“လိုင္စင္အသိမ္းခံရလို႔ Sexy မဝတ္ပဲေတာ့ မေနပါဘူးဆိုတဲ့ နန္းေမြစံ”

“လိုင္စင္အသိမ္းခံရလို႔ Sexy မဝတ္ပဲေတာ့ မေနပါဘူးဆိုတဲ့ နန္းေမြစံ”
“လိုင္စင္အသိမ္းခံရလို႔ Sexy မဝတ္ပဲေတာ့ မေနပါဘူးဆိုတဲ့ နန္းေမြစံ”

“လိုင္စင္အသိမ္းခံရလို႔ Sexy မဝတ္ပဲေတာ့ မေနပါဘူးဆိုတဲ့ နန္းေမြစံ”

Sexy ဆန္ဆန္အဝတ္အစားေတြ ဝတ္စားမႈေၾကာင့္ ဆရာဝန္လိုင္စင္ သိမ္းခံလိုက္ ရတဲ့ နန္းေမြစံက သူမအေနနဲ႔ ဒီျဖစ္ရပ္အေပၚမွာ ဘယ္လိုမ်ိဳးဆက္လက္လုပ္ေဆာင္သြားမလဲဆိုတာ ပရိသတ္ႀကီးသိေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

ဒီေန႔တင္လိုက္တဲ့ စာ႐ြက္က ၿပီးခဲ့တဲ့ ၃ရက္ထဲက ရထားတာပါ။ အခုမွအကုန္လုံးကိုျပလိုက္တာေပါ့ေနာ္။ ဒီလိုစာ႐ြက္ေတြကလည္းေရွ႕မွာ ၃.၄႐ြက္ေလာက္ရွိေနပါၿပီ။ မွတ္ေတာင္မမွတ္မိေတာ့ဘူး။ အိမ္ကို တစ္ခ်ိန္လုံးစာေရာက္ေနတာ။ ဒီလိုတင္လိုက္ေတာ့ စာ႐ြက္က ပရိသတ္ေတြလက္ထဲေရာက္သြားတာပါ။

ေရွ႕ဆက္ၿပီးကေတာ့ အႏုပညာအလုပ္ေတြဆက္လုပ္သြားမွာပါ။ ဒါေပမယ့္ လူတိုင္းက တစ္ခ်ိန္က်ရင္ အသက္ေတြႀကီးလာမွာ အဲ့ခ်ိန္က်ရင္ ဘယ္သူမွ မရပ္ခိုင္းလည္းရပ္သြားမွာပါ။ ေလာေလာဆယ္ကေတာ့ ဆက္လုပ္သြားမွာပါ။ ဆရာဝန္အလုပ္က နဂိုထဲက မလုပ္ျဖစ္ဘူး။

ေဆးခန္းလည္း မဖြင့္ဘူး၊ ေနာက္ၿပီး အစိုးရဝန္ထမ္းလည္း မလုပ္ဘူး။ ဒါေပမယ့္ ကိုယ့္အတြက္ Effect အရမ္းႀကီး မျဖစ္ေပမယ့္ ကိုယ္ႀကိဳးစားခဲ့ရတဲ့ ႏွစ္ေတြအတြက္ေတာ့ ႏွေျမာမိတယ္။ ဒါကျဖစ္လာမယ္ဆိုတာလည္း ႀကိဳေတြးထားၿပီးသားပါ။ တကယ္ႀကဳံလိုက္တဲ့အခ်ိန္မွာေတာ့ Shock ရသြားတယ္။ စိတ္မေကာင္းလည္းျဖစ္သြားတယ္။

လိုင္စင္က အပ္တာေတာ့အပ္လို႔ရတယ္။ ဒါေပမယ့္ MMC ပေရာ္ဖက္ဆာ ေတြကို သြားၿပီးေတာင္းပန္မယ္လို႔ေတာ့ စဥ္းစားထားပါတယ္။ ေနာက္တစ္ခုက ဒါ Surrender လုပ္တာေပါ့၊ ဒါကို ခဏေလး အပ္ထားၿပီးေတာ့ ေနာင္တစ္ခ်ိန္ ျပန္ထုတ္လို႔ရေအာင္ေတာ့ ေျပာၾကည့္မယ္ေပါ့။ ဒါေပမယ့္ ရမရေတာ့ မသိေသးပါဘူး။

ပရိသတ္ကေတာ့ အမ်ိဳးမ်ိဳးေျပာၾကတာေပ့ါ။ ေမြစံဘက္ကေန ဝမ္းနည္းေပးၾကတဲ့ ပရိသတ္ေတြကိုလည္း အရမ္းေက်းဇူးတင္ပါတယ္။ပထမအႀကိမ္တုန္းကေတာ့ သတိေပးတာေပ့ါ။ ဒါေတြမလုပ္ဖို႔။ ေမြစံဘက္ကလည္း ေတာ္ေတာ္ေလး ေလ်ာ့သြားပါတယ္။ အဲ့ခ်ိန္မွာပဲ မထင္မွတ္ပဲ Press Show တစ္ခုမွာ ဝတ္လိုက္တာေၾကာင့္ ပဲလားေတာ့ မသိဘူး။

စာကေနာက္တစ္ေန႔ ခ်က္ခ်င္းအိမ္ေရာက္လာတာပဲ။ ေတာ္ေတာ္ေလးေတာ့ စိတ္မေကာင္းပါဘူး။ ဒီ၁ရက္၂ရက္အတြင္းေတာ့ အေမတို႔နဲ႔ သြားေပးျဖစ္မယ္ထင္တယ္။ ေတာင္းလည္း ေတာင္းပန္ၾကည့္ရမွာေပါ့။ စိတ္မေကာင္းျဖစ္ေပမယ့္ ႀကိဳသိၿပီးသားဆိုေတာ့ အရမ္းႀကီးေတာ့ စိတ္ထဲသိမ့္မျဖစ္ပါဘူး။ ကိုယ့္စိတ္ကိုေတာ့ ခိုင္ခိုင္ထားထားပါတယ္။

သနားခံမယ္ဆိုတာ ဒီအႏုပညာအလုပ္ကို မလုပ္ေတာ့ဘူးဆိုၿပီးသြားေျပာမွာ မဟုတ္ဘူး။ ဒီလတ္မွတ္ကို ခဏေလး အပ္ထားမယ္ေပါ့။ တစ္ခ်ိန္က်ရင္ ျပန္ထုတ္ခြင့္ေပးပါဆိုၿပီးေျပာမယ္ေပါ့။ အခုလည္း ဒီအလုပ္လုပ္ျဖစ္ေနတာမဟုတ္ဘူးေလ။ ေနာင္တစ္ခ်ိန္ ၅ႏွစ္ျဖစ္ျဖစ္ ၁၀ႏွစ္ျဖစ္ျဖစ္ သြားထုတ္ဖို႔ကိုေျပာမယ္လို႔စဥ္းစားထားပါတယ္။

ႏိုင္ငံတကာ မွာဘယ္လိုလုပ္ေနလဲေတာ့ မသိဘူး။ ကြၽန္မအထင္ကေတာ့ ကြၽန္မေၾကာင့္ လူနာေတြေသသြားတာလည္း မရွိဘူး။ လူနာေတြတစ္ခုခုဆုံးရႈံးသြားတာလည္း မဟုတ္ဘူး။ ကြၽန္မကိုယ္တိုင္လည္း အခေၾကးေငြယူၿပီးေဆးကုေနတာ မဟုတ္ဘူးေလ။

အဲ့ေတာ့ ဘာမွမဆိုင္တဲ့ Professional ႏွစ္ခုေပါ့ တစ္ခုမွာယဥ္ေက်းမႈနဲ႔ပတ္သတ္ၿပီးေတာ့ သူတို႔အေနနဲ႔အျမင္မေတာ္လို႔ ဒီဘက္မွာ ဆမ သိမ္းလိုက္တယ္ဆိုတာေတာ့ မျဖစ္သင့္ဘူးလို႔ထင္ပါတယ္။ ျမန္မာလိုလည္း ဝတ္ျဖစ္မွာပါ။ Sexy ကလည္း ပြဲငွားတာရွိရင္ ဝတ္ျဖစ္သြားမွာပါ။ မွ်မွ်တတေလး ဝတ္သြားပါမယ္။

အခုဆရာဝန္ ဘြဲ႕ရထားတဲ့ သ႐ုပ္ေဆာင္ေတြမွအမ်ားႀကီးပဲ။ Miss ေတြလည္းရွိတယ္။ အမ်ားႀကီးရွိတယ္ေပါ့ေနာ္။ ဒီလိုေတြအမ်ားႀကီးထဲမွ ဘာမွမျဖစ္ပဲ ေမြစံက်မွ ဆမ သိမ္းတယ္ဆိုေတာ့ ဘာမ်ား လိုအပ္ေနလဲ၊ ဘာမ်ားလြဲေခ်ာ္ေနလည္းဆိုတာေတာ့ ေမးစရာရွိပါတယ္။

