
News








ဇော်မိုးထက်(ဖားကန့်)

Unicode

လုပ်ကွက်အတွင်းမှ သိန်းပေါင်း သောင်းချီတန်တဲ့ ကျောက်စိမ်းတုံးကြီးကို ရေမဆေးသမားများ ရရှိ ….

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု မမုံကျေးရွာရဲ့ ကပ်လျက် အဲဗားဝင်းနားအုပ်စု ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီ လုပ်ကွက်အတွင်း က တန်ဘိုးမြင့် ကျောက်စိမ်းတတုံးကြီးကို ရေမဆေးရှာဖွေသူတွေက မေလ ၈ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ် ။

ကျောက်စိမ်းတုံးကြီးကို လုပ်ကွက်အတွင်း အချိန်ပိုင်းရေမဆေးကျောက်ရှာဖွေခွင့် ပြုတဲ့ အချိန်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ကီလို ငါးရာကျော် အလေးချိန်ရှိတယ် လို့ အဆိုပါကျောက်ကျောက်စိမ်းတုံးကြီး ဝင်ရောက်ထမ်းကူခဲ့တဲ့ ဂျော်ကီရေမဆေးသမားတဦးက ပြောပါတယ် ။

“ ကျောက်ကို လုပ်ကွက် လုံခြုံရေး ရဲတွေကို ငါးတစ်ပေးမယ် ( အဆိုပါကျောက်စိမ်းတုံးရောင်းချရလျှင် ရောင်းရငွေရဲ့ ငါးပုံ တပုံ ပေးရ) ဆိုပြီး ညှိသယ်ခဲ့ရတာ ။ ကျောက်အပြင်ရောက်တော့ ရဲတွေရဲ့ ငါးတစ်စုကို သိန်း ၇၀၀ ဈေးဖြတ်ပေးနေပြီ ။ ရဲတွေက သူတို့အစု သိန်း ၇၀၀ အစု ကို အကုန်လုံး မယူပဲ သိန်း သုံးရာ့ငါးဆယ်ပဲ ယူပြီး ကျန်တဝက်ကို အစုဆက်လိုက်လာတာ ။ အခုအဲဒီကျန်တဲ့ သိန်းရာ့ငါးဆယ်စုကို သိန်း ၇၀၀၀ တောင်ပေးနေပြီ ” လို့ ၎င်းက ဆက်ပြောပါတယ် ။

အဆိုပါကျောက်စိမ်းတုံးကြီးမှာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပါဝင်ပတ်သက်မှုနဲ့ ပတ်သက်ပြီး အတည်ပြုချက် ရယူနိုင်ရန် လုပ်ကွက်လုံခြုံရေး ရဲတပ်ဖွဲ့ ဗျူးဟာမှူးကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်မရခဲ့ပါဘူး ။ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ရေမဆေးကျောက်ရှာဖွေသူများနဲ့ လုပ်ကွက်လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်များရဲ့ ပတ်သက်မှုတွေဟာ မကြာခဏဆိုသလို တွေ့မြင်ကြားသိနေရတာလည်း ဖြစ်ပါတယ် ။

ကျောက်စိမ်းတုံးကြီးဟာ နိုင်ငံတော်ရဲ့ ခေါင်းပေါင်းကျင်းမြေစာ ကမ်းပါး ပြိုကျခဲ့တဲ့ နေရာက တွေ့ရှိခဲ့တာဖြစ်ပြီး နိုင်ငံတော်ပိုင် ကျောက်စိမ်းတုံးကြီး ဖြစ်တယ်လို့ ကုမ္မဏီဝန်ထမ်းတဦးက ပြောပါတယ် ။ အဆိုပါကျောက်စိမ်းတုံးကို ထိန်းသိမ်းစောင့်ရှောင့်ရန် ရဲတပ်ဖွဲ့ဝင်များမှာ တာဝန်လုံးလုံးရှိတယ်လို့လည်း အဆိုပါ ကုမ္မဏီ ဝန်ထမ်းကပဲ ဆက်လက်ပြောဆိုခဲ့ပါတယ် ။

လုပ်ကွက်အတွင်း အချိန်ပိုင်းရေမဆေး ဝင်ရောက်ရှာဖွေခွင့်ကို တရားဥပဒေအရ ခွင့်မပြုထားသော်လည်း နယ်မြေဒေသအခြေအနေအရ နားလည်မှုဖြင့် ခွင့်ပြုထားရခြင်းဖြစ်ပါတယ် ။ အဲဒီလို ခွင့်ပြုခဲ့တဲ့နောက်ပိုင်းမှာ ရေမဆေးသမားတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ သိန်းပေါင်း သောင်းချီတန်တဲ့ ကျောက်စိမ်းတုံးပေါင်းများစွာကိုလည်း ရေမဆေးသမားမျာရဲ့ ဖော်ထုတ်မှုကြောင့် တွေ့မြင်ကြားသိခဲ့ရတာလည်းဖြစ်ပါတယ် ။

ဇော်မိုးထက်(ဖားကန့်)

News
ရေခဲတောင်ပေါ်က ပြုတ်ကျခဲ့တဲ့ မစိမ့်ထက်ကို ကယ်ဆယ်ရေးအဖွဲ့ ရှာဖွေမှု ရုပ်သံ

ရေခဲတောင်ပေါ်က ပြုတ်ကျခဲ့တဲ့ မစိမ့်ထက်ကို ကယ်ဆယ်ရေးအဖွဲ့ ရှာဖွေမှု ရုပ်သံ ရေခဲတောင်ပေါ်က ပြုတ်ကျချိန်မှာ မရှာဘဲ ထားခဲ့ခံရတဲ့ မစိမ့်ထက်ကို ကယ်ဆယ်ရေးအဖွဲ့တွေက ပြန်သွားရှာတဲ့အခါ ရှေ့ပြေးရှာဖွေကယ်ဆယ်ရေးအဖွဲ့ သွားရောက်ခဲ့ရာတွင် ညီမငယ်စိမ့်ထက်၏ အသုံးအဆောင်ပစ္စည်းအချို့ကို တွေ့ရှိခဲ့ပေမယ့်၊ သူမကိုတော့ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိသေးကြောင်း သိရပါတယ်။ ညီမစိမ့်ထက်ကို ရှာဖွေ/ကယ်ဆယ်ရန်အတွက် မေလ (၄) ရက်နေ့က ဖန်ဂရမ်ရာဇီတောင်ထိပ်သို့ ပထမဆုံး ရောက်ရှိသွားခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့ဟာ၊ မေလ (၁၂) ရက်နေ့မှာ မိသားစုဝင်များနှင့်အတူ ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲ တစ်ခုကို ပြုလုပ်သွားခဲ့ပါတယ်။ ၎င်းတို့၏ပြောကြားချက်များအရ ညီမငယ်စိမ့်ထက် ဝတ်ထားခဲ့သည့် ဂျာကင်အင်္ကျီ၊ ပျက်စီးနေသော မျက်မှန်၊ စားစရာအနည်းငယ် နှင့်တကွ အခြားအသုံးအဆောင်ပစ္စည်းအနည်းငယ်အား ပေ (၁၀၀၀) …

အင်းစိန်မြို့နယ်ရှိ ပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်း၌ စာသင်ခန်းအတွင်း မီးခိုးငွေ့ဝင်ကာ ကလေး၂၀ ခန့်အပါအဝင် စုစုပေါင်းလူနာ ၂၄ ဦး မူးမေ့သတိလစ်ကာ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ရောက်ရှိ..
News
အင်းစိန်မြို့နယ်ရှိ ပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်း၌ စာသင်ခန်းအတွင်း မီးခိုးငွေ့ဝင်ကာ ကလေး၂၀ ခန့်အပါအဝင် စုစုပေါင်းလူနာ ၂၄ ဦး မူးမေ့သတိလစ်ကာ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ရောက်ရှိ..

အင်းစိန်မြို့နယ်ရှိ ပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်း၌ စာသင်ခန်းအတွင်း မီးခိုးငွေ့ဝင်ကာ ကလေး၂၀ ခန့်အပါအဝင် စုစုပေါင်းလူနာ ၂၄ ဦး မူးမေ့သတိလစ်ကာ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ရောက်ရှိ.. Educator English language School အမည်ရှိ ပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်းတွင် မေ ၁၄ ရက်က စာသင်နေစဉ် အခန်းအတွင်းသို့ မီးခိုးငွေ့ဝင်ကာ ကလေး ၂၀ ခန့်အပါအဝင်စုစုပေါင်းလူနာ ၂၄ ဦး မူးမေ့သတိလစ်သဖြင့်…. ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ရောက်ရှိလာပြီး ဆေးကုသမှုခံယူနေသော်လည်း စိုးရိမ်ရသည့်အခြေအနေမဟုတ်ကြောင်း ရန်ကုန်ဆေးရုံကြီးမှ ဆေးရုံအုပ်ဒေါက်တာခင်သိင်္ဂီမြင့်ကပြောကြားသည်…. ` ကလေးတွေရောက်လာတာဟုတ်ပါတယ် အခြေအနေကစိုးရိမ်ရတဲ့အခြေအနေမဟုတ်ပါဘူး အားလုံးအကုန်ကောင်းပါတယ်´၎င်းကပြောကြားသည်… အဆိုပါကျောင်းကို မရမ်းကုန်း(၂)ရပ်ကွက် ဦးအောင်ဇေယျလမ်းနှင့် အပေါ်ဗဟိုလမ်းအနီးတွင် ဖွင့်လှစ်ထားကြောင်း သိရသည်… ဖြစ်စဉ်မှာ မေ ၁၄ ရက်က …

ထူးဆန်းသောသူခိုးမှ ဘုရားစင်ရှေ့မှာ မစင်စွန့်ထားခဲ့ပြီး သေတ္တာနှစ်လုံးနဲ့ ရွှေထည် သိန်း(၂၀၀) ဖိုးခိုးယူ
News
ထူးဆန်းသောသူခိုးမှ ဘုရားစင်ရှေ့မှာ မစင်စွန့်ထားခဲ့ပြီး သေတ္တာနှစ်လုံးနဲ့ ရွှေထည် သိန်း(၂၀၀) ဖိုးခိုးယူ

ထူးဆန်းသောသူခိုးမှ ဘုရားစင်ရှေ့မှာ မစင်စွန့်ထားခဲ့ပြီး သေတ္တာနှစ်လုံးနဲ့ ရွှေထည် သိန်း(၂၀၀) ဖိုးခိုးယူ တနိုင်းမြို့ ဆင်မ်ဆာ့ရပ်ကွက် ချောင်းတဖက်ကမ်းရှိ ဒိုးလေး ဆီဆိုင် ဦးအောင်တိုး၏နေအိမ်အား ၂၀၁၉ခု မေ (၁၄ )ရက် နံနက် (၃: ၃၀)ချိန်ခန့်က နေအိမ်တံခါးအား ကလန့်ဖွင့်၍ ဦးအောင်တိုး အိပ်နေသည့်အခန်းအတွင်းမှသေတ္တာ (၂)လုံးပျောက်ဆုံးသွားကြောင်းသိရှိရပါသည်….. ပိုင်ရှင်း ဦးအောင်တိုးမှ နံနက် (၄)နာရီခန့် အိပ်ရာမှနိုးလာစဉ် ပျောက်ဆုံးသေတ္တာများအား အိမ်းသားများနှင့်အတူလိုက်လံရှာဖွေနေစဉ် အနီးရှိ တံတားလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များသို့ သွားရောက်အကြောင်းကြားခဲ့ပြီးနောက်…. အနီးနားပတ်ဝန်းကျင်းများသို့ လိုက်ရှာဖွေရာ ဇေယျာသီရိဘုန်းကြီးကျောင်းအနီးရှိ သစ်ပင်၌တဲထိုးသည့်နေရာမှ သေတ္တာ (၁)လုံးနှင့်သံဘုတ်လေအတွင်းမှသေတ္တာ(၁)လုံးတို့အား၎င်းတို့အိမ်သားအဖွဲ့ပြန်လည်တွေ့ရှိခဲ့ပါသည်…. ၎င်းပျောက်ဆုံးသေတ္တာထဲများတွင် ရွှေ(၁၀)ကျပ်သားခန့် စိန်လက်စွပ်(၁)ကွင်း ငွေသား သိန်း (၃၀)ကျပ်နှင့်ဖုံး(၂)လုံးငွေသားနှင့်ကာလတန်ဘိုးသိန်း(၂၀၀)ခန့်ရှိကြောင်း အိမ်ပိုင်ရှင် ဦးအောင်တိုးမှပြောသည် …