ေရခဲေတာင္ေပၚက ျပဳတ္က်ခဲ့တဲ့ မစိမ့္ထက္ကုိ ကယ္ဆယ္ေရးအဖြဲ႕ ရွာေဖြမႈ ရုပ္သံ

ေရခဲေတာင္ေပၚက ျပဳတ္က်ခဲ့တဲ့ မစိမ့္ထက္ကုိ ကယ္ဆယ္ေရးအဖြဲ႕ ရွာေဖြမႈ ရုပ္သံ

ေရခဲေတာင္ေပၚက ျပဳတ္က်ခ်ိန္မွာ မရွာဘဲ ထားခဲ႔ခံရတဲ႔ မစိမ့္ထက္ကို ကယ္ဆယ္ေရးအဖြဲ႕ေတြက ျပန္သြားရွာတဲ႔အခါ

ေရွ႕ေျပးရွာေဖြကယ္ဆယ္ေရးအဖြဲ႕ သြားေရာက္ခဲ့ရာတြင္ ညီမငယ္စိမ့္ထက္၏ အသုံးအေဆာင္ပစၥည္းအခ်ိဳ႕ကို ေတြ႕ရွိခဲ့ေပမယ့္၊ သူမကိုေတာ့ ရွာေဖြေတြ႕ရွိခဲ့ျခင္း မရွိေသးေၾကာင္း သိရပါတယ္။

ညီမစိမ့္ထက္ကို ရွာေဖြ/ကယ္ဆယ္ရန္အတြက္ ေမလ (၄) ရက္ေန႕က ဖန္ဂရမ္ရာဇီေတာင္ထိပ္သို႕ ပထမဆုံး ေရာက္ရွိသြားခဲ့တဲ့ ကယ္ဆယ္ေရးအဖြဲ႕ဟာ၊ ေမလ (၁၂) ရက္ေန႕မွာ မိသားစုဝင္မ်ားႏွင့္အတူ ရန္ကုန္ျမိဳ႕၌ သတင္းစာရွင္းလင္းပြဲ တစ္ခုကို ျပဳလုပ္သြားခဲ့ပါတယ္။

၎တို႕၏ေျပာၾကားခ်က္မ်ားအရ ညီမငယ္စိမ့္ထက္ ဝတ္ထားခဲ့သည့္ ဂ်ာကင္အက်ႌ၊ ပ်က္စီးေနေသာ မ်က္မွန္၊ စားစရာအနည္းငယ္ ႏွင့္တကြ အျခားအသုံးအေဆာင္ပစၥည္းအနည္းငယ္အား ေပ (၁၀၀၀) ေက်ာ္အနက္ရွိသည့္ ေခ်ာက္ကမ္းပါးအတြင္းမွ ရွာေဖြေတြ႕ရွိခဲ့တယ္လို႕ သိရပါတယ္။

( စကားခ်ပ္ ။ ။ ဂ်ာကင္အက်ႌမွာ ေသြးအစအနေတြ လုံးဝမရွိေနခဲ့ပါဘူး။ ေခ်ာကလက္ေလးကလဲ ကိုက္ရာေလးနဲ႕ေတြ႕ပါတယ္။ ေဆးဗူးအခ်ိဳ႕နဲ႕ အေအးဒါဏ္ကာကြယ္ႏိုင္ဖို႕ ခႏၶာကိုယ္လိမ္း Cream ဗူးတို႕ဟာလဲ ဖြင့္၍သုံးထားခဲ့ပုံရေၾကာင္းကို ေတြ႕ခဲ့ရပါတယ္။ ၎အခ်က္မ်ားအရ ညီမစိမ့္ထက္ဟာ ေခ်ာက္ကမ္းပါးအတြင္းကို က်က်ျပီးခ်င္း အသက္ဆုံးရွုံးသြားခဲ့ျခင္း မရွိေသးပဲ၊ သူမတတ္ႏိုင္သေလာက္ ၾကိဳးစားရွင္သန္ဖို႕ အားထုတ္သြားခဲ့ပုံရေၾကာင္း သုံးသပ္မိပါတယ္။ )

၎ေခ်ာက္ကမ္းပါးစြန္း၏အလြန္၌ ေပ (၂၀၀၀) မွ (၃၀၀၀) အနက္ရွိသည့္ ေနာက္ထပ္ ေခ်ာက္ကမ္းပါးအၾကီးတစ္ခု ထပ္၍ရွိေနျခင္း၊ ၎အျပင္ ရာသီဥတုအေျခအေနဆိုးရြားလာျခင္းတို႕ေၾကာင့္ ကယ္ဆယ္ေရးအဖြဲ႕မွ ဆက္လက္ဆင္းသက္ရွာေဖြရန္ မျဖစ္ႏိုင္ေတာ့ပဲ ျပန္လည္ဆုတ္ခြါလာခဲ့ရေၾကာင္းလဲ သိရွိရပါတယ္။

ထို႕ေၾကာင့္ ယေန႕အထိ ညီမငယ္စိမ့္ထက္အား ရွာေဖြေတြ႕ရွိႏိုင္ျခင္း မရွိေသးေၾကာင္းသိရပါတယ္။

ယခုသြားေရာက္ခဲ့သည့္ ကယ္ဆယ္ေရးအဖြဲ႕ဟာ ျမန္မာႏိုင္ငံေျခလ်င္ႏွင္႔ေတာင္တက္အဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒ ဦးက်င္ဦး ဦးေဆာင္ခဲ့တဲ့အဖြဲ႕ျဖစ္ျပီးေတာ့၊ မိမိသေဘာ/ မိမိအစီအစဥ္ျဖင့္ ကယ္ဆယ္ေရးကို ဝင္ေရာက္ေဆာင္ရြက္ေပးခဲ့ၾကတဲ့ အဖြဲ႕ျဖစ္တယ္လို႕ သိရပါတယ္။

အဖြဲ႕ခ်ဳပ္ဝင္မ်ားမွ ဦးေဆာင္ကာ၊ ေဒသခံအမ်ားအျပားမွ ပူးေပါင္းပါဝင္ကူညီေပးခဲ့ၾကေၾကာင္းသိရွိရျပီး၊ ၎အဖြဲ႕မွာ The Summiter အဖြဲ႕ေခါင္းေဆာင္ (ကို)ေဇာ္ခိုင္ ဦးေဆာင္ေသာ ကယ္ဆယ္ေရးအဖြဲ႕ မဟုတ္ေၾကာင္းလဲ သိရွိရပါတယ္။

Video 1

ရွာေဖြေရးမွာ ကိုယ္တိုင္ပါ၀င္ခဲ႔သူ Sanlu Ram Seng ကလည္း ခုလို ေျပာထားပါတယ္

ဖန္ဂရမ္ ရာဇီမွာ ေျခေခ်ာ္ ျပဳတ္က်ခဲ႔ တဲ႔ မ စိမ့္ထက္ကုိႀကုိးစားရွာေဖြခဲ႔တဲ႔ ရွာေဖြ ေရးခရီးစဥ္ပါ။

ေပေပါင္း မ်ားစြာျမင့္ျပီး မတ္ေစာက္တဲ႔ လ်ိဳျကီးကုိ ျပဳတ္က်တာျဖစ္ပါတယ္။

မတ္ေစာက္တဲ႔ ေရခဲျပင္ျကီးနွင့္ ေက်ာက္ေဆာင္ ေပၚ ကြ်န္ေတာ္တုိ ့ေပ တစ္ေထာင္ေက်ာ္ ဆင္းျပီးရွာေဖြ လုိက္ေတာ့ ပန္းေရာင္ ဂ်ာကင္ အကၤ် ီနဲ႔ မ်က္မွန္ တစ္ခု ေတြ ့ခဲ႔တယ္။

ဆက္လက္ ရွာေဖြ ဖုိ ့ေတာ့ ဒီလမ္းအတုိင္းဆုိ အင္မတန္ အႏၱရာယ္ ျကီးပါတယ္။

ဆက္လက္ ဆုေတာင္းကူညီေပးျကဖုိ ့လည္းေမတၱာရပ္ခံခ်င္ပါတယ္။

ဖန္ဂရမ္ ေတာင္ဟာ တမူထူးျခားတဲ႔ အႏၱရာယ္ ရွိပါတယ္ အင္မတန္ ေတာင္တက္ ကြ်မ္းက်င္ျပီး စြန္ ့စားရဲတဲ႔ သူမွ သြားနုိင္မွာ ျဖစ္ပါတယ္။

Video file 2

အားလုံးကုိ ေလးစားလ်က္။

ညီမေလးစိမ့္ထက္ ဆက္လက္အသက္ရွင္ေနေသးပါေစလို့ ဆက္လက္ဆုေတာင္းေပးေနပါတယ္။

#JusticeForSaintHtet

Unicdoe

ရေခဲတောင်ပေါ်က ပြုတ်ကျခဲ့တဲ့ မစိမ့်ထက်ကို ကယ်ဆယ်ရေးအဖွဲ့ ရှာဖွေမှု ရုပ်သံ

ရေခဲတောင်ပေါ်က ပြုတ်ကျချိန်မှာ မရှာဘဲ ထားခဲ့ခံရတဲ့ မစိမ့်ထက်ကို ကယ်ဆယ်ရေးအဖွဲ့တွေက ပြန်သွားရှာတဲ့အခါ

ရှေ့ပြေးရှာဖွေကယ်ဆယ်ရေးအဖွဲ့ သွားရောက်ခဲ့ရာတွင် ညီမငယ်စိမ့်ထက်၏ အသုံးအဆောင်ပစ္စည်းအချို့ကို တွေ့ရှိခဲ့ပေမယ့်၊ သူမကိုတော့ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိသေးကြောင်း သိရပါတယ်။

ညီမစိမ့်ထက်ကို ရှာဖွေ/ကယ်ဆယ်ရန်အတွက် မေလ (၄) ရက်နေ့က ဖန်ဂရမ်ရာဇီတောင်ထိပ်သို့ ပထမဆုံး ရောက်ရှိသွားခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့ဟာ၊ မေလ (၁၂) ရက်နေ့မှာ မိသားစုဝင်များနှင့်အတူ ရန်ကုန်မြို့၌ သတင်းစာရှင်းလင်းပွဲ တစ်ခုကို ပြုလုပ်သွားခဲ့ပါတယ်။

၎င်းတို့၏ပြောကြားချက်များအရ ညီမငယ်စိမ့်ထက် ဝတ်ထားခဲ့သည့် ဂျာကင်အင်္ကျီ၊ ပျက်စီးနေသော မျက်မှန်၊ စားစရာအနည်းငယ် နှင့်တကွ အခြားအသုံးအဆောင်ပစ္စည်းအနည်းငယ်အား ပေ (၁၀၀၀) ကျော်အနက်ရှိသည့် ချောက်ကမ်းပါးအတွင်းမှ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

( စကားချပ် ။ ။ ဂျာကင်အင်္ကျီမှာ သွေးအစအနတွေ လုံးဝမရှိနေခဲ့ပါဘူး။ ချောကလက်လေးကလဲ ကိုက်ရာလေးနဲ့တွေ့ပါတယ်။ ဆေးဗူးအချို့နဲ့ အအေးဒါဏ်ကာကွယ်နိုင်ဖို့ ခန္ဓာကိုယ်လိမ်း Cream ဗူးတို့ဟာလဲ ဖွင့်၍သုံးထားခဲ့ပုံရကြောင်းကို တွေ့ခဲ့ရပါတယ်။ ၎င်းအချက်များအရ ညီမစိမ့်ထက်ဟာ ချောက်ကမ်းပါးအတွင်းကို ကျကျပြီးချင်း အသက်ဆုံးရှုံးသွားခဲ့ခြင်း မရှိသေးပဲ၊ သူမတတ်နိုင်သလောက် ကြိုးစားရှင်သန်ဖို့ အားထုတ်သွားခဲ့ပုံရကြောင်း သုံးသပ်မိပါတယ်။ )

