ကမ်းလွန်ရေနံတွင်း ပိုက်လိုင်းပေါက်လို့ သမုဒ္ဒရာရေပြင်ပေါ်မှာ မီးမျက်လုံးကြီးပေါ်
International-news

ကမ်းလွန်ရေနံတွင်း ပိုက်လိုင်းပေါက်လို့ သမုဒ္ဒရာရေပြင်ပေါ်မှာ မီးမျက်လုံးကြီးပေါ်

ကမ်းလွန်ရေနံတွင်း ပိုက်လိုင်းပေါက်လို့ သမုဒ္ဒရာရေပြင်ပေါ်မှာ မီးမျက်လုံးကြီးပေါ် မောင်ယဿ ( ဇူလိုင် ၃ ) မနေ့က မနက်အစောပိုင်းမှာ မက္ကဆီကို ယူကာတန် ကျွန်းဆွယ် အနောက်ပိုင်း သမုဒ္ဒရာ ထဲကကမ်းလွန် ရေနံတွင်းတူးစင် တစ်စင်ရဲ့ ရေအောက် ဓာတ်ငွေ့ပိုက်လိုင်းပေါက်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားရာက သမုဒ္ဒရာရေပြင်ထက်မှာ မျက်လုံးပုံစံ မီးလောင်ပြင်ကြီး ဖြစ်ခဲ့လို့ ငရဲဂိတ်၀ ဆိုပြီး နာမည်ပေးခံလိုက်ရပါတယ်။ အဲ့ဒိအကြောင်းက အွန်လိုင်းပေါ်မှာပျံ့နှံ့သွားလို့ လူပြောသူပြော များခဲ့ပါတယ်။ အဲ့ဒိကမ်းလွန်ရေနံစင်ကမီးလောင်ကျွမ်းမှု ဗီဒီယိုဖိုင် အွန်လိုင်းပေါ်မှာ ပြန့်နှံသွားတာနဲ့ ပတ်သက်ပြီး အစိုးရပိုင်းက ရေနံတူး ကုမ္ပဏီ ပရီမက်စ်ကို ပြစ်တင်မှုပြုထားပါတယ်။ တောက်ပလွန်းတဲ့ လိမ္မော်ရောင်း မီးကွင်းကြီးက ပင်လယ်ရေအထက်ကို ဘွားကနဲပေါ်ထွက်လာပါတယ်။ အဲ့ဒိမီးကွင်းကြီးက ရုပ်ရှင်ကားတွေထဲက …

အနောက်နိုင်ငံတွေက ကမ္ဘာစစ်မဖြစ်ဖြစ်အောင် မီးလိုက်မွှေးနေတာလား
International-news

အာရှအလယ်ပိုင်း နယ်မြေစိုးမိုးရေးအတွက် တာဂျစ်-အာဖဂန်နယ်စပ်မှာ ရုရှားစစ်ရေးလေ့ကျင့်

အာရှအလယ်ပိုင်း နယ်မြေစိုးမိုးရေးအတွက် တာဂျစ်-အာဖဂန်နယ်စပ်မှာ ရုရှားစစ်ရေးလေ့ကျင့် မောင်ယဿ( ဇူလိုင် ၇ ) အာရှအလယ်ပိုင်းနယ်မြေစိုးမိုးရေးလုပ်ငန်း ထဲက အစိတ်အပိုင်း တစ်ရပ်ဖြစ်တဲ့ တာဂျစ်ကစ္စတန်နဲ့ အာဖဂန်နစ္စတန် နယ်ခြားမှာ ရုရှားတို့က ဟယ်လီကော်ပတာစစ်ဆင်ရေးဖြစ်တဲ့ ဝေဟင်မှ မြေပြင်ပစ်မှတ်များကို ရှာဖွေဖျက်စီးတဲ့ စစ်ရေးလေ့ကျင့်ခန်းတစ်ခု လုပ်ခဲ့တယ်လို့ မော်စကိုအစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။ တာဂျစ်သမ္မတ အီမိုမာလီရက်ခမွန်က တနလာၤနေ့ကတည်းက စစ်သား ၂သောင်းကို အာဖဂန်နယ်စပ်ကိုပို့ပြီး နယ်စပ်ဒေသ လုံခြုံရေးအတွက် စီနင်းမှုများပြုလုပ်ခဲ့ပါတယ်။ အဲ့ဒိတပ်ဖွဲ့ဝင်တွေနဲ့ တွဲပြီး ရဟတ်ယာဉ်တွေနဲ့ စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့တာပါ။ နယ်စပ်မှာရှိတဲ့ တာလီဘန် ၁၀၀၀ ကျော်ထွက်ပြေးပုန်းရှောင် ခဲ့ရတယ်လို့ နယ်စပ်ထိုးဖောက်ဝင်ရောက်နေတဲ့ တာလီဘန် အသိုင်းအဝိုင်းက ဆိုပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကနေ ခွဲထွက်ခဲ့တဲ့ တာဂျစ်ကစ္စတန်နိုင်ငံက …

Uncategorized

၂၀၃၀ မှာ အမေရိကန်ကမ်းခြေဒေသတွေ ရေမြုပ်မယ်လို့ နာဆာ ဟောကိန်းထုတ်

၂၀၃၀ မှာ အမေရိကန်ကမ်းခြေဒေသတွေ ရေမြုပ်မယ်လို့ နာဆာ ဟောကိန်းထုတ် မောင်ယဿ ( ဇူလိုင် ၈) လက်ရှိဖြစ်ပေါ်နေတဲ့ အမေရိကား ကမ်းခြေဒေသတွေ ရေလွှမ်းမိုး နေခြင်းက လာမယ့် ၂၀၃၀ ဆိုရင် ပိုမိုဆိုးဝါး လာပြီး နေရာ တော်တော်များများ ပင်လယ်အောက်ရောက်သွားမယ်လို့ အမျိုးသား အာကာသသိပ္ပံအဖွဲ့ (နာ ဆာ ) ကဟောကိန်းထုတ် လိုက်ပါတယ်။ ဟာဝိုင်ရီ တက္ကသိုလ်က ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ပြောင်းလဲမှု လေ့လာရေးအဖွဲ့ နဲ့ နာဆာတို့ ပူးပေါင်းပြီး ပြုလုပ်တဲ့ သုတေသန ရလဒ်အရ လက်ရှိနှစ်စဉ်မြင့်တက်နေတဲ့ ပင်လယ်ရေမျက်နှာပြင်ရယ် ၊ ၁၈နှစ်ခွဲ မျာတစ်ကြိမ် ကပ်သွားသွားတဲ့ ကမ္ဘာနဲ့ လနဲ့ ကြားက …

International-news

ကမ္ဘာကြီး ပူနွေးလာမှုကိုကာကွယ်ဖို့ နည်းသစ်တစ်ခု ဘေဆယ်မြို့ မှာစလုပ်

ကမ္ဘာကြီး ပူနွေးလာမှုကိုကာကွယ်ဖို့ နည်းသစ်တစ်ခု ဘေဆယ်မြို့ မှာစလုပ် မောင်ယဿ ( ဇူလိုင် ၁၀ ) ဆွစ်ဇာလန်နိုင်ငံ မြို့တော်ဘေဆယ်မှာ ကမ္ဘာကြီး ပူနွေးလာလို့ ရာသီစည်းချက်ပျက်ယွင်း နေတာကို ကာကွယ်ဖို့အတွက် နောက်ဆောက်မယ့် အိမ်တိုင်းရဲ့ အမိုးပေါ်မှာ သစ်ပင်စိုက်ခင်းတွေ ကို စိုက်ပျိုးရမယ်လို့ ဥပဒေ သက်မှတ်လိုက်ပါတယ်။ အဲ့ဒိ ဥပဒေပြဌန်းမှု က ကမ္ဘာပေါ်မှာ ပထမဆုံးသော ပြဌန်းချက်ဖြစ်ပါတယ်။ မြို့ပြယဉ်ကျေးမှု ထွန်းကာလာ တဲ့အတွက်ကြောင့် သစ်တောတွေ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရပါတယ်။ သစ်တော သစ်ပင်တွေ ဆုံးရှုံး မှုက ကမ္ဘာကြီးပေါ်မှာ ကာဗွန်သန့်စင်ပေးတဲ့ အရာတွေနည်းပါး လာတာနဲ့ တူနေပါတယ်။ ကမ္ဘာပေါ်မှာ ကာဗွန်တွေ စုပုံလာမှုကြောင့် အပူတွေကို စုပ်ယူထားသလို …