
ႏိုင္ငံတကာအမ်ိဳးသမီးမ်ားေန႔အတြက္ ေဘာလီးဝုဒ္ ဆယ္လီေတြ ေျပာၾက ဆိုၾက
ေဘာလီးဝုဒ္က အမ်ိဳးသမီး ဆယ္လီေတြျဖစ္တဲ့ တာအပ္စီ ပန္ႏူ၊ မာလီကာေအ႐ိုရာ ၊ ကန္ဂါနာရာေနာ့ ၊ ကရီနာကပူး ၊ ပိုးဂ်ာဘီဒီ တို႔လို ဆယ္လီေတြက ဆိုရွယ္မီဒီယာ ေပၚကေန ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔အတြက္ ဝိုင္းဝန္း ေထာမနာ ျပဳခဲ့ၾကပါတယ္။
တာအပ္စီက သူမရဲ႕အေဖာ္အမ်ိဳးသမီး သ႐ုပ္ေဆာင္တစ္ဦးနဲ႔ တြဲၿပီး သူမရဲ႕ အင္စတာဂရမ္ပုံမွာ ရွင္တို႔ျမင္ခ်င္တဲ့ အေျပာင္းအလဲဆီကို သြားၾကစို႔ ၊ က်မတို႔ လုပ္ႏိုင္သေလာက္ကို လုပ္ၾကရေအာင္ ေပ်ာ္႐ႊင္ဖြယ္ အမ်ိဳးသမီးမ်ားေန႔ ျဖစ္ပါေစ ဆိုၿပီး ေရးတင္ခဲ့ပါတယ္။
ကရီနားကေတာ့ က်မရဲ႕ အေမ သူေဌး အမ်ိဳးသမီးေတြ ဂႏၴဝင္ေတြအတြက္ ၈. ၃. ၂၀၂၀ ပါ လို႔ သူမရဲ႕ အဖြားရဲ႕ ပုံနဲ႔ တြဲတင္ခဲ့ပါတယ္။
ကန္ဂါနာကေတာ့ အမ်ိဳးသမီးတစ္ေယာက္ အေနနဲ႔ က်မတို႔ရဲ႕ ေန႔ေတြဆီကို ေရာက္ဖို႔အတြက္ မေမွ်ာ္လင့္ရဲပါဘူး။ က်မတို႔ ကိုယ္တိုင္ က်မတို႔ ႐ုန္းထဖို႔ လိုလာပါၿပီ။
ရဲရင့္တဲ့ အမ်ိဳးသမီးေတြအတြက္ ထာဝရ ဆုေတာင္းေပးေနပါတယ္။ ေပ်ာ္႐ႊင္ဖြယ္ ႏိုင္ငံတကာ အမ်ိဳးသမီး မ်ားေန႔ ျဖစ္ပါေစလို႔ ေရးတင္ခဲ့ပါတယ္။
မာလီကာကေတာ့ လူ႔အဖြဲ႕ အစည္းေတြကေန တံဆိပ္အမ်ိဳးမ်ိဳး တပ္ထားတဲ့ အမ်ိဳးသမီးေတြရဲ႕ ဘဝမွာ ကိုယ္ပိုင္တံဆိပ္ ကပ္ႏိုင္ဖို႔ ႀကိဳးစားဖို႔ လိုတယ္လို႔ ဆိုတယ္။
“ေပ်ာ္႐ြင္တဲ့ အမ်ိဳးသမီးတစ္ေယာက္ဆိုတာ လက္ထပ္ခြင့္ရလိုက္တာ မဟုတ္ပါဘူး။ အပ်ိဳတစ္ေယာက္ ဘဝနဲ႔ ျဖတ္သန္းေနတာလည္း မဟုတ္ဘူး။ တည္ၿငိမ္တဲ့ အသက္ေမြးဝမ္းေက်ာင္းမႈ ဝင္ေငြေကာင္းေကာင္း ရေနတဲ့ ဘဝလည္း မဟုတ္ ပါဘူး။
အေပ်ာ္႐ႊင္ဆုံး အမ်ိဳးသမီး တစ္ေယာက္ဆိုတာ မွန္ကန္တဲ့ အရာတစ္ခုကို ကိုယ္ပိုင္ ဆုံးျဖတ္ခ်က္နဲ႔ ေ႐ြးခ်ယ္ခြင့္ ရွိတဲ့သူကို ေျပာတာပါ။ အမ်ိဳးသမီးတစ္ေယာက္က လင္သားအတြက္ မေက်နပ္မႈေတြကို စိတ္ေျဖဖို႔ အ႐ိုက္ႏွပ္ခံ သားေကာင္ မဟုတ္ပါ ဘူး။
