














Video

ဖန်နီ

ဖန်နီ

Posted by Myanmar Daily on Saturday, May 4, 2019


Unicode

နှစ် ၂၀ အတွင်း အင်အား အပြင်း ထန်ဆုံး ဆိုင်ကလုန်း မုန်တိုင်း ဖန်နီ အိန္ဒိယ နိုင်ငံကို ဝင်ရောက်နေမှု

ဆိုင်ကလုန်း မုန်တိုင်း ဖန်နီက အိန္ဒိယ နိုင်ငံ အရှေ့ဘက် ကမ်းခြေ တစ်လျှောက်ကို ဝင်ရောက် နေပြီလို့ အိန္ဒိယ မိုးလေဝသ ဌာနက ပြောပါတယ် ။

လာမယ့် နာရီ အနည်းငယ် အတွင်း ကမ်းရိုးတန်းကို အင်ပြည့် အ ားပြည့် ဝင်ရောက် တဲ့အချိန်မှာ လေတိုက်နှုန်း တစ်နာရီ ၁၂၁ မိုင် လောက် ရှိနိုင် တယ်လို့ ခန့်မှန်း နေပါတယ် ။

မုန်တိုင်းအား အပြင်းဆုံး ဝင်ရောက် နိုင်ချေ ရှိတယ်လို့ ခန့်မှန်း ထားတဲ့ အိန္ဒိယ အရှေ့ပိုင်းက အိုရစ်ဆာ ( အိုဒီရှာ ) ပြည်နယ်က လူ ၁ သန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်း ထား ပါတယ် ။

အဲဒီ ပြည်နယ် ပတ်ဝန်းကျင်က ပြည်နယ် တွေ မှာလည်း သတိပေး ချက်တွေ ထုတ်ပြန် ထားပါတယ် ။

၈၅၈ နှစ် သက်တမ်းရှိ ဂျာဂန် နတ်သ်ဘုရား ကျောင်းရှိလို့ ခရီးသည်တွေ လာတာ များတဲ့ ပူရီမြို့အပါ အဝင် အိုရစ် ဆာပြည်နယ်က ခရိုင် ၁၅ ခု ကို ဝင်ရောက် မယ်လို့ ခန့်မှန်း ထ ားပါတယ် ။

ပြည်နယ်ထဲ အဝင် အထွက် လုပ်မယ့် လေကြောင်း ခရီးစဉ် တွေနဲ့ ရထား ခရီးစဉ် တော်တော်များများကို ဖျက်သိမ်း ထားပြီး အစိုးရ ရုံးတွေလည်း ပိတ်ထား ပါတယ် ။

အိန္ဒိယ အရှေ့ဘက် ကမ်းခြေမှာ ရှိတဲ့ ဆိပ်ကမ်း ၃ ခုက လုပ်ငန်း ဆောင်ရွက် နေတာတွေ ကိုလည်း ရပ်ထား ပါတယ် ။

ပြည်နယ်နဲ့ ပြည်ထောင်စု အစိုးရ တို့ကလည်း တုံ့ပြန် ဆောင်ရွက် ရမယ့် လုပ်ငန်းတွေ လုပ်နေပါတယ် ။

စစ် သင်္ဘောတွေနဲ့ ရဟတ်ယာဉ် တွေကို အဲဒီ ပြည်နယ်ဘက် ရွှေ့ထားပြီး ဆေးတပ်ဖွဲ့ တွေနဲ့ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ အသင့် စောင့်နေ ပါတယ် ။

အိန္ဒိယ သဘာဝ ဘေး တုံ့ပြန်ရေးတပ်ဖွဲ့ ( NDRF ) ရဲ့ အဖွဲ့ တော်တော် များများ ကလည်း အဲဒီပြည်နယ် မှာ ရှိနေ ပါတယ် ။

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခုအတွင်း ဖန်နီဟာ အိန္ဒိယ အရှေ့ဘက် ကမ်းခြေကို ဝင်ရောက်တဲ့ ၄ ခုမြောက် မုန်တိုင်း ဖြစ်ပါတယ် ။

၂၀၁၇ ခုနှစ်တုန်းက အော့ခီဆိုင် ကလုန်း မုန်တိုင်း ဝင်ခဲ့လို့ လူ ၂၀၀ ကျော် သေဆုံးပြီး လူရာချီဘေးလွတ်ရာ ပြောင်းရွှေ့ ခဲ့ရ ပါတယ် ။

ပြီးခဲ့တဲ့ နှစ်အောက်တိုဘာ တုန်းက နောက်ထပ် ဆိုင်ကလုန်းမုန်တိုင် းထပ်ဝင်ခဲ့ လို့ အိုရစ်ဆာအာဏာပိုင် တွေက လူသိန်းချီ ကို ဘေးလွတ်ရာ ရွှေ့ပြောင်း ခဲ့ရ ပါတယ် ။

Video

အိန္ဒိယနိုင်ငံရဲ့အင်အားအကြီးဆုံးဆိုင်ကလုန်းမုန်တိုင်းဟာ ၁၉၉၉ ခုနှစ်ကတိုက်ခတ်ခဲ့တဲ့အိုရစ်ဆာဆိုင်ကလုန်းဖြစ်ပြီး လူ ၁၀၀၀၀ ကျော်သေဆုံးခဲ့ပါတယ်။