ရန္ကုန္အပါအဝင္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး ၆ ခုတြင္ မိုးႀကီးႏိုင္ ။ ။

ရန္ကုန္အပါအဝင္ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီး ၆ ခုတြင္ မိုးႀကီးႏိုင္ ။ ။

အေနာက္ေတာင္ မုတ္သုံေလဟာ ျမန္မာႏိုင္ငံ တဝန္းလုံးကို ဝင္ေရာက္ခဲ့ၿပီး ျဖစ္တယ္လို႔ မိုးေလဝသဌာနက ေၾကညာထားၿပီး ရန္ကုန္တိုင္း အပါအဝင္ ျပည္နယ္တိုင္း ၆ခုမွာ မိုးႀကီးမယ္လို႔ ခန႔္မွန္း ထုတ္ျပန္ထားပါတယ္။

ဇြန္ ၁၁ရက္ မြန္းလြဲ ၂နာရီအခ်ိန္ ထုတ္ျပန္ခ်က္ထဲမွာ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာကြက္ၿပီး မိုးႀကီး ႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။

မုတ္သုန္ေလ တႏိုင္ငံလုံး ဝင္ေရာက္အၿပီးမွာ မြန္ျပည္နယ္မွာ ေဒသအလိုက္ မိုးႀကီးခဲ့ၿပီး မွတ္သားဖြယ္ရာ မိုးေရခ်ိန္ေတြက ဘီးလင္းၿမိဳ႕မွာ (၃.၅၄) လက္မ၊ ေမာ္လၿမိဳင္ၿမိဳ႕မွာ (၃.၃၉) လက္မ၊ ေရးၿမိဳ႕မွာ (၂.၉၅) လက္မ၊ ထ၊ သထုံၿမိဳ႕မွာ (၂.၆၈) လက္မ၊ ေပါင္ၿမိဳ႕မွာ (၂.၆၀) လက္မ အသီးသီး ႐ြာသြန္းခဲ့ပါတယ္။

ဒါ့အျပင္ တနသၤာရီတိုင္းနဲ႔ ကရင္ျပည္နယ္ တို႔မွာလည္း မိုးမ်ားခဲ့ၿပီး ထားဝယ္ၿမိဳ႕မွာ (၂.၈၇) လက္မ၊ ဘားအံၿမိဳ႕မွာ (၂.၅၅)လက္မ၊ ကမေမာင္းၿမိဳ႕မွာ (၂.၃၅)လက္မ၊ ၿမိတ္ၿမိဳ႕မွာ (၂.၂၄) လက္မ အသီးသီး ႐ြာသြန္းခဲ့ပါတယ္။

မိုးေလဝသပညာရွင္ ေဒါက္တာ ဦးထြန္းလြင္ကလည္း မိုးလယ္ကာလမွာ ေရႀကီးမႈေတြကို ဂ႐ုစိုက္ဖို႔ ႏႈိးေဆာ္ အသိေပးထားပါတယ္။

မိုးလယ္ ကာလျဖစ္တဲ့ ဇူလိုင္လနဲ႔ ၾသဂုတ္လ၊ မိုးေႏွာင္း ကာလျဖစ္တဲ့ စက္တင္ဘာလ တို႔မွာ မုတ္သုံမိုးနဲ႔ အတူ ျမန္မာႏိုင္ငံ ေျမာက္ပိုင္းေဒသေတြမွာ မိုးေကာင္းႏိုင္တဲ့ အတြက္ ဧရာဝတီျမစ္နဲ႔ ခ်င္းတြင္းျမစ္ သာမက တျခားျမစ္ေတြပါ ေရႀကီးမႈ အႏၲရာယ္ ႀကဳံေတြ႕ ရႏိုင္ပါတယ္လို႔ ေဒါက္တာ ဦးထြန္းလြင္က သတိေပး ထားပါတယ္။

Unicode .

ရန်ကုန်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၆ ခုတွင် မိုးကြီးနိုင် ။ ။

ရန် ကုန် အပါ အဝင် ပြည်နယ် နှင့် တိုင်း ဒေ သ ကြီး ၆ ခုတွင် မိုးကြီးနိုင်
အ နောက် တောင် မုတ်သုံ လေ ဟာ မြန်မာ နိုင်ငံ တဝန်း လုံးကို ဝင် ရောက် ခဲ့ပြီး ဖြစ် တယ်လို့ မိုး လေဝ သ ဌာနက ကြေ ညာ ထားပြီး ရန် ကုန် တိုင်း အ ပါအ ဝင် ပြည် နယ် တိုင်း ၆ခုမှာ မိုးကြီးမယ်လို့ ခန့် မှန်း ထုတ် ပြန် ထားပါတယ်။

ဇွန် ၁၁ရက် မွန်းလွဲ ၂ နာရီ အ ချိန် ထုတ် ပြန် ချက်ထဲမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မွန် ပြည်နယ်တို့မှာ နေရာ ကွက်ပြီး မိုးကြီး နိုင်တယ်လို့ ခန့် မှန်း ထား ပါတယ်။

မုတ်သုန်လေ တနိုင်ငံလုံး ဝင်ရောက် အပြီးမှာ မွန်ပြည်နယ်မှာ ဒေသအလိုက် မိုးကြီးခဲ့ပြီး မှတ်သားဖွယ်ရာ မိုးရေချိန် တွေက ဘီးလင်းမြို့မှာ (၃.၅၄) လက်မ၊ မော်လမြိုင်မြို့မှာ (၃.၃၉) လက်မ၊ ရေးမြို့မှာ (၂.၉၅) လက်မ၊ ထ၊ သထုံမြို့မှာ (၂.၆၈) လက်မ၊ ပေါင်မြို့မှာ (၂.၆၀) လက်မ အသီးသီး ရွာသွန်းခဲ့ ပါတယ်။

ဒါ့အပြင် တနင်္သာရီ တိုင်းနဲ့ ကရင်ပြည်နယ် တို့မှာ လည်း မိုးများခဲ့ပြီး ထားဝယ် မြို့မှာ (၂.၈၇) လက်မ၊ ဘားအံမြို့မှာ (၂.၅၅)လက်မ၊ ကမမောင်းမြို့မှာ (၂.၃၅)လက်မ၊ မြိတ်မြို့မှာ (၂.၂၄) လက်မ အသီးသီး ရွာသွန်းခဲ့ပါတယ်။

မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်ကလည်း မိုးလယ် ကာလမှာ ရေကြီးမှုတွေကို ဂရုစိုက်ဖို့ နှိုးဆော် အသိပေး ထားပါတယ်။

မိုးလယ် ကာလ ဖြစ်တဲ့ ဇူလိုင်လနဲ့ သြဂုတ်လ၊ မိုးနှောင်း ကာလ ဖြစ်တဲ့ စက်တင်ဘာလ တို့မှာ မုတ် သုံ မိုးနဲ့ အတူ မြန်မာ နိုင်ငံ မြောက်ပိုင်း ဒေသ တွေမှာ မိုးကောင်း နိုင်တဲ့ အတွက် ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ် သာမက တခြားမြစ် တွေပါ ရေကြီးမှု အန္တရာယ် ကြုံ တွေ့ ရနိုင်ပါတယ်လို့ ဒေါက်တာ ဦးထွန်းလွင် က သတိပေး ထားပါ တယ်။