
Life Style





အခက်အခဲတွေဖြစ်လာရင် မေတ္တာတရားက သာ ကျော်ဖြတ်နိုင်မှာတဲ့1






Unicode

အခက်အခဲတွေဖြစ်လာရင် မေတ္တာတရားက သာ ကျော်ဖြတ်နိုင်မှာတဲ့

Line walker ဇာတ်လမ်းတွဲထဲက ဟောင်ကောင် ရုပ်ရှင်မင်းသမီး ပရစ်ဆယ်လာဝေါင်း က ဝူဟန်ထူးဆန်းတုတ်ကွေးကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေကို တစ်ဦးနဲ့တစ်ဦး မေတ္တာထားပြီး စောင့်ရှောက်မှသာ ကျော်ဖြတ်သွားနိုင်မှာပါလို့ ဆိုလိုက်ပါတယ်။

ဝူဟန်ထူးဆန်းတုတ်ကွေးရဲ့ လျှင်မြန်စွာ ပြန့်နှံ့လာမှုကြောင့် ဟောင်ကောင်က စတိုးဆိုင်တွေမှာ ပိုးသတ်ဆေး လက်သန့်ဆေးတွေလို့ အရက်ပျံ တွေ ပြတ်လပ်သွားပါတယ်။ ဒါ့အပြင် တစ်ရှုးစက္ကူတွေ စည်သွပ်ဗူးတွေ ကုန်ခြောက်တွေပါ ဝယ်မရ ဖြစ်လာပါတယ်။

တရုတ်နှစ်ကူး ၄ရက်နေ့ကစပြီး ပရစ်ဆယ်လာ က သူမကိုယ်တိုင် မိသားစုအတွက် လုပ်တဲ့ ပိုးသတ်ဆေးရည်ကို ဘယ်လို လုပ်ရတယ်ဆိုတာကို အွန်လိုင်းပေါ်မှာ ဓာတ်ပုံတွေ ဗီဒီယိုဖိုင်လေးတွေ တင်ပြီး ပရိသက်ကို နမှုနာတွေ ပြနေခဲ့ပါတယ်။ အရက်ကို အခြေပြုပြီး လုပ်တဲ့ ပိုးသတ်ဆေးရည်ကို လုပ်ပြရင် “အခုပဲ လုပ်လိုက်ပါ။

အခက်အခဲတွေဖြစ်လာရင် မေတ္တာတရားက သာ ကျော်ဖြတ်နိုင်မှာတဲ့2

အတူတူ ကျော်ဖြတ်လို့ ရပါတယ်” ဆိုပြီး လှုံ့ဆော်မှုကို လုပ်ခဲ့ပါတယ်။ သူမက လိုင်းပေါ်မှာ သူမရဲ့ဓာတ်ပုံတွေနဲ့တွဲပြီး တကယ် လိုနေတဲ့သူတွေရှိပါတယ်။ ကိုယ့်မှာ ပိုနေရင်စွန့်ပေး ကြပါ။ ဟောင်ကောင်ပြည်သူတွေက မေတ္တာတရား အပြည့်ရှိကြပါတယ် ဆိုပြီး နိုင်ငံသားတွေကို လှုံ့ဆော် ခဲ့ပါတယ်။

သူမက လိုင်းပေါ်မှာ “လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်းက ကျမရဲ့ ပတ်ဝန်းကျင်မှာ လှပပြီး ကြင်နာစိတ်ရှိတဲ့ သူတွေ အများကြီး ရှိခဲ့ပါတယ်။ အဲ့ဒိလူတွေက အခုတော့ သဘောထားတွေ ပြောင်းကုန်ပါတယ်။ အရင်လို ကြင်နာခြင်းရဲ့ အလှအပတွေ ပျောက်ကုန် သလိုဖြစ်နေပါတယ်။

ချစ်ခြင်းမေတ္တာတရားတွေကို ပြန်ပြကြပါဦး။ ဒီအခက်အခဲကို ကျမတို့ ကျော်ဖြတ် နိုင်မှာပါ။ အခက်အခဲကို ကျော်လွှားနိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက တစ်ဦးနဲ့ တစ်ဦး မေတ္တာနဲ့ ဆက်ဆံဖို့ပဲရှိပါတယ်။

အတူတူ လေ့လာပြီး အတူတူ သင်ယူလိုက်ကြရအောင်” လို့ ရေးတင်ခဲ့ပါတယ်။ သူမရဲ့ ပိုစ့်အောက်မှာ အားလုံးက ကျေးဇူတင်ကြောင်းတွေ ရေးသားခဲ့ပါတယ်။ သူမရှင်းပြတာက တကယ်ထိရောက်တဲ့နည်းလမ်းဖြစ်တယ်ဆိုတာကိုလည်းလက်ခံကြပါတယ်။ သူမတင်တဲ့ပို့စ်ကိုလည်း ဝိုင်ရှယ်ပြီး အသိအမှတ်ပြုပေးကြပါတယ်။

မောင်ယဿ REF: Asian news photo : the hive asia

No Comments

Leave a Reply

Your email address will not be published.