၎င်းချောက်ကမ်းပါးစွန်း၏အလွန်၌ ပေ (၂၀၀၀) မှ (၃၀၀၀) အနက်ရှိသည့် နောက်ထပ် ချောက်ကမ်းပါးအကြီးတစ်ခု ထပ်၍ရှိနေခြင်း၊ ၎င်းအပြင် ရာသီဥတုအခြေအနေဆိုးရွားလာခြင်းတို့ကြောင့် ကယ်ဆယ်ရေးအဖွဲ့မှ ဆက်လက်ဆင်းသက်ရှာဖွေရန် မဖြစ်နိုင်တော့ပဲ ပြန်လည်ဆုတ်ခွါလာခဲ့ရကြောင်းလဲ သိရှိရပါတယ်။

ထို့ကြောင့် ယနေ့အထိ ညီမငယ်စိမ့်ထက်အား ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိသေးကြောင်းသိရပါတယ်။

ယခုသွားရောက်ခဲ့သည့် ကယ်ဆယ်ရေးအဖွဲ့ဟာ မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျင်ဦး ဦးဆောင်ခဲ့တဲ့အဖွဲ့ဖြစ်ပြီးတော့၊ မိမိသဘော/ မိမိအစီအစဉ်ဖြင့် ကယ်ဆယ်ရေးကို ဝင်ရောက်ဆောင်ရွက်ပေးခဲ့ကြတဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

အဖွဲ့ချုပ်ဝင်များမှ ဦးဆောင်ကာ၊ ဒေသခံအများအပြားမှ ပူးပေါင်းပါဝင်ကူညီပေးခဲ့ကြကြောင်းသိရှိရပြီး၊ ၎င်းအဖွဲ့မှာ The Summiter အဖွဲ့ခေါင်းဆောင် (ကို)ဇော်ခိုင် ဦးဆောင်သော ကယ်ဆယ်ရေးအဖွဲ့ မဟုတ်ကြောင်းလဲ သိရှိရပါတယ်။

Video 1

ရှာဖွေရေးမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ Sanlu Ram Seng ကလည်း ခုလို ပြောထားပါတယ်

ဖန်ဂရမ် ရာဇီမှာ ခြေချော် ပြုတ်ကျခဲ့ တဲ့ မ စိမ့်ထက်ကိုကြိုးစားရှာဖွေခဲ့တဲ့ ရှာဖွေ ရေးခရီးစဉ်ပါ။

ပေပေါင်း များစွာမြင့်ပြီး မတ်စောက်တဲ့ လျိုကြီးကို ပြုတ်ကျတာဖြစ်ပါတယ်။

မတ်စောက်တဲ့ ရေခဲပြင်ကြီးနှင့် ကျောက်ဆောင် ပေါ် ကျွန်တော်တို့ပေ တစ်ထောင်ကျော် ဆင်းပြီးရှာဖွေ လိုက်တော့ ပန်းရောင် ဂျာကင် အင်္ကျ ီနဲ့ မျက်မှန် တစ်ခု တွေ့ခဲ့တယ်။

ဆက်လက် ရှာဖွေ ဖို့တော့ ဒီလမ်းအတိုင်းဆို အင်မတန် အန္တရာယ် ကြီးပါတယ်။

ဆက်လက် ဆုတောင်းကူညီပေးကြဖို့လည်းမေတ္တာရပ်ခံချင်ပါတယ်။

ဖန်ဂရမ် တောင်ဟာ တမူထူးခြားတဲ့ အန္တရာယ် ရှိပါတယ် အင်မတန် တောင်တက် ကျွမ်းကျင်ပြီး စွန့်စားရဲတဲ့ သူမှ သွားနိုင်မှာ ဖြစ်ပါတယ်။

Video file 2

အားလုံးကို လေးစားလျက်။

ညီမလေးစိမ့်ထက် ဆက်လက်အသက်ရှင်နေသေးပါစေလို့ ဆက်လက်ဆုတောင်းပေးနေပါတယ်။

#JusticeForSaintHtet