မူရီတီရက် ရေနံကွက် ကြောင့် လင်းပိုင် အကောင် ၄၀လောက်သေ သြဂုတ်လ အစောပိုင်းမှာ မူရီတီရက် ကျွန်းနားမှာ သောင်တင်ပြီး ထက်ပိုင်း ကျိုးသွားတဲ့ ဂျပန်ကုမ္ပဏီပိုင် သင်္ဘောနဲ့ တင်လာတဲ့ ရေနံစိမ်း တန် ၃၆၀၀ က ပင်လယ်ထဲကို ပေါက်ကျသွားတဲ့အတွက် ရေပြင်ပေါ်မှာ ရေနံကွက်ကြီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲ့ဒိ ရေနံကွက်ကြီးတွေကြောင့် သဘာဝ ပတ်ဝန်းကျင် လှပပါတယ် ဆိုတဲ့ မူရီတီရက်ကျွန်းက အလှ ပျက်သွားတဲ့အပြင် ဂေဟစနစ်တွေ စတင်ပြီး ပျက်စီး လာပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သောကြာနေ့ သြဂုတ်လ ၂၈မှာ မူရီတီရက်ကျွန်း ကမ်းခြေကို လင်းပိုင်အသေ ၃၉ ကောင် သောင်တင်လာ ခဲ့ပါတယ်လို့ …
စွန်အမြီးမှာ ချိတ်ပြီး ပါသွာတဲ့ မိန်းကလေး ကံကောင်းလို့ မသေ ( ဆိုရှယ် မီဒီယာပေါ်ကို ပြန့်နှံ့ သွားတဲ့ ဗီဒီယို) မနေ့ က (တနင်္ဂနွေ) ထိုင်ဝမ်မှာ လုပ်တဲ့ စွန်လွှတ်ပွဲတော်က ပျော်စရာကနေ ကြောက်မက်ဖွယ်ရာ အဖြစ်သို့ ကူးပြောင်း ခဲ့ပါတယ်။ ၃နှစ်အရွယ် ကောင်မလေးတစ်ယောက် စွန်နောက်မြီး နဲ့ ချိတ်ပြီး ကောင်းကင်ပေါ်ကို ပါသွားလို့ ကြောက်လန့်တကြား အော်ဟစ်မှုတွေ အပြီးမှာ ကလေးမလေးရဲ့ အသက်ကို ပြန်လည် ကယ်ဆယ် နိုင်ခဲ့ပါတယ်။ မြို့တော် တိုင်ပေ ရဲ့ တောင်ပိုင်းက ဟဆင်ချူ မြို့မှာ မနေ့က နိုင်ငံတကာ စွန်လွှတ်ပွဲတော် ကျင်းပခဲ့ပါတယ်။ ဆိုရှယ် မီဒီယာပေါ်ကို …
ဘောလီဝုဒ်က မူးယစ်ဆေးဝါး အသုံးပြုပုံအကြောင်း ဖွင့်ပြောလာတဲ့ ကန်ဂါနာရေးနော့ ဟင်ဒီရုပ်ရှင်လောကမှာ ဆိုရင် ကန်ဂါနာရေးနော့ လို့ ဆိုလိုက်ရင် ရုပ်ရှင်သရုပ်ဆောင် ထုပ်လုပ်သူအဖြစ် လူသိများတာထက် ရုပ်ရှင်လောကသားတွေကို ပျစ်ပျစ်နှစ်နှစ် ဝေဖန်တတ်သူ အဖြစ် ကျော်ကြား တာက ပိုပါတယ်။ မီဒီယာသမားတွေ အကြိုက် မင်းသမီး တစ်လက်ပါ။ သူမရဲ့ ဖက်ရှင်ကျတဲ့ ဝတ်ပုံ ဆင်ပုံတွေထက် ရုပ်ရှင်လောကရဲ့ အတွင်းရေးတွေ ပြုပြင် ပြောင်းလဲရေးအတွက် ပြောတဲ့ စကားတွေက မီဒီယာတွေကို ပိုပြီး စိတ်ဝင်စား စေပါတယ်။ လောလောဆယ်မှာလဲ ဘောလီးဝုဒ်က ထိပ်တန်းရုပ်ရှင် မင်းသားတစ်ယောက် မူးယစ်ဆေး လွန်ပြီး အိန္ဒိယကထိပ်တန်း ဆေးရုံ တက်ရတာနဲ့ ပတ်သက်ပြီး သူမရဲ့အမြင်ကို မီဒီယာတွေက …
