
International-news







မောင်ယဿ


Unicode

နိုင်ငံတကာ ယောဂ ကျင့်စဉ်နေ့ အတွက် သရုပ်ပြလိုက်တဲ့ အက်ရှ်ကာဂိုအာဒီယာ

၂၀၂၀ ဇွန်လ ၂၁ ရက်နေ့က နိုင်ငံတကာ ယောဂကျင့်စဉ် နေ့ရယ်လို့ ၂၀၁၄ ကုသမဂ္ဂ အထွေထွေ ညီလာခံမှာ သက်မှတ်လိုက်ပြီး ကတည်းက ၂၀၁၅ ဇွန်လ ၂၁ရက်နေ့ ကနေ စပြီး နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ပါတယ် ။ အိန္ဒိယနိုင်ငံ က အစပြုတဲ့ ရုပ်ပိုင်း ဆိုင်ရာ စိတ်ပိုင်း ဆိုင်ရာ ကြံ့ခိုင် စေတဲ့ ရှေးဟောင်း သက်တမ်းရင့် နည်းစနစ် တွေကို ကမ္ဘာက အသိအမှတ်ပြုခဲ့ ပါတယ် ။ ဇွန်လ၂၁ ရက် နေ့က ကမ္ဘာကြီးပေါ်မှာ နေ့တာအရှည်ဆုံး နေ့ဖြစ်တဲ့အတွက် အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက အဲ့ဒိနေ့ကို နိုင်ငံတကာ ယောဂ နေ့အဖြစ်သက်မှတ်ပေးဖို့အတွက် ကုလသမဂ္ဂ ညီလာခံမှာ တောင်းဆိုခဲ့တာပါ ။

ဒီကနေ့မှာ တစ်ကမ္ဘာလုံးက သန်းပေါင်းများစွာသော ယောဂ ကျင့်စဉ်ကျင့်သူတွေ ဟာ အထိမ်းအမှတ်နေ့ အတွက် သူတို့က ကျင့်စဉ်တွေ ကျင့်ကြတာကို လိုင်းပေါ်တင်ပြီး ပြသ ခဲ့ပါတယ် ။ အိန္ဒိယမှာနာမည်ကျော် ယောဂဆရာတွေဖြစ်တဲ့ ဘန်ဂလုပ်နဲ့အက်ရှ်ကာဂိုဒီအာ တို့ကလည်း ယောဂ ကျင့်စဉ်တွေကို သရုပ်ပြခဲ့ပါတယ် ။ လေ့ကျင့်ခန်း သရုပ်ပြမှု နာရီ ၁၃၀၀ ကျော်တဲ့ အတွက် ဆရာဖြစ်လိုင်စင်ရရှိထားတဲ့ ဘန်ဂလုပ်က ဂိုအာမြို့မှာ ယောဂကျောင်းထောင်ကာ နည်းပြလုပ်နေတဲ့သူ ဖြစ်ပါတယ် ။

“ ကျနော် ယောဂကို ကျင့်နေတာ ၁၂ နှစ် ကျော်သွားပါပြီ ။ အဲ့ဒါကို မလုပ်ခင်တုန်းက ကျနော်က စည်းမဲ့ကမ်းမဲ့ နေတတ်တဲ့သူ တစ်ယောက်ပါ ။ ယောဂကိုကျင့်ရင်းနဲ့ ကျနော် ဘဝပြောင်းလဲသွားပါတယ် ။ ယောဂက ကျနော့်ကို အံ့အားသင့်ဖွယ် ဖြစ်စေပါတယ် ။ ကျနော်ကိုယ်ကျနော် ပြည့်စုံ လာတယ်လို့ ထင်လာတယ် ။ အရမ်းကို တိမ်းမူးဖွယ် ကောင်းတဲ့ ကိစ္စပါဗျာ” လို့ ဘောလီးဝုဒ်လိုက်ဖ်နဲ့အင်တာဗျူး မှာ ပြောခဲ့ပါတယ် ။

“ကျမအမြင်ကိုပြောရရင် ယောဂကျင့်လို့ အရိုးတွေ ထိခိုက်သွားနိုင်တယ်လို့ ထင်ခဲ့တာတွေ တစ်ခုမှ မဟုတ်ပါ ဘူး။ လေကို ရူသွင်း ရူထုတ် လုပ်ရင်းနဲ့ ခန္တာကိုယ်ကို ထိန်းကျောင်း တည့်မတ်တာတွေက ကျမရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ တွေကို တိုးတက် မြင့်မားလာစေပါတယ် ။ ကျမက ခါးနဲ့ပတ်သက်တဲ့ နာတာရှည်ရောဂါသည်တစ်ယောက်ပါ ။

အခုတော့ လုံးဝကို ပျောက်ကင်းသွားပါပြီ။ကျမရဲ့စိတ်က လည်း နာကျင်မှုနဲ့ ပတ်သက်တဲ့ဝေဒနာတွေပေါ်မှာ သည်းခံတတ်လာပါတယ်”လို့ အက်ရှ်ကာဂိုအာဒီယာက ဆိုတယ်။ သူတို့ ၂ဦးက ဒီကနေ့ ကျင့်စဉ်တွေကို သူတို့ရဲ့ အင်စတာဂရမ်မှာ ဗီဒီယိုဖိုင်တွေ တင်ခဲ့ပါတယ်။ အတည်ငြိမ် ဆုံးနဲ့ စိတ်ကို ထားပြီး လူကို နောက်ပြန်လှန်ချလိုက်တဲ့ ကျင့်စဉ်ကို အကြိုက်ဆုံးပဲလို့ ဂိုအာဒီယာကဆိုတယ်။ အနောက်တိုင်းတွေမှာ ကျင့်တဲ့ ယောဂကျင့်စဉ်တွေနဲ့ အရှေ့တိုင်းယောဂကျင့်စဉ်တွေမှာ ကွာခြားချက် သိပ်မရှိပေမဲ့ သူမကတော့ ယောဂ စကျင့်တဲ့ အချိန်မှာ ရှေးဟောင်းကျင့်စဉ် အစစ်ကို ရခဲ့ပါတယ်လို့ ဆိုတယ် ။

