႐ုရွား အေျခခံဥပေဒ အာဏါ သိမ္းခံလိုက္ရၿပီလား

႐ုရွား အေျခခံဥပေဒ အာဏါ သိမ္းခံလိုက္ရၿပီလား
International-news

႐ုရွား အေျခခံဥပေဒ အာဏါ သိမ္းခံလိုက္ရၿပီလား

အေျခခံ ဥပေဒကို အေျပာင္းအလဲ လုပ္မယ္ဆိုၿပီး ႐ုရွားသမၼတ ပူတင္က မဲဆႏၵ ခံယူပြဲလုပ္တဲ့အေပၚကို အတိုက္အခံ သမားေတြက ဟာသတစ္ခု လုပ္ေနတာလို႔ ဝိုင္းၿပီး ရႈံ႕ ခ်ေနၾကပါတယ္ ။ ေမာ္စကို စာအုပ္ဆိုင္ေတြ စာအုပ္ေရာင္းေကာင္းေအာင္လို႔ မူရင္း ဥပေဒစာအုပ္ကို ဟိုနားနည္းျပင္ ဒီနားနည္းနည္းျပင္လုပ္ အေျခခံ ဥပေဒျပင္ပါတယ္ဆိုၿပီး လူၾကားေကာင္းေအာင္ လုပ္ေနပါတယ္လို႔ ဆိုၾကတယ္ ။

ကြန္ျမဴနစ္လစ္ဘရာယ္ ျပဳျပင္ေျပာင္းလဲေရး သမားေတြက ကရင္းမလင္း အစိုးရက အသက္ ၆၇ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ ပူတင္ကို သမၼတ သက္တမ္းရွည္ေအာင္ လုပ္ဖို႔ ႀကိဳးစားေနတာပါလို႔လည္း ေဝဖန္ ေနၾကပါတယ္ ။ အခု ဆႏၵခံယူပြဲက ၿပီးခဲ့တဲ့ လက စခဲ့ၿပီး ဇူလိုင္လ ၁ရက္ ေန႔မွာ အဆုံးသတ္မွာပါ ။ အတိုက္အခံ ေတြကလည္း ဆန္ ဒခံယူပြဲကို သပိတ္ေမွာက္ဖို႔ မတိုက္တြန္းဘဲ မဲေပးတာကို ဆန႔္က်င္ၾက ဆို႐ုံ ေျပာၾကေတာ့ အေတာ္မ်ားမ်ားက သိပ္ၿပီး စိတ္ပါလက္ပါ မရွိၾကပါ ။

ၿပီးခဲ့တဲ့ႏွစ္က ေမာ္စကို အစိုးရကို ထိပ္တိုက္ ရင္ဆိုင္ခဲ့တဲ့ ထိပ္တန္း အတိုက္အခံ အလက္ဇီေနဗယ္နီကလည္း ဆႏၵမဲေပးတာကို ဆန႔္က်င္လည္း ေမာ္စကို အစိုးရက မဲခိုးမွာ ျဖစ္တဲ့အတြက္ ဘာမွ မထူးဘူးလို႔ေျပာတဲ့ အတြက္ ေၾကာင့္ မဲေပးတာနဲ႔ပတ္သက္ၿပီး လူေတာ္ေတာ္မ်ားမ်ားက စိတ္မဝင္စားၾကေတာ့ပါ ။

လူေတြက ပူတင္ရဲ႕ အေျခခံ ဥပေဒ ျပဳျပင္ေျပာင္းလဲမႈကို စိတ္မဝင္စားၾကရတဲ့ အေၾကာင္းကေတာ့ အရင္းအျမစ္က ေျပာင္းလဲမႈ မရွိ ၊မ်က္ႏွာသစ္ ေတြလည္းမပါ၊စိတ္လႈပ္ရွား စရာလည္း မေကာင္းတဲ့ အတြက္ေၾကာင့္ ပါပဲ ၊ အားအားရွိ ေစာင့္သိ ႐ိုေသမႈနဲ႔ သစၥာရွိဖို႔ ခ်ည္းပဲ တတြင္တြင္ ေျပာေနတဲ့ အစိုးရေၾကာင့္ပါပဲလို႔ ႐ုရွားႏိုင္ငံေရး ကြၽမ္းက်င္သူ ဟားဗတ္တကၠသိုလ္က ပါေမာကၡ တစ္ဦးကဆိုတယ္ ။

ပူတင္ကေတာ့ သူ႔ရဲ႕ အေျခခံဥပေဒ ေျပာင္းလဲမႈကို ခင္ဗ်ားတို႔က ခင္ဗ်ားတို႔ဟာ ဘယ္လိုလူမ်ိဳး ဆိုတာျပဖို႔ အတြက္ အခြင့္အလမ္း သန္းနဲ႔ခ်ီ ပါပါတယ္လို႔ ခပ္ႂကြားႂကြား မိန႔္ ခြန္းထဲမွာ ထည့္ေျပာသြားေပမဲ့ ႏွစ္ေပါင္းမ်ားစြာ သူလုပ္လာခဲ့တာ ကေတာ့ အတိုက္အခံ အင္အားစုနဲ႔ ျပည္သူကို ဖိႏွိပ္တာ သက္သက္ပါပဲ ။

႐ုရွားအတိုက္အခံေတြက သူေျပာတာကို ဘာတစ္ခုမွ မယုံၾကည္ခဲ့ပါဘူး ။ ဇန္နဝါရီလမွာ အေျခခံဥပေဒ ျပဳျပင္ေျပာင္းလဲေရး ကို စၿပီးေရးခဲ့ပါတယ္ ။ ဒါေပမဲ့ ေကာ္႐ိုနာ ဗိုင္းရက္ေၾကာင့္ လုပ္ငန္း ရပ္သြားေပမဲ့ ေျပာင္းလဲမယ့္ ဥပေဒမွာ သမၼတ သက္တမ္းကို အကန႔္အသတ္မဲ့ ထားရွိ ဖို႔ အတြက္ရယ္ ၂၀၂၄ မွာ သူ႔ရဲ႕သမၼတ သက္တမ္း ၂ ႀကိမ္ ကုန္ေတာ့မွာမို႔ အေျခခံ ဥပေဒကိုျပင္ခ်င္တာ ျဖစ္မယ္လို႔ အသံထြက္ သြားပါတယ္ ။

တကယ္ေတာ့ ႏိုင္ငံေရး ေျပာင္းလဲမႈ အတြက္ မရည္႐ြယ္ဘဲ သူ႔ရဲ႕ သမၼတ သက္တမ္းရွည္ၾကာဖို႔အတြက္နဲ႔ ဘာမွမဟုတ္တဲ့ လိင္တူ လက္ထပ္ေရး ကိစၥလိုမ်ိဳးေတြကို လိုက္ျပင္ေနတာပါ ။ အမွန္တကယ္ ျပင္ရမဲ့ အစိုးရ ပင္စင္လစာ ခံစားခြင့္ေတြ ေန႔စားခ တိုးျမင့္ေရးေတြ ကိုမလုပ္ဘဲ ျပည္သူကို သူတို႔ ျပင္ခ်င္တဲ့အရာေတြ ေပၚမွာ အမွားအမွန္ ျခစ္ခိုင္းေနတာပါ ။ ဒါေၾကာင့္ အတိုက္အခံ ေတြက ပူတင္ျပင္တဲ့ အေျခခံ ဥပေဒေျပာင္းလဲမႈက ေျပာင္းလဲမႈ မဟုတ္ဘဲ အေျခခံဥပေဒကို အာဏါ သိမ္းတာနဲ႔ တူပါတယ္လို႔ ဆိုၾကပါတယ္ ။

