အင္းစိန္ၿမိဳ႕နယ္ရွိ ပုဂၢလိကစာသင္ေက်ာင္းတစ္ေက်ာင္း၌ စာသင္ခန္းအတြင္း မီးခိုးေငြ႕ဝင္ကာ ကေလး၂၀ ခန႔္အပါအဝင္ စုစုေပါင္းလူနာ ၂၄ ဦး မူးေမ့သတိလစ္ကာ ရန္ကုန္ေဆး႐ုံႀကီးအေရးေပၚဌာနသို႔ ေရာက္ရွိ..

အင္းစိန္ၿမိဳ႕နယ္ရွိ ပုဂၢလိကစာသင္ေက်ာင္းတစ္ေက်ာင္း၌ စာသင္ခန္းအတြင္း မီးခိုးေငြ႕ဝင္ကာ ကေလး၂၀ ခန႔္အပါအဝင္ စုစုေပါင္းလူနာ ၂၄ ဦး မူးေမ့သတိလစ္ကာ ရန္ကုန္ေဆး႐ုံႀကီးအေရးေပၚဌာနသို႔ ေရာက္ရွိ..
အင္းစိန္ၿမိဳ႕နယ္ရွိ ပုဂၢလိကစာသင္ေက်ာင္းတစ္ေက်ာင္း၌ စာသင္ခန္းအတြင္း မီးခိုးေငြ႕ဝင္ကာ ကေလး၂၀ ခန႔္အပါအဝင္ စုစုေပါင္းလူနာ ၂၄ ဦး မူးေမ့သတိလစ္ကာ ရန္ကုန္ေဆး႐ုံႀကီးအေရးေပၚဌာနသို႔ ေရာက္ရွိ..

အင္းစိန္ၿမိဳ႕နယ္ရွိ ပုဂၢလိကစာသင္ေက်ာင္းတစ္ေက်ာင္း၌ စာသင္ခန္းအတြင္း မီးခိုးေငြ႕ဝင္ကာ ကေလး၂၀ ခန႔္အပါအဝင္ စုစုေပါင္းလူနာ ၂၄ ဦး မူးေမ့သတိလစ္ကာ ရန္ကုန္ေဆး႐ုံႀကီးအေရးေပၚဌာနသို႔ ေရာက္ရွိ..

Educator English language School အမည္ရွိ ပုဂၢလိကစာသင္ေက်ာင္းတစ္ေက်ာင္းတြင္ ေမ ၁၄ ရက္က စာသင္ေနစဥ္ အခန္းအတြင္းသို႔ မီးခိုးေငြ႕ဝင္ကာ ကေလး ၂၀ ခန႔္အပါအဝင္စုစုေပါင္းလူနာ ၂၄ ဦး မူးေမ့သတိလစ္သျဖင့္….

ရန္ကုန္ေဆး႐ုံႀကီးအေရးေပၚဌာနသို႔ ေရာက္ရွိလာၿပီး ေဆးကုသမႈခံယူေနေသာ္လည္း စိုးရိမ္ရသည့္အေျခအေနမဟုတ္ေၾကာင္း ရန္ကုန္ေဆး႐ုံႀကီးမွ ေဆး႐ုံအုပ္ေဒါက္တာခင္သိဂႌျမင့္ကေျပာၾကားသည္….

` ကေလးေတြေရာက္လာတာဟုတ္ပါတယ္ အေျခအေနကစိုးရိမ္ရတဲ့အေျခအေနမဟုတ္ပါဘူး အားလုံးအကုန္ေကာင္းပါတယ္´၎ကေျပာၾကားသည္…

အဆိုပါေက်ာင္းကို မရမ္းကုန္း(၂)ရပ္ကြက္ ဦးေအာင္ေဇယ်လမ္းႏွင့္ အေပၚဗဟိုလမ္းအနီးတြင္ ဖြင့္လွစ္ထားေၾကာင္း သိရသည္…

ျဖစ္စဥ္မွာ ေမ ၁၄ ရက္က စာသင္ေနစဥ္ မီးျပတ္သျဖင့္ ေက်ာင္းအတြင္းရွိ မီးစက္ႏႈိးရာမွ မီးစက္ခြၽတ္ယြင္းသြားျခင္းေၾကာင့္ အခန္းအတြင္း မီးခိုးေငြ႕မ်ားဝင္ကာယင္းကဲ့သို႔ျဖစ္သြားရျခင္းျဖစ္ေၾကာင္း သိရသည္…

