး ။

ကူညီ နေတာကို နှောင့်ယှက်တဲ့ သူ နှောင့်နှေးကြံကြာအောင် လုပ်တဲ့သူကို တစ်နှစ်ထက် မပိုတဲ့ထောင်ဒဏ် ဒဏ်ငွေ တစ်သိန်း ဒဏ်နှစ်ရပ်လုံး သတ်မှတ် ထားတာမို့ တွေဝေ တွေးတောခြင်း မရှိပဲ လူ့အသက် တစ်ချောင်းကို ကူညီမှုနဲ့ ကုသိုလ်ယူ အသက်ကယ် လိုက်ပါ ။

ဟိုးအရင်တုန်း က အစိုးရ ဆေးရုံကိုသာ လူနာကို ပို့ဆောင်ရတာ ဖြစ်ပေမဲ့ အခုတော့ နီးစပ်ရာဆေးရုံ ဆေးခန်း ကြိုက်တဲ့ နေရာ ပို့ဆောင် နိုင်ပါတယ် ။ လူနာ ပို့ဆောင်လိုက်တဲ့ ပုဂ္ဂလိကဆေးရုံ ကိုယ်ပိုင် ဆေးခန်း တွေကလဲ သူတို့ ကုပေးလို့ ရတယ်ဆိုတာ သိပြီးပါပြီ ။ ကုပေးပြီးမှသာ သက်ဆိုင်ရာ အစိုးရ ဆေးရုံကို စာရွက်စာတမ်းတွေနဲ့ မဖြစ်မနေ လွှဲပြောင်း ပေးရမှာပါ ။

ဒါကြောင့် မိမိရှေ့မှာ ယာဉ်တိုက်မှု ကြောင့် ထိခိုက် ဒဏ်ရာ ရသူတွေ တွေ့ကြုံ ခဲ့ရင် လူနာအသက်တာ အဓိက ဆေးရုံ ၊ ဆေးခန်းအချိန်မှီ ရောက်ရေးသာ အဓိကမို့ မည်သူ့ကိုမှ စောင့်နေစရာ မလိုဘဲ ကူညီမှုနဲ့ အသက်ကယ်လိုက်ပါ ။

Credit; Nay Myo Thu Ya