နာဂစ္ထက္ ပိုမိုျပင္းထန္သည္႔ ဖန္နီ မုန္တိုင္း ရခိုင္ျပည္နယ္သို႔ ဝင္ေရာက္ႏိုင္

နာဂစ္ထက္ ပိုမိုျပင္းထန္သည္႔ ဖန္နီ မုန္တိုင္း ရခိုင္ျပည္နယ္သို႔ ဝင္ေရာက္ႏိုင္

နာဂစ္ မုန္တိုင္းထက္ ပိုမိုျပင္းထန္သည္႔ ဖန္နီ မုန္တိုင္းသည္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းသို႔ ဝင္ေရာက္ႏိုင္ တယ္လို႔ မိုး / ဇလ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္မိုးဦးက Opinion Leaders Media ရဲ႕ ေမးျမန္းမႈကို ေျဖၾကား ခဲ့ပါတယ္ ။

“ လက္ရွိ သခ်ာၤေမာ္ဒယ္ အေျချပဳ စက္ေတြရဲ႕ တြက္ထုတ္မႈ အရ ရခုိင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ကို ဝင္ဖို႔မ်ားတယ္ ။ ကမ္းကို အေစာဆံုး ၅ ရက္ေန႔ ၊ ေနာက္က်ရင္ ၆ ရက္ေန႔ ေလာက္ ဝင္မယ္ ။

အျပင္းဆံုးက တစ္နာရီ မိုင္ ၁၅၀ နည္းနည္း ေက်ာ္ႏိုင္တယ္ ။ ပံုမွန္ ဆိုရင္ေတာ့ ၁၁၀ ၊ ၁၂၀ ေလာက္ ျဖစ္ႏိုင္တယ္ ။ နာဂစ္ တုန္းက တစ္နာရီ မိုင္၁၂၀ ႏွဳန္းေလာက္ တိုက္တယ္ ။

နာဂစ္ နဲ႔ ဂီရိ နဲ႔ ဆိုရင္ ၂၀၁၀ မွာ ျဖစ္တဲ့ ဂီရိ က ပိုျပင္းတယ္ ။ ဒါေပမယ့္ ကမ္းဝင္တဲ့ ေနရာကြာ သြားတာေပါ့ ။ ရခုိင္ဘက္ကို ဝင္ရင္ ရုတ္တရက္ ေရၾကီး တာေတြ ျဖစ္ႏိုင္တယ္ ။

ေတာင္က်ေခ်ာင္းေတြ ကေနၿပီးေတာ့ လွ်ပ္တျပက္ ေရၾကီးမႈ ျဖစ္စဥ္မ်ိဳးေတြ ေျမျပိဳႏိုင္တဲ့ ေတာင္ ေပၚေဒသ ျဖစ္စဥ္မ်ိဳးေတြ ဒါမ်ိဳးေတြ ျဖစ္ႏုိ္င္တယ္ ” လို႔ေျပာၾကား ခဲ့ပါတယ္ ။

အင္အားျပင္းထန္သည္႔ ဖန္နီ မုန္တိုင္းသည္ ရခုိင္ျပည္နယ္ ေျမာက္ပိုင္းသို႔ ဝင္ေရာက္ႏုိင္သည္႔ အတြက္ ၾကိဳတင္ ျပင္ဆင္မႈမ်ား ျပဳလုပ္ထားရန္ လိုအပ္ၿပီး အဆိုပါ ေဒသသို႔ မုန္တိုင္း ဝင္ေရာက္ ခဲ့ပါက ခ်င္းျပည္နယ္ ၊ စစ္ကိုင္းတိုင္း ေဒသႀကီးမ်ား ဘက္သို႔ ကုန္းတြင္း မုန္တိုင္းအျဖစ္ ဆက္လက္ ဝင္ေရာက္သြားႏိုင္တယ္လို႔ ဆိုပါတယ္ ။

“ အဓိက ကေတာ့ ရခုိင္ေျမာက္ပိုင္း ေတြ ျပင္ဆင္ထားဖုိ႔ လိုမယ္ ။ ခ်င္းျပည္နယ္ ၊ စစ္ကိုင္းတိုင္း ေဒသႀကီးဘက္ ေတြကိုလည္း ကုန္းတြင္း မုန္တိုင္းအေနနဲ႔ ဝင္ေရာက္ႏိုင္တယ္ ” လို႔ ေျပာၾကား ခဲ့ပါတယ္ ။

ဖန္နီမုန္တိုင္းသည္ ရခုိင္ျပည္နယ္ ေျမာက္ပိုင္းႏွင့္ ဘဂၤလားေဒ့ရွ္ ႏုိင္ငံဘက္သို႔ ဦးတည္ေနေသာ္လည္း လမ္းေၾကာင္းမ်ား ေျပာင္းလဲ ႏိုင္ေသးတယ္လို႔ ဆိုပါတယ္ ။

