ကိုဗစ်ကြောင့် ဆင်ရဲချမ်းသာ ကွာဟမှု ကြီးသထက်ကြီးလာ
Uncategorized

ကိုဗစ်ကြောင့် ဆင်ရဲချမ်းသာ ကွာဟမှု ကြီးသထက်ကြီးလာ

ကိုဗစ်ကြောင့် ဆင်ရဲချမ်းသာ ကွာဟမှု ကြီးသထက်ကြီးလာ မောင်ယဿ ( ဇူလိုင် ၂၈ ) နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကိုဗစ်ကြောင့် ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေ ကြား က ကွာဟမှု က ကြီးသထက်ကြီးလာတယ်လို့ ဆိုပါတယ်။ အဲ့ဒိလို ကွာဟမှု ကြီးမားလာခြင်းက ရေရှည်မှာ ကမ္ဘာကြီးကို ပြဿနာဇုံ တစ်ခုထဲကို ဆွဲခေါ်သွားနိုင်တယ်လို့ လည်း ဆိုပါတယ်။ “ ကမ္ဘာ့နိုင်ငံတွေက ကိုဗစ်ကနေ နာလံပြန်ထနိုင်ဖို့အတွက် ရုန်းကန်နေရပါတယ်။ အဲ့ဒိကွာဟချက် ကြီးမာလာမှု က တဖြည်းဖြည်းနဲ့ ကြီးလာပါတယ်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု …

အစ္စရေး-ပါလက်စတိုင်းကိစ္စ က အိုလံပစ်ပြိုင်ပွဲထဲထိရောက်လာ
International-news

အစ္စရေး-ပါလက်စတိုင်းကိစ္စ က အိုလံပစ်ပြိုင်ပွဲထဲထိရောက်လာ

မောင်ယဿ ( ဇူလိုင် ၂၈ ) နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို အသားပေးဖော်ပြနေကြပါတယ်။ အဲ့လိုအများစိတ်ဝင်စားခံနေရတဲ့ ကြားထဲမှာ အစ္စရေး-ပါလက်စတိုင်း ကိစ္စကို လူသိအောင်လုပ်ဖို့ ပါလက်စတိုင်း ကစားသမားတွေက အိုလံပစ်ပြိုင်ပွဲမှာ ဆန္ဒပြတဲ့ အနေနဲ့ ပြိုင်ပွဲမှာငြင်းဆန်မှုတွေလုပ်လို့ အထုတ်ခံလိုက်ရပါတယ်။ အယ်ဂျီးရီးယားသား ဖီတီနိုရင်း ( ၃၀နှစ်) က ပြိုင်ဖက် အစ္စရေးသားနဲ့ မကစားချင်ဘူးလို့ ငြင်းဆန်တဲ့အတွက် နိုင်ငံတကာ ဂျူဒိုအဖွဲ့ချုပ်(IJF)က သူ့ကို ပြိုင်ပွဲက ယာယီထုတ်ပယ်လိုက်ပါတယ်။ အခုသူ့ကို အိုလံပစ်ပြိုင်ပွဲကနေ ထွက်ခွာသွားဖို့ အမိန့် ထုတ်လိုက်ပါတယ်။ ပြိုင်ပွဲကနေ ထွက်ခွာလာတဲ့ နိုရင် ကို အယ်ဂျီရီးယား မီဒီယာတွေက အင်တာဗျူးတော့ သူက အစ္စရေးသားတွေကိုကိုင်ရင်သူလက်တွေ …

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို
International-news

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို

အစ္စရေး-ပါလက်စတိုင်း ၁၁ ရက်စစ်ပွဲမှာ အစ္စရေးတို့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တယ်လို့ ဆို မောင်ယဿ (ဇူလိုင် ၂၇ ) ပြီးခဲ့တဲ့ မေလအတွင်းက ၁၁ ရက်ကြာဖြစ်ပွားခဲ့တဲ့ အစ္စရေး- ပါလက်စတိုင်း စစ်ပွဲမှာ အစ္စရေးတို့ဖက်က စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ ဒီကနေ့ အစီရင်ခံစာမှာ ပါလာပါတယ်။ ဂါဇာကမ်းမြှောင်ဒေသက ဟားမတ်သူပုန်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၂၃၀ကျော် သေခဲ့ရသလို ဟားမတ်တွေရဲ့ ရောကတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၂ဦး သေဆုံး ခဲ့ရပါတယ်။ အဲ့ဒိသေဆုံးမှုတွေကို လူ့အခွင့်အရေးအဖွဲ့ က ပြန်လည်စစ်ဆေးတဲ့ နေရာမှာ စစ်တပ်ရဲ့ ပစ်မှတ် မဟုတ်ဘဲ အရပ်သားချည်းပဲရှိတဲ့ နေရာကို အစ္စရေးတို့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ …

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ
International-news

တောင်-မြောက် ကိုရီးယား အရေးပေါ်ဖုန်းလိုင်းတွေ ပြန်ရပြီ

  မောင်ယဿ ( ဇူလိုင် ၂၇ ) မနှစ်က ဇွန်လကနေစပြီးတော့ ဖြတ်တောက်ထားတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတို့ရဲ့ အရေးပေါ် ဖုန်လိုင်းတွေ အားလုံး နီးပါ ဒီနေ့မနက်မှာပြန်ပြီးတော့ အဆက်အသွယ်ရပြီဖြစ်လို့ ကိုရီးယား ကျွန်းဆွယ်ပေါ်က တင်းမာမှုတွေ တစ်စိတ်တစ်ပိုင်း လျှော့ ကျသွားပါပြီ။ ဒီနေ့ မနက် ၁၀ နာရီလောက်မှာ တောင်ကိုရီးယား ဆက်ဆံရေး ရုံး နဲ့ စစ်တပ်အချင်းချင်းဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ပြန်ပွင့်သွားကာ မြောက်ကိုရီးယာဖက်က ဖုန်းခေါ်သံတွေ နဲ့ နှုတ်ဆက်သံတွေ ထွက်ပေါ် လာခဲ့ပါတယ်။ မြောက်ကိုရီးယားဖက်က ဖုန်းလိုင်းစမ်းတဲ့အနေနဲ့ တောင်ကိုရီးယားဖက်ကို ဖုန်းခေါ်လို့ တာဝန်ကျအရာရှိတွေနဲ့ အထက်အဆင့်ဆင့် တင်ပြမှုတွေ လုပ်ရလို့ တောင်ကိုရီးယားစစ်တပ် အလုပ်ရှုတ်သွားပါတယ်။ …