ေတာ႐ိုင္းေကာင္ေတြကို စားသုံးျခင္းဆန႔္က်င္ၾကတဲ့ တ႐ုတ္ဆယ္လီေတြ
- By : Phoe Linn
- Category : International-news

ေတာ႐ိုင္းေကာင္ေတြကို စားသုံးျခင္းဆန႔္က်င္ၾကတဲ့ တ႐ုတ္ဆယ္လီေတြ
ဟြမ္ေရွာင္မင္း ၊ အိန္ဂ်လာေဘဘီ ၊ ယန္းမီ တိုလို႔ အာရွဆယ္လီေတြက ေတာ႐ိုင္းေကာင္ေတြစားျခင္းကို ဆန႔္က်င္ၾကဖို႔အတြက္ လႈံ႕ေဆာ္မႈ တစ္ခု လုပ္ခဲ့ပါတယ္။ ဝူဟန္က ေတာ႐ိုင္ေေကာင္ေဈးကြက္က ေကာ္႐ိုနာ တုတ္ေကြးျပန႔္ပြားဖို႔ အတြက္ ပင္ရင္း ေနရာျဖစ္တယ္လို႔ ထင္ၾကတဲ့ အတြက္ေၾကာင့္ ေတာ႐ိုင္းေကာင္ေတြ စားသုံးျခင္းကို လူတိုင္းလူတိုင္း ႏွာေခါင္းရႈံ႕ လာၾကပါၿပီ။ ကမာၻ႔ေနရာ အခ်ိဳ႕မွာလည္း ေတာ႐ိုင္းေကာင္ စားသုံးတဲ့ အ ေလ အ ထ ရွိ ေန ဆဲ ပါ ။ ။
ဒါ့အျပင္ တ႐ုတ္ႏိုင္ငံ ကိုယ္တိုင္မွာေတာင္ အခ်ိဳ႕ ျပည္နယ္ေတြ ၿမိဳ႕ႀကီးေတြမွာ ေတာ႐ိုင္းေကာင္ေတြ စားသုံးတဲ့ အေလ့အထ ရွိ ေနပါတယ္။ ခရစ္ဝူ ၊ အန္ဂ်လာေဘဘီ ၊ ဟြမ္ေရွာင္မင္း ၊ လွ်ဴေတာင္း ၊ အိန္ဂ်ယ္ဝမ္နဲ႔ ေယာင္မီတို႔ အပါအဝင္ တ႐ုတ္ဆယ္လီ ၁၇ ဦးက ေတာ႐ိုင္းေကာင္ေတြကို အာဟာရအျဖစ္ မစားဖို႔ တိုက္တြန္းတဲ့ ဗီဒီယို ဖိုင္တစ္ခုကို လိုင္းေပၚတင္ေပးလိုက္ပါတယ္။ “ေတာ႐ိုင္းေကာင္ေတြ စားဖို႔ေျပာရင္ ျငင္းလိုက္ပါ။ သူတို႔ကို ကယ္တင္တာက က်ေနာ္တို႔ ကိုယ့္ကိုယ္ကို ကာကြယ္တာပါပဲ” ဆိုတဲ့ သီခ်င္း သံၿပိဳင္ကို ဗီ ဒီယို ဖိုင္ ထဲ မွာ အ တူ တူ ဆို ၾက ပါ တယ္ ။ ။
ဗီဒီယိုဖိုင္အဆုံးမွာ ခရစ္က ႏႈတ္ဆက္ တိုက္တြန္းစကား အေနနဲ႔ “ဝူဟန္အတြက္ ဆုေတာင္းေပးၾကပါ။ ဝူဟန္ ထူးဆန္းတုတ္ေကြးကို အႏိုင္တိုက္ဖို႔ က်ေနာ္တို႔လက္တြဲၾကပါစို႔”လို႔ဆိုခဲ့ပါတယ္။ ေတာ႐ိုင္းေကာင္ေတြ အသားစိမ္းေတြ စားျပတာကလည္း ရီရယ္လီတီရႈိးေတြမွာလည္း မၾကာ ခဏ ျပပါတယ္။ တ႐ုတ္မင္းသမီး မစ္ခ်ယ္ရီ ဆိုရင္ မၾကာေသးခင္ကမွ အသားစိမ္းေတြကို တီဗီရႈိး တစ္ခုမွာ ျပခဲ့ပါတယ္။ “က်မတို႔မွာ အသက္ေမြးဝမ္းေက်ာင္းမႈ အရ ဒါ႐ိုက္တာက ခိုင္းရင္ လုပ္ရတာပါပဲ။ လင္းႏို႔ အစိမ္း စားခိုင္တာေလ ။ အျခားသူေတြက ျငင္းၾကပါတယ္။ က်မကေတာ့ မတတ္ႏိုင္ဘူးဆိုတဲ့ အေတြးနဲ႔ပဲ စားလိုက္ရပါတယ္” လို႔ ဆို တယ္ ။ ။
တ႐ုတ္ သ႐ုပ္ေဆာင္ ေတာ္ေတာ္မ်ားမ်ားက အသားစိမ္းေတြ မက်က္တက်က္ေတြ စားဖူးၾကပါတယ္။ သူ တို႔ အ တြက္ ခက္ ခက္ ခဲ ခဲ ျဖတ္ သန္း ခဲ့ ရ ပါ တယ္ လို႔ ေယာင္း မီ က ဆို ပါ တယ္ ။ ။
ေမာင္ယႆ REF:asiaone .com photo; the sun
Unicode
တောရိုင်းကောင်တွေကို စားသုံးခြင်းဆန့်ကျင်ကြတဲ့ တရုတ်ဆယ်လီတွေ
ဟွမ်ရှောင်မင်း ၊ အိန်ဂျလာဘေဘီ ၊ ယန်းမီ တိုလို့ အာရှဆယ်လီတွေက တောရိုင်းကောင်တွေစားခြင်းကို ဆန့်ကျင်ကြဖို့အတွက် လှုံ့ဆော်မှု တစ်ခု လုပ်ခဲ့ပါတယ်။ ဝူဟန်က တောရိုင်ေကောင်ဈေးကွက်က ကော်ရိုနာ တုတ်ကွေးပြန့်ပွားဖို့ အတွက် ပင်ရင်း နေရာဖြစ်တယ်လို့ ထင်ကြတဲ့ အတွက်ကြောင့် တောရိုင်းကောင်တွေ စားသုံးခြင်းကို လူတိုင်းလူတိုင်း နှာခေါင်းရှုံ့ လာကြပါပြီ။ ကမ္ဘာ့နေရာ အချို့မှာလည်း တောရိုင်းကောင် စားသုံးတဲ့ အ လေ အ ထ ရှိ နေ ဆဲ ပါ ။ ။
ဒါ့အပြင် တရုတ်နိုင်ငံ ကိုယ်တိုင်မှာတောင် အချို့ ပြည်နယ်တွေ မြို့ကြီးတွေမှာ တောရိုင်းကောင်တွေ စားသုံးတဲ့ အလေ့အထ ရှိ နေပါတယ်။ ခရစ်ဝူ ၊ အန်ဂျလာဘေဘီ ၊ ဟွမ်ရှောင်မင်း ၊ လျှူတောင်း ၊ အိန်ဂျယ်ဝမ်နဲ့ ယောင်မီတို့ အပါအဝင် တရုတ်ဆယ်လီ ၁၇ ဦးက တောရိုင်းကောင်တွေကို အာဟာရအဖြစ် မစားဖို့ တိုက်တွန်းတဲ့ ဗီဒီယို ဖိုင်တစ်ခုကို လိုင်းပေါ်တင်ပေးလိုက်ပါတယ်။ “တောရိုင်းကောင်တွေ စားဖို့ပြောရင် ငြင်းလိုက်ပါ။ သူတို့ကို ကယ်တင်တာက ကျနော်တို့ ကိုယ့်ကိုယ်ကို ကာကွယ်တာပါပဲ” ဆိုတဲ့ သီချင်း သံပြိုင်ကို ဗီ ဒီယို ဖိုင် ထဲ မှာ အ တူ တူ ဆို ကြ ပါ တယ် ။ ။
ဗီဒီယိုဖိုင်အဆုံးမှာ ခရစ်က နှုတ်ဆက် တိုက်တွန်းစကား အနေနဲ့ “ဝူဟန်အတွက် ဆုတောင်းပေးကြပါ။ ဝူဟန် ထူးဆန်းတုတ်ကွေးကို အနိုင်တိုက်ဖို့ ကျနော်တို့လက်တွဲကြပါစို့”လို့ဆိုခဲ့ပါတယ်။ တောရိုင်းကောင်တွေ အသားစိမ်းတွေ စားပြတာကလည်း ရီရယ်လီတီရှိုးတွေမှာလည်း မကြာ ခဏ ပြပါတယ်။ တရုတ်မင်းသမီး မစ်ချယ်ရီ ဆိုရင် မကြာသေးခင်ကမှ အသားစိမ်းတွေကို တီဗီရှိုး တစ်ခုမှာ ပြခဲ့ပါတယ်။ “ကျမတို့မှာ အသက်မွေးဝမ်းကျောင်းမှု အရ ဒါရိုက်တာက ခိုင်းရင် လုပ်ရတာပါပဲ။ လင်းနို့ အစိမ်း စားခိုင်တာလေ ။ အခြားသူတွေက ငြင်းကြပါတယ်။ ကျမကတော့ မတတ်နိုင်ဘူးဆိုတဲ့ အတွေးနဲ့ပဲ စားလိုက်ရပါတယ်” လို့ ဆို တယ် ။ ။
တရုတ် သရုပ်ဆောင် တော်တော်များများက အသားစိမ်းတွေ မကျက်တကျက်တွေ စားဖူးကြပါတယ်။ သူ တို့ အ တွက် ခက် ခက် ခဲ ခဲ ဖြတ် သန်း ခဲ့ ရ ပါ တယ် လို့ ယောင်း မီ က ဆို ပါ တယ် ။ ။
မောင်ယဿ REF:asiaone .com photo; the sun
No Comments