“ဖန္နီ” မုန္တိုင္း အႏၲရာယ္ ေစာင့္ၾကည့္ရမည့္ အေျခအေန ရွိေန

“ဖန္နီ” မုန္တိုင္း အႏၲရာယ္ ေစာင့္ၾကည့္ရမည့္ အေျခအေန ရွိေန

အိႏၵိယသမုဒၵရာ အတြင္း ျဖစ္ေပၚေနေသာ္ ဆိုင္ကလုန္း မုန္တိုင္း လမ္းေၾကာင္းမွာ အခ်ိန္ႏွင့္အမွ် ေျပာင္းလဲေနသျဖင့္ ျမန္မာ ႏိုင္ငံသို႔ ဝင္ေရာက္ႏိုင္မည့္ အေျခအေန ရွိ မရွိကို ေစာင့္ၾကည့္ရမည္ ျဖစ္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာနက (မိုး/ဇလ)က ထုတ္ျပန္ထားသည္။

မုန္တိုင္းမွာ လက္ရွိတြင္ အေနာက္ေျမာက္ပိုင္းကို ေ႐ြ႕လ်ားလ်က္ရွိၿပီး ေမလ ၁ ရက္ေန႔တြင္ အေရွ႕ေျမာက္သို႔ ေ႐ြ႕လ်ား ႏိုင္ေၾကာင္းႏွင့္ ထိုဆိုင္ကလုန္းမုန္တိုင္း”ဖန္နီ” (Fani)၏ ယခု အေျခအေနသည္ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ ေ႐ြ႕လ်ား မည့္ အေျခအေန မရွိေသးသျဖင့္ အဝါေရာင္ အဆင့္ဟု မိုး/ဇလ က သတ္မွတ္ထားေၾကာင္း သိရသည္။

မိုး/ဇလ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက“အေနာက္ ေျမာက္ဘက္မွာက အိႏၵိယ၊ အေရွ႕ေျမာက္ဘက္က ႀတိဂံ ပုံမို႔လို႔ အိႏၵိယလည္း ရွိတယ္။ ဘဂၤလားေဒ့ရွ္လည္းရွိတယ္၊ ျမန္မာလည္း ရွိတယ္။ သူက (Fani) အဲဒီ ကမ္း႐ိုးတန္းအတိုင္း ေလွ်ာက္ လာၿပီးေတာ့ အဓိကက ေလဖိအားနည္း အက်ဆုံး ေနရာကို ဝင္သြားမွာ ျဖစ္တဲ့ အတြက္ေၾကာင့္ ဘယ္ကမ္းကို ျဖတ္မယ္ ဆိုတာကို အတိအက် မခန႔္မွန္းႏိုင္ေသးဘူး”ဟု ေျပာသည္။

ဆက္လက္ၿပီး ဦးေက်ာ္မိုးဦးက“မုန္တိုင္း အဝန္းအဝိုင္း ကေတာ့ ရခိုင္ေျမာက္ပိုင္းက နည္းနည္းေလး က်ေနတဲ့အတြက္ ရခိုင္ ကိုလည္း ခန႔္မွန္းထားတဲ့ အေနအထားမ်ိဳး ရွိတယ္။ ရခိုင္ဘက္ကို ဝင္လာႏိုင္တယ္လို႔ေတာ့ အတိအက် ေျပာလို႔ မရ ဘူး။ အခုက ဘယ္ကမ္းကို ဝင္မယ္ဆိုတေတာ့ ေျပာဖို႔ ေစာေသးတယ္။ မုန္တိုင္း ကမ္းျဖတ္တယ္ဆိုတာက အခ်ိန္နဲ႔ အမွ် ေျပာင္း ေနတာ”ဟု ဆိုသည္။

ဆိုင္ကလုန္း မုန္တိုင္း Fani သည္ ၉၆ နာရီ အတြင္း တနာရီ မိုင္ ၁၁၀ ႏႈန္းျဖင့္ အားေကာင္းေသာ ဆိုင္ကလုန္း မုန္တိုင္း ႀကီး အျဖစ္သို႔ ေရာက္ရွိလာႏိုင္ၿပီး ေနာက္ နာရီ ၁၂၀ အၾကာတြင္ အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ကမ္းေျခကို ျဖတ္ေက်ာ္ ဝင္ေရာက္ ႏိုင္ေၾကာင္း မိုး/ဇလ ပညာရွင္ ေဒါက္တာ ထြန္းလြင္ကလည္း ခန႔္မွန္းထားသည္။

ေဒါက္တာ ထြန္းလြင္က“မုန္တိုင္းႀကီးဟာ အားအလြန္ေကာင္းတဲ့ အဆင့္ကို ေရာက္ရွိလာႏိုင္တဲ့ အျပင္ လတၱီတြဒ္အားျဖင့္ လည္း 10°N ေအာက္ နိမ့္ေနေသးေသာေၾကာင့္ ျမန္မာႏိုင္ငံ အတြက္ မုန္တိုင္း အႏၲရာယ္ လုံးဝ စိတ္ခ်ရေသာ အေျခအေန မဟုတ္ေသးပါ”ဟု သတိေပး ေျပာၾကားသည္။

အဆိုပါ ခန႔္မွန္းခ်က္ အတိုင္း ေ႐ြ႕လ်ားပါက မုန္တိုင္း အႏၲရာယ္ လုံးဝ ကင္းရွင္းႏိုင္ေသာ္လည္း အခ်ိန္ႏွင့္အမွ် အေျပာင္း အလဲ ရွိႏိုင္သျဖင့္ မုန္တိုင္း သတင္းမ်ားကို ေစာင့္ၾကည့္ၾကရန္ကိုလည္း ေဒါက္တာ ထြန္းလြင္က ေျပာဆိုသည္။