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား
Life Style
မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား

မာစီဒီးကားမှာ ငှက်သိုက်လာဖွဲ့လို့ မစီးဖို့ ဆုံးဖြတ်လိုက်တဲ့ ဒူဘိုင်း အိမ်ရှေ့မင်းသား လူဆိုတာက ထူးဆန်းပါတယ်ဆိုတဲ့ ကိစ္စတွေနဲ့ အပြည့်စုံ သတ္တဝါတွေပဲ ဖြစ်ပါတယ်။ လူ့စိတ် ဆိုတာကလည်း တော်တော် ဆန်းကျယ်ပါတယ်။ အဲ့ဒိထဲမှာ ပြည့်ပြည့်စုံစုံ လူတွေက ပိုဆိုးပါတယ်။ ငှက်ကလေးတွေ သင်တို့ကားမှာ ငှက်သိုက်လာဖွဲ့ ရင် နှင်မထုတ်ပါနဲ့။ သူတို့ကို အနှောက်အယှက် မပေးပါနဲ့။ လောလောဆယ် တော့ ဒူဘိုင်း အိမ်ရှေ့မင်းသား က သူစီးနေတဲ့ မာစီဒီးကားပေါ်မှာ ငှက်မိသားစုတစ်စုက အသိုက်လာဖွဲ့ လို့ အဲ့ဒိကားကို မစီးတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ် ဆိုတဲ့အကြောင်း လိုင်းပေါ် တင်လိုက်လို့ သူ့ကို လူတွေက ဝိုင်း ချီးကျုးနေကြပါတယ်။ နောက်ပြီး သူရဲ့ကြင်နာမှု …

''မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ''
Life Style
”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ”

”မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလားဆိုတာ သင့်ကိုယ်သင် ဆန်းစစ်ကြည့်ပါ” သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်အဝရှိတဲ့ သူလား။ ဒါမှမဟုတ် ယုံကြည်မှု နည်းပါးသူလား ဆိုတာကို သင်ကိုယ်တိုင် ဆန်းစစ်ကြည့်ဖို့ လိုအပ်တယ် ဆိုတာကိုရော သင်သိပါရဲ့လား။ အဓိgyကအားဖြင့် သင့်မှာရှိနေတဲ့ စိတ်ကို သင်ကိုယ်တိုင် လေ့လာကြည့်ဖို့ပဲ လိုအပ်တာပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေရဲ့ စိတ်လက္ခဏာအချို့ကို သင် လေ့လာကြည့်ဖို့ ပြောပြပေးချင်ပါတယ်။ ”သင် ရယ်မောတတ်ပါသလား” ရယ်မောခြင်းဟာ အသက်ရှည် ကျန်းမာခြင်းကို အထောက်အကူပြုသလို သင့်ရဲ့အကောင်းမြင်စိတ်ကို ပိုမို မြှင့်တင်ပေးတတ်တာမို့ သင်ဟာ ရယ်မော ပျော်ရွှင်တတ်ခြင်း ရှိနေမယ် ဆိုမှသာ သင်ဟာ မိမိကိုယ်ကိုယ် ယုံကြည်မှု …

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ
Life Style
ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ

ယုံရက်စရာမရှိ တဲ့ ၇၀ ကျော်ကြီးတွေက သူတို့ရဲ့သန်မာမှုကိုပြ အသက်၇၀ ကျော်ပြီ ဆိုရင် ကမ္ဘာ အနှံ့မှာ ရှိတဲ့ သူတွေက သူတို့ကိုယ် သူတို့ အိုသွားပြီဆိုတဲ့ အတွေး နဲ့ အရာရာ လေကန်ထိုင်းမှိုင်းပြီး နာကျင်လာတယ်လို့ ခံစားနေကြပါတယ်။ အညောင်အညာတွေ ရှိပြီးတော့ အနှိပ် အနင်း မလွတ်တော့ဘူးလို့ ထင်မြင်လာကြတယ်။ ဇရာနောက်က လိုက်လာတဲ့ နာကျင်မှုကို ခံစားနေကြ ရပါတယ်။ အများစုက ကျောနဲ့ ခါး နာလာတယ်။ ဒူးမကောင်းတော့ဘူးနဲ့ အချို့ဆိုရင် တင်ပါးစုံရိုး ကျိုးတဲ့အထိ ဖြစ်ကြပါတယ်။ အသားအရေတွေ တွဲကျလာတာကိုလည်း စိတ်မသက်မသာ ခံစားနေ ကြရပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ ဟန်ကျိုးက ၇၀ကျော် …