ႏို႔ေခ်ာကလက္ ၊ ႏို႔ထြက္ပစၥည္းနဲ႔ အဆီမ်ားတဲ့ အစာေတြက လူလတ္ပိုင္းေတြရဲ႕ ဝက္ၿခံနဲ႔ ပတ္သက္ေန
- By : Kaung Khant
- Category : International-news

ႏို႔ေခ်ာကလက္ ၊ ႏို႔ထြက္ပစၥည္းနဲ႔ အဆီမ်ားတဲ့ အစာေတြက လူလတ္ပိုင္းေတြရဲ႕ ဝက္ၿခံနဲ႔ ပတ္သက္ေန
လူလတ္ပိုင္း ေရာက္လာတဲ့အထိ ဝက္ၿခံေတြက ထြက္တုန္း ဆိုရင္ေတာ့ ကိုယ့္မွာ ငယ္ငယ္တုန္းက ေသြးသား ေျပာင္းလဲ တယ္ဆိုတဲ့ ေဟာ္မုန္း ျဖစ္စဥ္ကို ေက်ာ္ၿပီး အစားအေသာက္ပိုင္းဆိုင္ရာမွာ တစ္ခုခုေၾကာင့္လို႔ သတိထား ရေတာ့မွာပါ ။ အစီရင္ခံစာ အသစ္တစ္တစ္ခုက အခ်ိဳ႕ေသာ အစားအစာေတြကို ေရွာင္ရမယ္လို႔ ဆိုလာပါတယ္ ။ အခ်ိဳမ်ားတဲ့ မုန႔္ေတြ ဆီေၾကာ္မုန္ေတြကို ႀကိဳက္တဲ့ ျပင္သစ္ လူလတ္ပိုင္း ၂ေသာင္း ၄ေထာင္ကို ေလ့လာ ဆန္းစစ္မႈ တစ္ခုလုပ္ခဲ့ပါတယ္။
သူတို႔က ႏို႔ေခ်ာကလက္ေတြ ၊ အခ်ိဳရည္ေတြ ၊ႏို႔ထြက္ပစၥည္းေတြ နဲ႔ သၾကား နဲ႔ ဆီမ်ားတဲ့ အစားအေသာက္ေတြကို ႀကိဳက္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ စားၾကပါတယ္ ။ ေတြ႕ရွိမႈ အသစ္အရ အေနာက္တိုင္း အစားအေသာက္ အမ်ားစုက အသားရယ္ အဆီနဲ႔ သၾကားကို အေျခခံၿပီး ခ်က္ျပဳတ္ ေၾကာ္ေလွာ္ စားေသာက္ ၾကတာျဖစ္လို႔ သက္လတ္ပိုင္း အ႐ြယ္ေရာက္တဲ့ အထိ ဝက္ၿခံထြက္ ေနခဲ့ၾကတာပါလို႔ အေရျပား ေရာဂါပညာရွင္က ဆိုတယ္ ။
အေမရိကန္ အေရျပားအထူးကု တစ္ေယာက္က အဲ့ဒိ စာတမ္းကိုဖတ္ၿပီးေနာက္မွာေတာ့ သူ႔အတြက္ အဲ့ဒိေတြ႕ ရွိမႈက မထူးဆန္းေတာ့ပါဘူး ။ သူက သူရဲ႕အေရျပားကုသမႈ အေတြ႕ အႀကဳံအရ စာတမ္းပါ အခ်က္အလက္ေတြ ကို ေထာက္ခံ ပါတယ္လို႔ ဆိုတယ္ ။ ဝက္ၿခံကို ကုသတဲ့ကိစၥမွာ မွန္ကန္တဲ့ အစာအာဟာရ ကို စားေသာက္ဖို႔ လိုပါတယ္ ။ သၾကားဓာတ္ေပါင္း ျမင့္တဲ့ အစားအေသာက္ေတြ စားေလ ဝက္ၿခံ ထြက္လာဖို႔အတြက္ ပိုေသျခာေလ ျဖစ္လာတယ္ ။ ဆိုလိုခ်င္တာက အဲ့ဒိလူရဲ႕ေဟာ္မုန္း ပုံမွန္ အေ႐ြ႕က အေျပာင္းအလဲ ျဖစ္သြားလို႔ပါပဲ ။
သၾကားဓာတ္ေပါင္း မ်ားတဲ့အစားအစာေတြကို စာတဲ့အခါမွာ အဲ့ဒါေတြကို ေျခဖ်က္ဖို႔အတြက္ အင္ဆူလင္ ေတြကို ခႏၲာကိုယ္က ပိုမိုထုတ္ရပါတယ္ ။ အဲ့ဒိအခ်ိန္မွာ ဝက္ၿခံ ျဖစ္ဖို႔အတြက္ ေဟာ္မုန္း ထုတ္ျခင္းကို သက္ေရာက္မႈ ရွိလာပါတယ္ ။ ေလ့လာမႈက အသက္၁၈ႏွစ္ေအာက္လူငယ္ေတြ နဲ႔ သက္ဆိုင္မႈမရွိပါဘူး ။ ေစတနာ့ဝန္ထမ္း ျပင္သစ္ လူလတ္ပိုင္းေတြကို သူတို႔ရဲ႕ အစားအေသာက္ နဲ႔ပ တ္သက္တဲ့ ေန႔စဥ္မွတ္တမ္း ကို ၂ပတ္ ၾကာေအာင္ ျပဳခိုင္းပါတယ္ ။
စားတဲ့ အစားအစာေတြအျပင္ ပမာဏကိုပါ မွတ္တမ္းတင္ခိုင္းပါတယ္ ။ သူတို႔ မွတ္တမ္း အရပဲ သူတို႔မွာျဖစ္ေပၚလာတဲ့ ဝက္ၿခံပမာဏကို ေဖာ္ျပ ခဲ့ပါတယ္ ။ တစ္ရက္ကို ႏြားႏို႔ တစ္ခြက္ပုံမွန္ေသာက္တဲ့ သူေတြက ဝက္ၿခံေပါက္ဖို႔ ၁၂ % ပိုျဖစ္တတ္ၿပီး ဆိုဒါလို အခ်ိဳေရ ေသာက္တဲ့ သူေတြက ၁၈ % ျဖစ္ဖို႔ ပိုနီးစပ္ပါတယ္ ။ တစ္ရက္ကို ႏို႔ ဒါမွမဟုတ္ အခ်ိဳရည္ ၅ခြက္ ေသာက္သူက ဝက္ၿခံေပါက္ဖို႔ ၇၆ % ပို နီးစပ္သြားပါတယ္ ။ အဲ့ဒိအခ်ိန္မွာပဲ ျပင္သစ္ အေၾကာ္ေတြလို ဆီေၾကာ္မုန႔္ေတြကိုပါစားရင္ ဆီးေၾကာ္မုန႔္ေတြက ၅၇ % ဝက္ၿခံျဖစ္ႏိုင္ေခ်ရွိပါတယ္ ။ ႏို႔ေခ်ာကလက္ေတြက ဝက္ၿခံျဖစ္ႏိုင္ေျခ၂၈% ရွိခ်ိန္မွာ ေခ်ာကလက္မဲေတြကေတာ့ ဝက္ၿခံျဖစ္ႏိုင္ေျခ ၁၀ % ေလ်ာ့ခ်ေပးပါတယ္ ။
ေမာင္ယႆ REF: upi photo; upi
Unicode
နို့ချောကလက် ၊ နို့ထွက်ပစ္စည်းနဲ့ အဆီများတဲ့ အစာတွေက လူလတ်ပိုင်းတွေရဲ့ ဝက်ခြံနဲ့ ပတ်သက်နေ
လူလတ်ပိုင်း ရောက်လာတဲ့အထိ ဝက်ခြံတွေက ထွက်တုန်း ဆိုရင်တော့ ကိုယ့်မှာ ငယ်ငယ်တုန်းက သွေးသား ပြောင်းလဲ တယ်ဆိုတဲ့ ဟော်မုန်း ဖြစ်စဉ်ကို ကျော်ပြီး အစားအသောက်ပိုင်းဆိုင်ရာမှာ တစ်ခုခုကြောင့်လို့ သတိထား ရတော့မှာပါ ။ အစီရင်ခံစာ အသစ်တစ်တစ်ခုက အချို့သော အစားအစာတွေကို ရှောင်ရမယ်လို့ ဆိုလာပါတယ် ။ အချိုများတဲ့ မုန့်တွေ ဆီကြော်မုန်တွေကို ကြိုက်တဲ့ ပြင်သစ် လူလတ်ပိုင်း ၂သောင်း ၄ထောင်ကို လေ့လာ ဆန်းစစ်မှု တစ်ခုလုပ်ခဲ့ပါတယ်။
သူတို့က နို့ချောကလက်တွေ ၊ အချိုရည်တွေ ၊နို့ထွက်ပစ္စည်းတွေ နဲ့ သကြား နဲ့ ဆီများတဲ့ အစားအသောက်တွေကို ကြိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက် စားကြပါတယ် ။ တွေ့ရှိမှု အသစ်အရ အနောက်တိုင်း အစားအသောက် အများစုက အသားရယ် အဆီနဲ့ သကြားကို အခြေခံပြီး ချက်ပြုတ် ကြော်လှော် စားသောက် ကြတာဖြစ်လို့ သက်လတ်ပိုင်း အရွယ်ရောက်တဲ့ အထိ ဝက်ခြံထွက် နေခဲ့ကြတာပါလို့ အရေပြား ရောဂါပညာရှင်က ဆိုတယ် ။
အမေရိကန် အရေပြားအထူးကု တစ်ယောက်က အဲ့ဒိ စာတမ်းကိုဖတ်ပြီးနောက်မှာတော့ သူ့အတွက် အဲ့ဒိတွေ့ ရှိမှုက မထူးဆန်းတော့ပါဘူး ။ သူက သူရဲ့အရေပြားကုသမှု အတွေ့ အကြုံအရ စာတမ်းပါ အချက်အလက်တွေ ကို ထောက်ခံ ပါတယ်လို့ ဆိုတယ် ။ ဝက်ခြံကို ကုသတဲ့ကိစ္စမှာ မှန်ကန်တဲ့ အစာအာဟာရ ကို စားသောက်ဖို့ လိုပါတယ် ။ သကြားဓာတ်ပေါင်း မြင့်တဲ့ အစားအသောက်တွေ စားလေ ဝက်ခြံ ထွက်လာဖို့အတွက် ပိုသေခြာလေ ဖြစ်လာတယ် ။ ဆိုလိုချင်တာက အဲ့ဒိလူရဲ့ဟော်မုန်း ပုံမှန် အရွေ့က အပြောင်းအလဲ ဖြစ်သွားလို့ပါပဲ ။
သကြားဓာတ်ပေါင်း များတဲ့အစားအစာတွေကို စာတဲ့အခါမှာ အဲ့ဒါတွေကို ခြေဖျက်ဖို့အတွက် အင်ဆူလင် တွေကို ခန္တာကိုယ်က ပိုမိုထုတ်ရပါတယ် ။ အဲ့ဒိအချိန်မှာ ဝက်ခြံ ဖြစ်ဖို့အတွက် ဟော်မုန်း ထုတ်ခြင်းကို သက်ရောက်မှု ရှိလာပါတယ် ။ လေ့လာမှုက အသက်၁၈နှစ်အောက်လူငယ်တွေ နဲ့ သက်ဆိုင်မှုမရှိပါဘူး ။ စေတနာ့ဝန်ထမ်း ပြင်သစ် လူလတ်ပိုင်းတွေကို သူတို့ရဲ့ အစားအသောက် နဲ့ပ တ်သက်တဲ့ နေ့စဉ်မှတ်တမ်း ကို ၂ပတ် ကြာအောင် ပြုခိုင်းပါတယ် ။
စားတဲ့ အစားအစာတွေအပြင် ပမာဏကိုပါ မှတ်တမ်းတင်ခိုင်းပါတယ် ။ သူတို့ မှတ်တမ်း အရပဲ သူတို့မှာဖြစ်ပေါ်လာတဲ့ ဝက်ခြံပမာဏကို ဖော်ပြ ခဲ့ပါတယ် ။ တစ်ရက်ကို နွားနို့ တစ်ခွက်ပုံမှန်သောက်တဲ့ သူတွေက ဝက်ခြံပေါက်ဖို့ ၁၂ % ပိုဖြစ်တတ်ပြီး ဆိုဒါလို အချိုရေ သောက်တဲ့ သူတွေက ၁၈ % ဖြစ်ဖို့ ပိုနီးစပ်ပါတယ် ။ တစ်ရက်ကို နို့ ဒါမှမဟုတ် အချိုရည် ၅ခွက် သောက်သူက ဝက်ခြံပေါက်ဖို့ ၇၆ % ပို နီးစပ်သွားပါတယ် ။ အဲ့ဒိအချိန်မှာပဲ ပြင်သစ် အကြော်တွေလို ဆီကြော်မုန့်တွေကိုပါစားရင် ဆီးကြော်မုန့်တွေက ၅၇ % ဝက်ခြံဖြစ်နိုင်ချေရှိပါတယ် ။ နို့ချောကလက်တွေက ဝက်ခြံဖြစ်နိုင်ခြေ၂၈% ရှိချိန်မှာ ချောကလက်မဲတွေကတော့ ဝက်ခြံဖြစ်နိုင်ခြေ ၁၀ % လျော့ချပေးပါတယ် ။
မောင်ယဿ REF: upi photo; upi
No Comments