အဆိုပါ ဆိုင္ကလုန္း မုန္တိုင္းေၾကာင့္ ျပည္တြင္း ေလေၾကာင္း ပ်ံသန္းေရး၊ ျမန္မာ ႏိုင္ငံရွိ ကမ္းနီး၊ ကမ္းေဝး ငါးဖမ္းေရ ယာဥ္မ်ား၊ သေဘၤာမ်ား အေနျဖင့္လည္း ႀကိဳတင္ သတိျပဳၾကရန္ မိုး/ဇလက သတိေပး ထားသည္။

Unicode

“ဖန်နီ” မုန်တိုင်း အန္တရာယ် စောင့်ကြည့်ရမည့် အခြေအနေ ရှိနေ

အိန္ဒိယသမုဒ္ဒရာ အတွင်း ဖြစ်ပေါ်နေသော် ဆိုင်ကလုန်း မုန်တိုင်း လမ်းကြောင်းမှာ အချိန်နှင့်အမျှ ပြောင်းလဲနေသဖြင့် မြန်မာ နိုင်ငံသို့ ဝင်ရောက်နိုင်မည့် အခြေအနေ ရှိ မရှိကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက (မိုး/ဇလ)က ထုတ်ပြန်ထားသည်။

မုန်တိုင်းမှာ လက်ရှိတွင် အနောက်မြောက်ပိုင်းကို ရွေ့လျားလျက်ရှိပြီး မေလ ၁ ရက်နေ့တွင် အရှေ့မြောက်သို့ ရွေ့လျား နိုင်ကြောင်းနှင့် ထိုဆိုင်ကလုန်းမုန်တိုင်း”ဖန်နီ” (Fani)၏ ယခု အခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျား မည့် အခြေအနေ မရှိသေးသဖြင့် အဝါရောင် အဆင့်ဟု မိုး/ဇလ က သတ်မှတ်ထားကြောင်း သိရသည်။

မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက“အနောက် မြောက်ဘက်မှာက အိန္ဒိယ၊ အရှေ့မြောက်ဘက်က တြိဂံ ပုံမို့လို့ အိန္ဒိယလည်း ရှိတယ်။ ဘင်္ဂလားဒေ့ရှ်လည်းရှိတယ်၊ မြန်မာလည်း ရှိတယ်။ သူက (Fani) အဲဒီ ကမ်းရိုးတန်းအတိုင်း လျှောက် လာပြီးတော့ အဓိကက လေဖိအားနည်း အကျဆုံး နေရာကို ဝင်သွားမှာ ဖြစ်တဲ့ အတွက်ကြောင့် ဘယ်ကမ်းကို ဖြတ်မယ် ဆိုတာကို အတိအကျ မခန့်မှန်းနိုင်သေးဘူး”ဟု ပြောသည်။

ဆက်လက်ပြီး ဦးကျော်မိုးဦးက“မုန်တိုင်း အဝန်းအဝိုင်း ကတော့ ရခိုင်မြောက်ပိုင်းက နည်းနည်းလေး ကျနေတဲ့အတွက် ရခိုင် ကိုလည်း ခန့်မှန်းထားတဲ့ အနေအထားမျိုး ရှိတယ်။ ရခိုင်ဘက်ကို ဝင်လာနိုင်တယ်လို့တော့ အတိအကျ ပြောလို့ မရ ဘူး။ အခုက ဘယ်ကမ်းကို ဝင်မယ်ဆိုတတော့ ပြောဖို့ စောသေးတယ်။ မုန်တိုင်း ကမ်းဖြတ်တယ်ဆိုတာက အချိန်နဲ့ အမျှ ပြောင်း နေတာ”ဟု ဆိုသည်။

ဆိုင်ကလုန်း မုန်တိုင်း Fani သည် ၉၆ နာရီ အတွင်း တနာရီ မိုင် ၁၁၀ နှုန်းဖြင့် အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း ကြီး အဖြစ်သို့ ရောက်ရှိလာနိုင်ပြီး နောက် နာရီ ၁၂၀ အကြာတွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ကမ်းခြေကို ဖြတ်ကျော် ဝင်ရောက် နိုင်ကြောင်း မိုး/ဇလ ပညာရှင် ဒေါက်တာ ထွန်းလွင်ကလည်း ခန့်မှန်းထားသည်။

ဒေါက်တာ ထွန်းလွင်က“မုန်တိုင်းကြီးဟာ အားအလွန်ကောင်းတဲ့ အဆင့်ကို ရောက်ရှိလာနိုင်တဲ့ အပြင် လတ္တီတွဒ်အားဖြင့် လည်း 10°N အောက် နိမ့်နေသေးသောကြောင့် မြန်မာနိုင်ငံ အတွက် မုန်တိုင်း အန္တရာယ် လုံးဝ စိတ်ချရသော အခြေအနေ မဟုတ်သေးပါ”ဟု သတိပေး ပြောကြားသည်။

အဆိုပါ ခန့်မှန်းချက် အတိုင်း ရွေ့လျားပါက မုန်တိုင်း အန္တရာယ် လုံးဝ ကင်းရှင်းနိုင်သော်လည်း အချိန်နှင့်အမျှ အပြောင်း အလဲ ရှိနိုင်သဖြင့် မုန်တိုင်း သတင်းများကို စောင့်ကြည့်ကြရန်ကိုလည်း ဒေါက်တာ ထွန်းလွင်က ပြောဆိုသည်။

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပြည်တွင်း လေကြောင်း ပျံသန်းရေး၊ မြန်မာ နိုင်ငံရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေ ယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင် သတိပြုကြရန် မိုး/ဇလက သတိပေး ထားသည်။