အမ်ိဳးသမီးေတြ ေရကူးကန္သြားရင္သတိထား ကိုယ္ဝန္ရတတ္တယ္

အမ်ိဳးသမီးေတြ ေရကူးကန္သြားရင္သတိထား ကိုယ္ဝန္ရတတ္တယ္
Health

အမ်ိဳးသမီးေတြ ေရကူးကန္သြားရင္သတိထား ကိုယ္ဝန္ရတတ္တယ္

အင္ဒိုနီးရွားက ဆစ္တီဟစ္ခ္မဝတီ ဆိုတဲ့ က်န္းမာေရဝန္ႀကီးဌာန အႀကံေပး ပါေမာကၡ က အမ်ိဳးသမီးေတြ ေရကူးကန္မွာ ေရသြားကူးတဲ့ အခါ အမ်ိဳးသားေတြနဲ႔ တစ္ကန္တည္း ကူးမိတယ္ဆိုရင္ သတိထားပါတဲ့ ။ အခ်ိဳ႕အမ်ိဳးသားေတြရဲ႕ သုတ္ေကာင္ေတြက အံမခန္း အစြမ္းရွိ လို႔ ေနရင္းထိုင္ရင္း ကိုယ္ဝန္ ရသြားႏိုင္ပါတယ္လို႔ ဆိုလာပါတယ္။ သူမက ဇီဝေဗဒ ဆိုင္ရာသုေတသနစာတမ္းနဲ႔ ပါေမာကၡဘြဲ႕ကိုယူထား တာပါ။

သေႏၶေအာင္ျဖစ္စဥ္ဆိုင္ရာအခ်က္အလက္ေတြကို ေကာင္းစြာသိႂကြမ္းၿပီး ကေလးတစ္ေယာက္ရလာႏိုင္တဲ့ ကိစၥကိုလည္း စာတမ္းေပါင္းမ်ားစြာ ေရးထားခဲ့သူပါ။သူမကို ထ႐ိုင္ဘန္းဂ်ာကာတာ သတင္းဌာနက အင္ဗ်ဴးလုပ္ေတာ့ အထက္ပါ အဆိုကိုေျပာခဲ့တာပါ။

အင္တာဗ်ဴးမွာသူမက အမ်ိဳးသမီးေတြအေနနဲ႔ အမ်ိဳးသားေတြနဲ႔တြဲၿပီ ေရကူးတဲ့အခါ အကာအကြယ္ကို လုံၿခဳံစြာ ဝတ္ထားဖို႔လိုေၾကာင္း သတိေပးပါတယ္။ အကယ္၍ အကာအကြယ္မလုံၿခဳံပါက မ်ိဳးသားေတြရဲ႕ သုတ္ေကာင္ေတြက ထိုးေဖာက္ဝင္ေရာက္ လာႏိုင္ပါတယ္လို႔ လည္း ဆိုပါတယ္။ အဲ့ဒိလိုကိုယ္ဝန္ေဆာင္ျခင္းကို သြယ္ဝိုက္ကိုယ္ဝန္ေဆာင္တယ္လို႔ ေခၚပါတယ္။

သုတ္ေကာင္ေတြက ၾကားခံနယ္ ေရကူးကန္ထဲက ေရထဲကေနတစ္ဆင့္ကူးခတ္လာၿပီး သေႏၶေအာင္သြားလို႔ပါပဲ။ “အခ်ိဳ႕ သုတ္ေကာင္ေတြက အရမ္းကိုသန္မာလြန္း အားႀကီးတယ္။ အကာအကြယ္အပိုမပါတဲ့ ေတာ္႐ုံ ေရကူးဝတ္စုံေလာက္ကို ေဖာက္ဝင္ႏိုင္တယ္။ အမ်ိဳးသား အခ်ိဳ႕က ေရကူးကန္ထဲမွာ ေရကူးရင္း သုတ္ထြက္က် တာရွိတတ္တယ္။ အဲ့လိုအေျခအေနမ်ိဳးမွာ အမ်ိဳးသမီးကလည္း သေႏၶေအာင္ကာလ ေရာက္ေနရင္ ကိုယ္ဝန္ေဆာင္ဖို႔ ျဖစ္သြားတတ္ပါတယ္။

ရာဂ အားႀကီးတဲ့ အမ်ိဳးသားေတြက ေရကူးကန္ထဲမွာ အမ်ိဳးသမီးေတြနဲ႔ တြဲၿပီး ေရကူးခ်ိန္မွာ အလိုလိုေနရင္ သုတ္ထြက္က်တာေတြ ရွိတတ္ပါတယ္။ အမ်ိဳးသားေတြရဲ႕ အေနအထားေပၚမူတည္ၿပီး အဲ့ဒိကိစၥက ျဖစ္သြားႏိုင္ပါတယ္”လို႔ သူမကဆိုတယ္။ အမ်ာစုကေတာ့ သူမေျပာတာကို လက္မခံၾကပါဘူး။ ေရကူးဝတ္စုံရဲ႕ အထူအပါး အခုအခံ နဲ႔ အမ်ားႀကီးဆိုင္ပါတယ္လို႔ လည္း ဆိုတဲ့သူကလည္းဆိုၾကပါတယ္။ မျဖစ္ႏိုင္ဘူးလို႔ တတ္အပ္ေျပာလို႔မရတာကိုလည္း ဝန္ခံၾကပါတယ္။

အင္ဒိုနီးရွားဆရာဝန္မ်ားအသင္းကေတာ့ လုံဝျငင္းဆန္ပါတယ္။ ေရကူးကန္ထဲမွာ ကလိုရင္လိုပိုးသတ္ေဆးေတြထည့္ထားလို႔ သုတ္ေကာင္ ေတြက မရွင္သန္ႏိုင္ပါဘူးလို႔ ဆိုၾကတယ္။ လိုင္းေပၚမွာက ဆရာဝန္ေတြကေတာ့ “ခင္ဗ်ားက်န္းမာေရးနဲ႔ ပတ္သက္ၿပီး နားမလည္ရင္ ရာထူးက ထြက္လိုက္ပါ။

မဟုတ္တမ္းတရာေတြနဲ႔ လူေတြကို ဝါဒမျဖန႔္ပါနဲ႔”လို႔ ေရးသားအျပစ္တင္ၾကတယ္။ သူတို႔က သုတ္ေကာင္ ေတြက ေမြးလမ္းေၾကာင္းထဲမွာပဲ ကူးခတ္ႏိုင္တယ္။ ကလိုရင္ပါတဲ့ေရထဲမွာ မကူးႏိုင္ဘူးလို႔ အေၾကာက္အကန္ ျငင္းၾကပါတယ္။

ေမာင္ယႆ REF; world of buzz
Photo ;kompas

Unicode

အမျိုးသမီးတွေ ရေကူးကန်သွားရင်သတိထား ကိုယ်ဝန်ရတတ်တယ်

အင်ဒိုနီးရှားက ဆစ်တီဟစ်ခ်မဝတီ ဆိုတဲ့ ကျန်းမာရေဝန်ကြီးဌာန အကြံပေး ပါမောက္ခ က အမျိုးသမီးတွေ ရေကူးကန်မှာ ရေသွားကူးတဲ့ အခါ အမျိုးသားတွေနဲ့ တစ်ကန်တည်း ကူးမိတယ်ဆိုရင် သတိထားပါတဲ့ ။ အချို့အမျိုးသားတွေရဲ့ သုတ်ကောင်တွေက အံမခန်း အစွမ်းရှိ လို့ နေရင်းထိုင်ရင်း ကိုယ်ဝန် ရသွားနိုင်ပါတယ်လို့ ဆိုလာပါတယ်။ သူမက ဇီဝဗေဒ ဆိုင်ရာသုတေသနစာတမ်းနဲ့ ပါမောက္ခဘွဲ့ကိုယူထား တာပါ။

သန္ဓေအောင်ဖြစ်စဉ်ဆိုင်ရာအချက်အလက်တွေကို ကောင်းစွာသိကြွမ်းပြီး ကလေးတစ်ယောက်ရလာနိုင်တဲ့ ကိစ္စကိုလည်း စာတမ်းပေါင်းများစွာ ရေးထားခဲ့သူပါ။သူမကို ထရိုင်ဘန်းဂျာကာတာ သတင်းဌာနက အင်ဗျူးလုပ်တော့ အထက်ပါ အဆိုကိုပြောခဲ့တာပါ။

