International-news

မဟတ္တမဂန္ဒီရဲ့ စာကြည့်မျက်မှန်ကို လန်ဒန်လေလံပွဲမှာ ရောင်းဖို့ ရောက်ရှိ

မဟတ္တမဂန္ဒီရဲ့ စာကြည့်မျက်မှန်ကို လန်ဒန်လေလံပွဲမှာ ရောင်းဖို့ ရောက်ရှိ အိန္ဒိယ အမျိုးသားခေါင်ဆောင်ကြီး မဟတ္တမဂန္ဒီ ရဲ့ စာကြည့်မျက်မှန်လို့ ခန့်မှန်းရတဲ့ ရွှေကိုင်း မျက်မှန် တစ်လက်က လာမယ့် သြဂုတ်လ ၂၁ရက်နေ့မှာ လေလံပစ်မယ့် လန်ဒန်မြို့က ပွဲအတွက် လေလံ ကုမ္ပဏီ ဆီကို ရောက်နေတယ်လို့ သိရပါတယ်။ အဲ့ဒိ ရွှေကိုင်းမျက်မှန်က ၁၉၀၀ ထုတ်ဖြစ်ပြီး လေလံပစ်ရင် ပေါင် ၁၀၀၀၀ ကနေ ၁၅၀၀၀ အတွင်း ရနိုင်ပါတယ်။ ဟန်ဟမ်မြို့က အရှေ့ ဘရစ္စတိုလေလံအဖွဲ့က သူတို့မှာ ပရိသတ်တွေကို အံ့အားသင့်စေမယ့် ပစ္စည်း တစ်ခုကို စာတိုက်ကနေ ပါဆယ်ထုတ်ပြီး ပို့ထားလို့ ရောက်နေပါတယ်။ အဲ့ဒါက ရွှေကိုင်းမျက်မှန် …

International-news

အင်စတာဂရမ်ရဲ့ ဆင်ဆာပိုင်းမှာ လူမျိုးရေးဘက်လိုက်မှုတွေ ရှိတယ်ဆိုပြီး စွတ်စွဲပြစ်တင်မှုတွေရှိနေ

အင်စတာဂရမ်ရဲ့ ဆင်ဆာပိုင်းမှာ လူမျိုးရေးဘက်လိုက်မှုတွေ ရှိတယ်ဆိုပြီး စွတ်စွဲပြစ်တင်မှုတွေရှိနေ ညိုမီနိကိုလပ် ဝီလီယံ ရဲ့ ကိုယ်တစ်ပိုင်းပုံကို ရိုက်ပြီးတဲ့ အချိန်မှာ ဓာတ်ပုံဆရာက ပုံကောင်းတစ်ပုံ ရပြီဖြစ်လို့ ပျော်နေပါတယ်။ သဘာဝ အလင်းရောင်အောက်မှာ ရေချိုး နေချိန်မှာ မျက်လုံးလေးကို ပိတ်ထားပြီး ရင်သားတွေကို ပိုက်ထားတဲ့ သူမရဲ့ဟန်က လောကအပူတွေကို ဆေးချနေတဲ့ ဟန်မျိုးဖြစ်နေလို့ ဓာတ်ပုံဆရာ ကျေနပ်နေတာပါ။ အဲ့ဒီပုံကို ရိုက်ပြီး နောက်မှာတော့ ညိုမီက သူမရဲ့ အင်စတာဂရမ်မှာ မေ့မျောသွားစေမဲ့အလှ ပန်ချီကားလို ချိပ်ဆွဲ ထားရမယ် ဆိုပြီး ပုံစာရေးကာ တင်လိုက်ပါတယ်။ နာရီ သိပ်မကြာလိုက်ပါဘူး။ အင်စတာဂရမ်က သူမရဲ့ပုံကို ဖျက်ပစ်လိုက်ပြီး သူမရဲ့ အကောင့်ကို ပိတ်လို့ရတယ် …

