Entertainment
Unicode
မိဘရဲ့ဆိုးမွေတွေကြောင့်ပါလို့ ဆိုလာတဲ့ ဂျင်မ်ကာရေး
The Mask ကားနဲ့ တကမ္ဘာလုံး ကိုထိုးဖောက်ခဲ့တဲ့ မင်းသားဂျင်မ်ကာရေးက လက်ရှိ သူခံစားနေရတဲ့ ကျန်းမာရေး ပြဿနာတော်တော် များများက မိဘရဲ့ဆိုးမွေတွေကြောင့်လို့ဆိုပါတယ်။ နောက်ပြီး ဘဝကို ဆိုးဆိုးဝါးဝါး ဖြတ်သန်းခဲ့ရ အကြောင်းလည်း ဟောလီးဝုဒ် ရီပိုတာ ရုပ်သံ အင်တာဗျူးမှာ ရှင်းပြခဲ့ပါတယ်။ သူရဲ့မိဘတွေက ဆေးလိပ် အသောက်ကြမ်းသူတွေဖြစ်တဲ့ အတွက်ကြောင့် သူမှာ မွေးရာပါ အကျိပ် တည်တဲ့ရောဂါရှိ ခဲ့ရပါတယ်လို့ဆိုတယ်။
သူ့မိဘတွေ က ဘယ်လောက်တောင် ဆေးလိပ်အသောက်ကြမ်းလဲ ဆိုတော့ မနက်ဖြန်သေတော့မှာမို့လို့ ဒီကနေ့ အားရအောင် သောက်သလိုမျိုးကို သောက်တာတဲ့။ သူတို့က သူတို့ဘဝကို ရှင်သန်ဖို့ ထက် သေသွားရင်ကောင်မယ်ဆိုတဲ့အတွေးနဲ့မိဘတွေနဲ့ နေရတဲ့ သားတစ်ယောက်ရဲ့စိတ်ဒုက္ခကို ကိုယ်ချင်းစာသာ ကြည့်ပါတော့လို့ ဆိုတယ်။ သူတို့သာ သေသွားရင်ဆိုတဲ့အတွေးနဲ့ ကြောက်လန့်ပြီး ရေချိုးခန်းတံခါးပိတ်ပြီး ငိုခဲ့ရတယ်။ သူတို့က ရေချိုးခန်းတံခါး ဖျက်ပြီး ကျနော်ကို ခေါ်ထုတ်ကြပါတယ်။
အဲ့တုန်းက ကြောက်သလိုမျိုး တစ်ခါမှ မကြောက်ဖူးပါဘူး။ ကျနော်၇ နှစ်သားလောက်က ဖြစ်မယ် ထင်ပါတယ်။ အဲ့တုန်းက အမေက ထမင်းစားပွဲမှာ ငါ့ဦးနှောက်တွေက တဖြည်းဖြည်းပျက်ဆီးလာနေပြီ။ ငါကအချိန်မရွေး သေသွားနိုင်တယ်။ နင့်ကိုယ်နင် ဂရုစိုက်နိုင်အောင်သာ ကြိုးစားဆိုပြီးပြောပါတယ်လို့ ဆိုတယ်။ အဲ့ဒိတုန်းက အဖြစ်အပျက်တွေကို အခြေခံပြီး ကာရေးက ၂၀၀၃ မှာ ကလေးစာအုပ်ဖြစ်တဲ့ How Roland Roll ဆိုတဲ့စာအုပ်ကို ထုတ်ေ၀ ဖြစ်ခဲ့တာပါ။ သေတော့မှာလို့ ခဏခဏ ပြောတဲ့အမေ ရဲ့ သားတစ်ယောက်အဖြစ်နဲ့ အမေသေသွားရင် ဘယ်သူ့ကို ကိုးစားရမလဲဆိုတဲ့အတွေးရှင်သန်ခဲ့ရတဲ့ ကလေးတစ်ယောက်ရဲ့ အတွေးထဲမှာ နက်နက်ရှိုင်းရှိုင်း စူးဝင်နေတာက အကြောက်တရား သက်သက်ပါပဲ။
အဲ့ဒိလိုအခြေအနေနဲ့ ရှင်သန်နေရတဲ့အထဲ သူ့အဖေက အလုပ်ပြုတ်လာတော့ နေစရာအိမ်ပါမရှိတော့လို့ မိသားစုလိုက် ကားပေါ်မှာ နေခဲ့ရပါသေးတယ်။ “ကျနော်က ကျနော့် အချိန်တော်တော်များများကို အခန်းထဲမှာပဲ အချိန်ကုန်တာပါ။ မှန်တစ်ချပ်ကို ရှေ့မှာထောင်ပြီး မှန်ထဲက ကိုယ့်ပုံ ကိုယ်ကြည့်ပြီး စကားပြောနေရတာပါပဲ၊ အသက်၁၅နှစ်သားလောက်ရောက်တဲ့အထိ ဘာဆိုဘာမှမသိခဲ့ပါဘူး။
သရုပ်ဆောင် ဘ၀ တုန်းကလည်း လော့စ်အိန်ဂျလိစ့်က ပွဲတစ်ပွဲမှာ ပရိသက်က ခုံနဲ့ ပစ်ပေါက်တဲ့အထိ ဝိုင်းအော်နှင် ထုတ်တာခံ ရခဲ့ဖူးပါ တယ်လို့ဆို တယ်။
ကျန်းမာရေးအခြေအနေမကောင်းတဲ့ ဂျင်မ်ကာရေးက သူဘဝကြမ်းတမ်းမှုတွေကို ဖော်ပြခဲ့ပါတယ်။
မောင်ယဿ REF: Hollywood life photo; leonbennett
No Comments
Leave a Reply
Your email address will not be published.
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
International-news
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ
အိမ်သာတက်တုန်း ငယ်ပါကို မြွေကိုက်ခံရလို့ ဆေးရုံ တင်လိုက်ရ ထိုင်းနိုင်ငံက နန်သာဘူရီ ခရိုင်မှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ပါ။ ၁၈နှစ်အရွယ် ဆီရာပေါ့ လို့ ခေါ်တဲ့ တက္ကသိုလ် ကျောင်းသားလေးက ဗိုက်နာလွန်းလို့ ရေအိမ်ထဲ ပြေးထိုင်ပြီး အိမ်သာတက်တာ သူ့ရဲ့ ငယ်ပါကို အကောင်တစ်ကောင် ကိုက်တယ်ထင်လို့ အော်ပြီး ထလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ ငယ်ပါကို စပါးကြီးတစ်ကောင်က ကိုက်ခဲထားတာကို တွေ့ လိုက်ရပါတယ်။ သူက အလန်တကြားအော်ပြီး မြွေကို ခါချနေတဲ့ အချိန်မှာ မိသားစုက အပြေးအလွှား ရောက်လာပြီး မြွေကို ဖြုတ်ချပြီး သူ့ကို ဆေးရုံ အမြန်ပို့လိုက်ရပါတယ်။ ဖြစ်စဉ်က ဒီဖက်ခေတ်လူငယ်တွေရဲ့ ဖြစ်စဉ်အတိုင်းပါပဲ။ ဆီရာပေါ့က …
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
International-news
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု
နှစ်၁၀၀ လောက်ကြာမှ စာတိုက်ကနေ ရောက်လာတဲ့ ပို့စကတ် တစ်ခု ၁၉၂၀ အောက်တိုဘာလ ၂၉ ရက်နေ့က လူစီယားနားပြည်နယ်ကနေ ပို့လိုက်တဲ့ ပို့စကတ်တစ်စောင်က ၂၀၂၀ စက်တင်ဘာလ ၁၂ရက်နေ့ မှာ မစ်ချီဂန်က အမျိုးသမီး တစ်ယောက်ရဲ့ အိမ်ကိုရောက်လာပါတယ်။ ဘာအကြောင့်ကြောင့် ပို့စကတ် စာတစ်စောင်က နှစ်၁၀၀ လောက်ကြာမှ စာလက်ခံသူ အိမ်လိပ်စာ ဆီကို ရောက်လည်းတော့ မသိပေမဲ့ အိမ်ရှင်အမျိုသမီး က စာတိုက်ပုံးကိုရှင်းတော့ တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ စာက စာတိုက်ပုံးထဲကို နဂိုကတည်းက ရောက်နေတာတော့ မဖြစ်နိုင်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်က အိမ်ကိုဝယ်ပြီး နေထိုင်တဲ့ အမျိုသမီး ကဆိုပါတယ်။ ကျမတို့ အိမ်ပြောင်းလာတုန်းက …
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
International-news
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား
စပါးကြီးမြွေတွေလည်း လေဥ ဥလေသလား စိန့်လူးဝစ် တိရစ္ဆာန် ရုံက အသက် ၅၀ အရွယ် စပါးကြီး မြွေမတစ်ကောင်က မြွေ အထီးနဲ့ အထိအတွေ့ မရှိဘဲ ဥ ၇ လုံး ဥ ခဲ့လို့ တိရစ္ဆာန်ရုံ အကြီးအကဲက အံ့အားတွေ သင့်ခဲ့ရပါတယ်။ သူမက အဲံဒိတိရစ္ဆာန်ရုံ မှာ ရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ တိရစ္ဆာန်ရုံရဲ့ သက်တမ်းအရင့်ဆုံး အကောင်တစ်ကောင် ဆိုရင်လည်း မမှားပါဘူး။ သူမနောက်ဆုံး ဥဥခဲ့တာက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ပါ။ အဲ့ဒိနောက်မှာတော့ သူမကို တစ်ကောင်တည်း သီးခြား ထားခဲ့တာပါ။ အထီးတွေနဲ့ အဆက်အဆံမရှိ ဘဲ ဥဥတဲ့အတွက် …