ဘဂၤလား ပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ ဆက္စပ္ လ်က္ရွိေသာ အီေကြတာအနီး အိႏၵိယသမုဒၵ ရာတို႔ တြင္ ျဖစ္ေပၚေနေသာ ဖန္နီ ( FANI ) ဆိုင္ကလုန္း မုန္တိုင္းသည္ တစ္နာရီလွ်င္ မိုင္ ၅၀ ႏွဳန္းျဖင့္ ေျမာက္ – အေနာက္ – ေျမာက္ ဘက္သို႔ ဦးတည္ ေရႊ႕လွ်ားေနၿပီး ေနာက္ ၁၂ နာရီ အတြင္း အားေကာင္းေသာ ဆိုင္ကလုန္းမုန္တုိင္း ၊ ေနာက္ ၃၆ နာရီ အတြင္း အားအလြန္ ေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း အျဖစ္သို႔ ေရာက္ရွိႏုိင္ေၾကာင္း ၊ ေနာက္ ၇၂ နာရီ အတြင္း အေရွ႕ေျမာက္ဘက္သို႔ ေကြ႔ကာ ေရႊ႕လွ်ားနိုင္တယ္လို႔ မိုး / ဇလ မွ ယေန႔ ဧၿပီလ ၂၈ ရက္ မြန္းတည္႔ ၁၂ နာရီ အခ်ိန္မွာ သတင္း ထုတ္ျပန္ခဲ့ ပါတယ္ ။ …..

Unicode

နာဂစ်ထက် ပိုမိုပြင်းထန်သည့် ဖန်နီ မုန်တိုင်း ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်

နာဂစ် မုန်တိုင်းထက် ပိုမိုပြင်းထန်သည့် ဖန်နီ မုန်တိုင်းသည် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ဝင်ရောက်နိုင် တယ်လို့ မိုး / ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Opinion Leaders Media ရဲ့ မေးမြန်းမှုကို ဖြေကြား ခဲ့ပါတယ် ။

“ လက်ရှိ သချာၤမော်ဒယ် အခြေပြု စက်တွေရဲ့ တွက်ထုတ်မှု အရ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ဝင်ဖို့များတယ် ။ ကမ်းကို အစောဆုံး ၅ ရက်နေ့ ၊ နောက်ကျရင် ၆ ရက်နေ့ လောက် ဝင်မယ် ။

အပြင်းဆုံးက တစ်နာရီ မိုင် ၁၅၀ နည်းနည်း ကျော်နိုင်တယ် ။ ပုံမှန် ဆိုရင်တော့ ၁၁၀ ၊ ၁၂၀ လောက် ဖြစ်နိုင်တယ် ။ နာဂစ် တုန်းက တစ်နာရီ မိုင်၁၂၀ နှုန်းလောက် တိုက်တယ် ။

နာဂစ် နဲ့ ဂီရိ နဲ့ ဆိုရင် ၂၀၁၀ မှာ ဖြစ်တဲ့ ဂီရိ က ပိုပြင်းတယ် ။ ဒါပေမယ့် ကမ်းဝင်တဲ့ နေရာကွာ သွားတာပေါ့ ။ ရခိုင်ဘက်ကို ဝင်ရင် ရုတ်တရက် ရေကြီး တာတွေ ဖြစ်နိုင်တယ် ။

တောင်ကျချောင်းတွေ ကနေပြီးတော့ လျှပ်တပြက် ရေကြီးမှု ဖြစ်စဉ်မျိုးတွေ မြေပြိုနိုင်တဲ့ တောင် ပေါ်ဒေသ ဖြစ်စဉ်မျိုးတွေ ဒါမျိုးတွေ ဖြစ်နိုင်တယ် ” လို့ပြောကြား ခဲ့ပါတယ် ။

အင်အားပြင်းထန်သည့် ဖန်နီ မုန်တိုင်းသည် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ဝင်ရောက်နိုင်သည့် အတွက် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်ပြီး အဆိုပါ ဒေသသို့ မုန်တိုင်း ဝင်ရောက် ခဲ့ပါက ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်း ဒေသကြီးများ ဘက်သို့ ကုန်းတွင်း မုန်တိုင်းအဖြစ် ဆက်လက် ဝင်ရောက်သွားနိုင်တယ်လို့ ဆိုပါတယ် ။

“ အဓိက ကတော့ ရခိုင်မြောက်ပိုင်း တွေ ပြင်ဆင်ထားဖို့ လိုမယ် ။ ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်း ဒေသကြီးဘက် တွေကိုလည်း ကုန်းတွင်း မုန်တိုင်းအနေနဲ့ ဝင်ရောက်နိုင်တယ် ” လို့ ပြောကြား ခဲ့ပါတယ် ။

ဖန်နီမုန်တိုင်းသည် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ဦးတည်နေသော်လည်း လမ်းကြောင်းများ ပြောင်းလဲ နိုင်သေးတယ်လို့ ဆိုပါတယ် ။

ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ် လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒ ရာတို့ တွင် ဖြစ်ပေါ်နေသော ဖန်နီ ( FANI ) ဆိုင်ကလုန်း မုန်တိုင်းသည် တစ်နာရီလျှင် မိုင် ၅၀ နှုန်းဖြင့် မြောက် – အနောက် – မြောက် ဘက်သို့ ဦးတည် ရွှေ့လျှားနေပြီး နောက် ၁၂ နာရီ အတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ၊ နောက် ၃၆ နာရီ အတွင်း အားအလွန် ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ၊ နောက် ၇၂ နာရီ အတွင်း အရှေ့မြောက်ဘက်သို့ ကွေ့ကာ ရွှေ့လျှားနိုင်တယ်လို့ မိုး / ဇလ မှ ယနေ့ ဧပြီလ ၂၈ ရက် မွန်းတည့် ၁၂ နာရီ အချိန်မှာ သတင်း ထုတ်ပြန်ခဲ့ ပါတယ် ။ …..