ဘဂၤလီ( မူရင္းအသုံး ႐ိုဟင္ဂ်ာ) လူမ်ိဳးတုံး သတ္ျဖတ္မႈ မျဖစ္ေပၚေအာင္ ျမန္မာ အစိုးရ အကာအကြယ္ေပးရမယ္လို႔ ICJ အမိန႔္ထုတ္ျပန္

႐ိုဟင္ဂ်ာ လူမ်ိဳးတုံး သတ္ျဖတ္မႈ မျဖစ္ေပၚေအာင္ ျမန္မာ အစိုးရ အကာအကြယ္ေပးရမယ္လို႔ ICJ အမိန႔္ထုတ္ျပန္
International-news

ဘဂၤလီ( မူရင္းအသုံး ႐ိုဟင္ဂ်ာ) လူမ်ိဳးတုံး သတ္ျဖတ္မႈ မျဖစ္ေပၚေအာင္ ျမန္မာ အစိုးရ အကာအကြယ္ေပးရမယ္လို႔ ICJ အမိန႔္ထုတ္ျပန္

ဒီကေန႔ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၂၃ ရက္ေန႔ ၾကာသပေတးေန႔မွာ နယ္သာလန္ ႏိုင္ငံ သည္ဟိဂ္ၿမိဳ႕မွာ က်င္းပ ျပဳလုပ္ခဲ့တဲ့ တရားေရး ဆိုင္ရာ အမိန႔္ ခ်မွတ္မႈမွာ ျမန္မာႏိုင္ငံ ကို လူမ်ိဳးတုံး သုတ္သင္မႈ ျပဳလုပ္ ေနတယ္ဆိုတဲ့ ဂမ္ဘီယာ ႏိုင္ငံရဲ႕ စြတ္စြဲမႈက အႏိုင္ရရွိ သြားၿပီး ျမန္မာ အစိုးရဘက္က အေရးနိမ့္ သြားတယ္လို႔ ေကာက္ခ်က္ခ်လို႔ ရပါတယ္ ။

ဂမ္ဘီယာႏိုင္ငံက ျမန္မာ အစိုးရဟာ လူမ်ိဳးတုံး သက္ျဖတ္မႈ ဆိုင္ရာ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္တယ္ ဆိုတဲ့ စြတ္စြဲ ခ်က္ကို ICJ က လက္ခံ ခဲ့ၿပီး ျမန္မာအစိုးရ အေနနဲ႔ ၾကားျဖတ္ အေရးေပၚ ေဆာင္႐ြက္ခ်က္ ၄ ခု ကို လုပ္ေပးရမယ္လို႔ အမိန႔္ခ် ေပးခဲ့ပါတယ္။

ျမန္မာအစိုးရအေနနဲ႔ လူမ်ိဳးတုံး သတ္ျဖတ္မႈလို႔ ယူဆရတဲ့ သို႔မဟုတ္ ဦးတည္သြားႏိုင္တဲ့ ကိစၥ ရပ္ေတြကို ရပ္တန႔္ေပးဖို႔ ၊ ႐ုပ္ပိုင္ဆိုင္ရာ ညႇင္းဆဲမႈ ၊ အဓမၼ ျပဳက်င့္ျခင္း၊ လိင္ပိုင္းဆိုင္ရာ ေစာ္ကားျခင္း ၊ ေျမယာ အိုးအိမ္ တိရစာၦန္ ရပ္႐ြာ တို႔ကို မီးရႈိျခင္း ၊ သက္ရွိေတြအတြက္ လိုအပ္ေသာ အရာအားလုံးကို ဖ်က္ဆီးျခင္း မျပဳရ ဆိုၿပီး ပထမအမိန႔္ကို ဖတ္ၾကားခဲ့တယ္။

