ထ မင္း ခ်က္ ျပဳတ္ ရာ မွာ အိမ္ ရွင္ မ တိုင္း သိ ထား သင့္ တဲ့ နည္း လမ္း မ်ား ..

ထ မင္း ခ်က္ ျပဳတ္ ရာ မွာ အိမ္ ရွင္ မ တိုင္း သိ ထား သင့္ တဲ့ နည္း လမ္း မ်ား ..
ထ မင္း ခ်က္ ျပဳတ္ ရာ မွာ အိမ္ ရွင္ မ တိုင္း သိ ထား သင့္ တဲ့ နည္း လမ္း မ်ား ..

ထ မင္း ခ်က္ ျပဳတ္ ရာ မွာ အိမ္ ရွင္ မ တိုင္း သိ ထား သင့္ တဲ့ နည္း လမ္း မ်ား ..

ေန႔စဥ္စားသုံးမႈမွာ အဓိက အစားအစာ တမ်ိဳးျဖစ္တဲ့ ထမင္းခ်က္ျပဳတ္တာဟာ အေပၚယံအားျဖင့္ေတာ့ လြယ္ကူတယ္လို႔ ထင္ရပါတယ္ ။ ၿပီးျပည့္စုံတဲ့ ထမင္းျဖစ္ဖို႔အတြက္ အိမ္ရွင္မေတြကို အခုေဖာ္ျပေပးမယ့္ အခ်က္ေတြက အကူအညီေပးႏိုင္မွာပဲ ျဖစ္ပါတယ္ ။

(၁) ရာသီဥတု အပူရွိန္ေၾကာင့္ ထမင္းေတြ အလြယ္တကူ သိုးမသြားေစဖို႔အတြက္ ဆား အနည္းငယ္ေလာက္ကို ထမင္းခ်က္တဲ့အခါ ျဖဴးၿပီးထည့္ႏိုင္သလို ထမင္းၾကမ္းေတြကို ျပန္ေႏႊးစားတဲ့ အခါမ်ိဳးမွာလည္း ဆားအနည္းငယ္ ျဖဴးေပးျခင္းက ထမင္းက အနံ႔အသက္ေတြကို ေပ်ာက္ကင္းေစမွာ ျဖစ္ပါတယ္ ။

(၂) ထမင္း မခ်က္ျပဳတ္မီ ဆန္ကို သုံးေရေလာက္အထိ ေရၾကည္ေအာင္ ေဆးေပးျခင္းဟာ ဆန္ထဲက အနယ္အႏွစ္ေတြကို ဖယ္ရွားေပးတာေၾကာင့္ ထမင္းသိုးသြားမွာကို စိတ္ပူစရာ မလိုေတာ့ပါဘူး ။

ဒီလိုမ်ိဳး ၃ ေရခန႔္ေဆးေပးျခင္းဟာ ဆန္ထဲက အနယ္အႏွစ္ေတြကို ဖယ္ရွားေပးႏိုင္တဲ့အျပင္ ဆန္မွာ ပါဝင္တဲ့ အာဟာရ ဓာတ္ေတြကိုလည္း ဆုံးရႈံးေစႏိုင္တာေၾကာင့္ က်န္းမာေရး အတြက္ေတာ့ သတိျပဳသင့္ပါတယ္ ။

(၃) ထမင္းေစ့ေတြကို တေစ့နဲ႔ တေစ့ ေစးေစးကပ္ကပ္ မျဖစ္ေစဘဲ တေစ့ခ်င္းျဖစ္ခ်င္တယ္ ဆိုရင္ေတာ့ ထမင္း ခ်က္တဲ့အခါ ထည့္တဲ့ ေရ ထဲကို ပဲဆီ ဒါမွမဟုတ္ ဟင္းခ်က္ဆီ တမ်ိဳးမ်ိဳးကို ထည့္ၿပီး ခ်က္ျပဳတ္ႏိုင္မွာပဲ ျဖစ္ပါတယ္ ။

(၄) ထမင္း လုံးဝ က်က္ၿပီးသြားတဲ့ အဆင့္မွာ ထမင္းအိုးေပၚကို အဝတ္စ တခုနဲ႔ ခံၿပီးမွ အေပၚကေန အဖုံးအုပ္ေပးျခင္းက ထမင္းေတြ ကပ္ေစးေစး ျဖစ္ေပၚျခင္းကို တားဆီးေပးႏိုင္တဲ့အျပင္ ထမင္းသိုးသြားျခင္းကိုလည္း ျဖစ္ေပၚေစမွာ မဟုတ္ပါဘူး ။

(၅) ထမင္းခ်က္ရင္း ထမင္းတူးသြားတဲ့ အခါမ်ိဳးမွာ တူးနံ႔ေတြေၾကာင့္ ထမင္းေတြ စားမေကာင္းျဖစ္မွာကို စိုးရိမ္စရာ မလိုပါဘူး ။ ၾကက္သြန္ၿမိတ္ေတြကို အေနေတာ္ လွီးျဖတ္ၿပီး ထမင္းအိုးထဲနဲ႔ ထမင္းေတြၾကားထဲကို ထည့္ေပး႐ုံနဲ႔ တူးနံ႔ေတြကို ေပ်ာက္ကင္း သြားေစမွာပဲ ျဖစ္ပါတယ္ ။