ဂျပန် လူမောင်း ကားပျံ စမ်းသပ် မောင်းနှင် ဂျပန် ကုမ္ပဏီတစ်ခုက လူမောင်းလို့ရတဲ့ ကားပျံကို စမ်းသပ် မောင်းနှင် နိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့က စကိုင်းဒရိုက်အင်ကော်ပိုရိတ်က သူတို့ တီထွင်ထားတဲ့ ကားပျံကို တိုကျိုမှာ ရှိတဲ့ ဂျပန်နိုင်ငံရဲ့ အကြီဆုံး စမ်းသပ် မောင်းနှင်ရေး ကွင်းမှာ အများပြည်သူကို မောင်းပြ ခဲ့ပါတယ်။ အဲ့ဒိကွင်းက စကိုင်းဒရိုက်ရဲ့ ကိုယ်ပိုင်ကွင်းလည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ သမိုင်းမှာတော့ အဲ့ဒိကားပျံ စမ်းသပ် မောင်းနှင်မှုက ပထမဆုံး ဖြစ်ပါတယ်။ SD-03 လို့ နာမည် ပေးထားတဲ့ အဲ့ဒိ လူမောင်း ကားပျံကို စမ်းသပ်ကွင်းထဲမှာ အတက်အဆင်းနဲ့ …
ဥပဒေ ချိုးဖောက်မိတဲ့ ဝန်ကြီးချုပ်ဟောင်းရဲ့မြေး ပြည်သူကို တောင်းပန်ပြီ မလေးရှာမှာ ကိုဗစ်ကာလအတွင် ထုတ်ပြန်ထားတဲ့ MCO လို့ အသွားအလာ ထိန်းချုပ်တဲ့ အမိန့်ကို ၁၄ရက် တစ်ခါ ထုတ်ပြန်ပြီးတဲ့ နောက်မှာတော့ ၃လကျော်လို့ ၄လထဲ ဝင်တဲ့အခါမှာ တိုင်းပြည် စီးပွားရေးကို ပြန်လည် တည်ဆောက်ဖို့အတွက် RMCO လို့ ခေါ်တဲ့ နာလံထ ခရီးသွားလာခွင့် အမိန့်ကို ပြင်ဆင် ထုတ်ပြန်ခဲ့ ပါတယ်။ အဲ့ဒိ အမိန့်အရ အရင်က တင်းကျပ်ထားတဲ့ အရာတွေကို တတ်နိုင်သလောက် ဖြေလျှော့ ပေးထားတာပါ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင်ပြုချက်နဲ့ ဖွင့်ခွင့်ရတဲ့ ဆိုင်တွေကို ည ၁၂နာရီ နောက်ဆုံးထား ပြီးဖွင့်ရတဲ့ ကာဖြူး …
နှလုံးခုန်သံ မူမမှန်တာကို ယောဂကျင့်စဉ်နဲ့ ကုသနိုင်တယ်လို့ ကနဦး တွေ့ရှိချက်ရထား အေထရီရယ် ဖိုင်ဘရယ်လေးရှင်းလို့ ခေါ်တဲ့ နှလုံးသံ စည်းချက် မူမမှန်မှု ကို နှေးကွေးတဲ့ လှုပ်ရှားမှု တွေနဲ့ လေ့ကျင့်ရတဲ့ ယောဂ ကျင့်စဉ်နဲ့ သက်သာအောင် လုပ်လို့ ရတယ်လို့ ကနဦး လေ့လာတွေ့ရှိချက် တစ်ခုက ဆိုပါတယ်။ အေထရီရယ်ဖိုင်ဘရယ်လေးရှင်း ဆိုတဲ့ နှလုံးခုန် မူမမှန်တဲ့ ဖြစ်စဉ်က နှလုံး လေးခန်းထဲက အပေါ် သွေးဝင်ခန်း ၂ခန်းမှာ လှုပ်ရှားမှုတွေ များနေတာပဲ ဖြစ်ပါတယ်။ အချို့ဆိုရင် တစ်မိနစ်ကို အကြိမ်ရေ ရာနဲ့ ချီပြီး ခုန်နေပါတယ်။ အိန္ဒိယ သုတေသီတွေက ၁၆ပတ်ကြာ ယောဂ လေ့ကျင့်ခန်းတွေကို …
မာဘယ်စူပါဟီးရိုး တစ်ဦးဖြစ်တဲ့ ဘလက်ပန်သာ (၄၃နှစ်) ကွယ်လွန် မနေ့က သြဂုတ်လ (၂၈)နေ့မှာ မာဘယ် ရုပ်ရှင်တွေက စူပါဟီးရိုး တစ်ယောက်ဖြစ်တဲ့ ဘလက်ပန်သာ အဖြစ် သရုပ်ဆောင်သူ ချက်ဒ်ဝစ်ဘိုစီမန် တစ်ယောက် လော့စ်အိန်ဂျလီက နေအိမ်မှာ ကွယ်လွန် သွားခဲ့ပါတယ်။ သူ့ရဲ့ တရားဝင် အင်စတာဂရမ် အကောင့် မှာ ကွယ်လွန်သွားပြီ ဖြစ်ကြောင်းကို လည်း ကြေညာခဲ့ပါတယ်။ သူက သူချစ်ရတဲ့ သူတွေကို ထားသွားတော့မယ်လို့ ဆိုခဲ့ပါတယ်။ အင်စတာဂရမ်မှာ တင်ထားတဲ့ ပို့စ်အရ လွန်ခဲ့တဲ့ ၄နှစ်ကတည်းက ချက်ဒ်ဝစ် က အူမကြီးကင်ဆာကို အပြင်းအထန် ခံစားနေခဲ့ ရပါတယ်လို့ ဆိုပါတယ်။ ရောဂါကို ကုသရင် အဆင့် …
