International-news

ရာသီဥတုပြောင်းလဲမှုကြောင့် ကမ်းရိုးတန်းဒေသတွေ ရေကြီးမှုဖြစ်ပေါ်နေ

ရာသီဥတုပြောင်းလဲမှုကြောင့် ကမ်းရိုးတန်းဒေသတွေ ရေကြီးမှုဖြစ်ပေါ်နေ ကမ္ဘာ့ရာသီစည်းချက် ပျက်စီးလာမှုကြောင့် လာမယ့် နှစ်၈၀ အတွင်းမှာ ကမ်းရိုးတမ်းဒေသတွေမှာ အကြီးအကျယ် ရေကြီးမှုဒဏ်ကို ၂ဆတိုးပြီး ခံစားရနိုင်ခြေ ရှိတယ်လို့ သုတေသန တစ်ခုရဲ့ အဆိုအရ သိရပါတယ်။ အဲဒိအကြောင်းကို ယခင်ကတည်းက ပုံစံချပြမှုတွေကို လုပ်ပြထားပြီး ဖြစ်သော်လည်း ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ ကာဗွန်ထုတ်လုပ်မှု ပမာဏက ပိုမိုမြင့်တက်လာတဲ့ အတွက်ကြောင့် ကမ္ဘာ့အပူချိန် တိုးတက်မှုက လျော့ကျသွားခြင်း မရှိခဲ့ပါဘူး။ အဲ့ဒါကြောင့် ရေခဲတွေ အရည်ပျော်ကာ ကမ္ဘာ့ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှုရယ် သမုဒ္ဒရာမုန်တိုင်းတွေ ပိုမို များပြားလာခြင်းများက လာမယ့် ၁၀စုနှစ်တွေမှာ ကမ်းရိုးတန်းဒေသတွေက မကြာခဏ ဆိုသလို …

International-news

တစ်တော့အပလီကေးရှင်းကို အမေရိကန် သမ္မတက တားမြစ်မယ်လို့ဆို

တစ်တော့အပလီကေးရှင်းကို အမေရိကန် သမ္မတက တားမြစ်မယ်လို့ဆို အွန်လိုင်းပေါ်က နာမည်ကြီး ပလက်ဖောင်း တစ်ခုဖြစ်တဲ့ တရုတ်ကုမ္ပဏီပိုင် တစ်တော့ ဗီဒီယိုဖိုင် အတိုလေးတွေ တင်တဲ့ အပလီကေးရှင်းကို အမေရိကန်နိုင်ငံမှာ တားမြစ်ထားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ဆိုလိုက် ပါတယ်။ ဒါအပြင် မိုက်ခရိုဆော့ဖ် ကုမ္ပဏီကလည်း အဲ့ဒိ အပလီကေးရှင်းကို ဝယ်ယူမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ တစ်တော့ကို အမေရိကန်မှာ အသုံးပြုခွင့် မပေးဖို့အတွက် ဘယ်လို ဥပဒေတွေကို အသုံးပြုပြီး တားမြစ်မယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပေမဲ့ သူက “ ကျနော်ကတော့ တစ်တော့ကို တားမြစ်ရမှာပဲ။ အရေးပေါ် စီးပွားရေးဆိုင်ရာ အမိန့်အာဏါ ထုတ်ပြန်နိုင်မှု သို့မဟုတ် အခွင့်အာဏါ …

International-news

ဒီမိုကရေစီအရေး လှုံ့ဆော်သူ ၆ဦးကို ဖမ်းဝရမ်းထုတ်

ဒီမိုကရေစီအရေး လှုံ့ဆော်သူ ၆ဦးကို ဖမ်းဝရမ်းထုတ် တရုတ်အစိုးရ သတင်းစာတစ်စောင်ရဲ့အဆိုအရ ဟောင်ဟောင်ကျွန်းပေါ်ကို လာရောက်ပြီး ဒီမိုကရေစီအရေး လှုပ်ရှားမှုပြုနေတဲ့ အမေရိကန်နိုင်ငံသားတစ်ဦး အပါအဝင် နိုင်ငံခြားအခြေစိုက် လှုံ့ဆော်သူ ၆ဦးကို ဟောင်ကောင်လုံခြုံရေး တပ်ဖွဲ့က အခု အသစ်ပြဌန်းလိုက်တဲ့ လုံခြုံရေး ဥပဒေအရ ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း သိရပါတယ်။ ဖမ်းဝရမ်းထုတ်ခံရတဲ့ သူတွေမှာ အမေရိကန်နိုင်ငံသားနဲ့ ဟောင်ကောင်ကနေ ထွက်ပြေးပြီး လန်ဒန်မှာ ခိုအောင်းနေတဲ့ လွှတ်တော်အမတ် တစ်ဦးလည်း ပါပါတယ်။ အဲ့ဒိ ဖမ်းဝရမ်းက ဟောင်ကောင်ကျွန်းကို ဇွန်လ ၃၀ရက်နေ့ကနေ စပြီး ပြဋ္ဌန်းတဲ့ အမျိုးသားလုံခြုံရေး ဥပဒေကို ပထမဆုံး အသုံးပြုပြီး ထုတ်ပြန်တဲ့ အမိန့်တစ်ရပ် ဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံခြားကနေ …

International-news

ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ပြတ်လပ်နိုင်

ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာ ပြတ်လပ်နိုင် ကုလသမဂ္ဂရဲ့ အဆိုအရ တစ်ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ဖူလုံမှုကို အချက်အခြာကျတဲ့ ကိစ္စ၄ရပ်နဲ့ သုံးသပ်ထားပါတယ်။ ရရှိနိုင်မှု ၊ လက်လှမ်းမီမှု၊ အသုံချနိုင်မှုနဲ့ တည်ငြိမ်မှု တွေပဲဖြစ်ပါတယ်။ လက်ရှိမှာ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့စီးပွားရေး အရှိန်လျှော့ကျမှုဟာ အဲ့ဒိအချက် ၄ချက်လုံး ကို ထိခိုက်လာနေပြီလို့ သုတေသန စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။ ကြာသပတေးနေ့က ထုတ်ဝေတဲ့ သိပ္ပံဂျာနယ်ရဲ့ စာတမ်းတစ်စောင်မှာ အပြည်ပြည်ဆိုင်ရာ စားနပ်ရိက္ခာ လေ့လာရေး ပေါ်လစီ သုတေသန ဌာနမှ လေ့လာသုံးသပ်သူများက ကော်ရိုနာဗိုင်းရက် ကပ်ရောဂါက ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံမှုကို အားနည်းသွားစေနိုင်တဲ့ အချက်အလက်တွေကို အသေးစိတ် ဖော်ပြခဲ့ပါတယ်။ ကိုဗစ်-၁၉ …