သွေးဆုံးကိုင်တဲ့ အမျိုးသမီးတွေ ဆေးခြောက်ရှုရင် သက်သာတယ်လို့ ဆို လို့ အငြင်းအခုံတွေဖြစ်

သွေးဆုံးကိုင်တဲ့ အမျိုးသမီးတွေ ဆေးခြောက်ရှုရင် သက်သာတယ်လို့ ဆို လို့ အငြင်းအခုံတွေဖြစ်
International-news

သွေးဆုံးကိုင်တဲ့ အမျိုးသမီးတွေ ဆေးခြောက်ရှုရင် သက်သာတယ်လို့ ဆို လို့ အငြင်းအခုံတွေဖြစ်

မောင်ယဿ ( စက်တင်ဘာ ၂၃ )

သွေးဆုံးသွားတဲ့ အမျိုးသမီးတွေမှာ စိတ်ဂဏါမငြိမ်ဖြစ်တာတွေ ၊ မိန်းမကိုယ်ခြောက်တာတွေ ၊ အသားပူတာတွေ ၊ ချမ်းတတ်တာတွေ ၊ ညဖက်မှာ ချွေးပျံတာတွေ ၊ အိပ်မပျော်တာတွေ ၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်တာတွေ ၊ ကိုယ့်အလေးချိန်တက်တာတွေနဲ့ အစာချေစနစ်နှေးတာတွေ ဖြစ်တတ်ပါတယ်။

အဆိုးဆုံးကတော့ ကိုက်ခဲ နာကျင်နေတတ်တာပါ။ လေ့လာမှု အသစ်တစ်ရပ်က ဆေးခြောက် အနည်းငယ်ရှုလိုက်ရင် အဲ့ဒိရောဂါလက္ခဏါတွေသက်သာတယ်လို့ ဆိုပါတယ်။

ကနေဒါ အယ်လ်ဘာတာတက္ကသိုလ်က ဘွဲယူစာတမ်းတင်တဲ့ ကတ်သရင်းဘတ်ရင်က သူမရဲ့ သုတေသနစာတမ်းထဲမှာ အဲ့ဒိအကြောင်း ကို အသေးစိတ်ရေးသားဖော်ပြခဲ့ပါတယ်။

အမျိုး သမီးတွေ သက်လတ်ပိုင်း အရွယ်ရောက်ပြီ ဆိုရင် ဆေးခြောက်ကို အနည်းငယ်စမ်းသုံး သင့်ပါတယ်။ အဲ့ဒါက သူတို့ သွေးဆုံးချိန်ကာလရောက်ပြီဆိုရင် ခံစားရမယ့် ရောဂါလက္ခဏါတွေကို သက်သာစေပါတယ်လို့ သူမက ဆိုပါတယ်။

ဒါပေမဲ့ မြောက်အမေရိကား က သွေးဆုံးကိုင် လူ့အဖွဲ့အစည်းကဆေးဝါးဆိုင်ရာ အကြံပေး ဒေါက်တာ စတီဖနီဖူဘီယွန် ကတော့ ဆေးခြောက်နဲ့သွေးဆုံးကိုင်တဲ့ ရောဂါလက္ခဏါ ဆက်စပ်မှု ကို သိပ္ပံဆိုင်ရာ အချက်အလက်တွေနဲ့ထောက်မပြနိုင်သေးပါဘူးလို့ ဆိုထားပါတယ်။

ကျောင်းသူကတ်သရင်းကတော့ သူမရဲ့ သုတေသနကို သွေဆုံးကိုင်တဲ့အမျိုးသမီး ၁၅၀၀ နဲ့ တွေ့ဆုံပြီး စမ်းသက်ထားတာပါ ။ ဒေါက်တာစတီဖနီကလည်း ဆေးဝါးအဖြစ်သဲုးတော့မယ်ဆိုရင် တိကျရေရာတဲ့ လက်တွေ့ စမ်းသက်ချက်တွေ မပါဘဲသုံးရင် အန္တရာယ်ရှိပါတယ်လို့ ဆိုပါတယ်။

အဲ့ဒိစာတမ်းထွက်ပြီးနောက်မှာတော့ အမေရိကားက လိုင်းပေါ်မှာ သွေးဆုံးကိုင် အမျိုးသမီးတွေ ဆေးခြောက်သုံးသင့်မသုံးသင့်နဲ့ ပတ်သက်ပြီး စကားဝိုင်းတွေ ဖြစ်နေပါတယ်။

REF: UPI,Photo;Credit  UPI

Zawgyi


မောင်ယဿ ( စက်တင်ဘာ ၂၃ )








REF: UPI
Photo; UPI

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်ဗုံကျဲလေယာဉ်အစင်း ၂၀ကျော် ဝင်လာလို့ မောင်းထုတ်လိုက်ရ
International-news
ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်ဗုံကျဲလေယာဉ်အစင်း ၂၀ကျော် ဝင်လာလို့ မောင်းထုတ်လိုက်ရ