အဲ့ဒိ ေနာက္မွာေတာ့ ျမန္မာစစ္တပ္အပါအဝင္ လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ မည္သည္ပုဂၢိဳလ္ အဖြဲ႕အစည္းကမွ လူမ်ိဳးတုံး သက္ျဖတ္မႈကို ထပ္မံ မျပဳလုပ္ရန္ ပူးေပါင္းေဆာင္႐ြက္ျခင္း လႈံ႕ေဆာ္ျခင္း ဥပေဒမဲ့ စီရင္ျခင္းမ်ားကို မျပဳလုပ္ရန္ ၊ လူမ်ိဳးတုံး သတ္ျဖတ္မႈနဲ႔ဆိုင္တဲ့ သက္ေသခံ အေထာက္အထားမ်ားကို ဖ်က္ဆီးမႈ မျပဳလုပ္ရန္

ထိန္းသိမ္းထားရန္ နဲ႔ ၾကည့္ရႈ႕ခြင့္ရွိရန္ ၊ ၄လအတြင္း ICJ ကို ၾကားျဖတ္အေရးေပၚ ေဆာင္႐ြက္ခ်က္မ်ား အစီရင္ခံ တင္ျပရန္ နဲ႔ အမႈပိတ္သိမ္းသည့္ ၆လတာ ကာလအတြင္း အစီရင္ခံစာ ေရးသားေပးပိုရန္ဆိုတဲ့ အမိန႔္ကို ICJ ဥကၠဌ အဘာဒူလာကာဝီ ယူဆြတ္က ဖတ္ၾကားသြားပါတယ္။ ဒီကေန႔ အမိန႔္ခ်မွတ္မႈကို တရားသူႀကီး ၁၇ ဦးအျပည့္ တက္ေရာက္ခဲ့ၿပီး ျမန္မာအစိုးရဘက္က ႏိုင္ငံေတာ္အႀကံေပး ႐ုံးဝန္ႀကီး ဦးေက်ာ္တင့္ေဆြ တက္ေရာက္ခဲ့ပါတယ္။

ICJ ဥကၠဌ ယူဆြတ္က ICJ တရားသူႀကီး အဖြဲ႕အေနနဲ႔ ျမန္မာအစိုးရက လူမ်ိဳးတုံး သတ္ျဖက္မႈကို လုပ္ပါတယ္လို႔ မဆုံးျဖတ္ပါဘူးလို႔ ေျပာပါတယ္။ ဒါေပမဲ့ ျမန္မာျပည္က ဘဂၤလီေတြအတြက္ အႏၲရာယ္ ရွိေနတဲ့အတြက္ ဒီဆုံျဖတ္ခ်က္ကို ခ်ရတာပါလို႔ ဆိုတယ္။

ေမာင္ယႆ REF : frontier Myanmar net

Unicode

ဘင်္ဂလီ( မူရင်းအသုံး ရိုဟင်ဂျာ) လူမျိုးတုံး သတ်ဖြတ်မှု မဖြစ်ပေါ်အောင် မြန်မာ အစိုးရ အကာအကွယ်ပေးရမယ်လို့ ICJ အမိန့်ထုတ်ပြန်

ဒီကနေ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ ကြာသပတေးနေ့မှာ နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ တရားရေး ဆိုင်ရာ အမိန့် ချမှတ်မှုမှာ မြန်မာနိုင်ငံ ကို လူမျိုးတုံး သုတ်သင်မှု ပြုလုပ် နေတယ်ဆိုတဲ့ ဂမ်ဘီယာ နိုင်ငံရဲ့ စွတ်စွဲမှုက အနိုင်ရရှိ သွားပြီး မြန်မာ အစိုးရဘက်က အရေးနိမ့် သွားတယ်လို့ ကောက်ချက်ချလို့ ရပါတယ် ။