သားဆိုး သမီးဆိုးေတြရဲ႕ မိုက္ျပစ္ကို ေျဖေလွ်ာ့ေပးေနရတဲ့ သားေကာင္ မဟုတ္ဘူး။ ပတ္ဝန္းက်င္မွာ လူတကာရဲ႕ လက္ညိဳးထိုးခံ သားေကာင္ မဟုတ္ဘူး။ လူ႔အဖြဲ႕အစည္းအတြက္ အႏွိမ္ခံဖို႔ အတြက္ လူသားအျဖစ္ ေမြးဖြားလာတဲ့သူေတြ မဟုတ္ပါဘူး။
အမ်ိဳးသမီး ဆိုတာ ေဒါသ မ်က္ရည္ နဲ႔ ခါးသီးမူေတြကို ဆုတ္ကိုင္ထားဖို႔အတြက္ လူျဖစ္လာတာ မဟုတ္ဘူး။ တစ္ေယာက္ေယာက္ရဲ႕ အရိပ္ကိုခိုၿပီး စိုး႐ြံ႕စြာ ႀကီးျပင္းခြင့္ ကုန္ဆုံးခြင့္ မရွိတဲ့ အမ်ိဳးသမီးတစ္ေယာက္ကေတာ့ ေပ်ာ္႐ႊင္တဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္မွာပါလို႔ သူမရဲ႕ အင္စတာဂရမ္မွာ ေရးတင္ခဲ့ပါတယ္။
ထူးထူးျခားျခား ေဘာလီးဝုဒ္စတား ေအေဂ်ကေတာ့ အေမေတြ အမေတြ ညီမေတြ သမီးေတြ အဘြားေတြ အားလုံးကို အေလးျပဳပါတယ္လို႔ ႏိုင္ငံတကာ အမ်ိဳးသမီးမ်ားေန႔အတြက္ ဆုေတာင္းခဲ့ပါတယ္။
ေမာင္ယႆ
REF: Bollywood life
Photo; india.com
Unicode
နိုင်ငံတကာအမျိုးသမီးများနေ့အတွက် ဘောလီးဝုဒ် ဆယ်လီတွေ ပြောကြ ဆိုကြ
ဘောလီးဝုဒ်က အမျိုးသမီး ဆယ်လီတွေဖြစ်တဲ့ တာအပ်စီ ပန်နူ၊ မာလီကာအေရိုရာ ၊ ကန်ဂါနာရာနော့ ၊ ကရီနာကပူး ၊ ပိုးဂျာဘီဒီ တို့လို ဆယ်လီတွေက ဆိုရှယ်မီဒီယာ ပေါ်ကနေ နိုင်ငံတကာ အမျိုးသမီးများနေ့အတွက် ဝိုင်းဝန်း ထောမနာ ပြုခဲ့ကြပါတယ်။
တာအပ်စီက သူမရဲ့အဖော်အမျိုးသမီး သရုပ်ဆောင်တစ်ဦးနဲ့ တွဲပြီး သူမရဲ့ အင်စတာဂရမ်ပုံမှာ ရှင်တို့မြင်ချင်တဲ့ အပြောင်းအလဲဆီကို သွားကြစို့ ၊ ကျမတို့ လုပ်နိုင်သလောက်ကို လုပ်ကြရအောင် ပျော်ရွှင်ဖွယ် အမျိုးသမီးများနေ့ ဖြစ်ပါစေ ဆိုပြီး ရေးတင်ခဲ့ပါတယ်။
ကရီနားကတော့ ကျမရဲ့ အမေ သူဌေး အမျိုးသမီးတွေ ဂန္ထဝင်တွေအတွက် ၈. ၃. ၂၀၂၀ ပါ လို့ သူမရဲ့ အဖွားရဲ့ ပုံနဲ့ တွဲတင်ခဲ့ပါတယ်။
ကန်ဂါနာကတော့ အမျိုးသမီးတစ်ယောက် အနေနဲ့ ကျမတို့ရဲ့ နေ့တွေဆီကို ရောက်ဖို့အတွက် မမျှော်လင့်ရဲပါဘူး။ ကျမတို့ ကိုယ်တိုင် ကျမတို့ ရုန်းထဖို့ လိုလာပါပြီ။