International-news

ပြည်သူတွေ လက်မခံလို့ ဝန်ကြီးချုပ် နှုတ်ထွက် လိုက်ရပါပြီ

ပြည်သူတွေ လက်မခံလို့ ဝန်ကြီးချုပ် နှုတ်ထွက် လိုက်ရပါပြီ လက်ဘနွန် ဝန်ကြီးချုပ် ဟတ်ဆန်ဒီအက်ဘ် နဲ့ အခြား ထိပ်တန်း အရာရှိ ၂ဦးက ဘေရွတ်မြို့ ဆိပ်ကမ်း ဓာတုပစ္စည်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၀၀ ကျော်လာတဲ့အပြင် တိုင်းပြည်တွင်း ဆူပူလှုပ်ရှားမှုများ ဖြစ်လာတဲ့ အတွက်ကြောင့် ရာထူးမှ တနင်္လာနေ့က နှုတ်ထွက်သွားပါတယ်။ ဒီနေ့မနက် တယ်လီဗေးရှင်းက သူ့ရဲ့စကားပြောခန်း အတိုလေးမှာ တိုင်းပြည်တွင်း ဖြစ်ပေါ်နေတဲ့ အကျင့်ပျက် ခြစားမှု ကပ်ရောဂါဆိုးကြီး ကို သူ့အနေနဲ့ မနှိမ်နင်းနိုင်တဲ့အတွက် ရာထူးက ထွက်လိုက်ရတာ ဖြစ်ကြောင်း ဆိုပါတယ်။ အခုဖြစ်ပေါ် သွားခဲ့တဲ့ လူတွေ ရာနဲ့ချီသေပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့တဲ့ ပေါက်ကွဲမှုကြီးကိုလည်း …

International-news

ဟောင်ကောင်အမျိုးသား လုံခြုံရေး ဥပဒေသစ်နဲ့ မီဒီယာကို စဖြိုပြီ

ဟောင်ကောင်အမျိုးသား လုံခြုံရေး ဥပဒေသစ်နဲ့ မီဒီယာကို စဖြိုပြီ တရုတ်နိုင်ငံကို ဝေဖန်ပြီး ဟောင်ကောင်ကျွန်း ဒီမိုကရေစီ အရေး လှုတ်ရှားမှုကို ထောက်ခံတဲ့ မီဒီယာ လုပ်ငန်းရှင်တစ်ဦး ကို နိုင်ငံခြားက အင်အားစုတွေရဲ့ အထောက်အပံ့ ယူနေတယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဖမ်းဆီး လိုက်တယ်လို့ ဒေသခံရဲတွေက ဆိုပါတယ်။ ဘေကျင်းအစိုးရက ဟောင်ကောင်ကျွန်းမှာ ကျင်သုံးဖို့ ပြီးခဲ့တဲ့လက ပြဌန်းလိုက်တဲ့ အမျိုးသားလုံခြုံရေး ဥပဒေသစ်အရ မီဒီယာ လုပ်ငန်းရှင်တစ်ဦး ဖြစ်တဲ့ ဂျင်မီလိုင် ကို မနေ့ က အစောပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ သူ့ရဲ့ လုပ်ငန်းဖော် မာ့ခ်ဆင်မွန်က ဆိုတယ်။ မနေ့ မနက်ပိုင်းမှာ ဖမ်းဆီးတဲ့ မီဒီယာသမား ၇ဦးမှာ ဂျင်မီလိုင် …

International-news

နှစ် ၄၀၀ကျော် ငြိမ်နေတဲ့ ဆူမတ်တြား မီးတောင် ဒီနှစ်ပိုင်းတွေမှာ တစ်ခါပြီး တစ်ခါ ပေါက်ကွဲမှု ဖြစ်ပေါ်နေ

နှစ် ၄၀၀ကျော် ငြိမ်နေတဲ့ ဆူမတ်တြား မီးတောင် ဒီနှစ်ပိုင်းတွေမှာ တစ်ခါပြီး တစ်ခါ ပေါက်ကွဲမှု ဖြစ်ပေါ်နေ တနင်္လာနေ့ မနက် ၁၁ နာရီလောက်မှာ အင်ဒိုနီးရှား နိုင်ငံ ဆူမတ်တြားကျွန်းပေါ်က ဆင်နာဘန်းမီးတောင် ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။ ပြာတွေနဲ့ မီးခိုးတွေက လေထဲကို မီတာ ၅၀၀၀ လောက်အထိကို တက်သွားပါတယ်။ မီးတောင် အနီးပတ်ဝန်းကျင်က မဝင်ရဆိုတဲ့ နေရာသက်မှတ်ချက် ရှိပေမဲ့ ဒေသခံတွေကတော့ ဝင်ထွက် သွားလာမှုတွေ ရှိပါတယ်။ လက်ရှိကတော့ အသေအပျောက်စာရင်း ထွက်မလာသေးပါဘူး။ ဖောက်စ်နယူးရဲ့ သတင်းထဲမှာတော့ စနေ၊ တနင်္ဂနွေနေ့ ကတည်းက အဲ့ဒိမီးတောင်က ပေါက်ကွဲ ဖို့အတွက် လှုပ်ရှားမှု ရှိနေခဲ့ပါတယ်လို့ ပါရှိပါတယ်။ …