မောင်ယဿ

REF: Bollywood life / Photo;a sweetlife

No Comments

Leave a Reply

Your email address will not be published. Required fields are marked *

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ
International-news
မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ

မလေးရှားစာသင်ကျောင်းတွေမှာ ကျောင်းတွင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်များ တိုးတက်နေ မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ် နောက်ပိုင်းကနေ စပြီးတော့ စာသင်ကျောင်းတွေမှာ ကျောင်းသား အချင်းချင်း အုပ်စုဖွဲ့ ညှင်းပန်းနှိပ်စက်မှုတွေက တဖြည်းဖြည်း တိုးတက်လာပါတယ် ။ အရင်က ကလေးအချင်ချင်းပဲဆို တဲ့စိတ် နဲ့ ဖြေသာကြပေမဲ့ နောက်ပိုင်းမှာ နှိပ်စက်ခံရတဲ့ကလေးတွေက ကျောင်းသွားဖို့ အတွက် ငြင်းဆန် လာကြတဲ့ အခါမှာတော့ ကျောင်းသားမိဘတွေက အဲ့ဒိကိစ္စပေါ်ကို အာရုံစိုက်လာကြပါတယ် ။ ကျောင်းသားအချင်းချင်း ညှင်းပန်းနှိပ်စက်မှုတွေက အမျိုးမျိုးရှိပါတယ် ။ အချို့ သေသွားတဲ့ဖခင်ရဲ့ နာမည်နဲ့ နာမည်ပြောင်ကို လူကြားထဲမှာ ဝိုင်းအော်ခေါ်ပြီး အရှက်ခွဲ တဲ့ ကိစ္စမျိုးကစပြီး အတန်းထဲမှာ ကိုယ်ထိ …

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား
International-news
ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား

ရုရှား အခြေခံဥပဒေ အာဏါ သိမ်းခံလိုက်ရပြီလား အခြေခံ ဥပဒေကို အပြောင်းအလဲ လုပ်မယ်ဆိုပြီး ရုရှားသမ္မတ ပူတင်က မဲဆန္ဒ ခံယူပွဲလုပ်တဲ့အပေါ်ကို အတိုက်အခံ သမားတွေက ဟာသတစ်ခု လုပ်နေတာလို့ ဝိုင်းပြီး ရှုံ့ ချနေကြပါတယ် ။ မော်စကို စာအုပ်ဆိုင်တွေ စာအုပ်ရောင်းကောင်းအောင်လို့ မူရင်း ဥပဒေစာအုပ်ကို ဟိုနားနည်းပြင် ဒီနားနည်းနည်းပြင်လုပ် အခြေခံ ဥပဒေပြင်ပါတယ်ဆိုပြီး လူကြားကောင်းအောင် လုပ်နေပါတယ်လို့ ဆိုကြတယ် ။ ကွန်မြူနစ်လစ်ဘရာယ် ပြုပြင်ပြောင်းလဲရေး သမားတွေက ကရင်းမလင်း အစိုးရက အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပူတင်ကို သမ္မတ သက်တမ်းရှည်အောင် လုပ်ဖို့ ကြိုးစားနေတာပါလို့လည်း ဝေဖန် နေကြပါတယ် ။ …

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ
International-news
ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ

ဘောလုံး အသင်း အသက်ဆက်နိုင်ဖို့ အသင်းသားတွေ စိုက်ပျိုးရေး လုပ်ပြီး ဝင်ငွေရှာ ဂျပန်နိုင်ငံ က ဂျေလိဂ် တတိယတန်းမှာ ကစားနေတဲ့ ဖူကူရှီမား ဘောလုံး အသင်းက ကော်ရိုနာဗိုင်ဗိုင်းရက် ပြန့်နှံ့စဉ် ကာလအတွင်းမှာ ကလပ်အသင်း ပိုင်ရှင်အနေနဲ့ သူတို့ကို ငွေကြေး မပေး နိုင်တော့လို့ အသင်းသားတွေက အသင်း ဆက်လက် တည်မြဲအောင် သီးပင်စားပင်တွေ စိုက်ပျိုးပြီး ဝင်ငွေရှာခဲ့ကြပါတယ် ။ ဂျပန်မှာ ကော်ရိုနာဗိုင်းရက်တွေ စပြန့်လို့ ဖေဖော်ဝါရီလမှာ ကလပ်အသင်း ပြိုင်ပွဲ တွေ ရပ်လိုက် ကတည်းက သူတို့က နယ်ဖက်က သူတိုရဲ့ လေ့ကျင့်ရေး ကွင်းတစ်ဝိုက်မှာ သီးပင်စားပင်တွေနဲ့ အဓိကကတော့ ဟင်းသီးဟင်းရွက် တွေကို …