ႂကြက္သားသန္မာအံအားသင့္စရာေကာင္းက်ိဳးမ်ားတဲ့အားကစားအခ်ိဳ႕
- By : Kaung Khant
- Category : Knowledge

ႂကြက္သားသန္မာအံအားသင့္စရာေကာင္းက်ိဳးမ်ားတဲ့အားကစားအခ်ိဳ႕
အားကစား လိုက္စားမႈဟာ လူကို ေကာင္းက်ိဳးေပးတာ အမွန္ပါ ။ ဒီလို အားကစားနည္းေတြမ်ားစြာထဲကမွ အသက္အ႐ြယ္ ႀကီးရင့္လာတဲ့အခါမွာ သင့္ရဲ႕ ႂကြက္သားမ်ားနဲ႔ အ႐ိုး အေၾကာမ်ားကို ခိုင္မာေစမဲ့ ေလ်ာ့ရဲမသြားေစမဲ့ အားကစားနည္း အခ်ိဳ႕ကို ေဖာ္ျပ ေပးခ်င္ပါတယ္ ။ သင့္ခႏၶာကိုယ္ရဲ႕ လိုအပ္ခ်က္အလိုက္ အခုေဖာ္ျပေပးမဲ့ အားကစားနည္းမ်ားကို ျပဳလုပ္မယ္ဆိုရင္ သင့္ကို က်န္းမာေရးဆိုင္ရာ ခႏၶာေဗဒဆိုင္ရာ အက်ိဳးထူးမ်ားကို ေပးေစမွာျဖစ္ပါတယ္ ။
တင္းနစ္ကစားျခင္း
တင္းနစ္ကစားျခင္းဟာ သင့္ကို အံ့အားသင့္ေလာက္ေအာင္ အက်ိဳးထူးေတြ ေပးႏိုင္ပါတယ္ ။တင္းနစ္ကစားျခင္းအားျဖင့္ သင့္ဝမ္းဗိုက္ ႂကြက္သားမ်ားကို အထူး ႀကံခိုင္သန္စြမ္းေစမွာ ျဖစ္ပါတယ္ ။ သင့္ရဲ႕ ဝမ္းဗိုက္ႂကြက္သားေတြ ႀကံ့ခိုင္သန္စြမ္းေစၿပီမို႔ ေက်ာ႐ိုးနဲ႔ တင္ပဆုံ႐ိုးေနရာေတြကို ဟန္ခ်က္ညီမွ်ေစၿပီး သင့္ကို ခါးနာျခင္း မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ပါတယ္ ။
ေဂါက္႐ိုက္ျခင္း
ေဂါက္႐ိုက္ျခင္းဟာလည္း သင့္ကို အံအားသင့္စရာ ေကာင္းတဲ့ အက်ိဳးေက်းဇူး ေတြကို ေပးႏိုင္မွာ ျဖစ္ပါတယ္ ။ ေဂါက္႐ိုက္ျခင္းဟာ ခႏၶာကိုယ္ကို ဟန္ခ်က္ညီ ေစပါတယ္ ။ ေလ့လာေတြ႕ရွိခ်က္မ်ားအရ ႏွစ္စဥ္တိုင္းမွာ အသက္အ႐ြယ္ ၆၄ ႏွစ္ ေက်ာ္လာတဲ့ အ႐ြယ္ေတြမွာ သုံးဦး အနက္ တစ္ဦးမွာ ခႏၶာကိုယ္ ဟန္ခ်က္ မထိန္းႏိုင္တာေၾကာင့္ ေခ်ာ္လဲျခင္း လဲက်ျခင္းမ်ား ျဖစ္ကာထိခိုက္ ဒါဏ္ရာ ရရွိေလ့ ရွိတယ္လို႔ ဆိုပါတယ္ ။ ေဂါက္႐ိုက္ျခင္းေၾကာင့္ လက္နဲ႔ ခႏၶာကိုယ္တို႔ရဲ႕လႈပ္ရွားမႈ ဟန္ခ်က္ညီစြာ ထိန္းခ်ဳပ္ႏိုင္ စြမ္းအား ျမင့္မားလာေစၿပီး မိမိ ခႏၶာကိုယ္ကို ထိန္းႏိုင္စြမ္း ေကာင္းလာကာ ခႏၶာကိုယ္မွာရွိတဲ့ ႂကြက္သားေတြကို ႀကံခိုင္သန္မာ လာေစပါတယ္ ။
ေရကူးျခင္း
ေရကူးျခင္းဟာလည္း အံအားသင့္စရာ ေကာင္းတဲ့ အက်ိဳးကို ရရွိေစပါတယ္ ။ ခႏၶာကိုယ္ရဲ႕အေပၚပိုင္းကို သန္စြမ္း ေစပါတယ္ ။ အသက္အ႐ြယ္ ၃၀ ေက်ာ္ ၿပီဆိုတာနဲ႔ ႂကြက္သားထုထည္ဟာ စတင္ ဆုံးရႉံးစ ျပဳလာပါၿပီ ကိုယ္အေလးခ်ိန္ တက္တာနဲ႔ အ႐ိုးအားနည္းျခင္းေတြလည္းျဖစ္လာပါတယ္ ။ ဒါေၾကာင့္မို႔ ေရကူးျခင္းကေန သင့္ ခႏၶာကိုယ္ကို လိုအပ္တဲ့ အက်ိဳးေတြ ျပဳမွာျဖစ္ပါတယ္ ။ ခႏၶာကိုယ္ရဲ႕ အေပၚပိုင္း သန္စြမ္းမႈနဲ႔ ခါး ၊ ေက်ာ႐ိုးဆစ္မ်ား သန္စြမ္းႀကံခိုင္မႈအတြက္ သင္ေရကူးပါ ။
အခု ေဖာ္ျပ ေပးထားတဲ့ အားကစားနည္း မ်ားဟာဆိုရင္ သင့္ကို အလြန္ အက်ိဳးျပဳတဲ့အားကစားနည္း မ်ားသာ ျဖစ္တာမို႔ သင္ အခုကစၿပီး ေလ့က်င့္ ျပဳလုပ္လိုက္ပါေတာ့ ။
စႏၵီျမင့္မိုရ္#
Unicode Version
