ဦးဝီရသူအတြက္ ခ်ီတက္ဆုေတာင္းပြဲ ဦးေဆာင္ေသာ သံဃာေလးပါးႏွင့္ လူငါးဦးကို အမႈဖြင့္ ။

ဦးဝီရသူအတြက္ ခ်ီတက္ဆုေတာင္းပြဲ ဦးေဆာင္ေသာ သံဃာေလးပါးႏွင့္ လူငါးဦးကို အမႈဖြင့္ ။

ဦးဝီရသူ ေဘးရန္ကင္းေစေရး ခ်ီတက္ဆု ေတာင္းပြဲျပဳလုပ္ရာတြင္ ဦးေဆာင္ေသာ သံဃာ ေလး ပါးႏွင့္ လူပုဂၢိဳလ္ငါးဦးကို ၿငိမ္းစုစီ ပုဒ္မ ၁၉ ျဖင့္ ဗဟန္းၿမိဳ႕နယ္ရဲစခန္း၌ အမႈဖြင့္ထားသည္။

ဦးဝီရသူအေရးႏွင့္ ပတ္သက္ၿပီး ယမန္ေန႔ မြန္းလြဲပိုင္းက သံဃာေတာ္ အပါး ၁၀၀ ခန႔္ႏွင့္ လူ ပုဂၢိဳလ္ ၄၀၀ ေက်ာ္ စုစုေပါင္း ၅၀၀ ေက်ာ္သည္ ဗဟန္းၿမိဳ႕နယ္ ေရခဲဆိုင္မွတ္တိုင္ မွ ၿမိဳ႕ေတာ္ခန္းမေရွ႕ထိ ခ်ီတက္ ေမတၱာပို႔ခဲ့ျခင္း ျဖစ္သည္။

သံဃာေတာ္ ဦးေတဇဝႏၲ၊ ဦးပညာဝံသ၊ ဦးဇနိတႏွင့္ ဦးဝီရ ေတေဇာအျပင္ လူပုဂၢိဳလ္မ်ားျဖစ္ ေသာ သက္မ်ိဳးဦးႏွင့္ တင္ထြဋ္ ေဇာ္အပါအဝင္ ငါးဦးကို ပုဒ္မ ၁၉ ျဖင့္ အမႈဖြင့္ထားသည္။

‘‘ခြင့္ျပဳခ်က္လည္း မတင္ ထားဘူး။ အဲဒါေၾကာင့္ သူတို႔ စီ တန္းလာတာကို အာဏာပိုင္ေတြ က တားဆီးတာေတြျပဳလုပ္ပါ တယ္’’ဟု ရန္ကုန္ၿမိဳ႕အေနာက္ ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

‘‘ဗုဒၶသာသနာေတာ္နဲ႔ပတ္ သက္လို႔ ဖိႏွိပ္ခ်ဳပ္ခ်ယ္ခံေနရတာ အားလုံးသိပါတယ္။ဘာျဖစ္လို႔လဲ ဆိုေတာ့ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ စာမ်က္ႏွာေတြမွာ သူတို႔ ေထာက္ခံရင္ သူတို႔ဘုန္းဘုန္း၊ မေထာက္ခံရင္ေတာ့ ကတုံးလို႔ ေျပာတယ္။ အေရၿခဳံလို႔ ေျပာ တယ္။ သံဃာအတုလို႔ ေျပာ တယ္။ ဒါဟာႏိုင္ငံတစ္ႏိုင္ငံမွာ အစိုးရေပၚလစီကို လိုက္ၾကတာ မ်ားတယ္။ အစိုးရကို ေထာက္ခံ ၾကတဲ့သူေတြက အစိုးရေလသံ အတိုင္း လိုက္တဲ့အခါက်ေတာ့ သံဃာေတာ္ေတြဟာ ႏိုင္ငံေတာ္ အတြက္၊ အမ်ိဳးဘာသာသာသနာ ေတာ္အတြက္ မရပ္တည္ရဲ ေလာက္ေအာင္ျဖစ္ေနၿပီ’’ဟု ရန္ကုန္ မ်ိဳးခ်စ္ျမန္မာရဟန္းေတာ္ မ်ား သမဂၢဗဟို အလုပ္မႈေဆာင္ ဦးေတဇဝႏၲက မိန႔္သည္။

ဦးဝီရသူအေရးႏွင့္ ပတ္သက္ၿပီး အမ်ိဳးသားေရးလႈပ္ရွား သည္ဟုဆိုေသာ သံဃာေတာ္ အခ်ိဳ႕ႏွင့္ လူပုဂၢိဳလ္အခ်ိဳ႕က ရန္ ကုန္ၿမိဳ႕တြင္ ဆုေတာင္းပြဲေလး ႀကိမ္ျပဳလုပ္ထားသည္။

ဦးဝီရသူသည္ ႏိုင္ငံေတာ္ အႀကီးအကဲမ်ားအေပၚ မဖြယ္ မရာစကားလုံးမ်ား သုံးႏႈန္းေျပာ ဆိုျခင္းႏွင့္ ႏိုင္ငံေတာ္တရားေရး၊ အုပ္ခ်ဳပ္ေရးစသည့္ က႑မ်ားမွ တာဝန္ရွိသူမ်ားအေပၚ အၾကည္ ညိဳပ်က္ေအာင္ ေျပာဆိုျခင္း ေၾကာင့္ အေနာက္ပိုင္းခ႐ိုင္ဒုအ ေထြေထြအုပ္ခ်ဳပ္ေရးမႉးကတရားလိုျပဳလုပ္၍ ေမလ ၂၈ ရက္တြင္ တိုင္တန္းခဲ့သည္။

ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ ေစမႈ ပုဒ္မ ၁၂၄(က) ျဖင့္တိုင္တန္း ခံထားရသည့္ဦးဝီရသူကို ရာဇ ဝတ္အေထြေထြ အမႈျဖင့္ ဇြန္လ ၄ ရက္တြင္ ေျပာင္းလဲ အမႈဖြင့္ထား သည္။ အဆိုပါအမႈႏွင့္ ပတ္သက္ ၿပီး ထုတ္ထားသည့္ဝရမ္းမွာ ယ ေန႔ (ဇြန္လ၁၁ရက္)တြင္ တရား႐ုံး သို႔ ျပန္သြင္းရမည္ ျဖစ္သည္။

Unicode .

ဦးဝီရသူအတွက် ချီတက်ဆုတောင်းပွဲ ဦးဆောင်သော သံဃာလေးပါးနှင့် လူငါးဦးကို အမှုဖွင့် ။

ဦးဝီရသူ ဘေးရန်ကင်းစေရေး ချီတက်ဆု တောင်းပွဲ ပြုလုပ်ရာတွင် ဦးဆောင်သော သံဃာ လေး ပါးနှင့် လူပုဂ္ဂိုလ် ငါးဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် ဗဟန်းမြို့နယ် ရဲစခန်း၌ အမှုဖွင့် ထားသည်။

ဦးဝီရသူ အရေးနှင့် ပတ်သက်ပြီး ယမန်နေ့ မွန်းလွဲပိုင်းက သံဃာတော် အပါး ၁၀၀ ခန့်နှင့် လူ ပုဂ္ဂိုလ် ၄၀၀ ကျော် စုစုပေါင်း ၅၀၀ ကျော်သည် ဗဟန်းမြို့နယ် ရေခဲဆိုင်မှတ်တိုင် မှ မြို့တော်ခန်းမရှေ့ထိ ချီတက် မေတ္တာပို့ခဲ့ခြင်း ဖြစ်သည်။

သံဃာတော် ဦးတေဇဝန္တ၊ ဦးပညာဝံသ၊ ဦးဇနိတနှင့် ဦးဝီရ တေဇောအပြင် လူပုဂ္ဂိုလ်များဖြစ် သော သက်မျိုးဦးနှင့် တင်ထွဋ် ဇော်အပါအဝင် ငါးဦးကို ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားသည်။

‘‘ခွင့်ပြုချက်လည်း မတင် ထားဘူး။ အဲဒါကြောင့် သူတို့ စီ တန်းလာတာကို အာဏာပိုင်တွေ က တားဆီးတာတွေ ပြုလုပ်ပါ တယ်’’ဟု ရန်ကုန်မြို့ အနောက် ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

‘‘ဗုဒ္ဓသာသနာတော်နဲ့ပတ် သက်လို့ ဖိနှိပ် ချုပ်ချယ်ခံနေရတာ အားလုံးသိပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေမှာ သူတို့ ထောက်ခံရင် သူတို့ဘုန်းဘုန်း၊ မထောက်ခံရင်တော့ ကတုံးလို့ ပြောတယ်။ အရေခြုံလို့ ပြော တယ်။ သံဃာအတုလို့ ပြော တယ်။ ဒါဟာနိုင်ငံတစ်နိုင်ငံမှာ အစိုးရပေါ်လစီကို လိုက်ကြတာ များတယ်။ အစိုးရကို ထောက်ခံ ကြတဲ့သူတွေက အစိုးရလေသံ အတိုင်း လိုက်တဲ့အခါကျတော့ သံဃာတော်တွေဟာ နိုင်ငံတော် အတွက်၊ အမျိုးဘာသာ သာသနာ တော်အတွက် မရပ်တည်ရဲ လောက်အောင်ဖြစ်နေပြီ’’ဟု ရန်ကုန် မျိုးချစ်မြန်မာရဟန်းတော် များ သမဂ္ဂဗဟို အလုပ်မှုဆောင် ဦးတေဇဝန္တက မိန့်သည်။

ဦးဝီရသူအရေးနှင့် ပတ်သက်ပြီး အမျိုးသားရေးလှုပ်ရှား သည်ဟုဆိုသော သံဃာတော် အချို့နှင့် လူပုဂ္ဂိုလ်အချို့က ရန် ကုန်မြို့တွင် ဆုတောင်းပွဲလေး ကြိမ်ပြုလုပ်ထားသည်။

ဦးဝီရသူသည် နိုင်ငံတော် အကြီးအကဲများအပေါ် မဖွယ် မရာစကားလုံးများ သုံးနှုန်းပြော ဆိုခြင်းနှင့် နိုင်ငံတော်တရားရေး၊ အုပ်ချုပ်ရေး စသည့် ကဏ္ဍများမှ တာဝန်ရှိသူများအပေါ် အကြည် ညိုပျက်အောင် ပြောဆိုခြင်း ကြောင့် အနောက်ပိုင်းခရိုင်ဒုအ ထွေထွေအုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ မေလ ၂၈ ရက်တွင် တိုင်တန်းခဲ့သည်။

နိုင်ငံတော် အကြည်ညိုပျက် စေမှု ပုဒ်မ ၁၂၄(က) ဖြင့်တိုင်တန်း ခံထားရသည့် ဦးဝီရသူကို ရာဇ ဝတ်အထွေထွေ အမှုဖြင့် ဇွန်လ ၄ ရက်တွင် ပြောင်းလဲ အမှုဖွင့်ထား သည်။ အဆိုပါအမှုနှင့် ပတ်သက် ပြီး ထုတ်ထားသည့် ဝရမ်းမှာ ယ နေ့ (ဇွန်လ၁၁ရက်)တွင် တရားရုံး သို့ ပြန်သွင်းရမည် ဖြစ်သည်။ .