ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို
International-news

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို

ရေယက်ပြာတူနာ ငါးက ပြဒါးအဆိပ်သင့်မှု ဖြစ်နိုင်တယ်လို့ ဆို မောင်ယဿ ( စက်တင်ဘာ ၁၄ ) အမေရိကန် ကျန်းမာရေး ပညာရှင်များနဲ့ အဏ္ဏဝါပညာရှင်မှာ စုပေါင်းပြီး ပြုလုပ်တဲ့ လေ့လာမှုသစ်တစ်ရပ်အရ ရေယက်ပြာ တူနာငါးတွေကို တစ်ပတ်မှာ တစ်ခါ လောက်ပဲစားသင့်ပြီး ကိုယ်ဝန်ဆောင်သည်တွေ လုံးဝမစားသင့်တဲ့ငါး လို့ သိရပါတယ်။ ရေယက်ပြာတူနာငါးက ပင်လယ်သမုဒ္ဒရာတွေ ထဲမှာ ခရီးအဝေးကြီးသွားတဲ့ငါးတွေ ဖြစ်ပါတယ်။ အဲ့ ဒိ ငါးတွေက ကမ္ဘာ့လေထုထဲက ပြဒါး ( မာကျူရီ) တွေကို အသက်ကြီးလာလေလေ ပိုမိုစုဆောင်းလေ ဖြစ်တဲ့ အတွက် သူ့ကိုယ်မှာ ပြဒါးတွေ စုပုံနေတတ်ပါတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ တူနာငါးတွေမှာ အကောင်းကြီးတဲ့မျိုးစိတ်ဖြစ်လေ …