ႏွစ္ ၁ေသာင္းခြဲ မွာ တစ္ခါေတြ႕ရတဲ့ ေရခဲ အရည္ေပ်ာ္မႈကို အႏၲာတိကတိုက္ မွာေတြ႕ေနရ
- By : Kaung Khant
- Category : Uncategorized

ႏွစ္ ၁ေသာင္းခြဲ မွာ တစ္ခါေတြ႕ရတဲ့ ေရခဲ အရည္ေပ်ာ္မႈကို အႏၲာတိကတိုက္ မွာေတြ႕ေနရ
တနလၤာေန႔ထုတ္ သဘာဝသိပၸံ ဂ်ာနယ္ထဲမွာ လြန္ခဲ့တဲ့ ႏွစ္၁ေသာင္းခြဲေက်ာ္က ပင္လယ္ေရေတြကို ေရခဲအျဖစ္ ေျပာင္းလဲၿပီး ေလ်ာ့ နည္းသြားေစတဲ့ ျဖစ္ရပ္မ်ိဳးကို ျပန္လည္ ေတြ႕ရွိခဲ့ၾကတယ္လို႔ ဆိုတယ္ ။ အရင္က အဲ့ဒိသေဘာတရားနဲ႔ဆန႔္က်င္တဲ့ သဘာဝ ပတ္ဝန္းက်င္ ေျပာင္းလဲမႈေၾကာင့္ ခဲသြားတဲ့ေရေတြ က ျပန္ၿပီး အရည္ေပ်ာ္လာတာကေန ျပန္ၿပီးခဲလာတဲ့ အျဖစ္ကို ေတြ႕ရွိေနရတယ္လို႔ သုေတသနသမားေတြက ဆိုၾကပါတယ္လို႔ ပါရွိပါတယ္ ။
လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၁ေသာင္း၈ေထာင္ေက်ာ္ ေရခဲေခတ္ အလြန္မွာ ေလထုထဲမွာ ရွိတဲ့ ကာဗြန္ ပမာဏက ျပန္လည္ ျမင့္တက္လာခဲ့ပါတယ္ ။ ကမာၻ႔ေရခဲျပင္ႀကီးက အပူခ်ိန္ ျပန္လည္ျမင့္တက္လာမႈနဲ႔ အတူ တျဖည္းျဖည္း အရည္ျပန္ ေပ်ာ္လာၾကပါတယ္ ။ အရင္က ေရခဲအရည္ေပ်ာ္မႈ က ပုံမွန္ ေႏွးေကြး ေနေပမဲ့ ဒီဖက္ေခတ္မွာ ေရခဲ အေရေပ်ာ္မႈက အလြန္လွ်င္ျမန္စြာ ေပ်ာ္လာတာကို ေတြ႕ခဲ့ရပါတယ္ ။ လြန္ခဲ့တဲ့ ႏွစ္ ၁၄၆၀၀ ဝန္က်င္ ေလာက္ကစၿပီး ေရခဲေတြ အရည္ေပ်ာ္မႈ စတင္ခဲ့တာပါ ။ ေရခဲေပ်ာ္ႏႈန္းက ႏွစ္၁၉၀၀ မွာ အပုံ တစ္သန္းမွာ ၂၄၀ ပုံႏႈန္းနဲ႔ ေပ်ာ္က်လာတာပါ ။
ကမာၻ ကာဗြန္ထုတ္လႊတ္မႈ နည္းလို႔ ေရခဲေခတ္ကို ေရာက္သြားၿပီးေနာက္မွာ ေျပာင္းျပန္သီအိုရီျဖစ္တဲ့ ကာဗြန္ထုတ္လႊတ္မႈ မ်ားလို႔ ေရခဲေပ်ာ္တဲ့ ကာလအဆုံးမွာ ကမာၻ႔ ကုန္းေျမမ်ား ေပ်ာက္ကြယ္သြားႏိုင္ သလား မေပ်ာက္ဘဲ က်န္ေနမလားကိုေတာ့ သိပၸံ ပညာရွင္ေတြ တြက္ခ်က္လို႔ မရႏိုင္ေသး ပါဘူး ။ ေရေတြလႊမ္း သြားလို႔ ဇီဝ မ်ိဳးစိတ္ေတြ ေပ်ာက္ကြယ္သြား ႏိုင္ မသြားႏိုင္ကေတာ့ ပိုၿပီးေတာ့ တြက္ခ်က္လို႔ မရေသးပါဘူး ။
သုေတသီတစ္ဦးက ေတာ့ ေရခဲျပင္မွာ ေရခဲအခ်ိဳ႕ က ပုံမွန္ေပ်ာ္က်ေနတာက ရပ္ၿပီး ျပန္ခဲလာတာကို လည္းေတြ႕ေနရတယ္လို႔ လည္းဆိုပါတယ္ ။ ေကာ္႐ိုနာဗိုင္းရပ္ ျပန႔္ႏွံ႔မႈေၾကာင့္ ကမာၻ႔ ကာဗြန္ထုတ္လုပ္မႈ ရပ္ဆိုင္းသြားက လြန္ခဲ့ တဲ့ ႏွစ္ ၁သာင္းခြဲ ကအျဖစ္မ်ိဳး ပင္လယ္ေရေတြ ျပန္ခဲ လာတာကို ကိုေတြ႕ ျမင္ရတယ္လို႔ ဆိုပါတယ္ ။ သုေတသီ ၂ဦးလုံးရဲ႕ အဆိုအရ အႏၲာတိကတိုက္မွာ ကမာၻ႔ ကာဗြန္ထုတ္လုပ္မႈရဲ႕ သက္ေရာက္မႈေတြ ရွိေနတယ္ဆိုတာ ကေတာ့အမွန္ပါပဲ ။
သူတို႔ အဓိကထားၿပီး ေစာင့္ၾကည့္တဲ့ေနရာက အျပာေရာင္ ေရခဲေတြရဲ႕ အပိုင္းပဲျဖစ္ပါတယ္ ။ အဲ့ဒီေနရာက ေလတိုက္ႏႈန္းလည္း ျမင့္ၿပီး ႏွင္းေတြအမ်ားဆုံးပို႔ခ် တဲ့ ေနရာလည္းျဖစ္ပါတယ္ ။ ကမာၻ႔ ကာဗြန္ထုတ္လုပ္မႈ ေလ်ာ့က်လာလို႔ ႏွင္းေတြ ပို႔ခ်မႈက ျမင့္တက္လာလို႔ ေရခဲမႈ ပိုမိုေကာင္းလာတာကိုေတြ႕ ရွိရတယ္လို႔ ဆိုပါတယ္ ။
ေမာင္ယႆ
REF: upi / Photo ; upi
Unicode
နှစ် ၁သောင်းခွဲ မှာ တစ်ခါတွေ့ရတဲ့ ရေခဲ အရည်ပျော်မှုကို အန္တာတိကတိုက် မှာတွေ့နေရ
တနင်္လာနေ့ထုတ် သဘာဝသိပ္ပံ ဂျာနယ်ထဲမှာ လွန်ခဲ့တဲ့ နှစ်၁သောင်းခွဲကျော်က ပင်လယ်ရေတွေကို ရေခဲအဖြစ် ပြောင်းလဲပြီး လျော့ နည်းသွားစေတဲ့ ဖြစ်ရပ်မျိုးကို ပြန်လည် တွေ့ရှိခဲ့ကြတယ်လို့ ဆိုတယ် ။ အရင်က အဲ့ဒိသဘောတရားနဲ့ဆန့်ကျင်တဲ့ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့် ခဲသွားတဲ့ရေတွေ က ပြန်ပြီး အရည်ပျော်လာတာကနေ ပြန်ပြီးခဲလာတဲ့ အဖြစ်ကို တွေ့ရှိနေရတယ်လို့ သုတေသနသမားတွေက ဆိုကြပါတယ်လို့ ပါရှိပါတယ် ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁သောင်း၈ထောင်ကျော် ရေခဲခေတ် အလွန်မှာ လေထုထဲမှာ ရှိတဲ့ ကာဗွန် ပမာဏက ပြန်လည် မြင့်တက်လာခဲ့ပါတယ် ။ ကမ္ဘာ့ရေခဲပြင်ကြီးက အပူချိန် ပြန်လည်မြင့်တက်လာမှုနဲ့ အတူ တဖြည်းဖြည်း အရည်ပြန် ပျော်လာကြပါတယ် ။ အရင်က ရေခဲအရည်ပျော်မှု က ပုံမှန် နှေးကွေး နေပေမဲ့ ဒီဖက်ခေတ်မှာ ရေခဲ အရေပျော်မှုက အလွန်လျှင်မြန်စွာ ပျော်လာတာကို တွေ့ခဲ့ရပါတယ် ။ လွန်ခဲ့တဲ့ နှစ် ၁၄၆၀၀ ဝန်ကျင် လောက်ကစပြီး ရေခဲတွေ အရည်ပျော်မှု စတင်ခဲ့တာပါ ။ ရေခဲပျော်နှုန်းက နှစ်၁၉၀၀ မှာ အပုံ တစ်သန်းမှာ ၂၄၀ ပုံနှုန်းနဲ့ ပျော်ကျလာတာပါ ။
ကမ္ဘာ ကာဗွန်ထုတ်လွှတ်မှု နည်းလို့ ရေခဲခေတ်ကို ရောက်သွားပြီးနောက်မှာ ပြောင်းပြန်သီအိုရီဖြစ်တဲ့ ကာဗွန်ထုတ်လွှတ်မှု များလို့ ရေခဲပျော်တဲ့ ကာလအဆုံးမှာ ကမ္ဘာ့ ကုန်းမြေများ ပျောက်ကွယ်သွားနိုင် သလား မပျောက်ဘဲ ကျန်နေမလားကိုတော့ သိပ္ပံ ပညာရှင်တွေ တွက်ချက်လို့ မရနိုင်သေး ပါဘူး ။ ရေတွေလွှမ်း သွားလို့ ဇီဝ မျိုးစိတ်တွေ ပျောက်ကွယ်သွား နိုင် မသွားနိုင်ကတော့ ပိုပြီးတော့ တွက်ချက်လို့ မရသေးပါဘူး ။
သုတေသီတစ်ဦးက တော့ ရေခဲပြင်မှာ ရေခဲအချို့ က ပုံမှန်ပျော်ကျနေတာက ရပ်ပြီး ပြန်ခဲလာတာကို လည်းတွေ့နေရတယ်လို့ လည်းဆိုပါတယ် ။ ကော်ရိုနာဗိုင်းရပ် ပြန့်နှံ့မှုကြောင့် ကမ္ဘာ့ ကာဗွန်ထုတ်လုပ်မှု ရပ်ဆိုင်းသွားက လွန်ခဲ့ တဲ့ နှစ် ၁သာင်းခွဲ ကအဖြစ်မျိုး ပင်လယ်ရေတွေ ပြန်ခဲ လာတာကို ကိုတွေ့ မြင်ရတယ်လို့ ဆိုပါတယ် ။ သုတေသီ ၂ဦးလုံးရဲ့ အဆိုအရ အန္တာတိကတိုက်မှာ ကမ္ဘာ့ ကာဗွန်ထုတ်လုပ်မှုရဲ့ သက်ရောက်မှုတွေ ရှိနေတယ်ဆိုတာ ကတော့အမှန်ပါပဲ ။
သူတို့ အဓိကထားပြီး စောင့်ကြည့်တဲ့နေရာက အပြာရောင် ရေခဲတွေရဲ့ အပိုင်းပဲဖြစ်ပါတယ် ။ အဲ့ဒီနေရာက လေတိုက်နှုန်းလည်း မြင့်ပြီး နှင်းတွေအများဆုံးပို့ချ တဲ့ နေရာလည်းဖြစ်ပါတယ် ။ ကမ္ဘာ့ ကာဗွန်ထုတ်လုပ်မှု လျော့ကျလာလို့ နှင်းတွေ ပို့ချမှုက မြင့်တက်လာလို့ ရေခဲမှု ပိုမိုကောင်းလာတာကိုတွေ့ ရှိရတယ်လို့ ဆိုပါတယ် ။
မောင်ယဿ
REF: upi / Photo ; upi
No Comments