ေမြ စံ ဘက္ က ေန သ နား ေပး ၾက တဲ့ ပ ရိ သတ္ ႀကီး လည္း စိတ္ မ ေကာင္း မ ျဖစ္ ပါ နဲ႔ ေမြ စံ အ စိုး ရ နဲ႔ အ ေကာင္း ဆုံး ျဖစ္ ေအာင္ ညႇိ ႏႈိင္း သြား မွာ ပါ။ ပ ရိ သတ္ ႀကီး အား လုံး က်န္း မာ ခ်မ္း သာ ၾက ပါ ေစ လို႔ သူ မ က ဆု မြန္ ေကာင္း ေတာင္း ေပး ခဲ့ ပါ တယ္။

Credit: ေျပာခ်င္လြန္းလို႔

Unicode

“လိုင်စင်အသိမ်းခံရလို့ Sexy မဝတ်ပဲတော့ မနေပါဘူးဆိုတဲ့ နန်းမွေစံ”

Sexy ဆန်ဆန်အဝတ်အစားတွေ ဝတ်စားမှုကြောင့် ဆရာဝန်လိုင်စင် သိမ်းခံလိုက် ရတဲ့ နန်းမွေစံက သူမအနေနဲ့ ဒီဖြစ်ရပ်အပေါ်မှာ ဘယ်လိုမျိုးဆက်လက်လုပ်ဆောင်သွားမလဲဆိုတာ ပရိသတ်ကြီးသိအောင် ဖော်ပြပေးလိုက်ပါတယ်။

ဒီနေ့တင်လိုက်တဲ့ စာရွက်က ပြီးခဲ့တဲ့ ၃ရက်ထဲက ရထားတာပါ။ အခုမှအကုန်လုံးကိုပြလိုက်တာပေါ့နော်။ ဒီလိုစာရွက်တွေကလည်းရှေ့မှာ ၃.၄ရွက်လောက်ရှိနေပါပြီ။ မှတ်တောင်မမှတ်မိတော့ဘူး။ အိမ်ကို တစ်ချိန်လုံးစာရောက်နေတာ။ ဒီလိုတင်လိုက်တော့ စာရွက်က ပရိသတ်တွေလက်ထဲရောက်သွားတာပါ။

ရှေ့ဆက်ပြီးကတော့ အနုပညာအလုပ်တွေဆက်လုပ်သွားမှာပါ။ ဒါပေမယ့် လူတိုင်းက တစ်ချိန်ကျရင် အသက်တွေကြီးလာမှာ အဲ့ချိန်ကျရင် ဘယ်သူမှ မရပ်ခိုင်းလည်းရပ်သွားမှာပါ။ လောလောဆယ်ကတော့ ဆက်လုပ်သွားမှာပါ။ ဆရာဝန်အလုပ်က နဂိုထဲက မလုပ်ဖြစ်ဘူး။

ဆေးခန်းလည်း မဖွင့်ဘူး၊ နောက်ပြီး အစိုးရဝန်ထမ်းလည်း မလုပ်ဘူး။ ဒါပေမယ့် ကိုယ့်အတွက် Effect အရမ်းကြီး မဖြစ်ပေမယ့် ကိုယ်ကြိုးစားခဲ့ရတဲ့ နှစ်တွေအတွက်တော့ နှမြောမိတယ်။ ဒါကဖြစ်လာမယ်ဆိုတာလည်း ကြိုတွေးထားပြီးသားပါ။ တကယ်ကြုံလိုက်တဲ့အချိန်မှာတော့ Shock ရသွားတယ်။ စိတ်မကောင်းလည်းဖြစ်သွားတယ်။

လိုင်စင်က အပ်တာတော့အပ်လို့ရတယ်။ ဒါပေမယ့် MMC ပရော်ဖက်ဆာ တွေကို သွားပြီးတောင်းပန်မယ်လို့တော့ စဉ်းစားထားပါတယ်။ နောက်တစ်ခုက ဒါ Surrender လုပ်တာပေါ့၊ ဒါကို ခဏလေး အပ်ထားပြီးတော့ နောင်တစ်ချိန် ပြန်ထုတ်လို့ရအောင်တော့ ပြောကြည့်မယ်ပေါ့။ ဒါပေမယ့် ရမရတော့ မသိသေးပါဘူး။

ပရိသတ်ကတော့ အမျိုးမျိုးပြောကြတာပေ့ါ။ မွေစံဘက်ကနေ ဝမ်းနည်းပေးကြတဲ့ ပရိသတ်တွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ပထမအကြိမ်တုန်းကတော့ သတိပေးတာပေ့ါ။ ဒါတွေမလုပ်ဖို့။ မွေစံဘက်ကလည်း တော်တော်လေး လျော့သွားပါတယ်။ အဲ့ချိန်မှာပဲ မထင်မှတ်ပဲ Press Show တစ်ခုမှာ ဝတ်လိုက်တာကြောင့် ပဲလားတော့ မသိဘူး။

