အိပ္ငိုက္လြန္သြားတဲ့ ေမာ္ရင္ဟို ဂတုံးျဖစ္သြား
- By : Phoe Linn
- Category : Entertainment, Sport

အိပ္ငိုက္လြန္သြားတဲ့ ေမာ္ရင္ဟို ဂတုံးျဖစ္သြား
ၿပီးခဲ့တဲ့ စေနေန႔က ခ်န္ပီယံလိဂ္မွာ စပါးနဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ RB Leipzig အသင္းကို ေလ့လာဖို႔အတြက္ စပါးမန္ေနဂ်ာ ေမာ္ရင္ဟို တစ္ေယာက္ ဂ်ာမဏီကို သြားခဲ့ပါတယ္။ ဂ်ာမဏီ ေရာက္ေတာ့ လစ္ပ္ဇစ္ၿမိဳ႕က ဆံပင္ညပ္ဆိုင္ တစ္ဆိုင္သြားၿပီး ဆံပင္ညပ္တာ ေမာေမာ နဲ႔ အိပ္ေပ်ာ္သြားလို႔ အိပ္ရာက ႏိုးေတာ့ ဆံပင္က ကုန္သေလာက္ ျဖစ္ေနတယ္ ။ ။
ဒါေၾကာင့္မထူး ဘူးဆိုၿပီး နံပါတ္ ၁ ဂတုံး ဆံပင္ေပါက္ ပုံပဲ ညပ္ခိုင္းလိုက္ ရပါတယ္။ အခုေတာ့ ေမာ္ရင္ဟိုက ဂတုံးေကနဲ႔ ေမာ္ရင္ဟို ျဖစ္သြားပါၿပီ။ စကိုင္းစေပါ့နဲ႔ အင္တာဗ်ဴးမွာ သူက လစ္ပ္ဇစ္မွာ ဘာမွ မသိခဲ့ရပါဘူးလို႔ ဆိုတယ္။ ေနာက္ၿပီးေတာ့ သီးျခား ဘာအစီအစဥ္မွလည္း မရွိပါဘူးလို႔ ေျပာပါတယ္။ ဆံပင္ပုံစံနဲ႔ ပတ္သက္ၿပီးေတာ့ စကိုင္းစေပါ့က အေမးကိုေတာ့ “ တစ္ခါတစ္ေလ က်ေနာ္က ပုံစံခြက္ထဲက ႐ုန္းထြက္ခ်င္ေနတယ္။
မန္ေနဂ်ာတစ္ေယာက္ ဆိုတာ ဘယ္လိုေနရမယ္ ဆိုတဲ့ ပုံစံခြက္ကို ေျပာတာပါ။ နည္းနည္းေလာက္ေတာ့ ေျပာင္းခ်င္ေနတယ္။ ဒါေပမဲ့ ဒီဆံပင္ ပုံစံကေတာ့ အဲ့ဒိေျပာင္း လဲခ်င္စိတ္နဲ႔ ဘာမွ မဆိုင္ပါဘူး။ က်ေနာ္ ဆံပင္ညပ္ရင္းနဲ႔ အိပ္ေပ်ာ္သြားလို႔ပါ” လို႔ ရီေမာရင္းနဲ႔ ေျပာပါတယ္။ လက္ရွိကေတာ့ ေမာ္ရင္ဟိုက စပါးမွာေအာင္ျမင္ေနတယ္လို႔ ေျပာရမလို ျဖစ္ေနပါတယ္။
၂၅ ပြဲ ကစားထားၿပီးေနာက္ ရမွတ္ ၃၇မွတ္နဲ႔ အဆင့္၆ ေနရာမွာ ရွိၿပီး ဥေရာပၿပိဳင္ပြဲ တစ္ေနရာဝင္ခြင့္ တစ္ေနရာအတြက္ လုံးပန္းေနရပါတယ္။ လာမယ့္ အပတ္မွာ ဂ်ာမဏီအသင္းနဲ႔ အိမ္ကြင္းမွာ ခ်န္ပီယံလိဂ္ ရႈံးထြက္ၿပိဳင္ပြဲ ကစားရမွာ ျဖစ္ပါတယ္။ စပါးအသင္းက ေဖေဖာ္ဝါရီလထဲမွာ ပြဲညပ္ေနပါတယ္ ။ ခ်န္ပီယံလိဂ္ပြဲရွိသလို အက္စတန္ဗီလာ အသင္းနဲ႔ရယ္ ခ်ယ္လ္ဆီးအသင္းနဲ႔ ရယ္ပါ ကစားစရာ ရွိေနပါတယ္။ ေနာက္ဆုံး ၆ ပြဲ ဆက္တိုက္ရႈံးပြဲမရွိ ကစားထားလို႔ အသင္းက ယုံၾကည္မႈေတြ တက္ေနပါတယ္။ ။
လက္ရွိ ခ်န္ပီယံလိဂ္ ပရီမီးယားလိဂ္ နဲ႔ FA ဖလား ၿပိဳင္ပြဲ သုံးမ်ိဳးထဲမွာ ပရိမီးယားလိဂ္က ေတာ့ ထိပ္ကေျပးေနတဲ့ လီဗာပူးကို လိုက္ႏိုင္ေတာ့မွာ မဟုတ္တဲ့ အတြက္ ဖလား ၂ လုံး အိပ္မက္ က မက္လို႔ ရေနပါေသးတယ္။ ေမာ္ရင္ဟိုကေတာ့ အဓိက ကစားသမားေတြ ဒဏ္ရာ မရရင္ သူတို႔ အိပ္မက္ကို အေကာင္အထည္ေဖာ္ႏိုင္မွာလို႔ ဆိုတယ္။ ။
စပါးအသင္းရဲ႕ အသင္းသားေတြ စိတ္ဓာတ္ ေကာင္းပုံကေတာ့ သူကိုင္ဖူးသမွ် အသင္းေတြထက္ ေကာင္းတယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။
ေမာင္ယႆ REF: goal .com photo;skysport
Unicode
အိပ်ငိုက်လွန်သွားတဲ့ မော်ရင်ဟို ဂတုံးဖြစ်သွား
ပြီးခဲ့တဲ့ စနေနေ့က ချန်ပီယံလိဂ်မှာ စပါးနဲ့ ယှဉ်ပြိုင်ကစားမယ့် RB Leipzig အသင်းကို လေ့လာဖို့အတွက် စပါးမန်နေဂျာ မော်ရင်ဟို တစ်ယောက် ဂျာမဏီကို သွားခဲ့ပါတယ်။ ဂျာမဏီ ရောက်တော့ လစ်ပ်ဇစ်မြို့က ဆံပင်ညပ်ဆိုင် တစ်ဆိုင်သွားပြီး ဆံပင်ညပ်တာ မောမော နဲ့ အိပ်ပျော်သွားလို့ အိပ်ရာက နိုးတော့ ဆံပင်က ကုန်သလောက် ဖြစ်နေတယ် ။ ။
ဒါကြောင့်မထူး ဘူးဆိုပြီး နံပါတ် ၁ ဂတုံး ဆံပင်ပေါက် ပုံပဲ ညပ်ခိုင်းလိုက် ရပါတယ်။ အခုတော့ မော်ရင်ဟိုက ဂတုံးကေနဲ့ မော်ရင်ဟို ဖြစ်သွားပါပြီ။ စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ သူက လစ်ပ်ဇစ်မှာ ဘာမှ မသိခဲ့ရပါဘူးလို့ ဆိုတယ်။ နောက်ပြီးတော့ သီးခြား ဘာအစီအစဉ်မှလည်း မရှိပါဘူးလို့ ပြောပါတယ်။ ဆံပင်ပုံစံနဲ့ ပတ်သက်ပြီးတော့ စကိုင်းစပေါ့က အမေးကိုတော့ “ တစ်ခါတစ်လေ ကျနော်က ပုံစံခွက်ထဲက ရုန်းထွက်ချင်နေတယ်။
မန်နေဂျာတစ်ယောက် ဆိုတာ ဘယ်လိုနေရမယ် ဆိုတဲ့ ပုံစံခွက်ကို ပြောတာပါ။ နည်းနည်းလောက်တော့ ပြောင်းချင်နေတယ်။ ဒါပေမဲ့ ဒီဆံပင် ပုံစံကတော့ အဲ့ဒိပြောင်း လဲချင်စိတ်နဲ့ ဘာမှ မဆိုင်ပါဘူး။ ကျနော် ဆံပင်ညပ်ရင်းနဲ့ အိပ်ပျော်သွားလို့ပါ” လို့ ရီမောရင်းနဲ့ ပြောပါတယ်။ လက်ရှိကတော့ မော်ရင်ဟိုက စပါးမှာအောင်မြင်နေတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။
၂၅ ပွဲ ကစားထားပြီးနောက် ရမှတ် ၃၇မှတ်နဲ့ အဆင့်၆ နေရာမှာ ရှိပြီး ဥရောပပြိုင်ပွဲ တစ်နေရာဝင်ခွင့် တစ်နေရာအတွက် လုံးပန်းနေရပါတယ်။ လာမယ့် အပတ်မှာ ဂျာမဏီအသင်းနဲ့ အိမ်ကွင်းမှာ ချန်ပီယံလိဂ် ရှုံးထွက်ပြိုင်ပွဲ ကစားရမှာ ဖြစ်ပါတယ်။ စပါးအသင်းက ဖေဖော်ဝါရီလထဲမှာ ပွဲညပ်နေပါတယ် ။ ချန်ပီယံလိဂ်ပွဲရှိသလို အက်စတန်ဗီလာ အသင်းနဲ့ရယ် ချယ်လ်ဆီးအသင်းနဲ့ ရယ်ပါ ကစားစရာ ရှိနေပါတယ်။ နောက်ဆုံး ၆ ပွဲ ဆက်တိုက်ရှုံးပွဲမရှိ ကစားထားလို့ အသင်းက ယုံကြည်မှုတွေ တက်နေပါတယ်။ ။
လက်ရှိ ချန်ပီယံလိဂ် ပရီမီးယားလိဂ် နဲ့ FA ဖလား ပြိုင်ပွဲ သုံးမျိုးထဲမှာ ပရိမီးယားလိဂ်က တော့ ထိပ်ကပြေးနေတဲ့ လီဗာပူးကို လိုက်နိုင်တော့မှာ မဟုတ်တဲ့ အတွက် ဖလား ၂ လုံး အိပ်မက် က မက်လို့ ရနေပါသေးတယ်။ မော်ရင်ဟိုကတော့ အဓိက ကစားသမားတွေ ဒဏ်ရာ မရရင် သူတို့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်မှာလို့ ဆိုတယ်။ ။
စပါးအသင်းရဲ့ အသင်းသားတွေ စိတ်ဓာတ် ကောင်းပုံကတော့ သူကိုင်ဖူးသမျှ အသင်းတွေထက် ကောင်းတယ်လို့ ချီးကျူးခဲ့ပါတယ်။
မောင်ယဿ REF: goal .com photo;skysport
No Comments