ကြွက်သားသန်မာအံအားသင့်စရာကောင်းကျိုးများတဲ့အားကစားအချို့
အားကစား လိုက်စားမှုဟာ လူကို ကောင်းကျိုးပေးတာ အမှန်ပါ ။ ဒီလို အားကစားနည်းတွေများစွာထဲကမှ အသက်အရွယ် ကြီးရင့်လာတဲ့အခါမှာ သင့်ရဲ့ ကြွက်သားများနဲ့ အရိုး အကြောများကို ခိုင်မာစေမဲ့ လျော့ရဲမသွားစေမဲ့ အားကစားနည်း အချို့ကို ဖော်ပြ ပေးချင်ပါတယ် ။ သင့်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်အလိုက် အခုဖော်ပြပေးမဲ့ အားကစားနည်းများကို ပြုလုပ်မယ်ဆိုရင် သင့်ကို ကျန်းမာရေးဆိုင်ရာ ခန္ဓာဗေဒဆိုင်ရာ အကျိုးထူးများကို ပေးစေမှာဖြစ်ပါတယ် ။
တင်းနစ်ကစားခြင်း
တင်းနစ်ကစားခြင်းဟာ သင့်ကို အံ့အားသင့်လောက်အောင် အကျိုးထူးတွေ ပေးနိုင်ပါတယ် ။တင်းနစ်ကစားခြင်းအားဖြင့် သင့်ဝမ်းဗိုက် ကြွက်သားများကို အထူး ကြံခိုင်သန်စွမ်းစေမှာ ဖြစ်ပါတယ် ။ သင့်ရဲ့ ဝမ်းဗိုက်ကြွက်သားတွေ ကြံ့ခိုင်သန်စွမ်းစေပြီမို့ ကျောရိုးနဲ့ တင်ပဆုံရိုးနေရာတွေကို ဟန်ချက်ညီမျှစေပြီး သင့်ကို ခါးနာခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ် ။
ဂေါက်ရိုက်ခြင်း
ဂေါက်ရိုက်ခြင်းဟာလည်း သင့်ကို အံအားသင့်စရာ ကောင်းတဲ့ အကျိုးကျေးဇူး တွေကို ပေးနိုင်မှာ ဖြစ်ပါတယ် ။ ဂေါက်ရိုက်ခြင်းဟာ ခန္ဓာကိုယ်ကို ဟန်ချက်ညီ စေပါတယ် ။ လေ့လာတွေ့ရှိချက်များအရ နှစ်စဉ်တိုင်းမှာ အသက်အရွယ် ၆၄ နှစ် ကျော်လာတဲ့ အရွယ်တွေမှာ သုံးဦး အနက် တစ်ဦးမှာ ခန္ဓာကိုယ် ဟန်ချက် မထိန်းနိုင်တာကြောင့် ချော်လဲခြင်း လဲကျခြင်းများ ဖြစ်ကာထိခိုက် ဒါဏ်ရာ ရရှိလေ့ ရှိတယ်လို့ ဆိုပါတယ် ။ ဂေါက်ရိုက်ခြင်းကြောင့် လက်နဲ့ ခန္ဓာကိုယ်တို့ရဲ့လှုပ်ရှားမှု ဟန်ချက်ညီစွာ ထိန်းချုပ်နိုင် စွမ်းအား မြင့်မားလာစေပြီး မိမိ ခန္ဓာကိုယ်ကို ထိန်းနိုင်စွမ်း ကောင်းလာကာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကို ကြံခိုင်သန်မာ လာစေပါတယ် ။
ရေကူးခြင်း
ရေကူးခြင်းဟာလည်း အံအားသင့်စရာ ကောင်းတဲ့ အကျိုးကို ရရှိစေပါတယ် ။ ခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းကို သန်စွမ်း စေပါတယ် ။ အသက်အရွယ် ၃၀ ကျော် ပြီဆိုတာနဲ့ ကြွက်သားထုထည်ဟာ စတင် ဆုံးရှူံးစ ပြုလာပါပြီ ကိုယ်အလေးချိန် တက်တာနဲ့ အရိုးအားနည်းခြင်းတွေလည်းဖြစ်လာပါတယ် ။ ဒါကြောင့်မို့ ရေကူးခြင်းကနေ သင့် ခန္ဓာကိုယ်ကို လိုအပ်တဲ့ အကျိုးတွေ ပြုမှာဖြစ်ပါတယ် ။ ခန္ဓာကိုယ်ရဲ့ အပေါ်ပိုင်း သန်စွမ်းမှုနဲ့ ခါး ၊ ကျောရိုးဆစ်များ သန်စွမ်းကြံခိုင်မှုအတွက် သင်ရေကူးပါ ။
အခု ဖော်ပြ ပေးထားတဲ့ အားကစားနည်း များဟာဆိုရင် သင့်ကို အလွန် အကျိုးပြုတဲ့အားကစားနည်း များသာ ဖြစ်တာမို့ သင် အခုကစပြီး လေ့ကျင့် ပြုလုပ်လိုက်ပါတော့ ။
စန္ဒီမြင့်မိုရ်#
No Comments