ရဲရင့်တဲ့ အမျိုးသမီးတွေအတွက် ထာဝရ ဆုတောင်းပေးနေပါတယ်။ ပျော်ရွှင်ဖွယ် နိုင်ငံတကာ အမျိုးသမီး များနေ့ ဖြစ်ပါစေလို့ ရေးတင်ခဲ့ပါတယ်။
မာလီကာကတော့ လူ့အဖွဲ့ အစည်းတွေကနေ တံဆိပ်အမျိုးမျိုး တပ်ထားတဲ့ အမျိုးသမီးတွေရဲ့ ဘဝမှာ ကိုယ်ပိုင်တံဆိပ် ကပ်နိုင်ဖို့ ကြိုးစားဖို့ လိုတယ်လို့ ဆိုတယ်။
“ပျော်ရွင်တဲ့ အမျိုးသမီးတစ်ယောက်ဆိုတာ လက်ထပ်ခွင့်ရလိုက်တာ မဟုတ်ပါဘူး။ အပျိုတစ်ယောက် ဘဝနဲ့ ဖြတ်သန်းနေတာလည်း မဟုတ်ဘူး။ တည်ငြိမ်တဲ့ အသက်မွေးဝမ်းကျောင်းမှု ဝင်ငွေကောင်းကောင်း ရနေတဲ့ ဘဝလည်း မဟုတ် ပါဘူး။
အပျော်ရွှင်ဆုံး အမျိုးသမီး တစ်ယောက်ဆိုတာ မှန်ကန်တဲ့ အရာတစ်ခုကို ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ခွင့် ရှိတဲ့သူကို ပြောတာပါ။ အမျိုးသမီးတစ်ယောက်က လင်သားအတွက် မကျေနပ်မှုတွေကို စိတ်ဖြေဖို့ အရိုက်နှပ်ခံ သားကောင် မဟုတ်ပါ ဘူး။
သားဆိုး သမီးဆိုးတွေရဲ့ မိုက်ပြစ်ကို ဖြေလျှော့ပေးနေရတဲ့ သားကောင် မဟုတ်ဘူး။ ပတ်ဝန်းကျင်မှာ လူတကာရဲ့ လက်ညိုးထိုးခံ သားကောင် မဟုတ်ဘူး။ လူ့အဖွဲ့အစည်းအတွက် အနှိမ်ခံဖို့ အတွက် လူသားအဖြစ် မွေးဖွားလာတဲ့သူတွေ မဟုတ်ပါဘူး။
အမျိုးသမီး ဆိုတာ ဒေါသ မျက်ရည် နဲ့ ခါးသီးမူတွေကို ဆုတ်ကိုင်ထားဖို့အတွက် လူဖြစ်လာတာ မဟုတ်ဘူး။ တစ်ယောက်ယောက်ရဲ့ အရိပ်ကိုခိုပြီး စိုးရွံ့စွာ ကြီးပြင်းခွင့် ကုန်ဆုံးခွင့် မရှိတဲ့ အမျိုးသမီးတစ်ယောက်ကတော့ ပျော်ရွှင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်မှာပါလို့ သူမရဲ့ အင်စတာဂရမ်မှာ ရေးတင်ခဲ့ပါတယ်။
ထူးထူးခြားခြား ဘောလီးဝုဒ်စတား အေဂျေကတော့ အမေတွေ အမတွေ ညီမတွေ သမီးတွေ အဘွားတွေ အားလုံးကို အလေးပြုပါတယ်လို့ နိုင်ငံတကာ အမျိုးသမီးများနေ့အတွက် ဆုတောင်းခဲ့ပါတယ်။
မောင်ယဿ
REF: Bollywood life
Photo; india.com
No Comments