အီဂျစ်က တရားမဝင် အသင်းခေါင်းဆောင်ကို ဖမ်းမိပြီ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က တိုက်ခန်းတစ်ခုမှာ ပုန်းအောင်းနေတဲ့ ဥပဒေမဲ့ ဖွဲ့စည်းထားတဲ့ တရားမဝင်ညီအကိုများအဖွဲ့ ခေါင်းဆောင် တစ်ဦးကို အီဂျစ် အာဏါပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံရဲတွေက ပြောပါတယ်။ တရားမဝင် ညီအကိုများ အဖွဲ့မှာ ဒုတိယ အမြင့်ဆုံး အာဏါရှိတဲ့ မိုဟာမက် အက်ဇတ်က ကိုင်ရိုမြို့ ဆင်ခြေဖုံးက အယ်တန်ဂျမူ ရပ်ကွက်က တိုက်ခန်းတစ်ခန်းမှာ ပုန်းအောင်းနေရာ အီဂျစ်ပြည်ထဲရေး ဝန်ကြီးဌာနက သတင်း အရ ရှာဖွေ ဖမ်းဆီးမှု လုပ်ခဲ့ပါတယ်။ သူက အီဂျစ်နိုင်ငံက အကြမ်းဖက်မှု များစွာအတွက် အဆက်အသွယ်ရှာ ခြင်းနဲ့ အကြမ်းဖက်သမားတွေကို လမ်းညွှန်မှု ပေးခဲ့သူ ဖြစ်ပါတယ်။ အီဂျစ်မှာ …
တောင်ကျချောင်းရဲ့ ရေစီးထဲမှာ မျောပါသွားတဲ့ မိသာစုတစ်ခုလုံး ရဲ့ရင်နစ်စရာအဖြစ် အချို့ ကိစ္စတွေက ခေါင်းမမာသင့်ဘဲ ခေါင်းမာခဲ့ရင် အသက်အန္တရာယ်နဲ့ ကြုံရတတ်တယ် ဆိုတာ ကို ယီမင် နိုင်ငံမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ကလေး တစ်ခုက သက်သေ ခံသွားပါတယ်။ တောင်ပေါ်မှာ မိုးညို နေပြီဆိုရင် တောင်ကျချောင်းတွေက အချိန်မရွေး အန္တရာယ်ရှိတယ် ဆိုတာကို ဒေသခံတွေပဲ သိကြပါတယ်။ တောင်ကျ ချောင်း တွေကို ကြည့်လိုက်ရင် ရေတိမ်တိမ်ကလေးတွေနဲ့ ရေစီးက ညင်ညင် သာသာလေး တွေပါ ။ တောင်ကျချောင်းကို ဖြတ်ကူးတဲ့ အခါမှာ ဒေသခံတွေရဲ့ စကားကို နားထောင်ရ ပါတယ်။ အဲ့ဒီလိုမှ မဟုတ်ရင် အောက်ဖော်ပြပါ ဗီဒီယိုဖိုင်မှာ …
မနေ့က ဘက်လက်ပင့်ခ် နဲ့ ဆယ်လီနာဂိုမက်ဇ် တို့ ပေါင်းပြီး မြူဇစ်ဗီဒီယို ထုတ်လွှင့်ခဲ့ တောင်ကိုရီးယား မိန်းကလေး အဆိုတော်အဖွဲ့ဖြစ်တဲ့ ဘလက်ပင့်ခ်နဲ့ အမေရိကန် နာမည်ကြီး ဆယ်လီနာဂိုမက်ဇ် တို့ ပူးပေါင်းပြီး ICE CREAM ဆိုတဲ့ မြူဇစ်ဗီဒီယို တစ်ခုကို မနေ့က သြဂုတ်လ ၂၈ရက်နေ့မှာ ထုတ်လွှင့်လိုက် ပါတယ်။ သဘောင်္သား ဦးထုတ်ဆောင်းထားပြီး ဘီကီနီ ဝတ်ထားတဲ့ ဂိုးမက်ဇ်က ရေခဲမုန့်ရောင်းတဲ့ ကားနဲ့ သီချင်းဆို ပြနေတာ တော်တော် လှနေပါတယ်။ သီချင်းတစ်ပုဒ်လုံးက အရောင်တွေ စုံလင်စွာနဲ့ ကြည့်လို့ အရမ်းကောင်းပါတယ်။ ဘလက်ပင့်ခ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဂျီဆိုး ၊ဂျန်နီ ၊ရိုစီနဲ့ လီဆာတို့ကလည်း …
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |