- By : Phoe Linn
- Category : Knowledge
- Tags: health& food
Unicode
နွားနို့ ၂ခွက် နေ့စဉ် သောက်ရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုဆိုလို့ ငြင်းကြ ခုန်ကြပြီ
အမေရိကန် သုတေသီတွေက နွားနို့နဲ့ ပက်သက်ပြီး လေ့လာဆန်းစစ်မှု တစ်ခုလုပ်ခဲ့ပြီးနောက် နေ့စဉ် နွားနို့ မက်ခွက် ၂ခွက် သောက်ပါက ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုရှိတယ်လို့ ဆိုလာပါတယ်။
လိုမာလင်ဒါ ကျန်းမာရေးတက္ကသိုလ်က ပြုလုပ်တဲ့ သုတေသန စာတမ်းမှာ အသက် ၅၇ နှစ်ဝန်းကျင် အမျိုးသမီး ၅၂၀၀၀ ကို သူတို့ စားသောက်တဲ့ အလေ့အထကို ထိန်းချုပ်ပြီး နွားနို့ပါဝင်မှုကို တွက်ချက်ကာ သုတေသန လုပ်ခဲ့ ပါတယ် လို့ ပါရှိပါတယ်။
သူတို့ကို မေးခွန်းတွေနဲ့ အပြန်အလှန် မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ မျိုးရိုးထဲမှာ ရင်သားကင်ဆာ ဖြစ်ဖူးသူ ရှိသလား။ ကာယလေ့ကျင့်ခန်းကို ပုံမှန် လုပ်သလား ။ လုပ်တယ်ဆိုရင် ဘယ်လို အမျိုး အစားကို ဘယ်လောက် ကြာအောင် လုပ်သလဲ။
အရက် သောက်သလား။ ရင်သားကင်ဆာ ကာကွယ်ဖို့ အတွက် ဆေးတစ်မျိုးမျိုး ကို သုံးသလား အစရှိတဲ့ မေးခွန်းတွေကို မေးခဲ့ပါတယ်။ ၈နှစ်ကြာ လေ့လာမှု စစချင်းမှာ အဲ့ဒိ အမျိုးသမီး ၅ သောင်းကျော်က ကင်ဆာရောဂါ လုံးဝမရှိပါဘူး။
နို့ လုံဝမသောက်တဲ့ အမျိုးသမီးတွေနဲ့ ပဲနို့သာသောက်တဲ့ အမျိုးသမီးတွေက နွားနို့ ပိုသောက်တဲ့ အမျိုးသမီးတွေထက် ရင်သာကင်ဆာ ဖြစ်နိုင်တဲ့ အရိပ်လက္ခဏါတွေ နည်းတာကို တွေ့ရပါတယ်။
နွားနို့ကို ခွက်တစ်ဝက်လောက် နေ့စဉ်ပုံမှန် သောက်သူတွေက ရင်သားကင်ဆာ ဖြစ်နိုင်ချေ ၃၀% ၊ တစ်ခွက် သောက်သူတွေက ၅၀% နဲ့ တစ်ရက်ကို ၂ခွက် ၃ခွက် သောက်သူတွေက ၈၀% အထိ ဖြစ်နိုင်ချေရှိတာကို လေ့လာ တွေ့ရှိခဲ့ပါတယ်။
အဲ့သုတေသန စမ်းသက်ချက်က တစ်ရက်ကို နွားနို့ ၃ခွက် သောက်သင့်တယ်လို့ ဆိုနေတဲ့ အမေရိကန် အာဟာရလမ်းညွှန်အဖွဲ့က ပြောတဲ့ အဆိုနဲ့ စံလွှဲနေပါတယ်။ အမေရိကန်မှာကတော့ အဲ့ဒိသုတေသီအဖွဲ့ နဲ့ နို့ထွက်ပစ္စည်းရောင်းသူတွေ ကြားမှာ အငြင်းအခုန်တွေ ဖြစ်နေပါတယ်။
နွားနို့နဲ့ ရင်သားကင်ဆာကြားမှာရှိတဲ့ ဓာတ်သဘောတရား ဆိုင်ရာ ရှင်းလင်းချက် မပါပဲ စစ်တမ်းလုပ်ပြီး ဒီလို ကောက်ချက်ချ ရကောင်းလားဆိုပြီး အာဟာရ လမ်းညွှန်အဖွဲ့ သုတေသန အဖွဲ့ကိုအပြစ်တင်ပါတယ်။
သုတေသနအဖွဲ့ကလည်း သူတို့လုပ်ခဲ့တဲ့ ၈နှစ်ကြာ စစ်တမ်းကို အခြေပြု ပြီးတော့ ဖြစ်နိုင်ချေ ပိုတဲ့အကြောင်းကို အကိုးအကားနဲ့ တင်ပြနေပါတယ်။ နောက်ဆုံး နွားနို့နဲ့ ရင်သားကင်ဆာ ဆက်စပ်မှု ပိုမိုလေ့လာဖို့အတွက် သိပ္ပံ စမ်းသက်ချက် လုပ်ဖို့ သဘောတူခဲ့ပါတယ်။
မောင်ယဿ REF: world of buzz
Photo; foof business news
No Comments