လူနာမ်ားကိုပို႔ေဆာင္ရာတြင္ လူနာတင္ယာဥ္၁၁ စီးျဖင့္ ပို႔ေဆာင္ခဲ့ၿပီး ျမတ္ကုသိုလ္လူမႈကယ္ဆယ္ေရးအဖြဲ႕မွလူနာတင္ယာဥ္ခုနစ္စီး၊ ျမန္မာ့ၾကယ္ျဖဴမွတစ္စီးႏွင့္ လႈိင္လူမႈကယ္ဆယ္ေရးမွႏွစ္စီးျဖင့္ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္….

`ျဖစ္စဥ္က ၁၀ နာရီခြဲေလာက္မွာျဖစ္တာပါ လူနာေတြကေတာ့အရမ္း မစိုးရိမ္ရေတာ့ဘူး´ဟု ျမတ္ကုသိုလ္ လူမႈကယ္ဆယ္ေရးအဖြဲ႕မွ ကိုႏိုင္မင္းသန႔္ကေျပာၾကားသည္…

`ကြၽန္ေတာ္အဲဒီအနီးနားက လက္ဖက္ရည္ဆိုင္မွာထိုင္ေနေတာ့ ၁၀ ႏွစ္ခန႔္ ကေလးအ႐ြယ္ႏွစ္ေယာက္ကထြက္ၿပီးအကူအညီေတာင္းတယ္….

အဲဒီနားမွာ အစိုးရ တယ္လီဖုန္းလိုင္းျပင္တဲ့သူရေယာက္ေလာက္ရွိတယ္ သူတို႔နဲ႔ဝိုင္းဝန္းၿပီးသြားၾကည့္တယ္ သြားၾကည့္ေတာ့ သူတို႔ေတြက မူးလဲတဲ့သူကလဲ….

ငုတ္တုတ္ထိုင္တဲ့သူက ထိုင္ေနတယ္၊ အဲလိုအေနအထားနဲ႔ေတြ႕ရေတာ့ ဝိုင္းဝန္းၿပီးအျပင္ဆြဲထုတ္ၾကတယ္….

အေရးေပၚလူနာတင္ယာဥ္ေတြေခၚတယ္ ေခၚတဲ့အခါ ျမတ္ကုသိုလ္ကိုကြၽန္ေတာ္တာဝန္ယူၿပီး ေခၚလိုက္တယ္ အခ်ိန္မီေဆး႐ုံေတြကိုအသီးသီးပို႔ႏိုင္ခဲ့တယ္….

ေဆး ႐ုံ မ ပို႔ ခင္ ကြၽန္ ေတာ္ တို႔ တတ္ သ ေလာက္ ျပဳ စု ခဲ့ တယ္´ ဟု ျဖစ္ စဥ္ အား မ်က္ ျမင္ ေတြ႕ ရွိ သူ တစ္ ဦး ကေျပာ ၾကား သည္….

စိုး ရိမ္ ရ သည့္ အ ေျခ အ ေန မ ဟုတ္ သ ျဖင့္ ယင္း ေန႔ တြင္ ပင္ ေဆး ႐ုံ ႀကီး မွ တ ဆင့္ မိ ဘ မ်ား ထံ သို႔ အ သီးသီး ပို႔ ေဆာင္ ေပး ခဲ့ ေၾကာင္း သိ ရ သည္….

credit eleven media

Unicode

အင်းစိန်မြို့နယ်ရှိ ပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်း၌ စာသင်ခန်းအတွင်း မီးခိုးငွေ့ဝင်ကာ ကလေး၂၀ ခန့်အပါအဝင် စုစုပေါင်းလူနာ ၂၄ ဦး မူးမေ့သတိလစ်ကာ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ရောက်ရှိ..

Educator English language School အမည်ရှိ ပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်းတွင် မေ ၁၄ ရက်က စာသင်နေစဉ် အခန်းအတွင်းသို့ မီးခိုးငွေ့ဝင်ကာ ကလေး ၂၀ ခန့်အပါအဝင်စုစုပေါင်းလူနာ ၂၄ ဦး မူးမေ့သတိလစ်သဖြင့်….

ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ရောက်ရှိလာပြီး ဆေးကုသမှုခံယူနေသော်လည်း စိုးရိမ်ရသည့်အခြေအနေမဟုတ်ကြောင်း ရန်ကုန်ဆေးရုံကြီးမှ ဆေးရုံအုပ်ဒေါက်တာခင်သိင်္ဂီမြင့်ကပြောကြားသည်….

` ကလေးတွေရောက်လာတာဟုတ်ပါတယ် အခြေအနေကစိုးရိမ်ရတဲ့အခြေအနေမဟုတ်ပါဘူး အားလုံးအကုန်ကောင်းပါတယ်´၎င်းကပြောကြားသည်…

အဆိုပါကျောင်းကို မရမ်းကုန်း(၂)ရပ်ကွက် ဦးအောင်ဇေယျလမ်းနှင့် အပေါ်ဗဟိုလမ်းအနီးတွင် ဖွင့်လှစ်ထားကြောင်း သိရသည်…

ဖြစ်စဉ်မှာ မေ ၁၄ ရက်က စာသင်နေစဉ် မီးပြတ်သဖြင့် ကျောင်းအတွင်းရှိ မီးစက်နှိုးရာမှ မီးစက်ချွတ်ယွင်းသွားခြင်းကြောင့် အခန်းအတွင်း မီးခိုးငွေ့များဝင်ကာယင်းကဲ့သို့ဖြစ်သွားရခြင်းဖြစ်ကြောင်း သိရသည်…

လူနာများကိုပို့ဆောင်ရာတွင် လူနာတင်ယာဉ်၁၁ စီးဖြင့် ပို့ဆောင်ခဲ့ပြီး မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအဖွဲ့မှလူနာတင်ယာဉ်ခုနစ်စီး၊ မြန်မာ့ကြယ်ဖြူမှတစ်စီးနှင့် လှိုင်လူမှုကယ်ဆယ်ရေးမှနှစ်စီးဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်….

`ဖြစ်စဉ်က ၁၀ နာရီခွဲလောက်မှာဖြစ်တာပါ လူနာတွေကတော့အရမ်း မစိုးရိမ်ရတော့ဘူး´ဟု မြတ်ကုသိုလ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုနိုင်မင်းသန့်ကပြောကြားသည်…

`ကျွန်တော်အဲဒီအနီးနားက လက်ဖက်ရည်ဆိုင်မှာထိုင်နေတော့ ၁၀ နှစ်ခန့် ကလေးအရွယ်နှစ်ယောက်ကထွက်ပြီးအကူအညီတောင်းတယ်….

အဲဒီနားမှာ အစိုးရ တယ်လီဖုန်းလိုင်းပြင်တဲ့သူရယောက်လောက်ရှိတယ် သူတို့နဲ့ဝိုင်းဝန်းပြီးသွားကြည့်တယ် သွားကြည့်တော့ သူတို့တွေက မူးလဲတဲ့သူကလဲ….

ငုတ်တုတ်ထိုင်တဲ့သူက ထိုင်နေတယ်၊ အဲလိုအနေအထားနဲ့တွေ့ရတော့ ဝိုင်းဝန်းပြီးအပြင်ဆွဲထုတ်ကြတယ်….

အရေးပေါ်လူနာတင်ယာဉ်တွေခေါ်တယ် ခေါ်တဲ့အခါ မြတ်ကုသိုလ်ကိုကျွန်တော်တာဝန်ယူပြီး ခေါ်လိုက်တယ် အချိန်မီဆေးရုံတွေကိုအသီးသီးပို့နိုင်ခဲ့တယ်….

ဆေး ရုံ မ ပို့ ခင် ကျွန် တော် တို့ တတ် သ လောက် ပြု စု ခဲ့ တယ်´ ဟု ဖြစ် စဉ် အား မျက် မြင် တွေ့ ရှိ သူ တစ် ဦး ကပြော ကြား သည်….

စိုး ရိမ် ရ သည့် အ ခြေ အ နေ မ ဟုတ် သ ဖြင့် ယင်း နေ့ တွင် ပင် ဆေး ရုံ ကြီး မှ တ ဆင့် မိ ဘ များ ထံ သို့ အ သီးသီး ပို့ ဆောင် ပေး ခဲ့ ကြောင်း သိ ရ သည်….

credit eleven media