ေပါေတာေတာေနတဲ့သူေတြကို လုံးဝေလွ်ာ့မတြက္သင့္တဲ့ အေၾကာင္းအရင္း (၅) ခ်က္ ။

ေပါေတာေတာေနတဲ့သူေတြကို လုံးဝေလွ်ာ့မတြက္သင့္တဲ့ အေၾကာင္းအရင္း (၅) ခ်က္ ။

တစ္ခါတေလမွာ ေပါေတာေတာ ေနတတ္တဲ့သူေတြဟာ ဘဝကို ေလးေလးနက္နက္မရွိဘူး၊ ခံစားခ်က္ မရွိဘူးလို႔အထင္ခံရ တတ္ပါတယ္။ ဒါေပမယ့္လည္း ဒီလိုမဟုတ္ပါဘူး။ ေပါေတာေတာေနတဲ့သူေတြကို လုံးဝေလွ်ာ့မတြက္သင့္တဲ့ အေၾကာင္းရင္းေတြကို ေဖာ္ျပ ေပးလိုက္ပါတယ္။

(၁) လူေတြရဲ႕စိတ္ကို အလြယ္တကူ ျမင္ႏိုင္တယ္ ။

ေပါေတာေတာ ေနတတ္တဲ့သူေတြဟာ ဘာကိုမွမစဥ္းစားပဲ ေနတတ္တဲ့ သူေတြလို႔ ထင္ရတတ္ပါတယ္။ ဒါေပမယ့္လည္း မဟုတ္ပါဘူး။ အေသးစိတ္ကအစ ေကာင္းေကာင္းေဝဖန္ သုံးသပ္တတ္တဲ့ သူေတြပါ။ ဒါေၾကာင့္လူေတြရဲ႕ စိတ္ကို အလြယ္တကူျမင္ႏိုင္ပါတယ္။ မ်က္ႏွာဖုံးေတြ ေနာက္ကြယ္မွာ ဘယ္သူေကာင္းလဲ၊ ဘယ္သူဆိုးလဲဆိုတာကို ေကာင္းေကာင္း သိႏိုင္တဲ့သူေတြပါ။

(၂) ဖုံးကြယ္ထားတဲ့ စိတ္ခံစားခ်က္ေတြရွိတယ္ ။

ေပါေတာေတာ ေနတတ္တဲ့သူေတြမွာ ဖုံးကြယ္ထားတဲ့ စိတ္ခံစားခ်က္ေတြ ရွိပါတယ္။ သူတို႔ရဲ႕ ဘဝမွာ ဒီလိုေပါေတာေတာ ေနလိုက္ဖို႔ ဆုံးျဖတ္လိုက္ရတဲ့ အေၾကာင္းရင္းေတြလည္း ရွိေနတတ္ပါတယ္။ သာမန္လူေတြေတာင္ မခံစားႏိုင္ေလာက္တဲ့ စိတ္ဒဏ္ရာေတြလည္း ရွိေနတတ္ပါတယ္။

(၃) လူေတြကို ေပ်ာ္႐ႊင္ေစႏိုင္တယ္ ။

ေပါေတာေတာ ေနတဲ့သူေတြဟာ လူေတြကို ေပ်ာ္႐ႊင္ေစခ်င္တဲ့ သူေတြျဖစ္ၿပီး ေပ်ာ္ေအာင္လည္း တကယ္လုပ္ႏိုင္တဲ့ သူေတြပါ။ လူေတြကို ေပ်ာ္႐ႊင္ေစခ်င္တဲ့အတြက္ ကိုယ့္ရဲ႕ ခံစားခ်က္ေတြကို ဖုံးကြယ္ၿပီး ေပါေတာေတာ ေနေပးတာျဖစ္ပါတယ္။ တစ္ဖက္ တလမ္းကေန လူသားေတြကို အက်ိဳးျပဳေနတဲ့ သူေတြပါ။

(၄) တစ္ေယာက္တည္း ႀကိတ္ခံစားတတ္တယ္ ။

ေပါေတာေတာ ေနတတ္တဲ့သူေတြဟာ ခံစားခ်က္ေတြကို ထုတ္မျပတတ္တဲ့ သူေတြပါ။ ဘယ္ေလာက္ပဲ ဝမ္းနည္းေနပါေစ တစ္ေယာက္တည္း ႀကိတ္ခံစားမယ့္သူေတြ ျဖစ္ပါတယ္။ လူေတြနဲ႔ ေဝးရာမွာတစ္ေယာက္တည္း ခံစားတတ္တဲ့ သူေတြျဖစ္ပါတယ္။ အရာရာကို ေပါ့ပ်က္ပ်က္ေတြးတတ္တဲ့သူေတြလို႔ မထင္ပါနဲ႔ အရမ္းကို ထိခိုက္ခံစားလြယ္တဲ့ သူေတြပါ။

(၅) ႀကီးမားတဲ့ အနာဂတ္ အစီအစဥ္ေတြရွိတယ္ ။

ေပါေတာေတာ ေနတတ္တဲ့သူေတြဟာ မထင္မွတ္ ထားေလာက္ေအာင္ ထက္ျမက္ေနတတ္ပါတယ္။ သူတို႔မွာ သူမ်ားနဲ႔မတူတဲ့ အႀကံဉာဏ္ေတြ၊ ဘဝရည္မွန္းခ်က္ေတြ၊ အနာဂတ္ အစီအစဥ္ေကာင္းေတြ ရွိေနတတ္ပါတယ္။ မလုပ္ရင္လည္း မလုပ္ဘူး၊ လုပ္ၿပီဆိုရင္လည္း လူတိုင္းအံံ့ၾသသြားေလာက္ေအာင္ လုပ္ႏိုင္တဲ့သူေတြပါ။

Unicode .

ပေါတောတောနေတဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းအရင်း (၅) ချက် ။

တစ်ခါတလေမှာ ပေါတောတော နေတတ်တဲ့ သူတွေဟာ ဘဝကို လေးလေး နက်နက်မရှိဘူး၊ ခံစားချက် မရှိဘူးလို့ အထင်ခံရ တတ်ပါတယ်။ ဒါပေမယ့်လည်း ဒီလို မဟုတ်ပါဘူး။ ပေါတောတော နေတဲ့သူတွေကို လုံးဝလျှော့မတွက် သင့်တဲ့ အကြောင်းရင်း တွေကို ဖော်ပြ ပေးလိုက်ပါတယ်။

(၁) လူတွေရဲ့စိတ်ကို အလွယ်တကူ မြင်နိုင်တယ် ။

ပေါတောတော နေတတ်တဲ့ သူတွေဟာ ဘာကိုမှ မစဉ်းစားပဲ နေတတ်တဲ့ သူတွေလို့ ထင်ရတတ်ပါတယ်။ ဒါပေမယ့်လည်း မဟုတ်ပါဘူး။ အသေးစိတ် ကအစ ကောင်းကောင်း ဝေဖန် သုံးသပ်တတ်တဲ့ သူတွေပါ။ ဒါကြောင့်လူတွေရဲ့ စိတ်ကို အလွယ် တကူ မြင်နိုင်ပါတယ်။ မျက်နှာဖုံးတွေ နောက်ကွယ်မှာ ဘယ်သူ ကောင်းလဲ၊ ဘယ်သူဆိုးလဲ ဆိုတာကို ကောင်းကောင်း သိနိုင်တဲ့ သူတွေပါ။

(၂) ဖုံးကွယ်ထားတဲ့ စိတ်ခံစားချက်တွေရှိတယ် ။

ပေါတောတော နေတတ်တဲ့ သူတွေမှာ ဖုံးကွယ်ထားတဲ့ စိတ်ခံစားချက်တွေ ရှိပါတယ်။ သူတို့ရဲ့ ဘဝမှာ ဒီလို ပေါတောတော နေလိုက်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်းတွေလည်း ရှိနေတတ်ပါတယ်။ သာမန်လူတွေတောင် မခံစားနိုင်လောက်တဲ့ စိတ်ဒဏ်ရာ တွေလည်း ရှိနေတတ်ပါတယ်။

(၃) လူတွေကို ပျော်ရွှင်စေနိုင်တယ် ။

ပေါတောတော နေတဲ့သူတွေဟာ လူတွေကို ပျော်ရွှင်စေချင်တဲ့ သူတွေဖြစ်ပြီး ပျော်အောင်လည်း တကယ် လုပ်နိုင်တဲ့ သူတွေပါ။ လူတွေကို ပျော်ရွှင်စေချင်တဲ့ အတွက် ကိုယ့်ရဲ့ ခံစားချက်တွေကို ဖုံးကွယ်ပြီး ပေါတောတော နေပေးတာ ဖြစ်ပါတယ်။ တစ်ဖက် တလမ်းကနေ လူသားတွေကို အကျိုးပြုနေတဲ့ သူတွေပါ။

(၄) တစ်ယောက်တည်း ကြိတ်ခံစားတတ်တယ် ။

ပေါတောတော နေတတ်တဲ့ သူတွေဟာ ခံစားချက်တွေကို ထုတ်မပြတတ်တဲ့ သူတွေပါ။ ဘယ်လောက်ပဲ ဝမ်းနည်းနေပါစေ တစ်ယောက်တည်း ကြိတ်ခံစားမယ့် သူတွေ ဖြစ်ပါတယ်။ လူတွေနဲ့ ဝေးရာမှာ တစ်ယောက်တည်း ခံစားတတ်တဲ့ သူတွေဖြစ်ပါတယ်။ အရာရာကို ပေါ့ပျက်ပျက်တွေးတတ်တဲ့ သူတွေလို့ မထင်ပါနဲ့ အရမ်းကို ထိခိုက် ခံစားလွယ်တဲ့ သူတွေပါ။

(၅) ကြီးမားတဲ့ အနာဂတ် အစီအစဉ်တွေရှိတယ် ။

ပေါတောတော နေတတ်တဲ့ သူတွေဟာ မထင်မှတ် ထားလောက်အောင် ထက်မြက် နေတတ်ပါတယ်။ သူတို့မှာ သူများနဲ့မတူတဲ့ အကြံဉာဏ်တွေ၊ ဘဝရည်မှန်း ချက်တွေ၊ အနာဂတ် အစီအစဉ်ကောင်းတွေ ရှိနေတတ်ပါတယ်။ မလုပ်ရင်လည်း မလုပ်ဘူး၊ လုပ်ပြီဆိုရင်လည်း လူတိုင်း အံံ့သြသွားလောက်အောင် လုပ်နိုင်တဲ့ သူတွေပါ။