အင်တာဗျူးမှာသူမက အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေနဲ့တွဲပြီ ရေကူးတဲ့အခါ အကာအကွယ်ကို လုံခြုံစွာ ဝတ်ထားဖို့လိုကြောင်း သတိပေးပါတယ်။ အကယ်၍ အကာအကွယ်မလုံခြုံပါက မျိုးသားတွေရဲ့ သုတ်ကောင်တွေက ထိုးဖောက်ဝင်ရောက် လာနိုင်ပါတယ်လို့ လည်း ဆိုပါတယ်။ အဲ့ဒိလိုကိုယ်ဝန်ဆောင်ခြင်းကို သွယ်ဝိုက်ကိုယ်ဝန်ဆောင်တယ်လို့ ခေါ်ပါတယ်။

သုတ်ကောင်တွေက ကြားခံနယ် ရေကူးကန်ထဲက ရေထဲကနေတစ်ဆင့်ကူးခတ်လာပြီး သန္ဓေအောင်သွားလို့ပါပဲ။ “အချို့ သုတ်ကောင်တွေက အရမ်းကိုသန်မာလွန်း အားကြီးတယ်။ အကာအကွယ်အပိုမပါတဲ့ တော်ရုံ ရေကူးဝတ်စုံလောက်ကို ဖောက်ဝင်နိုင်တယ်။ အမျိုးသား အချို့က ရေကူးကန်ထဲမှာ ရေကူးရင်း သုတ်ထွက်ကျ တာရှိတတ်တယ်။ အဲ့လိုအခြေအနေမျိုးမှာ အမျိုးသမီးကလည်း သန္ဓေအောင်ကာလ ရောက်နေရင် ကိုယ်ဝန်ဆောင်ဖို့ ဖြစ်သွားတတ်ပါတယ်။

ရာဂ အားကြီးတဲ့ အမျိုးသားတွေက ရေကူးကန်ထဲမှာ အမျိုးသမီးတွေနဲ့ တွဲပြီး ရေကူးချိန်မှာ အလိုလိုနေရင် သုတ်ထွက်ကျတာတွေ ရှိတတ်ပါတယ်။ အမျိုးသားတွေရဲ့ အနေအထားပေါ်မူတည်ပြီး အဲ့ဒိကိစ္စက ဖြစ်သွားနိုင်ပါတယ်”လို့ သူမကဆိုတယ်။ အမျာစုကတော့ သူမပြောတာကို လက်မခံကြပါဘူး။ ရေကူးဝတ်စုံရဲ့ အထူအပါး အခုအခံ နဲ့ အများကြီးဆိုင်ပါတယ်လို့ လည်း ဆိုတဲ့သူကလည်းဆိုကြပါတယ်။ မဖြစ်နိုင်ဘူးလို့ တတ်အပ်ပြောလို့မရတာကိုလည်း ဝန်ခံကြပါတယ်။

အင်ဒိုနီးရှားဆရာဝန်များအသင်းကတော့ လုံဝငြင်းဆန်ပါတယ်။ ရေကူးကန်ထဲမှာ ကလိုရင်လိုပိုးသတ်ဆေးတွေထည့်ထားလို့ သုတ်ကောင် တွေက မရှင်သန်နိုင်ပါဘူးလို့ ဆိုကြတယ်။ လိုင်းပေါ်မှာက ဆရာဝန်တွေကတော့ “ခင်ဗျားကျန်းမာရေးနဲ့ ပတ်သက်ပြီး နားမလည်ရင် ရာထူးက ထွက်လိုက်ပါ။

မဟုတ်တမ်းတရာတွေနဲ့ လူတွေကို ဝါဒမဖြန့်ပါနဲ့”လို့ ရေးသားအပြစ်တင်ကြတယ်။ သူတို့က သုတ်ကောင် တွေက မွေးလမ်းကြောင်းထဲမှာပဲ ကူးခတ်နိုင်တယ်။ ကလိုရင်ပါတဲ့ရေထဲမှာ မကူးနိုင်ဘူးလို့ အကြောက်အကန် ငြင်းကြပါတယ်။

မောင်ယဿ REF; world of buzz
Photo ;kompas

No Comments

Leave a Reply

Your email address will not be published.