ဂမ်ဘီယာနိုင်ငံက မြန်မာ အစိုးရဟာ လူမျိုးတုံး သက်ဖြတ်မှု ဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်တယ် ဆိုတဲ့ စွတ်စွဲ ချက်ကို ICJ က လက်ခံ ခဲ့ပြီး မြန်မာအစိုးရ အနေနဲ့ ကြားဖြတ် အရေးပေါ် ဆောင်ရွက်ချက် ၄ ခု ကို လုပ်ပေးရမယ်လို့ အမိန့်ချ ပေးခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ လူမျိုးတုံး သတ်ဖြတ်မှုလို့ ယူဆရတဲ့ သို့မဟုတ် ဦးတည်သွားနိုင်တဲ့ ကိစ္စ ရပ်တွေကို ရပ်တန့်ပေးဖို့ ၊ ရုပ်ပိုင်ဆိုင်ရာ ညှင်းဆဲမှု ၊ အဓမ္မ ပြုကျင့်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း ၊ မြေယာ အိုးအိမ် တိရစ္ဆာန် ရပ်ရွာ တို့ကို မီးရှိုခြင်း ၊ သက်ရှိတွေအတွက် လိုအပ်သော အရာအားလုံးကို ဖျက်ဆီးခြင်း မပြုရ ဆိုပြီး ပထမအမိန့်ကို ဖတ်ကြားခဲ့တယ်။

အဲ့ဒိ နောက်မှာတော့ မြန်မာစစ်တပ်အပါအဝင် လက်နက်ကိုင်အဖွဲ့များနှင့် မည်သည်ပုဂ္ဂိုလ် အဖွဲ့အစည်းကမှ လူမျိုးတုံး သက်ဖြတ်မှုကို ထပ်မံ မပြုလုပ်ရန် ပူးပေါင်းဆောင်ရွက်ခြင်း လှုံ့ဆော်ခြင်း ဥပဒေမဲ့ စီရင်ခြင်းများကို မပြုလုပ်ရန် ၊ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ဆိုင်တဲ့ သက်သေခံ အထောက်အထားများကို ဖျက်ဆီးမှု မပြုလုပ်ရန်

ထိန်းသိမ်းထားရန် နဲ့ ကြည့်ရှု့ခွင့်ရှိရန် ၊ ၄လအတွင်း ICJ ကို ကြားဖြတ်အရေးပေါ် ဆောင်ရွက်ချက်များ အစီရင်ခံ တင်ပြရန် နဲ့ အမှုပိတ်သိမ်းသည့် ၆လတာ ကာလအတွင်း အစီရင်ခံစာ ရေးသားပေးပိုရန်ဆိုတဲ့ အမိန့်ကို ICJ ဥက္ကဌ အဘာဒူလာကာဝီ ယူဆွတ်က ဖတ်ကြားသွားပါတယ်။ ဒီကနေ့ အမိန့်ချမှတ်မှုကို တရားသူကြီး ၁၇ ဦးအပြည့် တက်ရောက်ခဲ့ပြီး မြန်မာအစိုးရဘက်က နိုင်ငံတော်အကြံပေး ရုံးဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်ခဲ့ပါတယ်။

ICJ ဥက္ကဌ ယူဆွတ်က ICJ တရားသူကြီး အဖွဲ့အနေနဲ့ မြန်မာအစိုးရက လူမျိုးတုံး သတ်ဖြက်မှုကို လုပ်ပါတယ်လို့ မဆုံးဖြတ်ပါဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ မြန်မာပြည်က ဘင်္ဂလီတွေအတွက် အန္တရာယ် ရှိနေတဲ့အတွက် ဒီဆုံဖြတ်ချက်ကို ချရတာပါလို့ ဆိုတယ်။

မောင်ယဿ REF : frontier Myanmar net

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္
International-news
အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္

အေမရိကန္ ေသနတ္ဆိုင္ကို ဝင္လုလို႔ ဆိုင္ရွင္က ပစ္သတ္ ၿပီးခဲ့တဲ့ သီတင္းပတ္က အေမရိကန္ ႏိုင္ငံမွာ လူမဲ တစ္ဦးကို ရဲေတြက သတ္လိုက္တဲ့ ကိစၥ နဲ႔ ပတ္သက္ၿပီး ဆႏၵျပမႈေတြ ဆက္တိုက္ ျဖစ္ေပၚလာၿပီးေနာက္ ညပိုင္းေတြမွာ ဆိုင္ေတြ စတိုးေတြကို ဖ်က္စီး လုယက္မႈေတြ ညတိုင္းလိုလို ဆက္တိုက္ျဖစ္ေပၚေနရာ ေသနတ္ဆိုင္ပိုင္ရွင္ေတြက သူတို႔ရဲ႕ ဆိုင္ေတြကို အထူးသတိထားၿပီး ေစာင့္ေရွာက္ေနရပါတယ္ ။ မေန႔က ( အဂၤါေန႔ ) မနက္ေစာေစာပိုင္းမွာ ဖီလာဒယ္ဖီးယားက ေသနတ္ဆိုင္ တစ္ဆိုင္ကို လုယက္သူတစ္ဦးက လာေရာက္ဖ်က္ဆီးလုယူဖို႔ ႀကိဳးစားလို႔ ဆိုင္ရွင္က ေသနတ္နဲ႔ ပစ္သတ္လိုက္ ရပါတယ္ ။ ဖီလာဒယ္ဖီယား ေတာင္ပိုင္းက …

လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း
International-news
လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း

လက္ထပ္ခ်င္လြန္းလို႔ ေခါင္မိုးေပၚ တက္ေအာ္ရတဲ့ မင္းသမီး မူနီ႐ိုင္း ေဘာလီးဝုဒ္မွာ နာမည္တစ္ခုကို တည္ေထာင္ၿပီးသား ျဖစ္တဲ့ မူနီ႐ိုင္းက မင္းသမီး အဆိုေတာ္ ကေခ်သည္ ေမာ္ဒယ္ အျဖစ္နဲ႔ အသက္ေမြးဝမ္းေက်ာင္းမႈ လုပ္ငန္းေတြမွာ ထူးခြၽန္တဲ့သူ ျဖစ္ပါတယ္ ။ လွပတဲ့ ေကာက္ေၾကာင္း ႐ုပ္ရည္နဲ႔ ႂကြယ္ဝမႈေတြ ရွိတာေတာင္ ဘဝမွာ တစ္ျခမ္း ပဲ့ေနတဲ့ အျဖစ္ကို သူမကိုယ္ သူမလည္း နားမလည္ႏိုင္ေအာင္ ျဖစ္ေနပါတယ္ ။ ဒီ အ႐ြယ္ေရာက္မွ အၿမီးမေပါက္ရင္ ဘာေမ်ာက္ လဲလို႔ ေမးရင္ မူနီေမ်ာက္ ၃၄ ႏွစ္ပါ လို႔ ေျဖရ မလိုေအာင္ ရည္းစား မရေသးတဲ့ ေဘာလီးဝုဒ္ မင္းသမီးပါ …

BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း
International-news
BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း

BTS ရဲ႕သီခ်င္းစာသားေတြမွာ ဘာသာေရး အစြန္းေရာက္ စာသားေတြ ပါေနလို႔ ေတာင္းပန္ခိုင္း ေတာင္ကိုရီးယား ေကေပါ့ က နာမည္ႀကီး လူငယ္ဝိုင္း တစ္ဝိုင္းျဖစ္တဲ့ BTSရဲ႕ သီခ်င္း တစ္ပုဒ္မွာ လူေတြကို ရာနဲ႔ခ်ီၿပီး ေသဆုံးေစခဲ့တဲ့ အေမရိကန္ ဘာသာေရး အစြန္းေရာက္ေခါင္းေဆာင္ ဂ်င္မ္ဂ်ဳံးရဲ႕ တရားေဟာ စာသားေတြ ပါေနလို႔ အတင္းေတာင္းပန္ခိုင္းေနပါတယ္ ။ လူငယ္၇ဦးနဲ႔ ဖြဲ႕ ထားတဲ့ BTS ဝိုင္းက ၿပီးခဲ့တဲ့တနဂၤေႏြေန႔က သူတို႔ရဲ႕ ကုမၸဏီကေနတစ္ဆင့္ ထုတ္ျပန္ ေၾကညာခ်က္ တစ္ခုလုပ္ခဲ့ပါတယ္ ။ အခု လိုင္းေပၚမွာ ျပစ္တင္ေျပာဆိုေနတဲ့ what do you think သီခ်င္းကို ေရးတဲ့သူက သူတို႔ဝိုင္းထဲက …