ေမာင္ယႆ

REF:CAN / Photo;AFP

Unicode

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။

ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ အခု ဆန္ဒခံယူပွဲက ပြီးခဲ့တဲ့ လက စခဲ့ပြီး ဇူလိုင်လ ၁ရက် နေ့မှာ အဆုံးသတ်မှာပါ ။ အတိုက်အခံ တွေကလည်း ဆန် ဒခံယူပွဲကို သပိတ်မှောက်ဖို့ မတိုက်တွန်းဘဲ မဲပေးတာကို ဆန့်ကျင်ကြ ဆိုရုံ ပြောကြတော့ အတော်များများက သိပ်ပြီး စိတ်ပါလက်ပါ မရှိကြပါ ။

ပြီးခဲ့တဲ့နှစ်က မော်စကို အစိုးရကို ထိပ်တိုက် ရင်ဆိုင်ခဲ့တဲ့ ထိပ်တန်း အတိုက်အခံ အလက်ဇီနေဗယ်နီကလည်း ဆန္ဒမဲပေးတာကို ဆန့်ကျင်လည်း မော်စကို အစိုးရက မဲခိုးမှာ ဖြစ်တဲ့အတွက် ဘာမှ မထူးဘူးလို့ပြောတဲ့ အတွက် ကြောင့် မဲပေးတာနဲ့ပတ်သက်ပြီး လူတော်တော်များများက စိတ်မဝင်စားကြတော့ပါ ။

လူတွေက ပူတင်ရဲ့ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲမှုကို စိတ်မဝင်စားကြရတဲ့ အကြောင်းကတော့ အရင်းအမြစ်က ပြောင်းလဲမှု မရှိ ၊မျက်နှာသစ် တွေလည်းမပါ၊စိတ်လှုပ်ရှား စရာလည်း မကောင်းတဲ့ အတွက်ကြောင့် ပါပဲ ၊ အားအားရှိ စောင့်သိ ရိုသေမှုနဲ့ သစ္စာရှိဖို့ ချည်းပဲ တတွင်တွင် ပြောနေတဲ့ အစိုးရကြောင့်ပါပဲလို့ ရုရှားနိုင်ငံရေး ကျွမ်းကျင်သူ ဟားဗတ်တက္ကသိုလ်က ပါမောက္ခ တစ်ဦးကဆိုတယ် ။

ပူတင်ကတော့ သူ့ရဲ့ အခြေခံဥပဒေ ပြောင်းလဲမှုကို ခင်ဗျားတို့က ခင်ဗျားတို့ဟာ ဘယ်လိုလူမျိုး ဆိုတာပြဖို့ အတွက် အခွင့်အလမ်း သန်းနဲ့ချီ ပါပါတယ်လို့ ခပ်ကြွားကြွား မိန့် ခွန်းထဲမှာ ထည့်ပြောသွားပေမဲ့ နှစ်ပေါင်းများစွာ သူလုပ်လာခဲ့တာ ကတော့ အတိုက်အခံ အင်အားစုနဲ့ ပြည်သူကို ဖိနှိပ်တာ သက်သက်ပါပဲ ။

ရုရှားအတိုက်အခံတွေက သူပြောတာကို ဘာတစ်ခုမှ မယုံကြည်ခဲ့ပါဘူး ။ ဇန်နဝါရီလမှာ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ကို စပြီးရေးခဲ့ပါတယ် ။ ဒါပေမဲ့ ကော်ရိုနာ ဗိုင်းရက်ကြောင့် လုပ်ငန်း ရပ်သွားပေမဲ့ ပြောင်းလဲမယ့် ဥပဒေမှာ သမ္မတ သက်တမ်းကို အကန့်အသတ်မဲ့ ထားရှိ ဖို့ အတွက်ရယ် ၂၀၂၄ မှာ သူ့ရဲ့သမ္မတ သက်တမ်း ၂ ကြိမ် ကုန်တော့မှာမို့ အခြေခံ ဥပဒေကိုပြင်ချင်တာ ဖြစ်မယ်လို့ အသံထွက် သွားပါတယ် ။