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်
Health
ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ်

ကချင်ပြည်နယ်ကထွက်တဲ့ ဆေးဖက်ဝင် ခမ်းတောက်မြစ် ကျန်းမာရေးသုတ အနေနဲ့ရော ကျေးဇူးတရား သိတတ်မှု အနေနဲ့ပါ ဒီပိုစ့်လေး ရေးပါ့မယ်။ တိုင်းရင်းသားတွေရဲ့ အစွမ်းထက်တဲ့ သစ်မြစ် သစ်ဖုတွေ အကြောင်းပေါ့။ ငယ်ငယ်က အဖေ နဲ့ အတူ တာဝန်ကျရာ ပြည်နယ်တွေမှာ နေခဲ့ရပါတယ်။ ချင်းပြည်နယ်မှာ နေတုန်းက အဖြစ်အပျက် တစ်ခုပေါ့။ အဖေ့တပည့် သံကို စက်နဲ့ဖြတ်ရင်း မျက်စိထဲ သံစ ဝင်စိုက်ပါတယ်။ ၁၉၈၃လောက်က ဖြစ်ပါမယ်။ ဖလမ်းဆေးရုံက ကျနော်တို့ စခန်းနဲ့ဆိုရင် ဆယ်မိုင်လောက် ဝေးပါတယ်။ မျက်စိကု ဆရာဝန်လဲ မရှိသေးပါ။ အာ့အချိန် မျက်စိထိခိုက်တော့ ‌ေ‌ဆးရုံမသွားတော့ဘဲ ကချင်ဖက်က ခမ်းတောက်မြစ်ကို သွေးပြီး ခပ်ပေပေ ခပ်မိုက်မိုက် …

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်
Health
ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့်

ကလေးတွေရဲ့သွား ပိုမို ကောင်းမွန်အောင် ဖလူအိုရိုက် ဓာတ်ပေါင်း ပါတဲ့ရေ သောက်သင့် ဖလူအိုရိုက်လို့ ခေါ်တဲ့ ဖလိုရင်ဓာတ်ပေါင်းတွေကို ကလေးတွေ သောက်တဲ့ ရေထဲမှာ ထည့်ပေး ထားရင် သွားတွေမှာ ဖြစ်ပေါ်နေတဲ့ အခေါင်းပေါက်တွေကို လျှော့ချ ပေးနိုင်တယ်လို့ နယူဇီလန်က သုတေသီတွေက သူတို့ရဲ့ သုတေသန အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းခွဲ တစ်ခုဖြစ်တဲ့ ဆန်ဖရန်စ္စကို သွားကျောင်းက အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဌာနမှူးဖြစ်သူ ဒေါက်တာဟောင်းဝစ်ပိုလစ်ကလည်း ဖူလူအိုရိုက် ပါတဲ့ သွားတိုက်ဆေးတွေကို မိသားစုတွေက ကျယ်ကျယ်ပြန့်ပြန့် သုံးနေပေမဲ့ တကယ့်လက်တွေ့ အကျိုးရှိပြီး ထိရောက်တဲ့ ဖလူအိုရိုက်ဓာတ်ပေါင်း ပျော်ရည်တွေကို သောက်သုံးမှု နည်းလာတာကို တွေ့ရပါတယ် လို့ …

ကိုဗစ္-၁၉ ကာကြယ္ေဆးကို ႐ုရွားက ပထမဆုံး မွတ္ပုံတင္ၿပီး ျဖန႔္ဖို႔ လုပ္ေတာ့မည္
Health
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည်

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ရုရှားက ပထမဆုံး မှတ်ပုံတင်ပြီး ဖြန့်ဖို့ လုပ်တော့မည် ကုန်ပစ္စည်းတစ်ခုကို ထုတ်လုပ်လိုက်ပြီ ဆိုရင် အဲ့ဒိပစ္စည်းကို သုံးစွဲရန် သင့်မသင့် စမ်းသက်ချက် လုပ်ရပါတယ်။ သုံးစွဲရန် သင့်ပြီဆိုပါက FDA ရဲ့ ထောက်ခံချက် တောင်းခံရပါတယ်။ ထောက်ခံချက်ရပြီ ဆိုပါက ကုန်အမှတ် တံဆိပ် အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထောက်ခံချက်ကို ယူပြီး မှတ်ပုံတင်က စားသုံးသူ လက်ထဲကို ဖြန့်ချီ ရပါတယ်။ ကမ္ဘာ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ရှာဖွေရေးပြိုင်ပွဲမှာ နိုင်ငံအသီးသီးက သုတေသနသမားတွေ ဝင်ရောက် ပြိုင်ဆိုင်နေရာ ကာကွယ်ဆေးကို တွေ့ ရှိနေကြပေမဲ့လည်း အခုမှ စမ်းသက် စစ်ဆေးဆဲ ကာလပဲ …