ထိုင်ဝမ်လေပိုင်နက်ထဲကို တရုတ်ဗုံကျဲလေယာဉ်အစင်း ၂၀ကျော် ဝင်လာလို့ မောင်းထုတ်လိုက်ရ မောင်ယဿ ( အောက်တိုဘာ၂ ) ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သောကြာနေ့က ထုတ်ပြန်ချက်အရ တရုတ်ဗုံးကျဲလေယာဉ်အစင်း ၂၀ ကျော်က ထိုင်ဝမ်လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာလို့ အမြန်ဆုံးထွက်ခွာပေးဖို့ သတိပေးလိုက် ရတယ်လို့ သိရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးရဲ့ အဆို အရ တရုတ်ဗုံးကျဲလေယာဉ်တွေ က အသုတ် ၂ သုတ်ခွဲပြီး ထိုင်ဝမ်လေပိုင်နက်ထဲကို ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ပထမအသုတ်က ဗုံးကျဲလေယာဉ် ၂၅ စင်းပါပြီး အဲ့ ဒိလေယာဉ်တွေထဲမှာ နျူကလိယဗုံးတွေတင်တဲ့ လေယာဉ်တွေလည်း ပါပါတယ်။ ဒုတိယအသုတ် လေယာဉ် ၁၃ စင်းပါပြီး ညဖက်မှာဝင်ရောက်လာခဲ့တာလို့ လည်း ဆိုပါတယ်။ အဲ့ဒိလေယာဉ် …

ကယ်လီဖိုးနီးယားက အစိုးရကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေး လိုနေတယ်လို့ ပြောပြီ
International-news
ကယ်လီဖိုးနီးယားက အစိုးရကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေး လိုနေတယ်လို့ ပြောပြီ

ကယ်လီဖိုးနီးယားက အစိုးရကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေး လိုနေတယ်လို့ ပြောပြီ မောင်ယဿ ( အောက်တိုဘာ ၂ ) ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူ ဂါဗင်နယူးဆမ်က ပြည်နယ်အတွင်း ရှိ အစိုးရ ကျောင်းတွေမှာ ကျောင်းတက်နေတဲ့ ကျောင်းသူ ၊ကျောင်းသားတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးခွင့်မရဘဲဖြစ်နေတဲ့အတွက် ကာကွယ်ဆေး ထိုးပေးဖို့လိုအပ်နေတဲ့အကြောင်း ဒီကနေ့ လူထုနဲ့ တွေ့ဆုံပွဲမှာ ပြောသွားပါတယ်။ သူက ကလေးတွေကို ကာကွယ်ဆေးထိုးဖို့အတွက် အမေရိကန် အစားအသောက်နဲ့ ဆေးဝါး အာဏါပိုင် အဖွဲ့ (FDA) အနေနဲ့ ခွင့်ပြုသင့်တဲ့ ကိစ္စတွေကို ခွင့်ပြုလို့ရရင် ခွင့်ပြုဖို့ မလိုအပ်ဘဲ နှောင့်နှေးမှု တွေကို မလုပ်ဖို့အတွက် တောင်းဆိုလိုက်ပါတယ်။ အမေရိကားမှာ အခြေခံအဆင့် စာသင်ကျောင်းတွေမှာ ကိုဗစ်ကာကွယ်ဆေး …

အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ်
International-news
အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ်

အင်္ဂလန်မှာ လောင်စာဆီပြတ်ပြီး ပြဿနာ တက်နေလို့ ဆီသယ်ကားတွေ ကို စစ်တပ်နဲ့ လိုက်စောင့်ရှောက်နေရတယ် မောင်ယဿ ( စက်တင်ဘာ ၂၉ ) ဒီကနေ့ ဘလွန်းဘာဂ် ဝက်ဆိုက် က တက်လာတဲ့ သတင်းထဲမှာ အင်္ဂလန်မှာ လောင်စာဆီတွေ ပြတ်လပ်ပြီး ဆိုင်တွေ မှာ ရောင်းစရာမရှိတော့ ဂတ်စ်ဆိုင်တွေမှာ အလုအယက် တန်းစီပြီး ဝယ်နေရတယ်လို့ ဆိုတယ်။ ယူကေ စီးပွားရေး အတွင်းဝန် ကာဝါစီက တော့ အရေးပေါ် လောင်စာဆီလိုအပ်တဲ့နေရာတွေကို စစ်တပ်အစောင့်အရှောက် နဲ့ ဆီတင်ကားတွေ ကိုပို့လွှတ်နေပါတယ်။ ဆီးကားတွေကို အရပ်သားဒရိုင်ဘာတွေ နဲ့ရောပြီး စစ်သားဒရိုင်ဘာ ၁၅၀ ကို မောင်းခိုင်းထားတယ်လို့ လည်းပြောပါတယ်။ ဆီဆိုင်တွေနဲ့ …