(၆) ထမင္းခ်က္ျပဳတ္တဲ့အခါ ထည့္တဲ့ေရထဲကို ရွာလကာရည္ တစက္ ၊ ႏွစ္စက္ခန႔္ ထည့္ေပးမယ္ ဆိုရင္ေတာ့ ထမင္းသိုးျခင္းကို ကာကြယ္ေပးႏိုင္တဲ့ အျပင္ ဆန္ေတြ အထားၾကာတဲ့အခါ ျဖစ္ေပၚတတ္တဲ့ အနံ႔အသက္ မေကာင္းတာေတြကိုပါ ေပ်ာက္ကင္းေစႏိုင္ပါတယ္ ။

Credit to Writer

Unicode

ထ မင်း ချက် ပြုတ် ရာ မှာ အိမ် ရှင် မ တိုင်း သိ ထား သင့် တဲ့ နည်း လမ်း များ ..

နေ့စဉ်စားသုံးမှုမှာ အဓိက အစားအစာ တမျိုးဖြစ်တဲ့ ထမင်းချက်ပြုတ်တာဟာ အပေါ်ယံအားဖြင့်တော့ လွယ်ကူတယ်လို့ ထင်ရပါတယ် ။ ပြီးပြည့်စုံတဲ့ ထမင်းဖြစ်ဖို့အတွက် အိမ်ရှင်မတွေကို အခုဖော်ပြပေးမယ့် အချက်တွေက အကူအညီပေးနိုင်မှာပဲ ဖြစ်ပါတယ် ။

(၁) ရာသီဥတု အပူရှိန်ကြောင့် ထမင်းတွေ အလွယ်တကူ သိုးမသွားစေဖို့အတွက် ဆား အနည်းငယ်လောက်ကို ထမင်းချက်တဲ့အခါ ဖြူးပြီးထည့်နိုင်သလို ထမင်းကြမ်းတွေကို ပြန်နွှေးစားတဲ့ အခါမျိုးမှာလည်း ဆားအနည်းငယ် ဖြူးပေးခြင်းက ထမင်းက အနံ့အသက်တွေကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ် ။

(၂) ထမင်း မချက်ပြုတ်မီ ဆန်ကို သုံးရေလောက်အထိ ရေကြည်အောင် ဆေးပေးခြင်းဟာ ဆန်ထဲက အနယ်အနှစ်တွေကို ဖယ်ရှားပေးတာကြောင့် ထမင်းသိုးသွားမှာကို စိတ်ပူစရာ မလိုတော့ပါဘူး ။

ဒီလိုမျိုး ၃ ရေခန့်ဆေးပေးခြင်းဟာ ဆန်ထဲက အနယ်အနှစ်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဆန်မှာ ပါဝင်တဲ့ အာဟာရ ဓာတ်တွေကိုလည်း ဆုံးရှုံးစေနိုင်တာကြောင့် ကျန်းမာရေး အတွက်တော့ သတိပြုသင့်ပါတယ် ။

(၃) ထမင်းစေ့တွေကို တစေ့နဲ့ တစေ့ စေးစေးကပ်ကပ် မဖြစ်စေဘဲ တစေ့ချင်းဖြစ်ချင်တယ် ဆိုရင်တော့ ထမင်း ချက်တဲ့အခါ ထည့်တဲ့ ရေ ထဲကို ပဲဆီ ဒါမှမဟုတ် ဟင်းချက်ဆီ တမျိုးမျိုးကို ထည့်ပြီး ချက်ပြုတ်နိုင်မှာပဲ ဖြစ်ပါတယ် ။

(၄) ထမင်း လုံးဝ ကျက်ပြီးသွားတဲ့ အဆင့်မှာ ထမင်းအိုးပေါ်ကို အဝတ်စ တခုနဲ့ ခံပြီးမှ အပေါ်ကနေ အဖုံးအုပ်ပေးခြင်းက ထမင်းတွေ ကပ်စေးစေး ဖြစ်ပေါ်ခြင်းကို တားဆီးပေးနိုင်တဲ့အပြင် ထမင်းသိုးသွားခြင်းကိုလည်း ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး ။

(၅) ထမင်းချက်ရင်း ထမင်းတူးသွားတဲ့ အခါမျိုးမှာ တူးနံ့တွေကြောင့် ထမင်းတွေ စားမကောင်းဖြစ်မှာကို စိုးရိမ်စရာ မလိုပါဘူး ။ ကြက်သွန်မြိတ်တွေကို အနေတော် လှီးဖြတ်ပြီး ထမင်းအိုးထဲနဲ့ ထမင်းတွေကြားထဲကို ထည့်ပေးရုံနဲ့ တူးနံ့တွေကို ပျောက်ကင်း သွားစေမှာပဲ ဖြစ်ပါတယ် ။

(၆) ထမင်းချက်ပြုတ်တဲ့အခါ ထည့်တဲ့ရေထဲကို ရှာလကာရည် တစက် ၊ နှစ်စက်ခန့် ထည့်ပေးမယ် ဆိုရင်တော့ ထမင်းသိုးခြင်းကို ကာကွယ်ပေးနိုင်တဲ့ အပြင် ဆန်တွေ အထားကြာတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ အနံ့အသက် မကောင်းတာတွေကိုပါ ပျောက်ကင်းစေနိုင်ပါတယ် ။