စာကနောက်တစ်နေ့ ချက်ချင်းအိမ်ရောက်လာတာပဲ။ တော်တော်လေးတော့ စိတ်မကောင်းပါဘူး။ ဒီ၁ရက်၂ရက်အတွင်းတော့ အမေတို့နဲ့ သွားပေးဖြစ်မယ်ထင်တယ်။ တောင်းလည်း တောင်းပန်ကြည့်ရမှာပေါ့။ စိတ်မကောင်းဖြစ်ပေမယ့် ကြိုသိပြီးသားဆိုတော့ အရမ်းကြီးတော့ စိတ်ထဲသိမ့်မဖြစ်ပါဘူး။ ကိုယ့်စိတ်ကိုတော့ ခိုင်ခိုင်ထားထားပါတယ်။

သနားခံမယ်ဆိုတာ ဒီအနုပညာအလုပ်ကို မလုပ်တော့ဘူးဆိုပြီးသွားပြောမှာ မဟုတ်ဘူး။ ဒီလတ်မှတ်ကို ခဏလေး အပ်ထားမယ်ပေါ့။ တစ်ချိန်ကျရင် ပြန်ထုတ်ခွင့်ပေးပါဆိုပြီးပြောမယ်ပေါ့။ အခုလည်း ဒီအလုပ်လုပ်ဖြစ်နေတာမဟုတ်ဘူးလေ။ နောင်တစ်ချိန် ၅နှစ်ဖြစ်ဖြစ် ၁၀နှစ်ဖြစ်ဖြစ် သွားထုတ်ဖို့ကိုပြောမယ်လို့စဉ်းစားထားပါတယ်။

နိုင်ငံတကာ မှာဘယ်လိုလုပ်နေလဲတော့ မသိဘူး။ ကျွန်မအထင်ကတော့ ကျွန်မကြောင့် လူနာတွေသေသွားတာလည်း မရှိဘူး။ လူနာတွေတစ်ခုခုဆုံးရှုံးသွားတာလည်း မဟုတ်ဘူး။ ကျွန်မကိုယ်တိုင်လည်း အခကြေးငွေယူပြီးဆေးကုနေတာ မဟုတ်ဘူးလေ။

အဲ့တော့ ဘာမှမဆိုင်တဲ့ Professional နှစ်ခုပေါ့ တစ်ခုမှာယဉ်ကျေးမှုနဲ့ပတ်သတ်ပြီးတော့ သူတို့အနေနဲ့အမြင်မတော်လို့ ဒီဘက်မှာ ဆမ သိမ်းလိုက်တယ်ဆိုတာတော့ မဖြစ်သင့်ဘူးလို့ထင်ပါတယ်။ မြန်မာလိုလည်း ဝတ်ဖြစ်မှာပါ။ Sexy ကလည်း ပွဲငှားတာရှိရင် ဝတ်ဖြစ်သွားမှာပါ။ မျှမျှတတလေး ဝတ်သွားပါမယ်။

အခုဆရာဝန် ဘွဲ့ရထားတဲ့ သရုပ်ဆောင်တွေမှအများကြီးပဲ။ Miss တွေလည်းရှိတယ်။ အများကြီးရှိတယ်ပေါ့နော်။ ဒီလိုတွေအများကြီးထဲမှ ဘာမှမဖြစ်ပဲ မွေစံကျမှ ဆမ သိမ်းတယ်ဆိုတော့ ဘာများ လိုအပ်နေလဲ၊ ဘာများလွဲချော်နေလည်းဆိုတာတော့ မေးစရာရှိပါတယ်။

မွေ စံ ဘက် က နေ သ နား ပေး ကြ တဲ့ ပ ရိ သတ် ကြီး လည်း စိတ် မ ကောင်း မ ဖြစ် ပါ နဲ့ မွေ စံ အ စိုး ရ နဲ့ အ ကောင်း ဆုံး ဖြစ် အောင် ညှိ နှိုင်း သွား မှာ ပါ။ ပ ရိ သတ် ကြီး အား လုံး ကျန်း မာ ချမ်း သာ ကြ ပါ စေ လို့ သူ မ က ဆု မွန် ကောင်း တောင်း ပေး ခဲ့ ပါ တယ်။

Credit: ပြောချင်လွန်းလို့