တကယ်တော့ နိုင်ငံရေး ပြောင်းလဲမှု အတွက် မရည်ရွယ်ဘဲ သူ့ရဲ့ သမ္မတ သက်တမ်းရှည်ကြာဖို့အတွက်နဲ့ ဘာမှမဟုတ်တဲ့ လိင်တူ လက်ထပ်ရေး ကိစ္စလိုမျိုးတွေကို လိုက်ပြင်နေတာပါ ။ အမှန်တကယ် ပြင်ရမဲ့ အစိုးရ ပင်စင်လစာ ခံစားခွင့်တွေ နေ့စားခ တိုးမြင့်ရေးတွေ ကိုမလုပ်ဘဲ ပြည်သူကို သူတို့ ပြင်ချင်တဲ့အရာတွေ ပေါ်မှာ အမှားအမှန် ခြစ်ခိုင်းနေတာပါ ။ ဒါကြောင့် အတိုက်အခံ တွေက ပူတင်ပြင်တဲ့ အခြေခံ ဥပဒေပြောင်းလဲမှုက ပြောင်းလဲမှု မဟုတ်ဘဲ အခြေခံဥပဒေကို အာဏါ သိမ်းတာနဲ့ တူပါတယ်လို့ ဆိုကြပါတယ် ။

မောင်ယဿ

REF:CAN / Photo;AFP

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မေလးရွာ းစာသင္ေက်ာင္းေတြမွာ ေက်ာင္းတြင္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မ်ား တိုးတက္ေန
International-news
မေလးရွာ းစာသင္ေက်ာင္းေတြမွာ ေက်ာင္းတြင္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မ်ား တိုးတက္ေန

မေလးရွာ းစာသင္ေက်ာင္းေတြမွာ ေက်ာင္းတြင္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မ်ား တိုးတက္ေန မေလးရွားႏိုင္ငံမွာ ၂၀၁၈ ခုႏွစ္ ေနာက္ပိုင္းကေန စၿပီးေတာ့ စာသင္ေက်ာင္းေတြမွာ ေက်ာင္းသား အခ်င္းခ်င္း အုပ္စုဖြဲ႕ ညႇင္းပန္းႏွိပ္စက္မႈေတြက တျဖည္းျဖည္း တိုးတက္လာပါတယ္ ။ အရင္က ကေလးအခ်င္ခ်င္းပဲဆို တဲ့စိတ္ နဲ႔ ေျဖသာၾကေပမဲ့ ေနာက္ပိုင္းမွာ ႏွိပ္စက္ခံရတဲ့ကေလးေတြက ေက်ာင္းသြားဖို႔ အတြက္ ျငင္းဆန္ လာၾကတဲ့ အခါမွာေတာ့ ေက်ာင္းသားမိဘေတြက အဲ့ဒိကိစၥေပၚကို အာ႐ုံစိုက္လာၾကပါတယ္ ။ ေက်ာင္းသားအခ်င္းခ်င္း ညႇင္းပန္းႏွိပ္စက္မႈေတြက အမ်ိဳးမ်ိဳးရွိပါတယ္ ။ အခ်ိဳ႕ ေသသြားတဲ့ဖခင္ရဲ႕ နာမည္နဲ႔ နာမည္ေျပာင္ကို လူၾကားထဲမွာ ဝိုင္းေအာ္ေခၚၿပီး အရွက္ခြဲ တဲ့ ကိစၥမ်ိဳးကစၿပီး အတန္းထဲမွာ ကိုယ္ထိ …

