
International-news








မောင်ယဿ

REF: upi / Photo; Upi

Unicode

ရုပ်တုတွေကို လိုက်ဖျက်တဲ့ ဆန္ဒပြ သမားတွေကို ထရမ့်က ဖမ်းခိုင်းပြီ

လူမျိုးရေး ခွဲခြားတယ် ၊ လူမျိုးတုန်း သတ်တယ် ဆို အယူအဆနဲ့ တစ်ခေတ် တစ်ခါက အမေရိကားက နာမည်ကျော် ခေါင်းဆောင် တွေကို ပစ်မှတ်ထားပြီး လိုက်လံ ဖျက်ဆီးနေတဲ့ ဆန္ဒပြ သမား တွေကို ပြည်ထောင်စုပိုင် ပစ္စည်းများကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးနေတယ်လို့ စွပ်စွဲပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းတို့ကို ဖမ်းဆီးအရေးယူဖို့အတွက် ရဲတွေကို အမိန့်ပေးလိုက်ပါတယ် ။

သမ္မတက ရုပ်တုဖျက်ဆီးသူတွေကို ဘယ်လိုအရေးယူရမယ်ဆိုတာကို တိုက်ရိုက်ညွှန်ကြားခြင်းမရှိဘဲ ဖမ်းပြီး ထောင်ချလို့သာ ဆိုပါတယ် ။ ဆန္ဒ ပြသူတွေက တနင်္လာနေ့က အိမ်ဖြူတော်အပြင်ဖက်က လာဖာရက်တီ ပန်းခြံထဲမှာ တည်ထားတဲ့ အမေရိကန် သမ္မဟောင်း အန်ဒရူး ဂျက်ဆင်ရဲ့ အထိမ်း အမှတ်ရုပ်တုကို ကြိုးသိုင်းပြီး ဆွဲလှဲဖို့ ကြိုစား ခဲ့ကြပါတယ် ။

“ကျနော်ကရဲတွေကို ပြည်ထောင်စု အထိမ်းအမှတ်ရုပ်တုတွေနဲ့ အမေရိကန် အစိုးရပိုင် ပစ္စည်း ဥစ္စာတွေကို အကြောင်းမဲ့ လိုက်လံဖျက်ဆီးနေတဲ့ဘယ်သူ့ကိုမဆို ဖမ်းဆီးဖို့အမိန့်ပေးထားပါတယ် ။ သူတို့ကို ထောင်ထဲမှာ ၁၀နှစ်လောက် ထည့်ထားမှာပါ ။ သူတို့ကိုဖမ်းဖို့အတွက်ကတော့ စစ်ပြန်စစ်မှုထမ်းဟောင်းများရဲ့ အထိမ်းအမှတ် ကို ထိန်းသိမ်းတဲ့ ဥပဒေနဲ့ စွဲချက်တင်မယ်ဗျာ ။

နောက်ပြီးတော့ အခြား ဥပဒေတွေလည်း ရှိပါသေးတယ် ။ အရေးယူမှုတွေကို ချက်ခြင်းလုပ်ဖို့အတွက် အမိန့်ပေးထားပါတယ်။ ရုပ်တုတွေ ဖျက်ဆီးခံရတာဖြစ်ဖြစ် မူလအတိုင်း အနေအထားကို ပျက်ယွင်းအောင်လုပ်သည်ဖြစ်ဖြစ် ဘာချွင်းချက်မှ မထားဘဲ ဖမ်းဆီးအရေး ယူခိုင်းထားပါတယ်”လို့ သူ့ရဲ့ တွစ်တာမှာ ရေးတင်ထားပါတယ် ။

နောက်ပိုင်းမှာတော့ ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ဒီကိစ္စ နဲ့ ပတ်သက်ပြီး သူအနေ နဲ့ တာဝန်ယူ လုပ်ဆောင်နေတာပါ ။ ဒါပေမဲ့ အကြာကြီး အမိန့်ထုတ်ထားမှာတော့ မဟုတ်ပါဘူးလို့ ဆိုပါတယ် ။ “ကျနော်တို့မှာ အထိမ်းအမှတ်ဆိုင်ရာ သီးခြား ဥပဒေတွေရှိပါတယ် ။ ဒီလို မင်းမဲ့စရိုက်ဆန်ဆန်ပြုမှု လုပ်ဆောင် မှုတွေက လူ့အဖွဲ့အစည်းတွေထဲမှာ မလိုလားအပ်တဲ့ ပြဿနာတွေကို ဖန်တီးနေသလို ဖြစ်နေပါတယ် ။

အဲ့ဒိအတွက် နှစ်ရှည်ထောင်ဒဏ်ကျခံစေရမှာပါ ။ ကျနော်တို့ ရဲ့ အထိမ်းအမှတ်ရုပ်တုတွေကို ဘယ်လိုမှ အကျဆုံးမခံနိုင်ပါဘူး ။ ဒါကို ရှင်းရှင်းလင်းလင်း သိစေချင်တယ်”လို့ ဆိုတယ်
တနင်္လာနေ့က စပြီး ရုပ်တုဖျက်ဆီးတဲ့သူတွေကို ရဲတွေက စတင်ဖမ်းဆီးနေပါတယ် ။

မောင်ယဿ

REF: upi / Photo; Upi

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …