
Knowledge












Unicode

နှစ်၅၀ ကျော် ဈေးမတက်တဲ့ ဆံသဆိုင်

မြန်မာပြည် က လိုင်းပေါ်မှာ ဟာသ တစ်ခု တင်ထာားတယ် ။ အဲ့ဒါကတော့ လက်ရှိ ဝန်ကြီးနေရာ တွေကို စည်တော်ကြီး ရှုးရှဲ လက်ဖက်ထုတ် ထုတ်လုပ်သူ ကိုသာ ပေးသင့် တယ်တဲ့ ။ ဘာဖြစ် လို့လဲ ဆိုတော့ စည်တော်ကြီး ရှုးရှဲထုတ် လေးတွေကို စာရေး သူတို့ တစ်ထုတ် ၅၀ ကျပ်နဲ့ ဝယ်စား နေတာ ၁၉၉၀ ခုနှစ်တွေ လောက်ကပါ ။

စစ်အစိုးရ ခောတ်မှာလည်း တစ်ထုတ် ၅၀ ၊ USDP အစိုးရ ခောတ် မှာလည်း တစ်ထုတ်၅၀ ၊ Nld အစိုးရ ခောတ် မှာလည်း တစ်ထုတ် ၅၀ ပဲ ဈေးနှုန်း လုံးဝ မတက်ဘူး ။

ဈေးနှုန်းကို နှစ် ၃၀ ကျော် တည်ငြိမ်အောင် ထိန်းထား နိုင်တယ် ဆိုတဲ့ ဟာသ လေးပါ ။

ကုန်စည်နဲ့ ဝန်ဆောင်မှု တွေက ကျသွားတယ် ဆိုတာ မရှိဘူး ။ တက်နေတယ် ဆိုတာ ချည်းပါပဲ ။ ဆံပင်ညပ်ခ ဆိုရင် လက်ရှိ မလေးရှားမှာ အနည်းဆုံး ဆိုင်တွေ တောင် ရင်းဂစ် ၂၀ လောက် ပေးရတယ် ။

ဘယ်နား သွားပြီး ညပ်ညပ် ၂၀ အောက်မှာ မရှိဘူး ။ ဒါပေမဲ့ ပဒန်ကတုံက အဒေါ်ကြီး ကိုတော့ သွား မမေးနဲ့ ဆံပင် တစ်ခါ ညပ်ရင် သူတို့ ငွေနဲ့ ၂ ကျပ်ခွဲပဲ ။

သူမက တစ်ခါညပ် ၂ ကျပ်ခွဲ နဲ့ ညပ် လာတာ နှစ် ၅၀ ကျော်ပြီတဲ့ ။ စိတ် ကျေနပ်မှု ရှိရမယ် ။ ဈေးနှုန်း သက်သာ တာကတော့ မမေး နဲ့ပေါ့ ။

တက်ခီလိုအီ ( ၈၀နှစ် ) က ၁၉၆၂ ခုနှစ် တုန်းက တစ်ခေါင်းကို တစ်မတ်နဲ့ ညပ် နေရာက ၂ကျပ်ခွဲ ဆိုပြီး ဈေးတက် လိုက်တယ် ။ အဲ့ဒါက သူမ ဘဝမှာ သူမရဲ့ လုပ်အားကို နောက်ဆုံး ဈေးတင် လိုက်တာ ပါပဲ ။

ဒီနေ့ အထိ ၂ကျပ်ခွဲပဲ ယူ တော့တယ် ။ သူမ က ပိုက်ဆံ အတွက် အလုပ် လုပ်နေတာ မဟုတ်ဘူး ။ ဆံပင် ညပ်ချင်လို့ ညပ်နေတာ ပါလို့ ပြောပါတယ် ။ ဆံပင် ညပ်နေရတာ သူ စိတ်ချမ်းသာ တယ်လို့ လည်း ဆိုပါတယ် ။

မနက် ကို ၁၁ နာရီ လောက်ကနေ စဖွင့်ပြီး ညနေ ရ နာရီ မှာ ဆိုင်ပိတ်တယ် ။ နေ့စဉ် လူ အနည်းငယ် ကိုပဲ ညပ်ပေး ပါတယ် ။ ၁၉၅၇ မှာ ဆံပင် ညပ်ဆိုင် တစ်ဆိုင်မှာ ၅ နှစ် ကြာ အလုပ်လုပ်ခဲ့ ပြီးနောက် ကိုယ်ပိုင် ဆိုင်ကလေး ဖွင့်ပြီး နေ လာတာ ဒီနေ့ ထိပါပဲ ။

မောင်ယဿ REF:world fo buzz

No Comments

Leave a Reply

Your email address will not be published.

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ
Knowledge
၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ

၇နှစ်သား ကလေးတစ်ယောက်က နှာချေရာက ၂နှစ်ကြာ ပျောက်နေတဲ့ လီဂိုရုပ် အဆက်ကလေး တစ်ခု ထွက်ကျလာလို့ မိဘတွေ ထိတ်လန့် သွားကြ ဒိဖက်ခေတ်မှာ မိဘတွေက အိမ်က သားသမီးတွေ အတွက် အရုပ်ကလေးတွေကို ဆက်ပြီးကစားရတဲ့ လီဂို အရုပ်လေး တွေကို ဝယ်ပေးလေ့ ရှိပါတယ်။ ကလေးတွေရဲ့ ဦးနှောက်စွမ်းရည် ဖွံ့ဖြိုးနိုင်ဖို့ရယ် ဖန်တီးတတ်တဲ့ အလေ့အထ ရှိဖို့အတွက် လီဂို အရုပ်လေးတွေကို ကစားတာ တော်တော် ကောင်းမွန်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ တန်ဖိုးနဲ့ လိုက်ပြီး လီဂိုအရုပ်ကလေးတွေက အသေး အကြီး ကွဲပြားချက် ရှိနေပါတယ်။ လူလတ်တန်းစား မိသားစုတွေက သားသမီးတွေကို လီဂိုရုပ် ခပ်သေးသေး လေးတွေပဲ …

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ
Knowledge
ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ

ကားတာယာကို ဆွဲကြိုးလို့ ထင်နေတဲ့ သမင် ကို အရဖမ်းပြီး ချွတ်ပေးခဲ့ရ ကော်လိုရာဒိုက ဘေးမဲ့သစ်တော ကြိုးဝိုင်းထဲမှာ ဖြစ်တဲ့ အဖြစ်အပျက် တစ်ခုပါ ။ ထူးပေ ဆန်းပေ ဆိုတာထက်ကို ပိုတယ်လို့ ပြောရမှာပါပဲ။ သစ်တော်ကြိုးဝိုင်း အရာရှိတွေက သစ်တောထဲမှာ တောကောင်တွေကို စောင့်ရှောက် ဖို့ အတွက် စီစီတီဗီတွေ တပ်ထား ပါတယ်။ ဇူလိုင်လ အစပိုင်းလောက်က သူတို့ရဲ့ စီစီတီဗီထဲမှာ ပေါ်လာတဲ့ ပုံ တစ်ပုံကြောင့် အားလုံး အံ့အား သင့်ခဲ့ရပါတယ်။ အဲ့ဒိပုံကတော့ သမင်တစ်ကောင်က ကားတာယာ တစ်ခုကို စွတ်ထားပြီး အစာစားကာ လမ်းလျှောက် သွားနေတဲ့ ပုံပါပဲ။ သစ်တောအရာရှိတွေက အဲ့ဒိသမင်မှာ …

ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ......''''
Knowledge
”ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ.”

”ချစ်သူနှစ်ဦးကြား အနမ်းအကြောင်း သိကောင်းစရာ.” ချစ်သူတွေကြားမှာ နမ်းခြင်းဟာ မထူးဆန်းတဲ့ ကိစ္စတစ်ခုဆိုတာ လူတိုင်း သိကြပါတယ်။သို့သော် အနမ်းနဲ့ ပါတ်သက်ပြီး ကောင်းခြင်း ဆိုးခြင်းကိုတော့ သိကောင်းမှသိမှာမို့ အချစ်နဲ့ပတ်သက်ပြီး သုတေသန ပြုရာမှာ ကမ္ဘာကျော်တဲ့ ဒေါက်တာဝီလျံစတိုင်းဘတ်ရဲ့ လေ့လာချက် တစ်ချို့ကို ပြောပြချင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းတာဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အချက်ဟာ ၇ ချက်ရှိပြီး ဆိုးကျိုးဟာ ၄ မျိုးရှိပါတယ်တဲ့။ အနမ်းရဲ့ကောင်းခြင်း များ…. ၁…ချစ်သူတို့ တစ်ယောက်နဲ့တစ်ယောက် နမ်းနေတဲ့အချိန်မှာ မိန်းမရော ယောက်ျားပါ နှစ်ဦးစလုံးရဲ့ မျက်နှာပြင်ပေါ်က ကြွက်သားမျှင်တွေကို လှူပ်ရှားလာအောင် ဦးနှောက်က လှူံဆော်ပေးလိုက်တဲ့အတွက် မျက်နှာပြင်ပေါ်မှာရှိတဲ့ သွေးလွတ်ကြောတွေ စီးဆင်းမှူ …