ေဘာလုံး အသင္း အသက္ဆက္ႏိုင္ဖို႔ အသင္းသားေတြ စိုက္ပ်ိဳးေရး လုပ္ၿပီး ဝင္ေငြရွာ
International-news
ေဘာလုံး အသင္း အသက္ဆက္ႏိုင္ဖို႔ အသင္းသားေတြ စိုက္ပ်ိဳးေရး လုပ္ၿပီး ဝင္ေငြရွာ

ေဘာလုံး အသင္း အသက္ဆက္ႏိုင္ဖို႔ အသင္းသားေတြ စိုက္ပ်ိဳးေရး လုပ္ၿပီး ဝင္ေငြရွာ ဂ်ပန္ႏိုင္ငံ က ေဂ်လိဂ္ တတိယတန္းမွာ ကစားေနတဲ့ ဖူကူရွီမား ေဘာလုံး အသင္းက ေကာ္႐ိုနာဗိုင္ဗိုင္းရက္ ျပန႔္ႏွံ႔စဥ္ ကာလအတြင္းမွာ ကလပ္အသင္း ပိုင္ရွင္အေနနဲ႔ သူတို႔ကို ေငြေၾကး မေပး ႏိုင္ေတာ့လို႔ အသင္းသားေတြက အသင္း ဆက္လက္ တည္ၿမဲေအာင္ သီးပင္စားပင္ေတြ စိုက္ပ်ိဳးၿပီး ဝင္ေငြရွာခဲ့ၾကပါတယ္ ။ ဂ်ပန္မွာ ေကာ္႐ိုနာဗိုင္းရက္ေတြ စျပန႔္လို႔ ေဖေဖာ္ဝါရီလမွာ ကလပ္အသင္း ၿပိဳင္ပြဲ ေတြ ရပ္လိုက္ ကတည္းက သူတို႔က နယ္ဖက္က သူတိုရဲ႕ ေလ့က်င့္ေရး ကြင္းတစ္ဝိုက္မွာ သီးပင္စားပင္ေတြနဲ႔ အဓိကကေတာ့ ဟင္းသီးဟင္း႐ြက္ ေတြကို …

လူ႔အသက္ကို ကယ္လိုက္တဲ့ ေၾကာင္ကေလးကို ဂ်ပန္ ရဲေတြ ဂုဏ္ျပဳ
International-news
လူ႔အသက္ကို ကယ္လိုက္တဲ့ ေၾကာင္ကေလးကို ဂ်ပန္ ရဲေတြ ဂုဏ္ျပဳ

လူ႔အသက္ကို ကယ္လိုက္တဲ့ ေၾကာင္ကေလးကို ဂ်ပန္ ရဲေတြ ဂုဏ္ျပဳ ဂ်ပန္ႏိုင္ငံ တိုယာမာၿမိဳ႕လယ္မွာေနတဲ့ ေၾကာင္ေလးတစ္ေကာင္က ေရေျမာင္းထဲကို ျပဳတ္က်သြားတဲ့သူ တစ္ဦးကို ကယ္ဆယ္ ႏိုင္ခဲ့လို႔ ဂ်ပန္ရဲေတြက ၎ကို ဂုဏ္ျပဳဆု ခ်ီးျမႇင့္ ခဲ့ပါတယ္ ။ ဇြန္လ ၁၆ရက္ေန႔က အသက္ ၇၇ ႏွစ္အ႐ြယ္ အဘြားအို တစ္ဦးက ညဖက္ ၇နာရီခြဲ ေလာက္မွာ လမ္းေလွ်ာက္ ထြက္လာရင္းက လမ္းေဘး ေရေျမာင္းထဲကို ေျခေခ်ာ္ၿပီး လဲက်သြားပါတယ္ ။ အဲ့ဒါကို ေတြ႕ လိုက္တဲ့ ေၾကာင္မေလး ကိုကိုက သူမရဲ႕ အိမ္ရွင္ကို တေညာင္ေညာင္ နဲ႔ ေအာ္ေခၚပါတယ္ ။ အိမ္ရွင္ အမ်ိဳးသမီးက …